Background
ပဲတီစိမ်းအသစ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်ပြီ မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာ၊ နဂါးတွင်းကျေးရွာ၊ ဘုဘကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ သစ်စိမ့် ကျေးရွာ၊ အမြင့်ကျေးရွာများမှ ပဲတီစိမ်း (နွေ)များ စတင်ထွက်ပေါ်နေပြီး မုံရွာကုန်စည်ဒိုင်သို့ တစ်ရက်ကို တင်း ၅ဝ၊ ၆ဝ ဝင်ရောက်ကာ တစ်တင်း ကျပ် ၂၅ဝဝဝ ဈေးနဲ့ ဈေးဖွင့်ခဲ့ပြီး မေလ ပထမ ပတ်အတွင်းမှာလည်း ကျပ် ၂၅ဝဝဝ ဈေးနဲ့ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါတယ်။ ယခင်နှစ်ကာလတူ မေလ ပထမပတ်အတွင်း ပဲတီစိမ်းကြီးတစ်တင်း ကျပ် ၅ဝဝဝဝ ကျော် ဈေးပေါက်ခဲ့ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ ပဲတီစိမ်း တင်း ၅ဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းသန်းတင်
ယခင်သီတင်းပတ်ထက် လေးဆကျော်ပိုခဲ့ ဒီသီတင်းပတ် နို့ဆီ၊ နို့စိမ်း တင်သွင်းမှုမှာ တန်ချိန် ၅၆၉ ဒသမ ၁၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၆ဝဝဝ ကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှ မှာယူတင်သွင်းခဲ့တာဖြစ်ပြီး ဒွန်းတံဆိပ် ၂၂၄ ဒသမ ၆၄ တန်၊ မာရီဂိုး တံဆိပ် ၁၁၂ ဒသမ ၃၂ တန်နဲ့ အိုကေတံဆိပ် ၂၃၂ ဒသမ ၂ဝ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ၊ နို့စိမ်းမှာယူတင်သွင်းမှုမှာ တန်ချိန် ၁ဝဝ ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ လေးဆကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ ဧပြီလ အတွင်း နို့ဆီ၊ နို့စိမ်းအဝင်မှာ တန်ချိန် ၁၅ဝဝ ကျော်ရှိခဲ့တဲ့အတွက် မတ်လရဲ့ အဝင်စုစုပေါင်းတန်ချိန်ကို မှီခဲ့ပါတယ်။ နို့မှုန့်အဝင်က သြစတြေးလျနိုင်ငံမှ ၃၄ တန်နဲ့ မလေးရှားနိုင်ငံမှ ၈ ဒသမ ၆၁ တန်၊ စုစုပေါင်း ၄၂ ဒသမ ၆၁ ဝင်ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၅၇ တန်ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ် အဝင်လျော့ခဲ့ပါတယ်။ ဧပြီလအတွင်း နို့မှုန့်အဝင်မှာ တန်ချိန် ငါးရာကျော်ရှိခဲ့ပြီး မတ်လအတွင်း တန်ချိန်နှစ်ရာကျော် ရှိခဲ့တာကြောင့် ဧပြီလမှာ တစ်ဆကျော် လောက် အဝင်ပိုခဲ့ပါတယ်။ MIRT(DOT) နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် တင်သွင်းမှုပိုမို ဧပြီ ၂၇ ရက်မှ မေ ၃ ရက်အတွင်း ကော့သောင်း နယ်စပ်စခန်းမှ နို့ဆီ ၂၆၈ဝဝဒါဇင်(၆၇ဝဝ သေတ္တာ) တန်ဖိုး၊ ကန်ဒေါ်လာ ဝ ဒသမ ၁၁၂ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် မူဆယ် နယ်စပ်မှ နို့မှုန့် ကန်ဒေါ်လာ ဝ ဒသမ ၂၉၅ သန်း တန်ဖိုးရှိ နို့မှုန့် ၇၂ တန် တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က နို့ဆီ၊ နို့စိမ်းတင်သွင်းမှု မရှိဘဲ နို့မှုန့် တန် ၃ဝ ကျော်သာ တင်သွင်းခဲ့ တာကြောင့် ယခုတစ်ပတ်မှာ တင်သွင်း မှုပိုမိုခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိူးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈ဝဝ ၇၉၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow(အနီ) ၆ဝဝ ၆၁၅Happy Cow (အပြာ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
