Background
နယ်စပ်ငွေလဲလှယ်နှုန်းဇူလိုင် ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)4 6 .46 30.50 74.30 44.425 6.47 30.47 74.35 44.356 6 .47 30.47 74.35 44.397 6 .47 30.35 74.40 44.438 6.47 30.27 74.44 44.37
World Gold Price July 2011 (USD/OZ)Date NY London Zurich4 1489 1489 14895 1495 1495 14966 1511 1511 15117 1527 1527 15288 1529 1529 1530Domestic Gold Price Kyats(Thousand)Date Yangon Mandalay4-7-2011 652.20 651.805-7-2011 647.00 647.006-7-2011 651.50 651.707-7-2011 657.00 657.008-7-2011 656.80 657.10
Currency Exchange Rate July 8, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.93BDT Bangladesh Taka 74.44CAD Canada Dollars 0.96CNY China Yuan Renminbi 6.47EUR Euro 0.70HKD Hong Kong Dollars 7.78INR India Rupees 44.37IDR Indonesia Rupiahs 8513.00JPY Japan Yen 81.29MYR Malaysia Ringgits 3.00PKR Pakistan Rupees 85.88PHP Philippines Pesos 42.76RUB Russia Rubles 27.92SGD Singapore Dollars 1.22KRW South Korea Won 1057.33LKR Sri Lanka Rupe 109.51THB Thailand Baht 30.27GBP United Kingdom Pounds 0.63VND Vietnam Dong 20580.00Source : xe.com
မန်းရွှေဈေးနှုန်း ကျဆင်းသော်လည်း ရွှေပြန်သွင်းသူများပြီး ဝယ်သူနည်း ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းခြင်း၊ ဒေါ်လာဈေးအကျဈေးတွင် ငြိမ်နေခြင်းကြောင့် မြန်မာ့ရွှေဈေး ကျဆင်းလာ ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ မြန်မာ့ရွှေဈေးနှုန်းကျဆင်းလာသော်လည်း ယခင်နှစ်များနဲ့ ကာလတူ နှိုင်းယှဉ်ပါက ဈေးကွက်အေးလျက်ရှိပြီး ရွှေပြန်သွင်းသူများ၍ ရွှေဝယ်သူနည်း ကြောင်းသိရပါတယ်။ အောင်သမာဓိရွှေဆိုင်မှ မဇင်က ''ဒီကာလက မိုးတွင်းကာလမှာ ရွှေလုပ်ကွက်လျော့လို့ ပစ္စည်းရှား သွားပြီး ဈေးတက်ရမယ့်အချိန်ဖြစ်ပေမယ့် ပြန် ရောင်းတဲ့သူများလို့ ဈေးကွက်မှာ ရွှေ များများရှိနေတာ။ ကျောင်းဖွင့်ချိန်၊ ဆိုင် လုပ်ငန်းအတွက် ငွေအဖြစ်မြန်တဲ့ရွှေကိုပြန်ရောင်းတာများတယ်။ ရွှေလှော်တဲ့ သူတွေက မိုးတွင်းမှာ အရောင်းနည်းလို့ အထွက်နည်းချိန်၊ ဒီကာလမှာ မြေဈေးကွက်ကလည်း အေးနေလို့ ရွှေပဲပြန် ရောင်းလာကြတာ။ အရင်က ကမ္ဘာ့ရွှေ ဈေးကြည့်ပြီး မြန်မာ့ရွှေဈေးဖြစ်ခဲ့တာ။ ခုကာလမှာ ကမ္ဘာ့ရွှေဈေးတင်မက ဒေါ်လာဈေး ပါကြည့်ပြီး မြန်မာ့ရွှေဈေး ဖြစ်လာတယ်''လို့ ပြောပါတယ်။ ယခုလတွင် အမ်ပိုရီယမ် ကျောက် မျက်ပွဲပြုလုပ်လျက်ရှိရာ ငွေရင်းနှီး ထားတဲ့ ကျောက်မျက်ကုန်သည်များ ပွဲတော်ဘက်လှည့်၍ ရင်းနှီးမြှုပ်နံှလျက် ရှိခြင်း၊ ဒေါ်လာဈေးမှာ အကျတွင်အေးနေခြင်း၊ ကမ္ဘာ့ရွှေဈေး ကျဆင်းနေခြင်း ကြောင့် မြန်မာ့ရွှေဈေးမှာ ဆက်၍ကျ ဆင်းပြီး ဈေးကွက်အေးနိုင်ကြောင်း၊ မန္တလေးမြို့ရှိ ရွှေဆိုင်များ၊ ရွှေကုန် သည်များမှ ခန့်မှန်းသုံးသပ်ပါတယ်။ ဇွန် ၃ဝ ရက်မှာ နိုင်ငံ့ဝန်ထမ်းဟောင်းများ ရဲ့ ပင်စင်လစာများ တိုးမြှင့်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ရွှေ ဝယ်သူများရဲ့ ဈေးကွက်ကစားခြင်းကြောင့် မြန်မာ့ရွှေဈေးမှာ ဇွန်လ ၂၉ ရက်က အောင်သမာဓိအခေါက် တစ် ကျပ်သားလျင် ကျပ် ၆၅၄ဝဝဝရှိခဲ့ရာမှာ ၃ဝ ရက်တွင် ကျပ် ၆၅၇ဝဝဝ ဈေးဖြင့် ဈေးပိတ်ခဲ့ပါတယ်။ ဇူလိုင် ၁ ရက်မှာ ဈေးကစားမှု မထိရောက်ခြင်းကြောင့် ရွှေဈေးပြန်လည်ကျဆင်းခဲ့ရာ အဖွင့် ဈေး ကျပ် ၆၅၅၅ဝဝ ဖြင့်ဖွင့်၍ ညနေ ပိုင်းတွင်း ကျပ် ၆၅၃ဝဝဝ ဈေးဖြင့် ဈေး ပိတ်ခဲ့ပါတယ်။ ဇူလိုင် ၂ ရက်မှာ ဈေး နှုန်းဆက်၍ကျဆင်းခဲ့ရာ ကျပ်၆၅၁၅ဝဝ ဈေးထိ ကျဆင်းလာခဲ့ပါတယ်။ ကမ္ဘာ့ ရွှေဈေးနှုန်းမှာ ဇွန်လနောက်ဆုံးပတ်က တစ်အောင်စကို ၁၄၉၈ ဒေါ်လာရှိခဲ့ရာ မှ ဇူလိုင် ၂ ရက်တွင် ၁၄၈၇ ဒေါ်လာ အထိ ကျဆင်းလာကြောင်း သိရပါတယ်။ ဇူးဇူး
မန်းစိန်ဈေးနှုန်း အတက်ဈေးတွင်ငြိမ်၍ အရောင်းအဝယ်အေး စိန်ကုန်သည်များနဲ့ စိန်ရောင်းဝယ်သူများမှာ နေပြည်တော် ကျောက်မျက် ရတနာပွဲဘက် စိတ်ဝင်စားနေခြင်းကြောင့် မန္တလေးမြို့ရှိ စိန်အရောင်းဆိုင်များတွင် အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ ''ကမ္ဘာ့စိန်ဈေးအရ တက်ပေမယ့် ဒေါ်လာဈေးကျနေလို့ မြန်မာစိန်ဈေးက အမြင့်ဈေးမရောက်ဘူး။ ပစ္စည်းလည်း ရှားနေတယ်။ ရောင်စုံကျောက်နဲ့ ၄ဝ စီးကျင်ဖြူစိန်ကို အသုံးများတဲ့အတွက် လိုချင်လို့ရှာတာတောင် ဝယ်မရဘူး။ ဈေးကွက်မှာ တော့ ဒီရက်ပိုင်းအရောင်းအဝယ်ကျတယ်။ ပွဲတော်ဘက်မှာ လုံးပမ်းနေရလို့ ဒီဘက် မှာ အရောင်းအဝယ်အေးတာ''လို့ မန္တလေး Gem Center မှ ကျောက်မျက်ရတနာ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ယခုတစ်ပတ် စိန်ဈေးနှုန်းမှာ ၁ဝ လုံးစီး ကျင်ဖြူတစ်ရတီလျှင် ၁ ဒသမ ၅ သိန်း၊ ၁ ဒသမ ၆ သိန်း၊ ၂ဝ လုံးစီးကျင်ဖြူ တစ်ရတီလျှင် ၁ ဒသမ ၂ သိန်း၊ ၁ ဒသမ ၃ သိန်း၊ ၄ဝ လုံးစီးကျင်ဖြူ တစ်ရတီလျှင် ၁ ဒသမ ၂ သိန်း၊ ၁ ဒသမ ၃ သိန်း၊ ၁ဝ လုံးစီးအသန့် တစ်ရတီလျှင် ၇ သိန်းကျော်၊ ၂ဝ လုံးစီး တစ်ရတီလျှင် ၅ ဒသမ ၅ သိန်း၊ ၄ဝ လုံးစီး တစ်ရတီလျှင် ၄ ဒသမ ၅ သိန်းဖြင့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။ ဇူူးဇူူး
