Background
နယ်စပ်ငွေလဲလှယ်နှုန်း ဇွန် ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)13 6 .49 30.49 74.01 44.8314 6.48 30.47 73.95 44.7615 6 .48 30.49 73.95 44.7316 6 .48 30.61 73.85 44.8717 6.47 30.61 73.85 44.93
World Gold Price June 2011 (USD/OZ)Date NY London Zurich 13 1528 1528 1529 14 1520 1520 1520 15 1519 1520 1521 16 1525 1526 1526 17 1524 1525 1527Domestic Gold Price Kyats(Thousand)Date Yangon Mandalay13-6-2011 630.00 629.0014-6-2011 630.00 630.5015-6-2011 650.00 650.1016-6-2011 653.00 646.8017-6-2011 664.00 660.50
Currency Exchange Rate June 10, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.95BDT Bangladesh Taka 73.85CAD Canada Dollars 0.98CNY China Yuan Renminbi 6.47EUR Euro 0.71HKD Hong Kong Dollars 7.80INR India Rupees 44.93IDR Indonesia Rupiahs 8590.00JPY Japan Yen 80.63MYR Malaysia Ringgits 3.05PKR Pakistan Rupees 85.80PHP Philippines Pesos 43.61RUB Russia Rubles 28.81SGD Singapore Dollars 1.24KRW South Korea Won 1085.84LKR Sri Lanka Rupees 109.55THB Thailand Baht 30.61GBP United Kingdom Pounds 0.62VND Vietnam Dong 20550.00Source : xe.com
ရက်သတ္တပတ်အလိုက် ရွှေဈေး ဒုတိယအကြိမ်ကျ ယူရိုဇုန်ရဲ့ ဘဏ္ဍာရေးအကျပ် အတည်းက သောင်မတင် ရေမကျရှိနေ ဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဇွန် ၁၇ရက် ကမ္ဘာ့ရွှေဈေးက အနည်းငယ်အေးလာ ပါတယ်။ ငွေသတ္တုဈေးကလည်း တတိယမြောက် ရက်သတ္တပတ်အဖြစ် ဆက်ကျနေပါတယ်။ စင်ကာပူစံတော်ချိန် ဇွန် ၆ရက် နေ့လယ် ၁နာရီ ရွှေ လက်ငင်းဈေးက တစ်အောင်စကို ၁၅၄၂ ဒသမ ၆၆ ဒေါ်လာနှုန်းရှိပါတယ်။ ဒါပေမယ့် နယူးယောက်ဒိုင် Comex ဌာနခွဲမှာ အလားတူအချိန်မှာ ပဲ သြဂုတ်ကြိုပွိုင့်ဈေးက တစ်အောင်စ ကို ၁၅၂၇ ဒသမ ၇၃ ဒေါ်လာနှုန်းရှိ ပါတယ်။ ဒေါ်လာတန်ဖိုးပြန်လည်ဦးမော့လာတာက ရွှေဈေးကျဆင်းစေနိုင်ပြီး ယူရို၏ ဇုန်အကျပ်အတည်းကလည်း ယခုရက် သတ္တပတ်အတွင်း ရွှေဈေးကို မြှင့်တင် ပေးနိုင်မဲ့ အလားအလာမရှိဘူးလို့ ဆန်း စစ်သူတွေက သုံးသပ်ပါတယ်။ လာမဲ့ ရက်သတ္တပတ်မှာတော့ ဇွန် ၂၂ ရက်မှာ ထုတ်ပြန်မဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ လွတ်လပ်တဲ့ ဈေးကွက်ကော်မတီရဲ့ အတိုးနှုန်းဆုံးဖြတ်ချက်ကို ရင်းနှီးမြှုပ်နံှ သူတွေက စောင့်ကြည့်လေ့လာလိမ့် မယ်လို့ ခန့်မှန်းပါတယ်။ ရွှေကို အဓိက ကျောထောက် နောက်ခံပြုထားတဲ့ နယူးယောက်က SPDR Gold Trust က အလားတူကာလအတွင်းမှာ အပြောင်းအလဲမရှိ ထိန်းထားပါတယ်။ လက်ငင်းရောင်းတဲ့ ငွေသတ္တုဈေးကလည်း ယခုရက် သတ္တ ပတ်အတွင်းမှာ ၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းပြီး တတိယမြောက် ရက်သတ္တ ပတ်အဖြစ် ဆက်လက်ကျဆင်းနိုင်ပါတယ်။ ငွေဈေးက တစ်အောင်စကို ၃၅ ဒသမ ၄၂ ဒေါ်လာနှုန်းရှိတဲ့အတွက် ဧပြီကရှိခဲ့တဲ့ တစ်အောင်စ ၄၉ ဒသမ ၅၂ ဒေါ်လာ စံချိန်တင်နှုန်းအောက် ကျ ဆင်းနေပါတယ်။ ဉာဏ်တင် Source:commodityonline.com
ပင်လယ်ရေကြောင်းမှ ဒီဇယ်ဆီတန်ချိန် ငါးထောင်ကျော်ဝင်ခဲ့ ဇွန်လ ပထမပတ်အတွင်း ဒီဇယ်ဆီပေပါ သုံးသောင်းကိုးထောင်ခြောက်ရာ့နှစ် ဆယ်၊ တန်ချိန်အားဖြင့် ငါးထောင့်နှစ်ရာရှစ်ဆယ်ကျော်ကို ပင်လယ်ရေကြောင်း ကနေ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်များက ဓာတ်ဆီတင်သွင်းခဲ့ပေမဲ့ ယခုသီတင်းပတ်မှာ တင်သွင်းခြင်းမရှိခဲ့ပါဘူး။ အပတ်စဉ် ဒီဇယ်ဆီတင်သွင်းမှုမှာ ပျမ်းမျှ တန်ချိန်ငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်တန်ချိန်ကို ကြည့် ရင် ပုံမှန်တင်သွင်းနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ အသွင်းလျော့ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်းမှာ တာချီလိတ်နဲ့ ကော့သောင် နယ်စပ်များမှ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့ အသွင်းရှိခဲ့ပါတယ်။ ဓာတ်ဆီတင်သွင်းမှုကို ကြည့်လျှင် တာချီလိတ်မှ ၇၂၈ဝ ဂါလန်နဲ့ ကော့သောင်းမှ ၅၂၃၆ ဂါလန်တင်သွင်းခဲ့ တာမို့ စုစုပေါင်းတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ဝ၄၈ တန်ဖိုးရှိ ဓာတ်ဆီ ၁၂၅၁၆ ဂါလန် တင်သွင်းခဲ့ပါတယ်။ ဒီဇယ်ဆီကိုတော့ တာချီလိတ်နယ်စပ်တစ်ခုတည်းကသာ အသွင်းရှိပြီး ကန် ဒေါ်လာ ဝ ဒသမ ၅၆၅ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ဂါလန် ၁၅၈ဝ၄၂ တင်သွင်းမှု ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီဂါလန် ၁၁၁ဝဝဝ ကျော်နဲ့ ဒီဇယ်ဆီ ၄၆၄၃ ဂါလန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဇွန် ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၁၃ ၄၃ဝဝ ၄၅ဝဝ ၃၅ဝဝ ၄၄ဝဝ၁၄ ၄၁ဝဝ ၄၃ဝဝ ၃၅ဝဝ ၄၄ဝဝ၁၅ ၄၁ဝဝ ၄၃ဝဝ ၃၅ဝဝ ၄၄ဝဝ၁၆ ၄၁ဝဝ ၄၃ဝဝ ၃၆ဝဝ ၄၄ဝဝ၁၇ ၄၁ဝဝ ၄၅ဝဝ ၃၇ဝဝ ၄၂ဝဝ