ဒီတစ်ပတ်လည်း ဘိလပ်မြေ အဝင်အားကောင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ ဧပြီလ နောက်ဆုံးပတ်အတွင်း ဘိလပ်မြေတန်ချိန် ၂ဝ၆၆၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ဝ၁ဝဝဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံမှာ ထိုင်းနိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေ ၃၃၆ တန်၊ စိန်တံဆိပ် ဘိလပ်မြေ ၁၃၉ဝဝ တန်နဲ့ အခြားတံဆိပ် ဘိလပ်မြေမျိုးစုံ တန်ချိန် ၃၁ဝဝ တင်သွင်းခဲ့ပြီး ပါကစ္စတန်နိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ ၁၈ဝ၅ နဲ့ အခြားတံဆိပ် ဘိလပ်မြေ တန်ချိန် ၁၅၂၅ တန် တင်သွင်းခဲ့ပါတယ်။ ဧပြီလ ဒုတိယပတ်အတွင်း ဘိလပ်မြေတန်ချိန် သုံးသောင်းကျော် တင်သွင်းခဲ့တဲ့အတွက် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် သွင်အားနည်းခဲ့တယ်လို့ ဆိုရပါမယ်။ မတ်လအတွင်း ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ၂၉ဝဝဝဝ ကျော်ရှိခဲ့ပြီး ဧပြီလအတွင်း ဘိလပ်မြေ အဝင်မှာ တန်ချိန် ၆ဝဝဝဝ ကျော်သာရှိခဲ့ပါတယ်။ MIRT (DOT ) နယ်စပ် ဘိလပ်မြေ တင်သွင်းမှုပုံမှန် ဧပြီ ၂၇ ၇က်မှ မေ ၃ရက်ထိကာလအတွင်း မူဆယ်၊ တာချီလိတ်နဲ့ မြိတ် စခန်းများကနေ ဘိလပ်မြေ တန်ချိန် ၃ဝ၅ဝ ၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၂၄၄ သန်းဖိုး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်း တန် ၃ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်သွင်းမှုပုံမှန်လို့ဆိုရပါမယ်။ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၃၆ တန်၊ တာချီလိတ်မှ ၁၇၃၄ တန်နဲ့ မြိတ်မှ ၁၂၈ဝ တန် အသီးသီးတင် သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOBT ) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉ဝဝ ၄၉ဝဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (မြင်းခေါင်း) - ၄၂ဝဝ -မန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၇ဝဝဝ ဘိလပ်မြေ (AAA) ၅၄၅ဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ၅၃ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ၇ဝဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၈ဝဝ ၄၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇၂ဝဝ ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝ ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၉ဝဝ ၇၃ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၁ဝဝ ၆၁ဝဝ ဘိလပ်မြေ(မြို့တော်) - ၆ဝဝဝ -မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၂၅ဝ ၆၂၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၅၇၅ဝ ၅၇၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၅၈ဝဝMIRT (MAPT)
ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးဝင် ဧပြီလနောက်ဆုံးပတ်တွင် ဓာတ်မြေသြဇာတန်ချိန် ၁ဝ၄၂ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၂ဝဝဝဝ ကျော်ကို ပင်လယ်ရေကြောင်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက အီရန်နိုင်ငံမှ ၁၂၄ ဒသမ ၅တန်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၆ဝဝ ၊ ဗီယက်နမ်နိုင်ငံမှ ၃၁၂ တန်နဲ့ မလေးရှားနိုင်ငံမှ ၅ ဒသမ ၅ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ၆ဝဝ ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်ပိုခဲ့ပါတယ်။ ဧပြီလ အတွင်း ဓာတ်မြေသြဇာအဝင်က တန်ချိန် ၂၅၁၈ ရှိခဲ့ပြီး မတ်လအဝင်မှာ တန်ချိန် ၆၁ဝဝ ကျော် ရှိခဲ့တာကြောင့် ဧပြီလမှာ ဝင်အားလျော့ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT ) ဓာတ်မြေသြဇာတင်သွင်းမှု နှစ်ဆနီးပါးတက် ဧပြီ ၂၇ရက်မှ မေ ၃ရက်ထိကာလအတွင်း မူဆယ်၊ ကော့သောင်း၊ တာချီလိတ်နဲ့ မြိတ်စခန်းများကနေ ဓာတ်မြေသြဇာ ၂ဝ၂၅၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၆ဝ၂ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၁ဝဝဝ ကျော်တင်သွင်းခဲ့တာကြောင့် တင်သွင်းမှု ၂ ဆနီးပါးတက်တာတွေ့ရပါတယ်။ တင်သွင်းတဲ့ အမျိုးအစားတွေကတော့ စင်ဂယ်စူပါဖော့စဖိတ်၊ နိုက်ထရစ်ဖော့စဖိတ်နဲ၊ ဒိုင်မိုနီယမ်ဖော့စဖိတ် တို့ဖြစ်ကြောင်း သိရပါတယ်။ MIRT (DOBT ) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) တီစူပါ မြား(တရုတ်) ၂၅၅ဝဝ ၂၆ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅၅ဝဝ ၂၇ဝဝဝ ပိုတက်(တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ယူရီးယား(တရုတ်-ရွှေတောင်) - ၂၁၅ဝဝ -မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၃ဝဝ ၂ဝ၃ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝဝဝဝ ၂ဝဝဝဝ အာမို (ဒိုင်းမွန်းစတား) ၃၉၅ဝဝ ၃၉၅ဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၂၃ဝဝ ၂၃ဝဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ၂ဝ၈ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၁၉၈ဝဝ ၂၁ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၅ဝဝ ၂၁ဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၉၈ဝဝ ၁ဝ၂ဝဝ တီစူပါ 15:15:15 (တရုတ်) ၃ဝ၅ဝဝ ၃ဝ၅ဝဝ တီစူပါ 10:10:5(တရုတ်) ၁၃၅ဝဝ ၁၃၅ဝဝ ပိုတက် (တရုတ်) ၂ဝ၅ဝဝ ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၅ဝဝဝ ၁၃၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂ဝဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၂ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၆ဝဝဝ ၂၇၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅ဝဝဝ ၂၆ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ ၁၃ဝဝဝMIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz2-May 44.61 2273.60 2752.74 9514.62 1848.003-May 44.02 2263.74 2742.43 9480.35 1859.004-May 41.30 2252.99 2775.58 9399.04 1843.005-May 38.86 2175.71 2704.13 9205.95 1822.006-May 35.28 2134.94 2629.09 8977.92 1788.00Source:kitco.com
Energy NYMEX 6-5-2011 Price Change Change %Brent Crude Futr (USD/bbl) 109.93 -0.87 -0.79Gas Oil Fut (ICE) (USD/MT) 913.25 -28.25 -3.00Gasoline Rbob Fut (Cent/gal) 287.79 -0.90 -0.31Heating Oil Futr (Cent/gal) 4.23 -0.03 -0.68Natural Gas Futr (USD/MMBtu) 309.43 -0.11 -0.04WTI Crude Future (USD/bbl.) 99.11 -0.69 -0.69
နယ်စပ်ငွေလဲလှယ်နှုန်း မေ ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)2 6 .49 29.82 72.95 44.323 6.50 29.92 73.05 44.374 6 .50 30.02 73.05 44.575 6 .49 30.09 73.25 44.586 6.50 30.20 73.25 44.80
