Main menu

Background

Sunday, 17 Jul 2011

နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ် ယခုအပတ်အသွင်းပို                 ဇူလိုင် ၆ရက်မှ ၁၂ရက်ထိကာလအတွင်း တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၇၆ဝ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၂၂၈၉ဝဝ ဂါလန် တင်သွင်းမှုရှိပါတယ်။ ယခင်အပတ်ကထက် ၁၉၇၇၈၈ ဂါလန် ပိုမိုတင်သွင်းမှုရှိတာ တွေ့ရပါတယ်။ ဧပြီလမှ ဇွန်လကုန်ထိ နယ်စပ်စခန်းများမှ ဒီဇယ်ဆီ ၄၂၄၂၅၂၅ ဂါလန် တင် သွင်းထားပြီးဖြစ်ပါတယ်။ ဓာတ်ဆီကိုတော့ တာချီလိတ်နယ်စပ်စခန်းအပြင် ကော့သောင်းနယ်စပ် စခန်းမှလည်း ယခုအပတ်မှာ အသွင်းရှိခဲ့ပါတယ်။ ကန်ဒေါ်လာ ၇၂၄၉ဝ ဒေါ်လာ တန်ဖိုးရှိ ဓာတ်ဆီ ၁၃၄၃၃ ဂါလန် ယခုအပတ်မှာ တင်သွင်း ခဲ့ပြီး တာချီလိတ်မှ ၈၂ဝ၇ ဂါလန်နဲ့ ကော့သောင်းမှ ၅၂၂၆ ဂါလန်ကျော် အသီးသီးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ၈၁၉၈ ဂါလန်ခန့် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ဧပြီလမှ ဇွန်လ ကုန်ထိ နယ်စပ်စခန်းများမှ ဓာတ်ဆီ ၄၄၇၇၂၁ ဂါလန်တင်သွင်းထားပြီးဖြစ်ပါတယ်။  MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး                  ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-ဇူလိုင်လ ၂ဝ၁၁ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက်    ရန်ကုန်   မန္တလေး    ရန်ကုန်       မန္တလေး၁၁     ၃၉ဝဝ     ၄၂ဝဝ        ၃၂ဝဝ        ၃၂ဝဝ၁၂     ၃၉ဝဝ    ၄၂ဝဝ         ၃၂ဝဝ        ၃၂ဝဝ၁၃     ၃၉ဝဝ    ၄ဝဝဝ         ၃၂ဝဝ        ၃၂ဝဝ၁၄     ၃၉ဝဝ    ၄ဝဝဝ         ၃၂ဝဝ        ၃၂ဝဝ၁၅    ၃၉ဝဝ     ၄ဝဝဝ         ၃၂ဝဝ        ၃၂ဝဝ            ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်-ဇူလိုင်လ ၂ဝ၁၁   ရက်    အောက်တိန်း     ဓာတ်ဆီ     ဒီဇယ်     အဆင့်မြင့်ဒီဇယ်၁၁          ၃၇ဝဝ            ၂၅ဝဝ       ၃၅၅ဝ       ၃၉ဝဝ၁၂          ၃၇ဝဝ            ၂၅ဝဝ       ၃၅၅ဝ       ၃၉ဝဝ၁၃          ၃၇ဝဝ            ၂၅ဝဝ        ၃၅၅ဝ       ၃၉ဝဝ၁၄           ၃၇ဝဝ           ၂၅ဝဝ        ၃၅ဝဝ       ၃၉ဝဝ၁၅          ၃၇ဝဝ            ၂၅ဝဝ        ၃၅ဝဝ       ၃၉ဝဝMIRT-DOT

