Background
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz18-July 39.73 2619.68 2485.73 9814.33 1760.0019-July 39.11 2466.02 2535.23 9914.24 1769.0020-July 39.28 2459.30 2543.07 9911.33 1772.0021-July 40.23 2440.93 2521.34 9862.94 1778.0022-July 36.45 2449.88 2528.06 9769.98 1781.00Source:kitco.com
Energy NYMEX 22-7-2011 Price Change Change %Brent Crude Futr (USD/bbl) 117.86 0.35 0.30Gas Oil Fut (ICE) (USD/MT) 976.25 -7.00 -0.71Gasoline Rbob Fut (Cent/gal) 311.08 1.16 0.37Heating Oil Futr (Cent/gal) 4.38 -0.00 -0.20Natural Gas Futr (USD/MMBtu) 311.47 1.52 0.49WTI Crude Future (USD/bbl.) 99.42 0.29 0.29
နယ်စပ်ငွေလဲလှယ်နှုန်း ဇူလိုင် ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)18 6 .47 30.09 74.60 44.5819 6.46 29.91 74.51 44.4920 6 .46 29.90 74.75 44.4521 6 .45 29.89 74.60 44.4422 6.45 29.85 74.80 44.40
World Gold Price July 2011 (USD/OZ)Date NY London Zurich18 1595 1595 159619 1587 1589 159020 1588 1589 158821 1600 1601 160122 1587 1588 1589Domestic Gold Price Kyats(Thousand)Date Yangon Mandalay18-7-2011 662.80 663.3019-7-2011 663.50 663.6020-7-2011 662.00 662.0021-7-2011 663.50 663.5022-7-2011 663.50 663.50
Currency Exchange Rate July 22, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.92BDT Bangladesh Taka 74.80CAD Canada Dollars 0.94CNY China Yuan Renminbi 6.45EUR Euro 0.70HKD Hong Kong Dollars 7.79INR India Rupees 44.40IDR Indonesia Rupiahs 8529.40JPY Japan Yen 78.62MYR Malaysia Ringgits 2.98PKR Pakistan Rupees 86.14PHP Philippines Pesos 42.43RUB Russia Rubles 27.74SGD Singapore Dollars 1.21KRW South Korea Won 1050.91LKR Sri Lanka Rupe 109.42THB Thailand Baht 29.85GBP United Kingdom Pounds 0.61VND Vietnam Dong 20570.00Source : xe.com
