Background
မုံရွာပဲကြီး ပြည်တွင်းအဝယ်သာရှိလို့ ဈေးအေးနေ မုံရွာကုန်စည်ဒိုင် ဇွန်လ ပထမပတ် ပဲကြီးဈေးကွက်အနေနဲ့ အိတ်စပို့ဝယ်လက် မရှိသေးဘဲ ပြည်တွင်းသုံးနဲ့ ဒေသတွင်းအဝယ် သာရှိလို့ ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက် ရှိတယ်လို့ သိရပါတယ်။ မေလ ဈေးကွက်မှာ တစ်တင်း ကျပ် ၁၅၅ဝဝ ထိ အမြင့်ဆုံးပေါက်ခဲ့ရာက ဇွန်လယခုအပတ်မှ တစ်တင်း ၁၃၈ဝဝ ကျပ်အထိ အနိမ့်ဆုံး ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ကုန်သည်အချိုု့ကတော့ အိတ်စပို့ ဒါမှ မဟုတ် ပြည်တွင်းလုပ်ငန်းရှင်တွေ အဝယ်ရှိရင် အသင့်ရောင်းနိုင်ဖို့ ပိုးထိုးပိုးကိုက်၊ ခဲ၊ အဖျင်း အမှော်တွေကို ပဲရွေးသမားတွေငှားပြီး အကုန် အကျခံ လက်ရွေးသန့်စင်နေကြတာ တွေ့ရပါ တယ်။ ယခုအပတ် မုံရွာကုန်စည်ဒိုင် ပဲကြီးဈေးကွက်မှာ တစ်ရက်အိတ် ၃ဝဝ မှ ၅ဝဝ ကြား နေ့စဉ်အရောင်းအဝယ်ဖြစ်နေပြီး ဝယ်လက်အများစုက ပဲကြော်ဖိုလုပ်ငန်းရှင်တွေဖြစ် တယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်
ဒွန်းနို့ဆီနဲ့ အိုကေနို့ဆီ၊နို့စိမ်းတင်သွင်း မေ ၂၉ ရက်မှ ၄ ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၄၉၄ ဒသမ ၇၇ တန်နဲ့ နို့စိမ်း ၁၃၄ ဒသမ ၂၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက် သိန်းငါး သောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ နို့ဆီသာမက နို့စိမ်း ပါ တင်သွင်းလာတာ တွေ့ရပါတယ်။ ဒွန်းတံဆိပ် နို့ဆီ၊ အိုကေတံဆိပ်နို့ဆီနဲ့ အိုကေတံဆိပ် နို့စိမ်းပါ ဒီတစ်ပတ်မှာ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုမရှိဘဲ နို့စိမ်း ၂၄၇ တန် တင်သွင်းလာတာကြောင့် ဒီတစ်ပတ် နို့စိမ်းတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၁ ဆနီးပါး လျော့နည်းတင်သွင်းလာတာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ မေလ မှာ နို့စိမ်းတင်သွင်းမှုက တန်ချိန် ကိုးရာ့ ရှစ်ဆယ်ကျော်ရှိခဲ့ပြီး နို့စိမ်းတင်သွင်း မှုက တန်ချိန် ခုနစ်ရာ့ခြောက်ဆယ်နီး ပါးရှိခဲ့ပါတယ်။ ဧပြီလမှာ နို့စိမ်းတင် သွင်းမှုမရှိခဲ့ဘဲ နို့ဆီက တန်ချိန် တစ် ထောင့်ငါးရာကျော်ရှိခဲ့တာကြောင့် မေ လမှာ နို့ဆီတင်သွင်းမှု လျော့နည်းခဲ့ပြီး နို့စိမ်းတင်သွင်းမှုက ပိုမိုခဲ့ပါတယ်။ နို့မှုန့်တင်သွင်းမှုမှာ ဒီတစ်ပတ်မှာ ၁၂ တန်ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ် တင်သွင်းမှုက ၈ တန်ကျော်သာရှိခဲ့တာ ကြောင့်ဒီတစ်ပတ်မှာ အဝင်ပိုခဲ့ပါတယ်။ လခုျပ်အနေနဲ့ မေလမှာ နို့မှုန့်တင်သွင်း မှုက စုစုပေါင်း တန်ချိန်သုံးရာကျော် ရှိ ခဲ့ပြီး ဧပြီလတင်သွင်းမှုကတန်ချိန် ငါးရာ ကျော်ရှိခဲ့တာကြောင့် မေလမှာ ဧပြီလ ထက် အဝင်လျော့နည်းခဲ့တာ တွေ့ရပါ တယ်။ MIRT (DOT) နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် ဇွန်လဆန်း ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၁၄၅၈၉၁တန်ဖိုးရှိ နို့မှုန့် ၅၁ တန်ကျော် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့မှုန့် ၁၉ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နို့ဆီ၊ နို့စိမ်း တင်သွင်းမှုကိုတော့ ကော့သောင်းနယ် စပ်မှဆောင်ရွက်ခဲ့ပါတယ်။ကန်ဒေါ်လာ ၃၂ဝဝဝ တန်ဖိုးရှိ နို့ဆီ ၂ဝဝဝသေတ္တာ (၃၈ တန်)နဲ့ ကန်ဒေါ်လာ ၅၂ဝဝဝ တန်ဖိုးရှိ နို့စိမ်း ၆ဝဝဝ သေတ္တာ (၁၁၃ တန်) တင်သွင်းခဲ့တာဖြစ်တဲ့အတွက် ယခင် အပတ်ကထက် နို့ဆီသေတ္တာ ၈ဝဝ၊ နို့စိမ်းသေတ္တာ ၁၄၂ဝဝ လျော့ နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၈ဝ ၇၉၅ဒွန်း( နို့စိမ်း) ၇၃ဝ ၇၄၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow(အနီ) ၆ဝဝ ၆၁၅Happy Cow (အပြာ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