Tuesday, 12 Jul 2011

တက်ဈေး၊ ကျဈေးနဲ့ စစ်ကိုင်း ပဲတီစိမ်းကြီး                 မုံရွာကုန်စည်ဒိုင်ရဲ့ ၂ဝ၁၁ ခုနှစ် ဇွန်လကုန်မှာ ပဲတီစိမ်းကြီးတစ်ပိဿာ ၁၁ဝ၅ ကျပ်မှ ဇူလိုင် ၁ ရက်နေ့မှာ ၈၉၅ ကျပ်သို့ ဈေးကျခဲ့ပြီး ဇူလိုင် ၄ ရက်နေ့မှာ ၁ဝ၇၉ ကျပ်သို့ ဈေးတက်ခဲ့ကြောင်း သိရပါတယ်။ ပဲတီစိမ်းသီးနံှရဲ့ ဈေးအတက်အကျမှာ တရုတ်ငွေဈေးနှုန်းနဲ့ မူဆယ်သို့ သယ်ယူခဈေးနှုန်းများ အတက်အကျပေါ်မူတည်ကြောင်း၊ ကုန်သည်တစ်ဦးက ပြောပါ တယ်။ တရုတ်ဝယ်လက်ဆွဲအားရှိလို့ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းကြီးတစ်ရက်ကို ပျမ်းမျှတင်း ၉ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရှိရပါတယ်။ ဇူလိုင် ၄ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ မန္တလေးသို့ ပဲတီစိမ်းကြီးတင်း ၁၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်းသိရှိရပါတယ်။ သန်းသန်းတင် 

Tuesday, 12 Jul 2011

ပြည်ဈေးကွက်မှာ မိုးကြိုပဲတီစိမ်းသစ်များ ဝင်ရောက်မှုများပြီး အရောင်းသွက်             ပဲခူးတိုင်းဒေသကြီး (အနောက်)အတွင်း မိုးပဲတီစိမ်းကို ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ် များတွင် အများဆုံးစိုက်ပျိုးပြီး ဇွန်လကုန်အထိ ဧက ၃၁ဝဝ ကျော် စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ပြည်ဈေးကွက်သို့ ဇွန်လနောက်ဆုံးပတ်မှစ၍ မိုးကြိုပဲတီစိမ်းသစ်များ ဝင်ရောက်လာပြီး တစ်တင်းလျှင် ကျပ် ၁၅ဝဝဝ ဈေးဖြင့် အရောင်းအဝယ်ရှိခဲ့ပါတယ်။ ဇူလိုင်ပထမပတ်တွင် ဒေသတွင်းမြို့နယ်များဖြစ်သော ပန်းတောင်း၊ ဥသျှစ်ပင်ဖက်မှ အဝင်ရှိသလို မင်းတုန်း၊ ကံမဘက်မှလည်း အဝင်ရှိလာတာကြောင့် တစ်ရက်လျှင် အိတ် ၂ဝဝ ကျော် ၃ဝဝ အထိ ဝင်ရောက်မှုများလာခဲ့တယ်။ တစ်တင်းလျှင် ကျပ် ၁၅၆ဝဝ ဖြင့် ရန်ကုန်ဝယ်လက်များ အဝယ်ရှိတဲ့အတွက် တစ်ရက်လျင် အိတ် ၄ဝဝ ကျော်အထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Tuesday, 12 Jul 2011

