Background
မုံရွာပဲကြီး ဝါဝင်ဈေးကွက် ဈေးမတက် မုံရွာကုန်စည်ဒိုင် ဇူလိုင်ဒုတိယပတ် ပဲကြီးဈေးကွက်မှာ နယ် အဝင်ပါးပြီး၊ အဝယ်လည်းပုံမှန်သာရှိလို့ ဈေးငြိမ်နေလျက် ရှိတာ တွေ့ရပါတယ်။ ဝါဝင်ကာလအကြို ဇူလိုင်ပထမပတ် အတွင်းက လုပ်ငန်းသုံး ပဲကြော်ဖိုတွေ အဆွဲအနည်းငယ်သွက် ခဲ့လို့ တစ်တင်း ကျပ် ၁၅ဝဝဝ ထိ ဈေးလိုက်လာခဲ့ရာက ယခု တစ်ပတ်မှာ ၁၄၅ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ မုံရွာဈေးကွက် အတွင်း နယ်ဝယ်လက်မဆင်းခဲ့တဲ့ ဒေသကုန်သည်အချို့ ''လိုဝယ်'' အဆင့်သာရှိခဲ့တဲ့အတွက် တစ်နေ့အိတ် ၂ဝဝ ဝန်း ကျင်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြား သိရပါတယ်။ ထွန်းလှိုင်
နို့ဆီတန်ချိန် နှစ်ရာကျော်တင်သွင်း ဇူလိုင် ၃ ရက်မှ ၉ ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၂၈၃ ဒသမ ၂၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံး သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နို့ဆီမှာ စင်ကာပူနိုင်ငံမှ COW BELL နို့ဆီ ၄ဝ ဒသမ ၁၄ တန်နဲ့ အာရပ်စော် ဘွားများပြည်ထောင်စုနိုင်ငံမှ အိုကေ တံဆိပ် နို့ဆီ ၂၄၃ ဒသမ ၁၂ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ နို့စိမ်းတင်သွင်း ခြင်းမရှိခဲ့ပါဘူး။ယခင်သီတင်းပတ် သွင်း အားကောင်းကောင်းနဲ့ တင်သွင်းလာခဲ့ တဲ့ နို့ဆီက ဒီတစ်ပတ်မှာ အဝင်လျော့ခဲ့ ပါတယ်။ နို့မှုန့်က မလေးရှား၊ နယူးဇီလန်နဲ့ စင်ကာပူနိုင်ငံစတဲ့ နိုင်ငံတွေက မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် က တန်ချိန်ခြောက်ရာကျော် တင်သွင်း ခဲ့တဲ့ နို့မှုန့်က ဒီသီတင်းပတ်မှာတော့ တန်ချိန် တစ်ရာ့နှစ်ဆယ်နီးပါးသာ တင်သွင်းနိုင်ခဲ့တာကြောင့် ယခင်သီတင်း ပတ်အဝင်နဲ့ယှဉ်ရင် ၅ ဆလောက် အဝင်လျော့နည်းခဲ့ပါတယ်။ MIRT (DOT) နို့စိမ်း တင်သွင်းမှုပို ဇူလိုင် ၆ ရက်မှ ၁၂ရက်ထိ ကာလ အတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၄၄၄ဝဝ တန်ဖိုးရှိ နို့ဆီ ၄၅ ဒသမ ၅ဝ၄ တန် (၂၄ဝဝ ဖာ) နဲ့ ကန် ဒေါ်လာ ၁၄၈၆၅ဝ တန်ဖိုးရှိ နို့စိမ်း ၁၅၁ ဒသမ ၆၈ တန်(၈ဝဝဝ ဖာ) တင် သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့ဆီ ၇ တန်ကျော် (၃၈၇ ဖာ) လျော့နည်းတင်သွင်းခဲ့သော်လည်းနို့စိမ်း ၁၁၇ တန်ကျော်(၆၂ဝဝ ဖာ) တင်သွင်း မှု ပိုမိုခဲ့ပါတယ်။ ဧပြီလမှ ဇွန်လကုန်ထိ နယ်စပ်မှ နို့ဆီ ၆၅၆ တန်ကျော် (၃၄၆ဝ၆ ဖာ) ၊ နို့စိမ်း ၁၃၃၄ တန်ကျော် (၇ဝ၃၇၆ ဖာ) တင်သွင်းထားခဲ့ပြီးဖြစ်ပါတယ်။ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်မှ လိပ်ပြာတံဆိပ် ၅ဝဝ ဂရမ်ပါ အထုပ်ကြီးနဲ့ အထုပ်သေး ၂ဝ ပါ ၄ဝဝ ဂရမ်အထုပ် နို့မှုန့် ၃၉ တန် တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၁၁ သန်း ဖိုးကို တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် ကထက် ၂၇ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါ တယ်။ ဧပြီလမှ ဇွန်လကုန်ထိ နယ်စပ်မှ နို့မှုန့် တန် ၃၁ဝဝ ကျော်တင်သွင်းထား ပြီးဖြစ်ပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီလက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၅ဝ ၈၂ဝဒွန်း( နို့စိမ်း) ၆၅ဝ ၇၅ဝFalcon နို့ဆီ ၆၃ဝ -Falcon နို့စိမ်း ၅၃ဝ -အိုကေ( နို့ဆီ) ၆၇ဝ ၇ဝ၅အိုကေ( နို့စိမ်း) ၆၇ဝ ၇ဝ၅MIRT (DOT)