လက်ကျန်နည်းလာလို့ ပြည်ပဲနီပြား ဈေးမြင့ ်လာ ပြည်ဈေးကွက်အတွင်း လက်လီသမားများဖြင့် အရောင်းအဝယ်သွက်နေတဲ့ ပဲနီပြား သီးနံှများမှာ အဝင်နည်းလာပေမယ့် လက်ကျန် ပဲများဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိနေပါတယ်။ မေလ ပထမပတ်အတွင်း ပဲနီပြား တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုမေလ ဒုတိယပတ်တွင် တစ်တင်း ၁၆၅ဝဝ ကျပ်ဖြစ်ခဲ့တဲ့အတွက် ပဲဈေးအနည်းငယ် မြင့်လာခဲ့ပါတယ်။ ပဲနီပြားသီးနံှမှာ တိုင်း ဒေသကြီးအတွင်းမှ ထွက်ရှိမှုနည်းပြီး အခြား တိုင်းသို့ တင်ပို့ရောင်းချခြင်းမရှိသလို အခြား တိုင်းဒေသကြီးများမှလည်း ဝင်ရောက်မှုမရှိတဲ့ အတွက် ဒေသတွင်း ထွက်ရှိခဲ့တဲ့ ပဲများကို ဒေသတွင်း လက်လီသမားများဖြင့်သာ ရောင်း ဝယ်ခဲ့ကြတာကို တွေ့ရပါတယ်။ ယခုမေလ ဒုတိယပတ်အတွင်း တစ်ရက်ကို အိတ် ၄ဝ ခန့်အထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ပဲကြီးဈေးနှုန်း ဈေးပြန်မြင့်လာ ယခုတစ်ပတ် ပြည်ပဲကြီးဈေးကွက်တွင် ပဲဈေးနှုန်းများ ပြန်မြင့်လာပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်ရှိလို့ ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်းမှ ဝင်ရောက်မှုနည်းခဲ့ပြီး မကွေးတိုင်းဒေသ ကြီးဘက်မှ ယခုတစ်ပတ်အတွင်း အိတ် ၇၅ဝ ခန့် ဝင်ရောက်မှုရှိခဲ့ပါတယ်။ ပဲကြော်၊ ပဲလှော်လုပ်ငန်းများ ပုံမှန်အဝယ်ရှိသလို ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိခဲ့တာကြောင့် တစ်ရက် အိတ် ၃ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ပဲကြီး(ရွှေကျွန်း) တစ်တင်း ၁၇ဝဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ကျပ် ၁၅၅ဝဝ ဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
မုံရွာကုလားပဲ ဈေးအေးပေမဲ့ အရောင်းသွက် မုံရွာကုန်စည်ဒိုင် ဇွန်လ ပထမပတ် ကုလားပဲဈေးကွက်မှာ အိတ်စပို့အတွက် ရန်ကုန်ဝယ်လက် သာရှိလို့ V2 ဈေး အနည်းငယ်အေးလာခဲ့ပြီး ကုလားပဲရိုးရိုး၊ တိုင်ပေနဲ့ ၉၂၉ ကုလားပဲဈေးကတော့ တန့်နေတာ တွေ့ရပါတယ်။ ယခုပတ်တွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲတစ်တင်းရဲ့ ပေါက်ဈေးတွေကတော့ V2 တစ်တင်း ၁၇ဝဝဝ ကျပ်မှ ၁၇၄ဝဝ ကျပ်၊ ထိုင်ဝမ် တစ်တင်း ၁၄၈ဝဝ ကျပ်မှ ၁၅၃ဝဝ ကျပ်၊ 929 တစ်တင်း ၁၄၈ဝဝ ကျပ်မှ ၁၅၁ဝဝ ကျပ် အသီးသီးဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်ဝယ်လက်ရှိတဲ့ V2 ကတော့ တစ်ရက် ပျမ်းမျှအိတ် ၁၅ဝဝ ဝန်းကျင်၊ ကျန်ဒေသသုံး ကုလားပဲတွေကတော့ တစ်ရက်ပျမ်းမျှ အိတ် ၂ဝဝဝ ခန့်နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။ ထွန်းလှိုင်