မြို့ပင်ငယ်သော်လည်း စီးပွားရေးလုပ်ငန်းကောင်းလှတဲ့ ရေစကြို              ပခုက္ကူခရိုင်ထဲက ရေစကြိုမြို့နယ်ဟာ လယ်ယာထွက်ကုန်သီးနံှများအပြင် ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဆုံမှာတည်ရှိတဲ့ ကျွန်းသောင်ခုံတွေပေါများတဲ့အတွက် ကျွန်းသီးနံှတွေလည်း ထွက်ရှိပါတယ်။ ဒီလိုသီးနံှတွေအပြင် ပဲမျိုးစုံ၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်း၊ ထန်းလျက်လုပ်ငန်း၊ အမွှေး တိုင်လုပ်ငန်း၊ တစ်နိုင်ငံလုံးကိုတင်ပို့တဲ့ ပဲကြော်လုပ်ငန်း၊ သနပ်ခါးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကုန်ကြမ်းသယ်ယူခြင်း၊ ကုန်ချောတင်ပို့ခြင်းတွေကို နိုင်ငံအနံှ့ဈေးကွက်တွေရရှိပြီး ငွေအပို့ အယူ များလည်း ပမာဏများများနဲ့ လုပ်ကိုင်နေကြပါတယ်။ လောလောဆယ်မှာတော့ ပခုက္ကူမှာရှိတဲ့ ပုဂ္ဂလိကဘဏ်များနဲ့ ဆက်သွယ်လုပ်ကိုင်နေကြရလို့ အချိန်ကုန်၊ ငွေပိုကုန်ပြီး၊ အရောင်းအဝယ် လုပ်ရာမှာ အချိန်တချို့တစ်ဝက်ဖဲ့ပေးပြီး ငွေပို့ငွေယူလုပ်နေကြရပါတယ်။                 ဒါကြောင့် ဇွန် ၂၄ ရက်က မကွေးမှာပြုလုပ်တဲ့ လက်ကားကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ရေစကြိုကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအောင်ဆန်းရဲ့ ရေစကြိုမှာ ပုဂ္ဂလိက ဘဏ်တစ်ဘဏ် လာရောက်ဖွင့်လှစ်နိုင်ရေး တင်ပြချက်အပေါ် မြန်မာနိုင်ငံသားများဘဏ် ဥက္ကဋ္ဌကြီးရဲ့လမ်းညွှန်မှုနဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးဦးနဲ့အဖွဲ့ဟာ ၂ဝ၁၁ ခုနှစ် ဇူလိုင် ၄ ရက်မှာ ရေစကြိုကို ရောက်ရှိလာပါတယ်။                   မြန်မာနိုင်ငံသားများဘဏ် အုပ်ခုျပ်မှုဒါရိုက်တာနဲ့အဖွဲ့ဟာ ရေစကြိုကုန်စည်ဒိုင်မှာ မြို့မိ မြို့ဖများ၊ လုပ်ငန်းအလွှာအသီးသီးမှ ကုန်သည်များနဲ့ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းနေကြတာ ကိုကြည့်ရတာ ရေစကြိုမြို့သူမြို့သားတွေအတွက် ပုဂ္ဂလိကဘဏ်တစ်ခု အမှန်တကယ် လိုအပ်ကြောင်းသိသာလှပါတယ်။ ဒါကြောင့် ယခုလို IT ခေတ်ကြီးထဲမှာ မြို့ပင်ငယ်သော်လည်း စီးပွားရေးလုပ်ငန်းကောင်းလှတဲ့ ရေစကြိုလို မြို့ငယ်ကလေးတွေမှာလည်း ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ပေးရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မောင်အေး