ရေလမ်းမှ ဘိလပ်မြေတန်ချိန် ငါးသောင်းကျော်ဝင် ဇူလိုင်ပထမပတ်အတွင်း ဘိလပ်မြေတန်ချိန် ၅၅၄၅၈၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ လေးဆယ့်ခုနစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက ကိုရီးယားနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၂ဝဝဝ၊ မလေးရှားနိုင်ငံမှ တန်ချိန် ၅၇ဝဝ နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ၊ စိန်တံဆိပ်ဘိလပ် မြေနဲ့ Mountain တံဆိပ်ဘိလပ်မြေ တန်ချိန် ၄၇၇၅၈ အသီးသီးမှာယူတင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် နှစ်သောင်းသုံး ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေအဝင် တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် သုံးသောင်းကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှု တန်သုံးထောင်ခြောက်ရာကျော်ရှိ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်း များဖြစ်တဲ့ တာချီလိတ်၊ မြိတ်နဲ့ မောင်တောနယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၂၄ဝ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၃၆၃၃ တန် တင်သွင်းမှု ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် တန် ၂၈၉ဝ ခန့်ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှု တွေကတော့ ကန်ပိုက်တီးမှ ၁၉၆ဝ တန်၊ တာချီလိတ်မှ ၇၃၈ တန်၊ မြိတ်မှ ၈၃၅ တန်နဲ့မောင်တောမှ တန် ၁ဝဝအသီးသီးဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ဧပြီ၊ မေ၊ ဇွန် ၃ လတာ ကာလအတွင်း နယ်စပ်မှ ဘိလပ်မြေ ၃၃၉၈၁၅ တန် တင်သွင်းထားပြီး ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉ဝဝ ဘိလပ်မြေ (မောင်းတိန်း) - ၄၇ဝဝ -မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၆ဝဝ ၆၂ဝဝ ဘိလပ်မြေ (AAA) ၅၇ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၂၅ဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ၄၆ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၃ဝဝ ၅၂၅ဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၇ဝဝ ၅၇ဝဝ ဘိလပ်မြေ(မြို့တော်) ၅၇ဝဝ ၅၇ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၃ဝဝ ၅၅ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၅ဝဝ ၄၁၅ဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၁၅ဝ ၅၃၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ၆ဝဝဝMIRT (MAPT)
ဘူဂေးရီးယားနဲ့ ဗီယက်နမ်က မြေသြဇာသွင်း ဇူလိုင်လ ပထမပတ်အတွင်း ဓာတ်မြေသြဇာ ၄၅၅ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ မှာ ယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာက ဘူဂေးရီးယားနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၂၅ဝနဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်မြေသြဇာ ၂ဝ၅ တန် တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုက တန်ချိန် တစ်ထောင့်လေးရာကျော်ရှိခဲ့တာကြောင့် ယခုအပတ် အဝင်လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာ ကန်ဒေါ်လာ သုံးသန်းနီးပါး အဝင်ရှိ မူဆယ်၊ ကော့သောင်း၊ ရိဒ်၊ ကန်ပိုက်တီးနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေး စခန်းများက ဇူလိုင် ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၆၇၄ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ တန် ၁၄၅၃ဝ ခန့် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၃ဝဝနီးပါးခန့် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခင် အပတ်ကထက် မူဆယ်နဲ့ ရိဒ်စခန်းမှ တင်သွင်းမှုပိုမိုသော်လည်း တာချီလိတ်၊ ကော့သောင်းနဲ့ ကန်ပိုက်တီးစခန်းများမှ တင်သွင်းမှုလျော့နည်းခဲ့တာဖြစ်ပါတယ်။ နယ်စပ် အလိုက် ဓာတ်မြေသြဇာတင်သွင်းမှု ပမာဏများကတော့ မူဆယ်မှ ၁၃၉၇၇ တန်၊ ကော့သောင်းမှ ၃၃၉ တန်၊ ရိဒ်မှ ၁၄၃ တန်ခန့်၊ တာချီလိတ်မှ ၁၁ တန်နဲ့ ကန်ပိုက် တီးမှ တန် ၆ဝအသီးသီးဖြစ်ပါတယ်။ ၂ဝ၁၁ခုနှစ် ဧပြီ၊ မေနဲ့ ဇွန်လများမှာ ဓာတ်မြေသြဇာတန်ချိန် ၁၉၆၂၁၄ တင်သွင်းထားခဲ့ပြီး ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ ပမာဏအများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း၊ တီစူပါ၊ နိုက်တြစ်ဖော့စဖိတ်နဲ့ မိုနိုအမိုးနီးယမ်းဖော့စဖိတ်တို့ ဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) တီစူပါ သံကွင်း(တရုတ်) ၃၁၃ဝဝ ၃၂၅ဝဝ ပိုတက် (တရုတ်) ၂၂၃ဝဝ ၂၄၅ဝဝ ပိုတက် (ထိုင်း) - ၃၆၅ဝဝ - ယူရီးယား(နေရွက်လှေ-တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁၇၂ဝ ၂၂၂၂ဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂၂၁၂ဝ ၂၂၇၂ဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝ ၄ဝဝဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၅၁၂ဝ ၂၅၁၂ဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၂ဝဝ ၂၂၂ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂ဝ၅ဝဝ ၂ဝ၅ဝဝ ကုလားအုတ် (တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝ၅ဝဝ ၂ဝ၅ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁ဝဝဝ ၂၃၅ဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁ဝဝဝ ၂၃၅ဝဝ တီစူပါ-(တရုတ်) 12% ၉၈ဝဝ ၉၈ဝဝ တီစူပါ-(တရုတ်) 16% ၁ဝ၅ဝဝ ၁၁၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၆၅ဝဝ ၃၅ဝဝဝ တီစူပါ 10:10:5(တရုတ်) ၁၃၅ဝဝ ၁၄၅ဝဝ ပိုတက် (တရုတ်) ၂ဝ၅ဝဝ ၂၂ဝဝဝ ဓာတ်ဆား (တရုတ်) ၁၂၅ဝဝ ၂ဝဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄ဝဝဝ ၂၄ဝဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၆ဝဝဝ ၃၆ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၂၅ဝဝ ၃၁၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃ဝ၅ဝဝ ၃ဝ၅ဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃၁ဝဝဝ ၃၁ဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၉၈ဝဝ ၂၉၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝ MIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz11-July 36.42 2356.93 2496.93 9720.26 1726.0012-July 35.15 2321.76 2440.26 9593.92 1711.0013-July 36.58 2405.76 2491.33 9873.92 1741.0014-July 38.46 2386.72 2510.14 9795.97 1766.0015-July 38.53 2362.98 2487.52 9748.93 1753.00Source:kitco.com
Energy NYMEX 15-7-2011 Price Change Change %Brent Crude Futr (USD/bbl) 115.64 -0.62 -0.53Gas Oil Fut (ICE) (USD/MT) 961.25 -11.25 -1.16Gasoline Rbob Fut (Cent/gal) 306.54 -1.95 -0.63Heating Oil Futr (Cent/gal) 4.40 0.02 0.50Natural Gas Futr (USD/MMBtu) 310.10 -2.38 -0.76WTI Crude Future (USD/bbl.) 95.52 -0.17 -0.18
နယ်စပ်ငွေလဲလှယ်နှုန်း ဇူလိုင် ၂ဝ၁၁(1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)11 6 .47 30.33 74.38 44.3812 6.47 30.46 74.45 44.7313 6 .46 30.28 74.60 44.5714 6 .50 30.14 74.60 44.5115 6.44 30.11 74.65 44.55
World Gold Price July 2011 (USD/OZ)Date NY London Zurich11 1544 1544 154412 1544 1544 154313 1566 1567 156714 1582 1583 158315 1577 1578 1578Domestic Gold Price Kyats(Thousand)Date Yangon Mandalay11-7-2011 660.30 659.8012-7-2011 660.50 659.5013-7-2011 660.50 661.4014-7-2011 662.40 662.70
Currency Exchange Rate July 15, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.94BDT Bangladesh Taka 74.65CAD Canada Dollars 0.96CNY China Yuan Renminbi 6.44EUR Euro 0.71HKD Hong Kong Dollars 7.79INR India Rupees 44.55IDR Indonesia Rupiahs 8524.00JPY Japan Yen 79.19MYR Malaysia Ringgits 3.01PKR Pakistan Rupees 86.02PHP Philippines Pesos 42.95RUB Russia Rubles 28.12SGD Singapore Dollars 1.22KRW South Korea Won 1057.95LKR Sri Lanka Rupe 109.52THB Thailand Baht 30.11GBP United Kingdom Pounds 0.62VND Vietnam Dong 20550.00Source : xe.com
ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြလာသော်လည်း မန်းရွှေဈေး ကျဆင်း လဆန်းပိုင်းကစလို့ ကမ္ဘာ့ရွှေဈေးနှုန်း တက်ရိပ်ပြလာပေမဲ့ မန္တလေး ရွှေဈေးနှုန်းမှာ တစ်ရက်အတွင်း ကျ ဆင်းပြီး ဈေးနှုန်းငြိမ်သက်မှုမရှိကြောင်း သိရပါတယ်။ မန္တလေး ရွှေဈေးကွက်အတွင်းသို့ ဒေါ်လာအရောင်းအဝယ် ပြုလုပ်သူများမှ ဈေးနှုန်းများဆွဲတင်ဆွဲချ ကစားခြင်း ကြောင့်ရွှေဈေးအတက်အကျအပြောင်း အလဲများဖြစ်ပေါ်လျက်ရှိတယ်လို့ သိရ ပါတယ်။ ''ရွှေဈေးကွက်မှာ ပြန်ရောင်းတဲ့ သူများနေတယ်။ ကမ္ဘာ့ရွှေဈေးကလည်း တအားမကျဘူး။ ဒေါ်လာငွေ လဲလှယ် နှုန်းကလည်း ၈ဝဝ ဝန်းကျင်မှာပဲ ရှိနေ တယ်။ အရင်က ရွှေဈေးက ထွက်ရှိနှုန်း အနည်းအများနဲ့ ဝယ်လိုအားပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ခဲ့ တာ။ ဒါ့အပြင် ကမ္ဘာ့ရွှေဈေးတက်ရင် မြန်မာ့ရွှေဈေးတက်သလို၊ ကမ္ဘာ့ရွှေဈေး ကျရင် မြန်မာ့ရွှေဈေး ကျတတ်တယ်။ အခုနောက်ပိုင်းမှာ ဒေါ်လာအရောင်း အဝယ်ပြုလုပ်သူတွေက ဒေါ်လာ အရောင်းအဝယ်ပြုလုပ်ရတာ မကိုက်တော့ ဒီဘက်ဝင်လာပြီး ဈေးကစားကြ တာ၊ ခုချိန်မှာ ရွှေဈေးနှုန်း အတက် အကျက ခန့်မှန်းလို့မလွယ်ဘဲ ဒေါ်လာ ဈေးပေါ်မူတည်လာတာဖြစ်တယ်'' လို့ အောင်သမာဓိရွှေဆိုင်မှ မဇင်က ပြော ပါတယ်။ ဇူလိုင် ၁ ရက်တွင် ကမ္ဘာ့ရွှေဈေး နှုန်းမှာ ၁၄၈၇ ဒေါ်လာရှိခဲ့ရာမှ ဈေး တက်ရိပ်ပြလာခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးမှာ ၁၅၄၄ ဒေါ်လာရှိ၍ တစ်ဒေါ်လာလျှင် မြန်မာ ငွေ ၈ဝဝ ကျပ်၊ ၈ဝ၁ ကျပ်၊ မန္တလေး (အောင်သမာဓိ) ရွှေဈေးနှုန်းမှာ ၆၆ဝ၅ဝဝ ကျပ်ဖြင့် နံနက်ပိုင်းဈေးဖွင့်၍ နေ့လယ်ပိုင်းတွင် ၆၅၉၈ဝဝ ကျပ်ရှိပြီး၊ ၆၆ဝဝဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ ၁၅၅၃ ဒေါ်လာ၊ တစ်ဒေါ်လာ လျှင် မြန်မာငွေ ၈ဝဝ ကျပ်၊ မြန်မာ့ရွှေ (အောင်သမာဓိ) ဈေး ၆၆ဝ၅ဝဝ ကျပ်ဈေးဖွင့်၍ ၆၅၈၂ဝဝ ကျပ်ဖြင့် ဈေး ပိတ်ခဲ့ကြောင်း သိရပါတယ်။ ဇူးဇူး