မေလအတွင်း ဘိလပ်မြေတန်ချိန် တစ်သိန်းကျော်တင်သွင်းခဲ့ မေ ၂၉ ရက်မှ ဇွန် ၄ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၆၉ဝ၅ ဒသမ ၇၄ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းခုနစ်သောင်းနီးပါးဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေက ကိုရီးယားနိုင်ငံမှ တန် ၅ဝဝ၊ ပါကစ္စတန်နိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေ တန်ချိန် ၆၃၇၊ စင်ကာပူနိုင်ငံမှ သုည ဒသမ ၁ တန်၊ ထိုင်းနိုင်ငံမှ CROCODILE ဘိလပ်မြေ တန်ချိန် ၈ ဒသမ ၆၄၊ ANCHOR ဘိလပ်မြေ တန်ချိန် ၅၇ဝဝ နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၆ဝ အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် သုံးသောင်းနီးပါးရှိခဲ့တာ တွေ့ရပါတယ်။ လခုျပ်အနေနဲ့ ကြည့်မယ်ဆိုရင် မေလ ဘိလပ်မြေတင်သွင်းမှုမှာ စုစုပေါင်း တန်ချိန် ၁ဝ၁၄၅ဝ တင်သွင်းခဲ့ပြီး ဧပြီလ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ခြောက် သောင်းကျော်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန်လေးသောင်းကျော် ပိုမိုတင်သွင်းခဲ့ တာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှု လျော့ မောင်တောနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၉၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၁၁၈၆ တန် တင်သွင်းမှု ရှိခဲ့ပါတယ်။ တာချီလိတ်မှ ၁၁၁၆ တန်နဲ့ မောင်တောမှ တန် ၇ဝ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ယခင်အပတ်ကထက် တန် ၂၅ဝဝ နီးပါး လျော့နည်းတင်သွင်းခဲ့ပါတယ်။ တည်ဆောက်ရေး လုပ်ငန်းများအတွက် အဓိက ဘိလပ်မြေတင်သွင်းတဲ့ ကန်ပိုက်တီးစခန်းက ယခုအပတ်မှာ တင်သွင်းခြင်းမရှိတဲ့အပြင် မူဆယ်နဲ့ မြိတ်နယ် စပ်များကလည်း ဘိလပ်မြေတင်သွင်းမှု မရှိတဲ့အတွက် သိသိသာသာ လျော့ကျခဲ့ တာဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၇ဝဝ ၆၇ဝဝ ဘိလပ်မြေ (AAA) ၅၇ဝဝ ၅၆ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ၆၄ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း - ၆၅ဝဝ - ဘိလပ်မြေ(ကျားခေါင်း) ၆ဝဝဝ ၆၁ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ၅၂ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၇ဝဝ ၅ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၆၅ဝ ၅ဝ၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၆၅ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း - ၆ဝဝဝ - MIRT (MAPT)