Tuesday, 12 Jul 2011

နို့ဆီ၊ နို့စိမ်း အဝင်များခဲ့                    ဇွန်လ နောက်ဆုံးပတ်မှာတော့ နို့ဆီတန်ချိန် ၄၅၃ ဒသမ ၅၂ တန်နဲ့ နို့စိမ်း ၂၇၄ ဒသမ ၁၉ တန်၊ စုစုပေါင်း တန်ချိန် ၇၂၇ ဒသမ ၇၁ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းရှစ် သောင်းနီးပါးဖိုးကို ပင်လယ်ရေကြောင်း မှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်း ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်း နို့ဆီနဲ့ နို့စိမ်း၊ မာရီဂိုးနို့ဆီနဲ့ အိုကေ နို့ဆီတို့ တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုမှာ တန်ချိန် တစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် ၄ ဆကျော် လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ နို့စိမ်းတင်သွင်းမှုမှာ ယခင် သီတင်းပတ်တန်ချိန် နှစ်ရာ့ငါးဆယ် ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် အနည်းငယ် ပိုမိုတင်သွင်းနိုင် ခဲ့ပါတယ်။                     ဇွန်လတစ်လရဲ့ နို့ဆီ၊ နို့စိမ်း အဝင်မှာ စုစုပေါင်းတန်ချိန် နှစ်ထောင့် တစ်ရာကျော်ရှိခဲ့ပြီး မေလရဲ့အဝင်မှာ တန်ချိန် တစ်ထောင့်ခုနစ်ရာကျော်ရှိခဲ့ တာကြောင့် ဇွန်လမှာ နို့ဆီ၊ နို့စိမ်း တန်ချိန်လေးရာနီးပါး ပိုမိုတင်သွင်းနိုင် တာ တွေ့ရပါတယ်။                 နို့မှုန့်က တရုတ်၊ မလေးရှား၊ နယူး ဇီလန်၊ ယူအက်စ်အေ၊ စင်ကာပူ၊ ဒိန်း မတ်နဲ့ အင်ဒိုနီးရှားစသည်ဖြင့် နိုင်ငံစုံမှ တန်ချိန် ခြောက်ရာကျော် မှာယူတင် သွင်းခဲ့ပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှနို့ဆီ၊ နို့စိမ်းအပြင် နို့မှုန့်လည်း အသွင်းရှိ              ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက် ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃၄၁၆၆ တန်ဖိုးရှိ နို့မှုန့် ၁၂ တန်၊ ကော့သောင်း နယ်စပ်မှ ကန်ဒေါ်လာ ၄၅ဝ၉၂ တန်ဖိုး ရှိ နို့ဆီ ၅၂ ဒသမ ၈၄၂ တန် (၂၇၈၇ သေတ္တာ)နဲ့ ကန်ဒေါ်လာ ၃၃ဝ၅ဝ တန်ဖိုးရှိ နို့စိမ်း ၃၄ ဒသမ ၁၂၈ တန် (၁၈ဝဝ သေတ္တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တင်သွင်းမှုများ လျော့နည်းခဲ့ပါတယ်။   MIRT (DOBT) ပြည်တွင်း နို့ဆီလက်လီဈေးများ                  နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ို့ဆီလက်လီဈေး         ကျပ်/တစ်ဘူး                         ရန်ကုန်   မန္တလေးဒွန်း( နို့ဆီ )               ၇၇ဝ    ၈ဝဝဒွန်း( နို့စိမ်း)               ၇ဝဝ    ၇၅ဝFalcon နို့ဆီ               ၆၃ဝ      -Happy Cow  (အနီ)    ၅၈ဝ       -Happy Cow (အပြာ)   ၆၂ဝ       -အိုကေ( နို့ဆီ)             ၆၇ဝ     ၇ဝဝအိုကေ( နို့စိမ်း)            ၆၇ဝ    ၇ဝဝMIRT (DOT)

