Background
ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ခြောက်ထောင်ကျော်တင်သွင်း ပြည်တွင်းလုပ်ငန်းသုံး၊ စက်ရုံသုံး၊ စက်သုံးဆီဈေးကွက်အတွက် မေလနောက် ဆုံးပတ်အတွင်း ဓာတ်ဆီပေပါ ငါးထောင့်သုံးရာနီးပါး၊ တန်ချိန်အားဖြင့် ခုနစ်ရာ ကျော်၊ ဒီဇယ်ပေပါ လေးသောင်းတစ်ထောင်ကျော်၊ တန်ချိန်အားဖြင့် ငါးထောင့် ငါးရာနီးပါး စုစုပေါင်းတန်ချိန် ခြောက်ထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်း ကနေ မှာယူတင်သွင်းခဲ့ပါတယ်။ မေတတိယပတ်အတွင်း ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှု တန်ချိန် စုစုပေါင်းမှာ တန်ချိန်သုံးထောင့်နှစ်ရာကျော် တင်သွင်းခဲ့ပြီး မေနောက်ဆုံးပတ်တင်သွင်းမှုက တန်ချိန် ခြောက်ထောင်ကျော်ရှိခဲ့လို့ မေနောက်ဆုံး တစ် ပတ် တင်သွင်းမှုက ပိုခဲ့ပါတယ်။ မေလရဲ့ ဓာတ်ဆီတင်သွင်းမှုက တန်ချိန် သုံးထောင် ကျော်ရှိခဲ့ပြီး ဒီဇယ်တင်သွင်းမှုက တန်ချိန်တစ်သောင်းတစ်ထောင်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT) ဒီဇယ်၊ ဓါတ်ဆီ ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း တာချီလိတ်၊ ကော့သောင်းနဲ့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၆၂ဝ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၁၆၂၆၈၅ ဂါလန် တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၈ဝဝဝ ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၁၂၃၆၆ဝ ဂါလန်၊ ကော့သောင်းမှ ၁၂၇၇၅ ဂါလန်နဲ့ ကန်ပိုက်တီးမှ ၂၆၂၅ဝ ဂါလန် အသီးသီးဖြစ်ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ဓာတ်ဆီတင်သွင်း မှု မရှိဘူးလို့ သတင်းရရှိပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဇွန် ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၆ ၄၄ဝဝ ၄၇ဝဝ ၃၆ဝဝ ၃၈ဝဝ၇ ၄၄ဝဝ ၄၇ဝဝ ၃၆ဝဝ ၃၈ဝဝ၈ ၄၄ဝဝ ၄၅ဝဝ ၃၅ဝဝ ၃၈ဝဝ၉ ၄၄ဝဝ ၄၅ဝဝ ၃၅ဝဝ ၃၈ဝဝ၁ဝ ၄၄ဝဝ ၄၅ဝဝ ၃၅ဝဝ ၃၈ဝဝ ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်- ဇွန် ၂ဝ၁၁ရက် အောက်တိန်း ဓာတ်ဆီ ဒီဇယ် အဆင့်မြင့်ဒီဇယ်၆ ၃၉ဝဝ ၂၅ဝဝ ၃၉ဝဝ ၄၁ဝဝ၇ ၃၉ဝဝ ၂၅ဝဝ ၃၉ဝဝ ၄၁ဝဝ၈ ၃၈ဝဝ ၂၅ဝဝ ၃၈ဝဝ ၄၁ဝဝ၉ ၃၈ဝဝ ၂၅ဝဝ ၃၈ဝဝ ၄၁ဝဝ၁ဝ ၃၈ဝဝ ၂၅ဝဝ ၃၈ဝဝ ၄၁ဝဝMIRT-DOT
ပြည်ကုလားပဲ အဝင်များ၍ ဈေးအနည်းငယ်ကျ ပြည်ဈေးကွက်တွင် ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းလျင် ကျပ် ၁၆၃ဝဝ ၊ ယခု ဇွန်လပထမပတ်တွင် ကျပ် ၁၆ဝဝဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ အောင်လံနှင့် ကံမမြို့များမှ အဝင်များပြီး တိုင်းဒေသကြီး အတွင်းမှာလည်း နေ့စဉ်အဝင်ရှိနေတာကြောင့် ဈေးအနည်းငယ် ကျသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဝင်ရောက်မှုအနေဖြင့် တစ်နေ့ အိတ် ၇ဝဝ၊ ၈ဝဝ ခန့် ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