မန်းရွှေဈေး အတက်မို့ ပြန်သွင်းသူများ မန္တလေးရွှေဈေးနှုန်းမှာ အထက်တန်းမှာ ရှိနေလို့ ရွှေဝယ်ယူမှုထက် ပြန်သွင်းသူများကြောင်း ဈေးကွက်အတွင်း မှ သိရပါတယ်။ အောင်သမာဓိရွှေဆိုင်မှ မဇင်က ''ရွှေဈေးနှုန်း ၆၅ဝဝဝဝ ကျပ်နှုန်းက စပြီး ဝယ်လက်တန့်သွားခဲ့တာ။ ဒီရက် ပိုင်းမှ ကျပ် ၆၆ဝဝဝဝ ရှိတော့ အဝယ်တန့်ပြီး ပြန်သွင်းသူများနေတယ်။ လက်ဝတ်လက်စားလောက်ပဲ ရောင်းရတယ်။ လက်ဝတ်လက်စား အထည်အခု ၂ဝ လောက်ရောင်းရရင် အခဲပြန် သွင်းတဲ့သူက နှစ်ပိဿာလောက် အရောင်းရှိတယ်။ မြန်မာငွေတန်ဖိုး မြင့်လာတော့ ရှိတဲ့ ရွှေပြန်သွင်းသူများ လာတာ''လို့ ပြောပါတယ်။ ရွှေဈေးနှုန်းမှာ ကမ္ဘာ့ရွှေဈေး အတက်နှင့်အတူ မြန်မာရွှေဈေးနှုန်း ၆၆ဝဝဝဝ ကျပ်ကျော်ကျော် တက်လာ ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်က ကမ္ဘာ့ ရွှေဈေး ၁၅၉၂ ဒေါ်လာ၊ အောင်သမာဓိ ရွှေ ၆၆၂၅ဝဝ ကျပ်၊ ဇူလိုင် ၁၈ ရက်တွင် ကမ္ဘာ့ရွှေ ၁၆ဝဝ ဒေါ်လာ၊ အောင်သမာဓိရွှေ ၆၆၂၅ဝဝ ကျပ်၊ ဇူလိုင် ၁၉ ရက် ကမ္ဘာ့ရွှေဈေး ၁၆ဝ၇ ဒေါ်လာ၊ အောင်သမာဓိရွှေ ၆၆၄၅ဝဝ ကျပ်ရှိ၍ ယခုလအတွင်း ကျပ် တစ်သောင်းကျော် ဈေးနှုန်းတက်လာကြောင်း သိရပါတယ်။ ဇူးဇူး
၂ဝ၁၁ ခုနှစ် ပထမခြောက်လအတွင်း ကမ္ဘာ့စိန်ဈေးနှုန်း ၂၆ ရာခိုင်နှုန်း မြင့်မားခဲ့ ၂ဝ၁၁ ခုနှစ်အတွင်း တရုတ်နဲ့ အိန္ဒိယမှ စိန်ဝယ်လိုအားမြင့်လာပြီး ဈေးနှုန်း ၅ ဆမြင့်တက်ခဲ့ရာ ရွှေဈေးမြင့်မားတဲ့နှုန်းထက် ပိုမြန်နေကြောင်း သိရပါတယ်။ ယခုနှစ်မေလအတွင်း ရွှေတစ်အောင်စကို ၁၅၇၇ဒသမ ၅၇ဒေါ်လာအထိ ရောက်ရှိ ရာ စံချိန်သစ်တင်မြင့်မားခဲ့တဲ့ ဈေးနှုန်းက ယခုနှစ်အတွင်း ၅ ဒသမ ၆ ရာခိုင်နှုန်း သာ တိုးတက်ခဲ့သော်လည်း ကမ္ဘာ့စိန်ဈေးနှုန်းမှာ ၂၆ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။ တရုတ်နဲ့ အိန္ဒိယမှ အလယ်အလတ်တန်းစား လူတန်းစားတွေရဲ့ လက်ဝတ်ရတနာ ဝယ်လိုအားမြင့်မားလာခြင်းက စိန်ရိုင်းထုတ်လုပ်မှုပမာဏထက် ပိုမိုခဲ့ရာ စိန်ဈေး ရုတ်တရက်ထိုးတက်သွားတယ်လို့ သိရပါတယ်။ စိန်ဈေးမြင့်မားတဲ့အပြင် လာမဲ့ ၅ နှစ်အတွင်း စိန်တွင်းအသစ်တွေ မရှိနိုင်လို့ စိန်ရိုင်း ရောင်းလိုအားက တိုးတက်လာတဲ့ တရုတ်နဲ့ အိန္ဒိယရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မယ်မထင်ကြောင်း၊ ဒါကြောင့် စိန်ဈေး သိသိသာသာ မြင့်မား လာမှာဖြစ်ကြောင်း RBC Capital Markets Ltd မှ ပြောကြားပါတယ်။ စီးပွားရေးအားကောင်းလာတဲ့ တရုတ်နိုင်ငံက စိန်ဝယ်လိုအားမြင့်မားမှုကြောင့် ကမ္ဘာမှာ အမေရိကန်ပြီးရင် ဒုတိယမြောက်စိန်ဝယ်ယူမှု အများဆုံးနိုင်ငံဖြစ်လာတယ်။ ဒါကြောင့် ယခင်က ကမ္ဘာ့စိန်ဝယ်ယူမှု အများဆုံးနိုင်ငံတွေမှာ ဒုတိယနေရာ ယူထားတဲ့ ဂျပန်နိုင်ငံက တတိယနေရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ Source:Bloomberg.com, ပပ