Tuesday, 12 Jul 2011

ဒီသီတင်းပတ် အဝင်ပိုခဲ့                  ဇွန်လနောက်ဆုံးပတ်မှာ ဘိလပ်မြေတန်ချိန် ၂၃၄၇၃ ဒသမ ၃၃ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ သိန်းနှစ်ဆယ်ကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေက အီတလီနိုင်ငံမှ တန် ၁ဝဝ၊ မလေးရှားနိုင်ငံမှ တန် ၅ဝ နဲ့ ထိုင်းနိုင်ငံမှ တန်ချိန် ၂၃၃၂၃ ဒသမ ၃၃ တန် အသီးသီးမှာယူ တင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတန်ချိန် တစ်သောင်းငါးထောင်ကျော် မှာယူတင်သွင်းနိုင်ခဲ့ပြီး ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန်ရှစ်ထောင်ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။                    ဇွန်လတစ်လရဲ့ ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် နှစ်သိန်းတစ်သောင်းကျော် ရှိခဲ့ပြီး မေလရဲ့ ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သိန်းကျော်သာရှိခဲ့တာ ကြောင့် ဇွန်လမှာ မေလ ဘိလပ်မြေအဝင်ရဲ့ တစ်ဆလောက်ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ ဘိလပ်မြေအသွင်းလျော့                ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၆ဝ၂ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၇၄၃ တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် ကထက် ၁၄ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ တာချီ လိတ် နယ်စပ်တို့ကသာ အသွင်းရှိခဲ့ပြီး ယခုအပတ်မှာ ကန်ပိုက်တီး၊ မြိတ်၊ တာချီလိတ်နဲ့ မောင်တောနယ်စပ်များကပါ တင်သွင်းခဲ့ကြပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းနိုင်မှုတွေကတော့ ကန်ပိုက်တီးမှ ၄၉၂ တန်ခန့်၊ မောင်တောမှ ၁၃၇ တန်၊ တာချီလိတ်မှ ၄၆၁ တန်ခွဲနဲ့ မြိတ်မှ ၁၅ တန် အသီးသီးတင်သွင်းခဲ့တာ ဖြစ်ပါတယ်။MIRT (DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်း              ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်် တိုင်းဒေသကြီး/                        အမျိုးအစား                 ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                      ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး           ဘိလပ်မြေ(ဆင်)ထိုင်း              ၅ဝ၅ဝ     ၅ဝ၅ဝ(လက်ကား)                       ဘိလပ်မြေ (စိန်)                     ၄၉၅ဝ     ၄၉၅ဝ                                      ဘိလပ်မြေ (ကျောက်ဆူး)          ၄၆၅ဝ     ၄၆၅ဝ                                      ဘိလပ်မြေ (ပါကစ္စတန်-ဆင်)     ၄၆ဝဝ     ၄၆ဝဝမန္တလေးတိုင်းဒေသကြီး          ဘိလပ်မြေ(ဆင်)ထိုင်း              ၆၅ဝဝ     ၆၆ဝဝ                                     ဘိလပ်မြေ (AAA)                   ၅၇ဝဝ     ၅၇ဝဝ                                     ဘိလပ်မြေ(မြန်မာဆင်)              ၅၃ဝဝ     ၅၃ဝဝ                                     ဘိလပ်မြေ(ဆင်မင်း)                ၄၉ဝဝ     ၅ဝဝဝ                                    ဘိလပ်မြေ(ကျားခေါင်း)              ၅၃ဝဝ     ၅၃ဝဝ                                    ဘိလပ်မြေ(မြင်းခေါင်း)               ၅၁ဝဝ     ၅ဝဝဝတောင်ငူ                         ဘိလပ်မြေ(ကြံ့)ထိုင်း                 ၆၅ဝဝ     ၆၅ဝဝ                                    ဘိလပ်မြေ(ဆင်)ထိုင်း               ၆၈ဝဝ     ၆၈ဝဝ                                    ဘိလပ်မြေ(မြင်းခေါင်း)              ၅၃ဝဝ     ၅၃ဝဝ                                    ဘိလပ်မြေ(Lucky)ပါကစ္စတန်     ၆၂ဝဝ     ၆၂ဝဝတောင်ကြီး                      ဘိလပ်မြေ(စိန်)ထိုင်း                ၆၆ဝဝ     ၆၅ဝဝ                                    ဘိလပ်မြေ(ခြင်္သေ့)                 ၅၇ဝဝ     ၅၇ဝဝ                                    ဘိလပ်မြေ(မြို့တော်)              ၅၇ဝဝ     ၅၇ဝဝ                                    ဘိလပ်မြေ(ကျားခေါင်း)           ၅၉ဝဝ     ၅၉ဝဝမော်လမြိုင်                      ဘိလပ်မြေ(ဆင်)ထိုင်း             ၅၁ဝဝ     ၅၃ဝဝ                                   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး        ၅ဝဝဝ     ၄၅ဝဝ                                  ဘိလပ်မြေ(စိန်)ထိုင်း               ၄၉ဝဝ     ၅၁၅ဝမကွေးတိုင်းဒေသကြီး       ဘိလပ်မြေ(ဆင်)ထိုင်း              ၆၄ဝဝ     ၆၄ဝဝ                                 ဘိလပ်မြေ(မြင်းခေါင်း)              ၅၅ဝဝ     ၅၅ဝဝ                                 ဘိလပ်မြေ(ကြံ့)ထိုင်း                ၆ဝဝဝ     ၆ဝဝဝMIRT (MAPT)