ပြည်ပဲစင်းငုံဈေး သိသိသာသာ ကျဆင်း ပြည်ဈေးကွက်တွင် ပဲစင်းငုံဈေးနှုန်းမှာ သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။ ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ကျပ် ၁၆ဝဝဝ ဈေးရှိခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ တစ်တင်း ကို ကျပ် ၁၃၅ဝဝ ဈေးသာရှိပါတယ်။ ဈေးလျော့နည်းနေတာကြောင့် အရောင်းအဝယ် နေ့တိုင်း မဖြစ်ဘဲ တချို့သောလှောင်လက်သမားများက ငွေပေါ်ထုတ် ရောင်းရုံလောက်သာရှိပါတယ်။ ယခုအခါ ပဲခူးတိုင်းဒေသကြီး ရွှေတောင် မြို့နယ်မှာ ပဲစင်းငုံစိုက်ဧက ၆၄ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
အဝင်လှိုင်၊ အဆွဲသွက်တ့ ဲ မုံရွာပဲတီဈေးကွက် မုံရွာကုန်စည်ဒိုင် မေလကုန်ပတ် ပဲဈေးကွက်မှာ ပဲတီစိမ်းကြီး အရောင်းအဝယ်ဟာ အခြားပဲမျိုးစုံထက် ဈေး ကောင်းပြီး အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်ဝန်းကျင်က ရေသွင်းပဲတီအများစု လှိုင်လှိုင် ဝင်လာနေသလို တရုတ်အဆွဲကြောင့် မန္တလေးဝယ်လက် အဝယ်သွက်လို့ အခုလိုအရောင်းအဝယ် ကောင်းမွန်နေခြင်း ဖြစ်တယ်လို့ ပွဲရုံရပ်ဝန်းက ဆိုပါတယ်။ မေလ လကုန်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ စိမ်းကြီးပေါက်ဈေးကတော့ တစ်တင်း ကျပ် ၂၈ဝဝဝ အနိမ့်ဆုံးနဲ့ ကျပ် ၃ဝဝဝဝ ထိ အမြင့်ဆုံး ပေါက်ခဲ့ပြီး မန်းဝယ်လက်သွက်တဲ့ နေ့တွေမှာ တစ်ရက် အိတ် ၂ဝဝဝ မှ ၃ဝဝဝ အထိ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ စီးဆင်းမှု အားဖြင့် ယခုလနောက်ဆုံးပတ်မှာ မုံရွာကနေ မန္တလေးကို တစ်ရက် အိတ် ၁ဝဝဝဝ နီးပါးရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင်
မှန်မှန်လေးလေး မုံရွာ V2 ဈး မေလ လကုန်ပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ V2 အနေနဲ့ ရန်ကုန်အဝယ်ပေါ်မူတည်ကာ ဖြည်းဖြည်းမှန်မှန် အရောင်းအဝယ်ဖြစ်နေပြီး ကျန်ထိုင်ဝမ်၊ 929 နဲ့ ကုလားပဲရိုးရိုး ကတော့ ပြည်တွင်းနဲ့ ဒေသခံစက်သမားအဆွဲ ပုံမှန်ရှိလို့ ခပ်လေးလေး အရောင်းအဝယ်ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲတစ်တင်းရဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံးပေါက်ဈေးတွေကို လေ့လာတဲ့အခါ V2 တစ် တင်း ကျပ် ၁၇၃ဝဝ မှ ၁၇၈ဝဝ၊ ထိုင်ဝမ် တစ်တင်း ကျပ် ၁၅၂ဝဝ မှ ကျပ် ၁၅၅ဝဝ ၊ 929 တစ်တင်း ကျပ် ၁၅ဝဝဝ မှ ကျပ် ၁၅၂ဝဝ နဲ့ ကုလားပဲရိုးရိုးတစ်တင်း ကျပ် ၁၄၂ဝဝ အသီးသီး ကျဈေးဖြစ်ပေါ် နေတာ တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်မတန့်သေးလို့ မုံရွာ ကုန်စည်ဒိုင် လကုန်ပတ်မှာ တစ်ရက် တင်း ၁ဝဝဝ ခန့် မှန်မှန်လေး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကျန်ကုလားပဲများအနေနဲ့လည်း တစ်ရက် အိတ် ၁ဝဝဝ ဝန်းကျင်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည် ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်
