Main menu

Background

Monday, 14 May 2012

မန္တလေးဈေးကွက်မှာ သြင်္ကန်ပွဲ တော်ကာလမတိုင်မီ ဓာတ်ဆီကြိုတင် ဝယ်ယူထားပြီး  ရောင်းချလျက်ရှိခြင်း ကြောင့် သြင်္ကန်ကာလအပြီး ဓာတ်ဆီ သိုလှောင်မှုမှာ ဈေးကွက်မှာ လက်ကျန် နည်းနေပြီး ဈေးအနည်းငယ် မြင့်တက် လာကြောင်း သိရပါတယ်။

Monday, 14 May 2012

အီရတ်နိုင်ငံက ရေနံစိမ်းတင်ပို့မှုအချို့ကို ရပ်ဆိုင်းလိုက်တဲ့အပြင် ကမ္ဘာ့စီးပွားရေးကို ကာကွယ်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF)  က ကန်ဒေါ်လာ ၄၃၀ ဘီလီယံကျော်ထောက်ပံ့ဖို့ သဘောတူလိုက်ပြီးနောက်ပိုင်း ဧပြီ ၂၃ ရက်မှာ ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းတွေက သုံးရက်အတွင်း အမြင့်ဆုံးနီးပါးနှုန်းနဲ့ အရောင်းအ ဝယ်ဖြစ်ခဲ့တယ်လိ့ု သိရတယ်။

Monday, 14 May 2012

    မြန်မာတို့၏ နှစ်သစ်ကူးကာလ  ပြီးဆုံးချိန်တွင် မြန်မာ့ရွှေဈေး ကျဆင်းနေရာမှ ရုတ်တရက် ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။ သြင်္ကန်အကြိုနေ့မတိုင်မီကာလက မြန်မာ့ရွှေဈေးသည် အခေါက် ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၂၅၀၀၀ ရှိခဲ့ရာမှ နှစ်သစ်ကူးရုံးပိတ်ရက် များကုန်ဆုံး၍ ရုံးများ  ပြန်လည်ဖွင့်လှစ်ချိန် ဧပြီ ၂၃ ရက်တွင် ကျပ် ၇၁၄၀၀၀ သို့ ကျဆင်းလာခဲ့သည်။ ထို့နောက် ဧပြီ ၂၄ ရက်တွင်လည်း ဆက်တိုက်ကျဆင်းလာခဲ့ရာ မြန်မာ့ရွှေဈေးသည် ကျပ် ၇၁၁၈၀၀ အထိကျဆင်းလာခဲ့သည်။

Monday, 14 May 2012

    ပြည်တွင်းဈေးကွက်တွေမှာ နှမ်းလက်ကျန်လျော့နည်းလာသလို ပြည်တွင်းနှမ်းဈေးမြင့်တက်မှုကြောင့် ပင်လယ်ရေ ကြောင်းက နှမ်းတင်ပို့မှုမှာ ပြန်လည်လျော့ကျခဲ့ပါတယ်။ မတ်လ နောက်ဆုံးပတ်အတွင်း နှမ်းရောင်စုံတန်ချိန် ၉၀၀ ကျော် တင်ပို့မှုရှိခဲ့ရာမှ ဧပြီလ ပထမပတ်အတွင်း တန်ချိန် ၂၆၀ ကျော်သာ ကိုရီးယားကို တင်ပို့ခဲ့ကြောင်း သိရပါတယ်။     တရုတ်နယ်စပ်ဖက်မှ အဆွဲရှိနေတာကြောင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီလ ၂၀ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့နိုင်မှုမှာ တန်ချိန် ၁၇၀၀ ကျော်ရှိခဲ့လို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ ပမာဏတန် ၆၀၀ ကျော်ထက် တိုးတက်တင်ပို့နိုင်ကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြည်ပဝယ်ဈေး ပြောင်းလဲမှုမရှိလို့ ငြိမ်နေကြောင်း သိရပါတယ်။MIRT - MAPT 

Monday, 14 May 2012

ဒွန်း၊ မာရီဂိုးနဲ့ အိုကေနို့ဆီများဝင်ခဲ့ဒီလရဲ့ပထမပတ်ဖြစ်တဲ့ ဧပြီ ၁ ရက်မှ ၇ ရက်တာကာလအတွင်း နို့ဆီ ၅၀၈ ဒသမ ၆၇၇ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ငါးသိန်းကျော်ဖိုးကို ပင်လယ် ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်က တန် ကိုးဆယ်ကျော်သာ  ရှိခဲ့တာကြောင့် ဒီတစ်ပတ်နို့ဆီအဝင်ပိုခဲ့ပါတယ်။ နို့စိမ်း က ဒီတစ်ပတ်မှာအဝင်မရှိခဲ့ပါဘူး။ နို့မှုန့် က အင်ဒိုနီးရှားနိုင်ငံမှ သုည ဒသမ ၉၉ တန်နဲ့ စပိန်နိုင်ငံမှ သုည ဒသမ ၃၆၅ တန်မှာယူတင်သွင်းခဲ့တာ  တွေ့ရပါ တယ်။ ယခင်သီတင်းပတ်နို့မှုန့်က တန် ရှစ်ဆယ်ကျော်တင်သွင်းခဲ့ပြီး ဒီတစ်ပတ် မှာ ၁ တန်ကျော်သာ တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင်လျော့ နည်းခဲ့ပါတယ်။        MIRT (DOT)