Tuesday, 12 Jul 2011

ကောမတ်နဲ့ သြဂဲနစ်မြေများ တင်သွင်း            ဇွန်လနောက်ဆုံးပတ်မှာ ဓာတ်မြေသြဇာတန်ချိန် ၁၄၂၅ ဒသမ ၉ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းတစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ဗီယက်နမ် နိုင်ငံမှ ကောမတ်မြေသြဇာ ၆၂၅ ဒသမ ၉ဝ တန်နဲ့ သြဂဲနစ်မြေသြဇာ ၆၅၆ တန်၊ ချီလီနိုင်ငံမှ ဓာတ်မြေသြဇာ ၁၄၄ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် တစ်ထောင့်ခြောက်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် နှစ်ရာကျော်လောက် လျော့ နည်းခဲ့ပါတယ်။              ဇွန်လတစ်လရဲ့ ဓာတ်မြေသြဇာအဝင်ကိုကြည့်ရင် တန်ချိန် ကိုးထောင့်ကိုးရာ ကျော်တင်သွင်းနိုင်ခဲ့ပြီး မေလရဲ့ ဓာတ်မြေသြဇာအဝင်မှာ တန်ချိန် ခုနစ်ထောင့် ခုနှစ်ရာကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ ဓာတ်မြေသြဇာတန်ချိန် နှစ်ထောင်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၇၂ဝဝ နီးပါး အသွင်းပို                  ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကန်ပိုက်တီး၊ ကော့သောင်းနဲ့ ရိဒ်နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၁၆၈၂၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၇၄၁ သန်းဖိုးတင်သွင်းခဲ့ ပါတယ်။ ယခင်အပတ်က ၉၆၄၆ တန်တင်သွင်းခဲ့တာမို့ ယခုအပတ် ၇၁၇၈ တန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၂၅၇၇ တန်ကျော်၊ကော့သောင်းမှ ၃၂၇၉ တန်၊ ကန်ပိုက်တီးမှ တန် ၈ဝဝ နဲ့ ရိဒ်မှ ၁၆၇ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ နိုက်တြစ်ဖော့စဖိတ်နဲ့ တီစူပါဖော့စဖိတ်တို့ဖြစ်ပြီး ကော့သောင်းမှ ကွန်ပေါင်း၊ တာချီ လိတ်မှ မိုနိုအမိုးနီးယမ်းနိုက်တြစ်နဲ့ ရိဒ်မှ ပိုတက်ရှ်တို့ ဖြစ်ကြပါတယ်။ MIRT (DOBT)  ဈေးကွက်က ဈေးနှုန်း                  ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ်တိုင်းဒေသကြီး/ပြည်နယ်                     အမျိုးအစား                        ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                                                     ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်)                                တီစူပါ သံကွင်း(တရုတ်)                   ၃၂ဝဝဝ         ၃၁၃ဝဝ                                                ပိုတက် (တရုတ်)                           ၂၃ဝဝဝ         ၂၂၃ဝဝ                                                ယူရီးယား(နေရွက်လှေ-တရုတ်)         ၂၄ဝဝဝ         ၂၄ဝဝဝမန္တလေးတိုင်းဒေသကြီး                  ယူရီးယား(တရုတ်-ရွှေတောင်)          ၂၂၁ဝဝ         ၂၁၇၂ဝ                                               ယူရီးယား(တရုတ်-ပန်းဖူး)                ၂၂၅ဝဝ         ၂၂၁၂ဝ                                               အာမို (ဒိုင်းမွန်းစတား)                     ၄ဝဝဝဝ         ၄ဝဝဝဝ                                              ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်)         ၂၅ဝဝဝ         ၂၅၁၂ဝတောင်ငူ                                  ယူရီးယား (ရွှေတောင်-တရုတ်)          ၂၂၅ဝဝ         ၂၃၅ဝဝ                                             ယူရီးယား (ကမ္ဘာလုံး-တရုတ်)            ၂၂၅ဝဝ         ၂၂၂ဝဝ                                             ယူရီးယား (ယူအေအီး-တရုတ်)          ၂၃ဝဝဝ         ၂ဝ၅ဝဝ                                             ကုလားအုတ် (တရုတ်)                    ၂၂၇ဝဝ         ၂၄ဝဝဝတောင်ကြီး                              ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)     ၂ဝ၅ဝဝ         ၂ဝ၅ဝဝ                                            ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)         ၂၁ဝဝဝ         ၂၁ဝဝဝ                                            ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)     ၂၁ဝဝဝ         ၂၁ဝဝဝ                                            တီစူပါ-(တရုတ်) 12%                       ၉၂ဝဝ         ၉၈ဝဝ                                            တီစူပါ-(တရုတ်) 16%                       ၁ဝ၅ဝဝ         ၁ဝ၅ဝဝ                                           တီစူပါ 15:15:15 (တရုတ်)                  ၃၆၅ဝဝ         ၃၆၅ဝဝ                                          တီစူပါ 10:10:5(တရုတ်)                      ၁၃၅ဝဝ         ၁၃၅ဝဝ                                          ပိုတက် (တရုတ်)                                ၂ဝ၅ဝဝ         ၂ဝ၅ဝဝ                                          ဓာတ်ဆား (တရုတ်)                            ၁၂၅ဝဝ         ၁၃၅ဝဝမော်လမြိုင်                           ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)           ၂၄ဝဝဝ         ၂၄ဝဝဝ                                        ပုလဲ(သေး)(ရွှေပျား 46% တရုတ်)            ၂၄ဝဝဝ         ၂၄ဝဝဝ                                        ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)       ၂၄ဝဝဝ         ၂၄ဝဝဝ                                       ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15             ၃၈ဝဝဝ         ၃၆ဝဝဝ                                       ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15        ၃၄၅ဝဝ         ၃၂၅ဝဝ                                       ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8               ၃၂ဝဝဝ         ၃ဝ၅ဝဝ                                      တီစူပါ (တရုတ်) သံကွင်း 46%                  ၂၉ဝဝဝ         ၃၁ဝဝဝ                                      တီစူပါ (တရုတ်) မျှား 46%                       ၂၈ဝဝဝ         ၂၉၈ဝဝ                                     တီစူပါ (တရုတ်) မျှားကမ္ဘာ 16%                 ၁၄ဝဝဝ         ၁၄ဝဝဝMIRT (MAPT)

Tuesday, 12 Jul 2011

World Metal Price (US$)Date   Silver/Oz    Zinc/Ton     Aluminium/Ton     Copper/Ton      Platinum/Oz4-July   34.25       2384.93        2496.70             9607.81           1714.005-July   33.92       2381.79        2491.55             9542.85           1711.006-July   35.88       2415.17        2571.07             9657.31           1741.007-July   35.86       2399.71        2542.62             9677.02           1721.008-July   36.45       2422.78        2579.81             9857.79           1733.00Source:kitco.com

Tuesday, 12 Jul 2011

Energy NYMEX 8-7-2011                                           Price       Change         Change %Brent Crude Futr (USD/bbl)         117.88       -0.71             -0.60Gas Oil Fut (ICE) (USD/MT)        970.25       6.00              0.62Gasoline Rbob Fut (Cent/gal)       308.68        -1.52           -0.49Heating Oil Futr (Cent/gal)            4.16          0.02             0.53Natural Gas Futr (USD/MMBtu)      311.07      -1.63           -0.52WTI Crude Future (USD/bbl.)       98.58        -0.09            -0.09

Pages