ပြည်ထောပတ်ပဲ ဈေးငြိမ်နေ ပဲခူးတိုင်းဒေသကြီး ပြည်ဈေးကွက်အတွင်း ထောပတ်ပဲများဝင်ရောက်မှု တစ်စတစ်စ နည်းလာခဲ့ပါတယ်။ အဝင်နည်းပေမယ့် လက်ကျန်ပဲများဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ကြပါတယ်။ ထောပတ်ပဲမှာ ပဲပေါ်စအချိန်တွင် တစ်တင်း ကျပ် ၂၁ဝဝဝဖြင့် ဈေးစဖွင့် ခဲ့ကြပြီး ပဲလှိုင်လှိုင်ပေါ်သည့်အချိန်မှစ၍ ပဲဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းခဲ့ပါတယ်။ လက်လီသမားများဖြင့်သာ ရောင်းဝယ်လျက်ရှိကြပြီး မေလနောက်ဆုံးပတ်မှစ၍ ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ပြီး တစ်တင်း ကျပ် ၁၅ဝဝဝ ဖြင့် ဈေးပြန်မြင့်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း၌လည်း ၎င်းဈေးအတိုင်း ရောင်းဝယ်ခဲ့ကြပြီး ရန်ကုန်ဝယ်လက် အဝယ်ရှိတဲ့ရက်များမှာ အိတ် ၁ဝဝ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
နို့စိမ်း ၂၄၇ တန် ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ မေ ၂၂ရက်မှ ၂၈ ရက်တာကာလ အတွင်း နို့စိမ်းတန်ချိန် ၂၄၇ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန် သွယ်ဖက်နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းနို့စိမ်း တစ်မျိုးတည်းကိုသာ မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် က နို့စိမ်း တင်သွင်းခြင်းမရှိဘဲ ဒီတစ်ပတ်မှာသာ မှာယူတင်သွင်းခဲ့တာ ဖြစ် ပါတယ်။ ယခင်တစ်ပတ်က နို့ဆီတန်ချိန် လေးရာကျော် တင်သွင်းခဲ့ပြီး ဒီသီတင်း ပတ်မှာတော့ နို့ဆီတင်သွင်းခြင်း မရှိခဲ့ ပါဘူး။ ယခင်သီတင်းပတ်က ၁၃၅ တန် ကျော် တင်သွင်းခဲ့တဲ့နို့မှုန့်က ဒီတစ်ပတ် မှာ ၈ တန်ကျော်သာတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံတွေ ကတော့ သြစတြေးလျ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်အဝင်သာခဲ့တဲ့ နို့မှုန့် က ဒီသီတင်းပတ်မှာ အဝင်လျော့ခဲ့ပါ တယ်။MIRT (DOT) ယခုအပတ်နယ်စပ် နို့စိမ်းတင်သွင်းမှုပို မေ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်း ကော့သောင်းနယ်စပ်မှ နို့ဆီနဲ့ နို့စိမ်းအသွင်းရှိသလို မူဆယ်နယ်စပ်မှ နို့မှုန့်တင်သွင်းမှု ရှိခဲ့ပါတယ်။ ကန် ဒေါ်လာ ဝ ဒသမ ၃၄၃သန်း တန်ဖိုး ရှိ နို့စိမ်း ၃၈၃ တန် ၂ဝ၂ဝဝ သေတ္တာနဲ့ ကန်ဒေါ်လာ ဝ ဒသမ ဝ၄၅သန်းတန်ဖိုး ရှိ နို့ဆီ ၅၃ တန် ၂၈ဝဝသေတ္တာ တင် သွင်းမှုရှိခဲ့ရာ ယခင်အပတ်ကထက် နို့စိမ်း ၁၄၆ တန် တင်သွင်းမှု ပိုမိုခဲ့ပေမဲ့ နို့ဆီတင်သွင်းမှုမှာတော့ ယခင်အပတ် ကထက် ၃၂ တန်ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ မူဆယ်က ကန်ဒေါ်လာ ဝ ဒသမ ဝ၉၁ သန်း တန်ဖိုးရှိ နို့မှုန့် ၃၂တန် တင် သွင်းခဲ့ပြီး ယခင်အပတ်က တင်သွင်းမှု ထက် ၁ တန်ကျော် လျော့နည်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow (အနီ) ၆ဝဝ ၆၁၅Happy Cow (အပြာ) ၆၈ဝ ၆၉၅အိုကေနို့ဆီ ၇၂ဝ ၇၃၅MIRT (DOT)
ပင်လယ်ရေကြောင်းလမ်းမှ ဘိလပ်မြေတန်ချိန် သုံးသောင်းနီးပါးတင်သွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မေလ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၂၉၉၂၅ ဒသမ ၄ဝ တန်ကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက မလေးရှားနိုင်ငံမှ BLUE LION ဘိလပ်မြေ ၄၁ဝဝ တန်၊ ထိုင်းနိုင်ငံမှ စိန်တံဆိပ် ဘိလပ်မြေ တန်ချိန် ၁၃၄ဝဝ ၊ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၂၂ဝ၃နဲ့ အခြားဘိလပ်မြေ တန်ချိန် ၂၂၂ ဒသမ ၄ဝ အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် နှစ်သောင်း ကျော်သာရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဘိလပ်မြေအဝင်နဲ့ယှဉ်ရင် တန်ချိန် ကိုးထောင်ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်မှလည်း ဘိလပ်မြေ တင်သွင်းမှုပို မေ ၂၅ ရက် မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ်၊ ကန်ပိုက်တီး၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ၄၆၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၄၅၃၆ တန် ယခုအပတ် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်များမှ ၂၁၁၄ တန် တင်သွင်းခဲ့တဲ့အတွက် ယခင်အပတ်ကထက် တန် ၂၄ဝဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ် နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ်မှ ၃၅ တန်၊ ကန်ပိုက်တီးမှ တန် ၂ဝဝဝ၊ တာချီလိတ်မှ ၁၅၈၈ ဒသမ ၅တန်နဲ့ မြိတ်မှ ၉၁၃တန် အသီး သီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝ ဘိလပ်မြေ (ကျောက်ဆူး) ၄၆၅ဝ ၄၆၅ဝ ဘိလပ်မြေ (ပါကစ္စတန်-ဆင်) ၄၆ဝဝ ၄၆ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၇ဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၇ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၉ဝဝ ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၃ဝဝ ၅၃ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၂ဝဝ ၆၂ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(မြို့တော်) ၅၉ဝဝ ၅၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၆ဝဝဝ ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၇ဝဝ ၄၇ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၅၅၅ဝ ၅၆၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ(ဆင်မြန်မာ) ၆၅ဝဝ ၆၅ဝဝMIRT (MAPT)
ဒီသီတင်းပတ်ယူရီးယားနဲ့ ကွန်ပေါင်းမြေသြဇာများတင်သွင်း ဒီသီတင်းပတ်ဖြစ်တဲ့ မေလ ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၁၁၂၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းနှစ်သောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေက ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေဆီ ၆၂၇တန်၊ မလေးရှားနိုင်ငံမှ ယူရီး ယားတန်ချိန် ၂ဝဝနဲ့ ကွန်ပေါင်းဓာတ်မြေသြဇာ တန်ချိန် ၃ဝဝ ဖြစ်ပါတယ်။ ယခင် သီတင်းပတ်ဓာတ်မြေသြဇာတင်သွင်းမှုမှာ တန်ချိန် ငါးထောင့်သုံးရာကျော်ရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဓာတ်မြေသြဇာအဝင်နဲ့ယှဉ်ရင် လေးဆနီးပါး လျော့နည်းခဲ့ တာ တွေ့ရပါတယ်။ MIRT (DOT) မူဆယ်နဲ့ ရိဒ်မှ ဓာတ်မြေသြဇာ တန် ၁၅၅ဝဝ ကျော် အသွင်းရှိ မေ ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်း မူဆယ်နဲ့ ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ကန်ဒေါ်လာ ၃ ဒသမ ၃၈၃ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ တန် ၁၅၅၄ဝ ကျော် တင်သွင်းခဲ့ပါတယ်။ မူဆယ်မှ တန် ၁၅၃ဝဝ ကျော်နဲ့ ရိဒ်မှ ၂၄၂ တန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ယခင်အပတ်က မူဆယ်၊ တာချီလိတ်၊ ရိဒ်နဲ့ ကော့သောင်းနယ်စပ်များမှ တန် ၁၇၄ဝဝ ကျော်တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ တန် ၂၁ဝဝ ကျော် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ကော့သောင်းနဲ့ တာချီလိတ် နယ်စပ်တွေကနေ ယခုအပတ်မှာ တင်သွင်းမှု မရှိခဲ့တဲ့အပြင် မူဆယ်နဲ့ ရိဒ်နယ်စပ်မှ တင်သွင်းမှုတွေကလည်း ယခင်အပတ်ကထက် လျော့နည်းခဲ့တဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် တင်သွင်းမှု လျော့နည်းရခြင်းဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများ ဆုံးတင်သွင်းတဲ့ ဓာတ်မြေ သြဇာတွေက ယူရီးယား၊ နိုက်တြစ်ဖော့စဖိတ်၊ ကွန်ပေါင်း (NPK)၊ တြိုင်စူပါ ဖော့စဖိတ်နဲ့ စင်ဂဲလ်စူပါဖော့စဖိတ်တို့ဖြစ်ပြီး ရိဒ်မှ ပိုတက်ရှ် ဓာတ်မြေသြဇာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) တီစူပါ သံကွင်း(တရုတ်) ၂၇၈ဝဝ ၂၉ဝဝဝ ပိုတက် (တရုတ်) ၂၂ဝဝဝ ၂၃၅ဝဝ ယူရီးယား(တရုတ်-ရွှေတောင်) ၂၂၆ဝဝ ၂၃၅ဝဝ ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၄ဝဝ ၂၂၄ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂၁ဝဝဝ ၂ဝ၃ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂၁ဝဝဝ ၂ဝ၄ဝဝ အာမို (ဒိုင်းမွန်းစတား) ၃၉ဝဝဝ ၃၉ဝဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၆ဝဝဝ ၂၅၅ဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၅ဝဝ ၂၂၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝ ကုလားအုတ် (တရုတ်) ၂၂၇ဝဝ ၂၂၇ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝ၅ဝဝ ၂၁၈ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၁ဝဝဝ ၂၂ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁ဝဝဝ ၂၂ဝဝဝ တီစူပါ-(တရုတ်) 12% ၁ဝဝဝဝ ၁၁ဝဝဝ တီစူပါ-(တရုတ်) 16% ၁ဝဝဝဝ ၁၂ဝဝဝ တီစူပါ 15:15:15 (တရုတ်) ၃၆၅ဝဝ ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ၁၅၅ဝဝ ပိုတက် (တရုတ်) ၂ဝ၅ဝဝ ၂၂ဝဝဝ ဓာတ်ဆား (တရုတ်) ၁၂၅ဝဝ ၁၈ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၃ဝဝ ၂၃၃ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄ဝဝဝ ၃၄ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၃ဝဝဝဝ ၃ဝဝဝဝ တီစူပါ (တရုတ်) မျှား 46% ၂၈၅ဝဝ ၂၈၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၄ဝဝဝ ၁၄ဝဝဝ MIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz30-May 37.80 2262.85 2635.81 9257.92 1796.0031-May 38.12 2258.82 2620.80 9248.96 1801.001-June 38.15 2270.02 2668.29 9325.34 1823.002-June 37.01 2259.26 2629.76 9199.90 1816.003-June 35.03 2273.82 2625.73 9262.62 1812.00Source:kitco.com