ပုံမှန်အသွင်းရှိတဲ့ ဓာတ်ဆီ ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်ထိကာလအတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ဝ၁၉ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၅၂၃၆ ဂါလန်နဲ့ တင်သွင်းမှု ရှိခဲ့ပြီး ယခင်အပတ်ကတင်သွင်းတဲ့ ပမာဏအတိုင်း ပြောင်းလဲမှုမရှိတာ တွေ့ရ ပါတယ်။ ဒီဇယ်ဆီကိုတော့ ကန်ပိုက်တီးမှ ၂၄၇ဝ၂၃ ဂါလန်နဲ့ တာချီလိတ်မှ ၆၄ဝ၉၆ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၇၄ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ ဒီဇယ်တင်သွင်းမှုဟာ ယခင်အပတ်ကထက် ဂါလန် ၁၂ သိန်းကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဇူလိုင်လ ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၄ ၃၆ဝဝ ၄၂ဝဝ ၃၂ဝဝ ၃၅ဝဝ၅ ၃၆ဝဝ ၄၂ဝဝ ၃၂ဝဝ ၃၅ဝဝ၆ ၃၈ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၅ဝဝ၇ ၃၈ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၅ဝဝ၈ ၃၈ဝဝ ၄ဝဝဝ ၃၂ဝဝ ၃၅ဝဝ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- ဇူလိုင်လ ၂ဝ၁၁ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ်၄ ၃၈ဝဝ ၂၅ဝဝ ၃၆ဝဝ ၃၉ဝဝ၅ ၃၈ဝဝ ၂၅ဝဝ ၃၆ဝဝ ၃၉ဝဝ၆ ၃၈ဝဝ ၂၅ဝဝ ၃၆ဝဝ ၃၉ဝဝ၇ ၃၈ဝဝ ၂၅ဝဝ ၃၆ဝဝ ၃၉ဝဝ၈ ၃၇ဝဝ ၂၅ဝဝ ၃၆ဝဝ ၃၉ဝဝMIRT-DOT
အိန္ဒိယ ပဲမျိုးစုံစိုက်ဧရိယာ ကျဆင်းဖွယ်ရှိ ယခင်နှစ်က တမီနာဒူးပြည်နယ် Villupuram ခရိုင်ရှိ Ulundurpethai စိုက်ပျိုးရေးထုတ် ကုန်ဈေးကွက် ကော်မတီဝင်းမှာ မတ်ပဲဈေးက တစ်တန် ရူပီး ၅ဝဝဝဝ(ကန်ဒေါ်လာ ၁၁၁၅) နီးပါး ရှိခဲ့ပေမဲ့ ယခုအခါမှာတော့ ရူပီး ၄၂၅ဝဝ (ကန် ဒေါ်လာ ၉၄၈)သာရှိတယ်လို့ ဆိုပါတယ်။ ပဲစင်းငုံ၊ ပဲတီစိမ်းလို အခြားပဲဈေးတွေလည်း အဲဒီလိုအခြေ အနေရှိနေပါတယ်။ လွန်ခဲ့တဲ့တစ်လအတွင်း မတ်ပဲ ဈေးက တစ်တန်ကို ရူပီး ၁ဝဝဝဝ (ကန်ဒေါ်လာ ၂၂၃) ကျဆင်းခဲ့တယ်လို့ တမီနာဒူး ပဲမျိုးစုံတင် သွင်းသူများအသင်း အတွင်းရေးမှူး Mr.B Krishnamurthy က ဆိုပါတယ်။ မတ်ပဲလို ပဲမျိုးစုံဈေးနှုန်း ဆက်လက်ကျ ဆင်းနေဦးမယ်ဆိုရင် တောင်သူတွေဟာ အခြား ငွေပိုရတဲ့ ဝါဂွမ်း သို့မဟုတ် ဆီထွက်သီးနံှတွေကို ပြောင်းလဲစိုက်ပျိုးလာကြမယ်လို့လည်း ဆိုပါတယ်။ ဗဟိုအစိုးရက မိုးပဲမျိုးစုံအတွက် အနိမ့်ဆုံးထောက် ပံ့ဈေးနှုန်း (MSP) ကိုတိုးမြှင့်မယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်း က ဈေးကွက်ပေါက်ဈေးဟာ MSP ထက် အမြဲ တမ်းပိုမိုမြင့်မားနေပါတယ်။ အဲဒီလို အကြောင်းအရာတွေက ပဲမျိုးစုံစိုက် ဧရိယာ ကျဆင်းဖို့ ဖြစ်စေပါတယ်။ ယခင်နှစ်က ဈေးကွက်ပေါက်ဈေးမြင့်တက်ခဲ့တာကြောင့် ပဲမျိုးစုံ စိုက်ဧရိယာတိုးတက်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကမ္ဘာ့ပဲဈေးတွေ ကျဆင်းဖို့ ဖြစ်လာခဲ့ပါတယ်။ အနောက်တောင်မုတ်သုံမိုးနဲ့အတူ မိုးပဲမျိုးစုံ စိုက်ပျိုးနေပြီဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ စာရင်း အရ ပဲမျိုးစုံစိုက်ပြီး ဧရိယာဟာ ယခင်နှစ်ကာလ တူက ဟက်တာ ၄ဒသမ ဝ၉သိန်းရှိခဲ့ရာမှ ၈ ရာခိုင် နှုန်းကျဆင်းပြီး ဟက်တာ ၃ ဒသမ ၇၇ သိန်းသာ ရှိတယ်လို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက် ဧရိယာ ဟာ ၃ဝ ရာခိုင်နှုန်းကျဆင်းပြီး ဟက်တာ ၄၉၁၈၊ ပဲတီစိမ်းစိုက် ဧရိယာ ၃၁ ရာခိုင်နှုန်းကျဆင်းပြီး ဟက်တာ ၈၂၅၉ ရှိပြီး မတ်ပဲကတော့ ၂၄ ရာခိုင် နှုန်း မြင့်တက်ပြီး ဟက်တာ ၉၇၄ စိုက်ပြီး သွားပြီလို့ သိရပါတယ်။ ကာနာတာကာမှာ ပဲမျိုးစုံစိုက်ပျိုးပြီး စီးမှုဟာ ဟက်တာ ၂ ဒသမ ၂၂ သိန်းရှိတဲ့အနက် ပဲစင်းငုံ စိုက်ပျိုးလျာထား ဟက်တာ ၈ ဒသမ ၆ သိန်းမှာ ဟက်တာ ဝ ဒသမ ၄၃ သိန်း၊ မတ်ပဲလျာ ထားဟက်တာ ၁ ဒသမ ၂၅ သိန်းမှာ ဟက်တာ ဝ ဒသမ ၂၂ သိန်း ၊ ပဲတီစိမ်းလျာထားဟက်တာ ၃ ဒသမ ၈ သိန်းမှာ ဟက်တာ ၁ဒသမ ၁၄ သိန်း စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ကာနာတာကာ စိုက်ပျိုးရေးဌာနမှ ဝါရင့် အရာရှိများ ပြောကြားချက်အရ ယခင်နှစ်ထက်ပိုမို ပြီး အချို့သီးနံှများကို ပိုမိုပြောင်းလဲစိုက်ပျိုးလာ ကြတယ်လို့ ဆိုပါတယ်။ ရေသွင်းစနစ်များက ပဲစင်းငုံအထွက်နှုန်း တိုးအောင်အားပေးနေတယ်လို့ ဆိုပါတယ်။ အမှန်တော့ ကာနာတာကာမှာ ဝါဂွမ်းမျိုးစေ့ရောင်းချမှု ပြတ်လပ်တာကြောင့် တောင်သူ များဟာ ပဲမျိုးစုံကို ပြောင်းလဲစိုက်ပျိုးလာကြတယ် လို့ ဆိုပါတယ်။ မိုးနည်းပါးမယ်ဆိုရင် စိုက်ပျိုးစရိတ်တွေ မြင့်တက်နိုင်ပါတယ်။ ပဲမျိုးစုံထွက်ရှိမှု ခန့်မှန်းချက် က လက်ရှိအချိန်မှာ ကောင်းနေပေမဲ့ ရလဒ်က တော့ မုတ်သုံမိုးတိုးတက်မှုအပေါ် မူတည်နေတယ် လို့ Karvy Comtrade မှ အကြံပေးMs.Smita Sinha ကဆိုပါတယ်။ ပြည်တွင်းပဲဈေးက နိုင်ငံ တကာ ဈေးထက်နိမ့်ကျနေတာဟာ မဖြစ်သင့်ပါ ဘူးလို့ ပဲမျိုးစုံတင်သွင်းသူများအသင်း ဒုတိယ ဥက္ကဋ္ဌ Mr Suresh Agarwal က ဆိုပါတယ်။ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ဟာ လတ်တလော နိုင်ငံအတွင်း အရန်သိုလှောင်မှုနဲ့ လုံလောက်နေတဲ့ အတွက် တင်သွင်းမှု မရှိဘူးလို့လည်း၎င်းကဆိုပါ တယ်။ ယမင်းခင်၊Source: hindubusiness
နို့ဆီ၊ နို့စိမ်း တန်ချိန် သုံးရာ့ခုနစ်ဆယ်ကျော်တင်သွင်း ဇွန်လ ၁၉ ရက်မှ ၂၅ ရက်တာ ကာလအတွင်း နို့ဆီ၊ နို့စိမ်း တန်ချိန် ၃၇ဝ ဒသမ ၅၅ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာသုံးသိန်းရှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ တစ်ဆင့် တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ မှာ စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းတံဆိပ်နဲ့ မာရီဂိုးလ်တံဆိပ်တို့ပဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာ နို့ဆီတန်ချိန် ၁၁၄ ဒသမ ၁၉ တန်နဲ့ နို့စိမ်းတန်ချိန် ၂၅၆ ဒသမ ၃၆ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့စိမ်းတင် သွင်းခြင်းမရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ နို့ဆီက ယခင် သီတင်းပတ်မှာ တန်ချိန် လေးရာကျော် တင်သွင်းနိုင်ခဲ့တာကြောင့် ဒီသီတင်း ပတ်အဝင်နဲ့ယှဉ်ရင် ၃ ဆလောက် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ သြစတြေး လျ၊ယူအက်စ်အေ၊ နယူးဇီလန်နဲ့ မလေး ရှား စသည်ဖြင့် နိုင်ငံစုံက တင်သွင်းခဲ့ တာတွေ့ရပါတယ်။ ဒီတစ်ပတ်မှာ နို့မှုန့် ၈၉ ဒသမ ၈၂ တန်သာ တင်သွင်းနိုင် ခဲ့ပြီး ယခင်သီတင်းပတ် တန်ချိန် ၂၃၅ တန်ကျော် တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်ကလည်း အဝင် ၃ ဆလောက် လျော့နည်းပြီး တင်သွင်းနိုင် ခဲ့တာ တွေ့ရပါတယ်။MIRT (DOT) နို့မှုန့် မှန်မှန်လေးသွင်းနေ ဇွန် ၂၂ မှ ၂၈ ရက်ကာလအတွင်း ကော့သောင်းစခန်းမှ နို့ဆီကန်ဒေါ်လာ ဝ ဒသမ ဝ၆၁ သန်း တန်ဖိုးရှိ သေတ္တာ ၃၇ဝ၅ လုံး၊ (၁၄၈၂ဝ ဒါဇင်) နဲ့ နို့စိမ်း ကန်ဒေါ်လာ ဝ ဒသမ ၁၁၃ သန်းတန် သေတ္တာ ၆၁၇၄ လုံး၊ (၂၄၆၉၆ ဒါဇင်) တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် နို့ဆီတင်သွင်းမှု ပိုမိုပေမယ့် နို့စိမ်းတင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ဒါ့အပြင် မူဆယ် ၁ဝ၅ မိုင်စခန်းကနေ လိပ်ပြာတံဆိပ် နို့မှုန့် ၂၉ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၈၃ သန်းဖိုး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၇ဝ ၈ဝဝဒွန်း( နို့စိမ်း) ၇ဝဝ ၇၅ဝHappy နို့ဆီ ၆၅ဝ -Happy Cow(အနီ) ၆ဝဝ -Happy Cow (အပြာ) ၆၅ဝ -အိုကေ( နို့ဆီ) ၆၇ဝ ၇ဝဝအိုကေ( နို့စိမ်း) ၆၇ဝ ၇ဝဝMIRT (DOT)
ထိုင်းနဲ့ အင်ဒိုမှ ဘိလပ်မြေများဝင် ဇွန်လ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၅၆၇၃ ဒသမ ၆ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်လေးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၁၅၁၇၃ ဒသမ ၆ဝတန်နဲ့ အင်ဒိုနီးရှားနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၅ဝဝ တို့ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် သွင်းအားကောင်းကောင်းနဲ့ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ အဝင်လျော့နည်းခဲ့ပါတယ်။ MIRT (DOT) ဘိလပ်မြေ အသွင်းလျော့ ဇွန်လ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ်နဲ့ တာချီလိတ်စခန်းများ ကနေဘိလပ်မြေ ၇၅၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၇၁ သန်းဖိုး တင်သွင်း နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၅၈၃ တန် တင်သွင်းခဲ့တာကြောင့် ယခုရက်သတ္တပတ်မှာ တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ တင်သွင်းမှုတွေကတော့ မူဆယ်မှ တန် ၈ဝနဲ့ တာချီလိတ်မှ ၆၇၇ တန်ဖြစ်ပြီး တင်သွင်းတဲ့ အမျိုးအစားတွေကတော့ ဆင်တံဆိပ်နဲ့ ငှက်တံဆိပ်တို့ဖြစ်ပါတယ်။ MIRT (DOBT)ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၉ဝဝ ၄၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၁ဝဝ ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ၆၆ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) - ၆၇ဝဝ - ဘိလပ်မြေ(မြို့တော်) ၅၈ဝဝ ၅၇ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၉ဝဝ ၅၉ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၂ဝဝ ၅၁ဝဝ ဘိလပ်မြေ(ကြံ့)မြိုုင်ကလေး ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅ဝ၅ဝ ၄၉ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၅ဝဝ ၅၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ၆ဝဝဝ