Monday, 14 May 2012

နယ်စပ်မှ ဒီဇယ် ငါးသောင်းနီးပါး အသွင်းပိုဧပြီ ၁၈ ရက်မှ ၂၄ ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၄၇ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၆၇၉၆၀ ဂါလန်ကို တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်များမှ တင်သွင်းခဲ့ပါတယ်။ တာချီလိတ်မှ ၅၃၈၃၅ ဂါလန်နဲ့ ကော့သောင်းမှ ၁၄၁၂၅ ဂါလန် အသွင်းရှိခဲ့တာဖြစ်ပါတယ်။ ဓာတ်ဆီကိုတော့ ယခုအပတ်မှာ တာချီလိတ် နယ်စပ်တစ်ခုမှသာ အသွင်းရှိပြီး ကန်ဒေါ်လာ သုည ဒသမ ၁၅၃ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၃၉၃၇ ဂါလန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၄၅၆၄၇ ဂါလန်အသွင်းပိုခဲ့ပြီး ဓာတ်ဆီတင်သွင်းမှုမှာတော့ ၂၀၈၉ ဂါလန် ပိုမိုခဲ့ပါတယ်။                                          MIRT (DOBT)

Sunday, 29 Apr 2012

                   နယ်စပ်ငွေလဲလှယ်နှုန်း                         ဧပြီ    ၂၀၁၂ (1US$)        ရက်    တရုတ်         ထိုင်း             ဘင်္ဂလားဒေ့ရှ်  အိန္ဒိယ        (ယွမ်) (ဘတ်)  (တာကာ) (ရူပီး)       23     6.31    30.94   81.82   52.18   24    6.31   31.00   81.80   52.57   25    6.31   30.95   81.82   52.48   26    6.30   30.87   81.82   52.52   27    6.31   30.37   81.82   52.58

Sunday, 29 Apr 2012

      World Gold Price         April  2012 (USD/OZ) Date NY LandonZurich   23 1637  1638  1634  24 1634  1634  1634  25 1639  1641  1641  26 1647  1647  1647  27  1650 1650 1653    Domestic Gold Price                     Kyats(Thousand) Date Yangon Mandalay  23-4-2012714.00  713.10  24-4-2012 711.80   711.20  25-4-2012 714.50  713.80  26-4-2012 718.00  718.30  27-4-2012   721.00  720.80 

Sunday, 29 Apr 2012

    Currency Exchange Rate                           April 27, 2012                    Base Currency is United States Dollar - USD Currency Unit Units per  USD     AUD Australia Dollars        0.96 BDT Bangladesh Taka   81.82 CAD Canada Dollars       0.99 CNY China Yuan Renminbi   6.31 EUR Euro    0.76 HKD Hong Kong Dollars   7.76 INR India Rupees    52.58 IDR Indonesia Rupiahs   9180.00 JPY Japan Yen  81.18 MYR Malaysia Ringgits    3.05 PKR Pakistan Rupees   90.83 PHP Philippines Pesos  42.46 RUB Russia Rubles  29.37 SGD Singapore Dollars  1.24 KRW South Korea Won  1134.05 LKR Sri Lanka Rupe  131.27 THB Thailand Baht   30.37 GBP United Kingdom Pounds    0.62 VND Vietnam Dong      20750.00 Source : xe.com

Monday, 9 Apr 2012

ပြည်တွင်း လက်လီအရောင်းဈေး                ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- ဧပြီလ ၂၀၁၂        ဓာတ်ဆီ(ကျပ်)             ဒီဇယ်(ကျပ်)    ရက်    နေပြည်တော်    ရန်ကုန်    မန္တလေး    နေပြည်တော်    ရန်ကုန်    မန္တလေး    ၂            ၄၅၀၀          ၄၅၀၀     ၄၅၀၀          ၄၀၀၀        ၃၉၀၀         ၄၀၀၀    ၃            ၄၅၀၀          ၄၅၀၀     ၄၅၀၀          ၄၀၀၀         ၃၉၀၀        ၄၀၀၀     ၄           ၄၅၀၀          ၄၅၀၀     ၄၅၀၀          ၄၀၀၀        ၃၉၀၀         ၄၀၀၀    ၅            ၄၅၀၀          ၄၅၀၀     ၄၅၀၀          ၄၀၀၀        ၃၉၀၀         ၄၀၀၀

Pages