အပတ်စဉ် တန်ချိန်တစ်ထောင်ကျော် ပုံမှန်တင်သွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မေ ၂၉ ရက်မှ ဇွန် ၄ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၂၄၇ ဒသမ ၈ဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းငါးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံမှ အာမိုဓာတ်မြေသြဇာ ၁၅ တန်၊ ထိုင်းနိုင်ငံမှ သုည ဒသမ ၈ တန်၊ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာ ၇၉၂ တန်နဲ့ မလေးရှားနိုင်ငံမှ ယူရီးယား ၂၄ဝ တန်နဲ့ အခြားဓာတ်မြေသြဇာ တန်ချိန် ၂ဝဝ အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ၁၁၂၇ တန်ရှိခဲ့ တာကြောင့် ဒီသီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၁၂ဝ ဒသမ ၈ တန် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ လချုပ်အနေနဲ့ မေလအတွင်း ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ခုနစ် ထောင့်ခုနှစ်ရာကျော်ရှိခဲ့ပြီး ဧပြီလအတွင်း တင်သွင်းမှုက တန်ချိန် နှစ်ထောင့်ငါးရာ ကျော်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန်ငါးထောင်ကျော် ပိုမိုတင်သွင်းနိုင်ခဲ့တာတွေ့ ရပါတယ်။ MIRT (DOT) နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာတန် ၁၃၅ဝဝ ကျော် တင်သွင်းမှုရှိ မူဆယ်၊ ချင်းရွှေဟော်၊ ကော့သောင်း၊ ရိဒ်၊ တာချီလိတ်နဲ့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၈၅၉ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၃၅ဝ ဒသမ ၆၃၈ တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝဝဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က တင်သွင်းခဲ့ခြင်း မရှိတဲ့ မောင်တော၊ ချင်းရွှေဟော်၊ တာချီလိတ်နဲ့ ကော့သောင်းတို့မှ ယခုအပတ်မှာ တင်သွင်းမှုရှိခဲ့ပေမဲ့ မူဆယ်နဲ့ ရိဒ်နယ်စပ်တို့ရဲ့ တင်သွင်းမှုဟာ ယခင်အပတ်က ထက်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် ဓာတ်မြေသြဇာတင်သွင်းမှုများကတော့ မူဆယ်မှ ၁၂၇၉၅ တန်၊ ကော့သောင်းမှ တန် ၃ဝဝ၊ ချင်းရွှေဟော်မှ ၂၄၅ တန်ကျော်၊ ရိဒ်မှ ၁၃၄ တန်၊ တာချီလိတ်မှ ၂၂ တန် နဲ့ မောင်တောမှ ၅ တန် အသီးသီးဖြစ်ပါတယ်။MIRT (DOBT)်ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) တီစူပါ သံကွင်း(တရုတ်) ၂၉ဝဝဝ ၂၉ဝဝဝ ပိုတက် (တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ယူရီးယား(တရုတ်-ရွှေတောင်) ၂၃၅ဝဝ ၂၃၅ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၄ဝဝ ၂၃၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၃ဝဝ ၂၁ဝဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၄ဝဝ ၂၁၄ဝဝ အာမို (ဒိုင်းမွန်းစတား) ၃၉ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၅၅ဝဝ ၂၅ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝ ကုလားအုတ် (တရုတ်) ၂၂၇ဝဝ ၂၂၇ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၈ဝဝ ၂ဝ၈ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၂ဝဝဝ ၂၁ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၂ဝဝဝ ၂၁ဝဝဝ တီစူပါ-(တရုတ်) 12% ၁၁ဝဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁၂ဝဝဝ ၁ဝ၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ ၃၆၅ဝဝ တီစူပါ 10:10:5(တရုတ်) ၁၅၅ဝဝ ၁၃ဝဝဝ ပိုတက် (တရုတ်) ၂၂ဝဝဝ ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၈ဝဝဝ ၁၂၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝဝဝဝ ၃ဝဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၈၅ဝဝ ၂၈၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝ MIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz6-June 36.81 2293.54 2641.86 9287.04 1828.007-June 36.78 2279.42 2659.33 9236.19 1812.008-June 36.85 2273.15 2673.44 9194.98 1823.009-June 36.63 2285.70 2654.18 9132.26 1814.0010-June 37.33 2294.43 2635.81 9074.46 1837.00Source:kitco.com
Energy NYMEX 10-6-2011 Price Change Change %Brent Crude Futr (USD/bbl) 119.68 0.11 0.09Gas Oil Fut (ICE) (USD/MT) 989.25 7.75 0.79Gasoline Rbob Fut (Cent/gal) 313.83 0.09 0.03Heating Oil Futr (Cent/gal) 4.67 -0.00 -0.02Natural Gas Futr (USD/MMBtu) 303.60 -0.38 -0.13WTI Crude Future (USD/bbl.) 101.54 -0.39 -0.38
နယ်စပ်ငွေလဲလှယ်နှုန်း ဇွန် ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)6 6 .48 30.28 73.85 44.797 6.48 30.29 73.65 44.728 6 .48 30.33 73.95 44.639 6 .48 30.44 73.90 44.7210 6.48 30.41 73.95 44.72
World Gold Price June 2011 (USD/OZ)Date NY London Zurich6 1543 1543 15427 1543 1543 15448 1540 1539 15419 1532 1533 153310 1537 1539 1539Domestic Gold Price Kyats(Thousand)Date Yangon Mandalay6-6-2011 659.80 659.507-6-2011 658.90 658.408-6-2011 655.00 652.909-6-2011 646.00 643.0010-6-2011 636.20 635.50
Currency Exchange Rate June 10, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.94BDT Bangladesh Taka 73.95CAD Canada Dollars 0.97CNY China Yuan Renminbi 6.48EUR Euro 0.69HKD Hong Kong Dollars 7.78INR India Rupees 44.72IDR Indonesia Rupiahs 8519.00JPY Japan Yen 80.11MYR Malaysia Ringgits 3.02PKR Pakistan Rupees 85.66PHP Philippines Pesos 43.31RUB Russia Rubles 27.78SGD Singapore Dollars 1.23KRW South Korea Won 1082.52LKR Sri Lanka Rupees 109.50THB Thailand Baht 30.41GBP United Kingdom Pounds 0.61VND Vietnam Dong 20520.00Source : xe.com
နှစ်ကုန်ပိုင်းအထိ ကန်ဒေါ်လာတန်ဖိုးသည် လက်ရှိနှုန်းထားအတိုင်းသာ ရှိနေဦးမည် အမေရိကန်မှာ အလုပ်အကိုင်ရရှိမှု တိုးတက်နှုန်း နှေးကွေးသွားတာကြောင့် စီးပွားရေး နာလန်ထူလာမှုအပေါ် စိုးရိမ်မှုတွေဖြစ်စေပါတယ်။ ဒါကြောင့် ကန်ဒေါ်လာ အညွှန်းကိန်းက ၇၃ ဒသမ ၆၄ဝ ကို ကျဆင်းသွားရာ မေ ၅ ရက် နောက်ပိုင်း အနိမ့်ဆုံးအဖြစ် ကျဆင်းသွားပါတယ်။ ဆက်လက်ပြီးလည်း ဒေါ်လာတန်ဖိုးအားနည်းမယ့် အလား အလာရှိကြောင်း၊ အမေရိကန် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း မြှင့်တင်ပေး မှသာအလားအလာကောင်းနိုင်ကြောင်း နယူးယောက်ရှိ Citigroup Inc မှ ဝါရင့် ငွေကြေးနည်းဗျူဟာ ပညာရှင်က ပြောကြားပါတယ်။ ၂ဝ၁၁ နှစ်ကုန်ပိုင်း အထိ ကန်ဒေါ်လာတန်ဖိုးက လက်ရှိနှုန်းထားအတိုင်းသာ ရှိနေဦးမှာဖြစ်ကြောင်း Bloomberg မှ သုတေသီ တွေကလည်း ခန့်မှန်းထားပါတယ်။ Source:bloomberg.com ပပ