ယခုအပတ်နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ် အသွင်းပို ဇူလိုင် ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်း နယ်စပ်မှ ဓာတ်ဆီနဲ့ ဒီဇယ် တင်သွင်းမှုက ယခင်အပတ်ကထက် ပိုမိုလျက်ရှိပါတယ်။ ကန်ဒေါ်လာ ၇၉၄ဝ၂ တန်ဖိုးရှိ ဓာတ်ဆီ ၂ဝ၃၅၇ ဂါလန်ကျော်နဲ့ ကန်ဒေါ်လာ ၂ ဒသမ ၅၁၂ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၆၅၃၆၄၈ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၆၉၂၃ ဂါလန်နဲ့ ဒီဇယ်ဆီ ၄၂၄၇၄၇ ဂါလန် ပိုမိုတင်သွင်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် ဓာတ်ဆီတင်သွင်းမှုတွေကတော့ ကော့သောင်းမှ ၉၈၈၅ ဂါလန်နဲ့ တာချီလိတ်မှ ၁ဝ၄၇၂ ဂါလန်ဖြစ်ပြီး ဒီဇယ်ဆီတင်သွင်းမှုတွေကတော့ ကော့သောင်းမှ ၄ဝ၆၈၇၅ ဂါလန်၊ တာချီလိတ်မှ ၆၁၇၁ဝ ဂါလန်နဲ့ ကန်ပိုက်တီးမှ ၁၈၅ဝ၆၃ ဂါလန် အသီးသီးဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဇူလိုင်လ ၂ဝ၁၁ ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)ရက် နေပြည်တော် ရန်ကုန် မန္တလေး နေပြည်တော် ရန်ကုန် မန္တလေး၁၈ ၃၈ဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၅ဝဝ ၃၂ဝဝ၁၉ ၃၈ဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၅ဝဝ ၃၂ဝဝ၂ဝ ၄ဝဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၅ဝဝ ၃၄ဝဝ၂၁ ၄ဝဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၅ဝဝ ၃၄ဝဝ၂၂ ၄ဝဝဝ ၄ဝဝဝ ၄ဝဝဝ ၃၃ဝဝ ၃၅ဝဝ ၃၄ဝဝရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- ဇူလိုင်လ ၂ဝ၁၁ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ်၁၈ ၃၇ဝဝ ၂၅ဝဝ ၃၅ဝဝ ၃၉ဝဝ၁၉ ၃၇ဝဝ ၂၅ဝဝ ၃၅ဝဝ ၃၉ဝဝ၂ဝ ၃၇ဝဝ ၂၅ဝဝ ၃၅ဝဝ ၃၉ဝဝ၂၁ ၃၇ဝဝ ၂၅ဝဝ ၃၅ဝဝ ၃၉ဝဝ၂၂ ၃၇ဝဝ ၂၅ဝဝ ၃၅ဝဝ ၃၉ဝဝMIRT-DOT
လက်လီသမား အဝယ်ရှိသလို ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိတ့ ဲ ပြည်ထောပတ်ပဲ ပြည်ဈေးကွက်တွင် ထောပတ်ပဲဈေးမှာ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ဈေးအပြောင်းအလဲမရှိဘဲ ဈေးငြိမ် ရောင်းဝယ်နေခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ရန်ကုန် ဝယ်လက်အဝယ်ရှိတဲ့ရက်တွင် တစ်ရက်ကို အိတ် ၅ဝ ကျော် အထိ အရောင်းအဝယ်သွက်ခဲ့ပြီး ရန်ကုန်ဝယ်လက်အဝယ်မရှိ သည့်ရက်တွင် ဒေသတွင်း လက်လီသမားများဖြင့် တစ်ရက် ၁၅ အိတ်ခန့်သာ အရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။ ပဲဝင် ရောက်မှုအနေဖြင့် အခြားတိုင်းမှလည်း အဝင်မရှိသလို ဒေသ တွင်းမှာလည်း အဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ခင်ဆွေဝင်း