World Gold Price May 2011 (USD/OZ)Date NY London Zurich2 1548 1550 15493 1542 1543 15454 1530 1530 15315 1514 1514 15146 1483 1483 1483Domestic Gold Price Kyats(Thousand)Date Yangon Mandalay2-5-2011 674.30 674.203-5-2011 674.50 674.304-5-2011 679.60 678.805-5-2011 677.00 676.006-5-2011 668.00 667.60
Currency Exchange Rate May 6, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.93BDT Bangladesh Taka 73.25CAD Canada Dollars 0.97CNY China Yuan Renminbi 6.50EUR Euro 0.69HKD Hong Kong Dollars 7.77INR India Rupees 44.80IDR Indonesia Rupiahs 8568.00JPY Japan Yen 80.45MYR Malaysia Ringgits 3.00PKR Pakistan Rupees 84.70PHP Philippines Pesos 42.70RUB Russia Rubles 27.70SGD Singapore Dollars 1.23KRW South Korea Won 1083.65LKR Sri Lanka Rupees 109.81THB Thailand Baht 30.20GBP United Kingdom Pounds 0.61VND Vietnam Dong 20595.00Source : xe.com
ဧပြီလအတွင်း တောင်ကိုရီးယားအနေဖြင့် ပို့ကုန်စံချိန်တင်ပမာဏအဖြစ် တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုပိုငွေပြခဲ့၍ ဝမ်ငွေတန်ဖိုးမြင့်မား အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်ဘာဒင်ကို အမေရိကန်တပ်က ပါကစ္စတန်နိုင်ငံမှာ ချေမှုန်းနိုင်ခဲ့ကြောင်း သမ္မတအိုဘားမားက ကြေညာအပြီးမှာ ၉ ရက်ကြာ တန်ဖိုးကျဆင်းနေတဲ့ ကန် ဒေါ်လာ အညွှန်းကိန်း မြင့်မားလာကြောင်း သိရပါတယ်။ တောင်ကိုရီးယား ဝမ်ငွေတန်ဖိုးလည်း မြင့်မားလာ တယ်လို့ သိရပါတယ်။ ဧပြီလအတွင်း တောင်ကိုရီးယားအနေနဲ့ ပို့ကုန်စံချိန် တင်ပမာဏအဖြစ် တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုပိုငွေပြခဲ့ကြောင်း အစီရင်ခံပြီး နောက်ပိုင်း ဝမ်ငွေတန်ဖိုးမြင့်မားလာ ခြင်းဖြစ်တယ်။ ဒါကြောင့် တစ်ဒေါ်လာ ကို ၁ဝ၆၄ ဒသမ ၆ဝ ယွမ်အထိရောက် ရှိခဲ့ရာ ၂ဝဝ၈ ခုနှစ်၊ သြဂုတ်လနောက် ပိုင်း အမြင့်ဆုံးတန်ဖိုးဖြစ်တယ်လို့ သိရ ပါတယ်။ ယခင်လမှစပြီး ယန်းငွေနဲ့ လဲလှယ်ရာမှာ တန်ဖိုးမြင့်လာတဲ့ ယူရို ငွေကလည်း ဆက်လက်တန်ဖိုးမြင့်လာ ပါတယ်။ တစ်ယူရိုကို ၁၂ဝ ဒသမ ၂၂ ယန်းမှ ၁၂ဝ ဒသမ ၇ဝ ယန်းအထိ ယူရိုငွေတန်ဖိုး မြင့်မားလာတယ်လို့ သိရပါတယ်။ ယူရိုငွေက ကန်ဒေါ်လာနဲ့လဲလှယ် ရာတွင်လည်း တန်ဖိုးမြင့်လာတယ်လို့ သိရတယ်။ ဥရောပဗဟိုဘဏ် (ECB) အနေနဲ့ နောက်ထပ်အတိုးနှုန်းမြှင့်တင်ဖို့ ယခုအပတ်မှာ အချက်ပြမယ်လို့ မျှော် လင့်ရာ ယူရိုငွေတန်ဖိုးမြင့် မားကြောင်း သိရပါတယ်။ ၎င်းအပြင် ဥရောပဒေသ ရဲ့ ထုတ်လုပ်သူဈေးနှုန်းတွေက ဖေ ဖော်ဝါရီလကလို မတ်လမှာလည်း ၆ ဒသမ ၆ ရာခိုင်နှုန်းမြင့်မားခဲ့ရာ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အလျင်မြန်ဆုံးနှုန်းဖြစ်ကြောင်း သိရ ပါတယ်။ ဒါကြောင့် နယူးယောက်မှာ ယခင်အပတ်က တစ်ယူရိုကို ၁ ဒသမ ၄၈ဝ၇ ဒေါ်လာသာ ရှိခဲ့သော်လည်း မေလ ၂ ရက် တိုကိုျစံတော်ချိန် နံနက် ၁၁း၅၂ နာရီမှာ တစ်ယူရိုကို ၁ ဒသမ ၄၈ဝ၈ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ် ခဲ့ကြောင်း သိရပါတယ်။ Source:Bloomberg.com ပပ