Background
နယ်စပ်ငွေလဲလှယ်နှုန်း မေ ၂၀၁၂ (1US$) ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး) 14 6.32 31.24 81.69 53.68 15 6.32 31.35 81.78 53.83 16 6.32 31.51 81.81 54.28 17 6.32 31.35 81.81 54.39 18 6.33 30.96 81.80 54.74
Energy NYMEX Energy NYMEX 18-5-2012 Price Change Change% Brent Crude Futr (USD/bbl) 106.74 -0.75 -0.70 Gas Oil Fut (ICE) (USD/MT) 905.75 -12.75 -1.39 Gasoline Rbob Fut (Cent/gal) 283.43 -1.47 -0.52 Heating Oil Futr (Cent/gal) 2.64 0.042 1.62 Natural Gas Futr (USD/MMBtu) 286.62 -1.20 -0.42 WTI Crude Future (USD/bbl.) 92.04 -0.52 -0.56
World Metal Price (US$) Date Sliver/Oz Zinc/Ton Aluminum/Tom Copper/Ton Platinum/Oz 14- May 28.60 1950.14 2017.57 8140.38 1462.00 15- May 28.10 1946.11 2003.01 8022.34 1437.00 15- May 27.27 1935.14 1997.63 7855.01 1422.00 16- May 27.67 1949.92 2027.20 7947.52 1446.00 17- May 27.95 1916.99 2025.18 7788.93 1450.00
ယခုတစ်ပတ်အတွင်းတွင် ကား သစ်များကို မည်သူမဆိုနိုင်ငံခြားငွေစာ ရင်းဖွင့်လှစ်၍ တင်သွင်းခွင့်ရှိသည်ဆို ခြင်းကြောင့် ကားဈေးကွက်မှာ မ ကောင်း၍ စလစ်ရောင်းဈေးမှာလည်း တစ်နေ့တခြား နိမ့်ကျလာခဲ့သည်။
နယ်စပ် ဒီဇယ်အသွင်းပို၊ ဓာတ်ဆီ အသွင်းပုံမှန်ရှိမေ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ တာချီလိတ်နယ်စပ်မှ ကန်ဒေါ် လာ သုည ဒသမ ၃၅၃ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၈၃၉၃၁ ဂါလန်နဲ့ ကော့သောင်းမှ ၁၃၁၂၅ ဂါလန် သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ဂါလန် ၇၂၉၈၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။ တာချီလိတ်မှာ ၇၂၄၉၈ ဂါလန်နဲ့ ကော့သောင်းမှ ၄၈၅ ဂါလန် အသွင်းပိုခဲ့တာဖြစ်ပါတယ်။ ဓာတ်ဆီကိုတော့ တာချီလိတ်နယ်စပ်မှ သာ အသွင်းရှိခဲ့ပါတယ်။ တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၉ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၄၆၂၀ ဂါလန်အသွင်းရှိခဲ့ရာ ယခင်အပတ်အတိုင်း ပုံမှန် အသွင်းရှိနေတာ တွေ့ရပါ တယ်။ MIRT (DOBT)
တရုတ်နဲ့ ရေနံရောင်းဝယ်ရာမှာ ယွမ်ကိုပေးချေရမည့်ငွေကြေးအဖြစ် အီရန် နိုင်ငံကလက်ခံကြောင်း သတင်းရရှိပါတယ်။ ဒီလိုလက်ခံလိုက်တဲ့အတွက် တကယ် လို့တခြားနိုင်ငံတွေကလည်း အလားတူပေးချေမှုမျိုး ဖြစ်လာရင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ငွေကြေးအဖြစ် အမေရိကန်ဒေါ်လာ လွှမ်းမိုးထားခြင်းကို ထူးထူး ခြားခြား ခြိမ်းခြောက်မှုဖြစ်သွားစေပါတယ်။
အီးယူဒေသတွင်းနိုင်ငံတွေရှိ ရွေးကောက်ပွဲများရလဒ်ကြောင့် ဒေသတွင်းခြိုးခြံချွေတာရေး စီမံကိန်းအတွက် ကြိုးပမ်းမှုတွေ လမ်းချော်သွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကို မီးထိုးပေးသလိုဖြစ်နေရာ မေ ၇ ရက် ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းတွေက လေးလေ ကျာ်ကာလအတွင်း အနိမ့်ဆုံးနှုန်းကို ကျဆင်းလာတယ်။
နယ်စပ်မှ အချိုမှုန့် တန် ၄၀၀ ကျော် တင်သွင်းမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ် လာ သုည ဒသမ ၄၂၄ သန်းတန်ဖိုးရှိ အချိုမှုန့် ၄၂၄ တန်ကို မေ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်းမှာ တင်သွင်း နိုင်ခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် ဖြေလျော့တင်သွင်းခွင့်ပြုထားတဲ့ စား သောက်ကုန် ငါးမျိုးထဲမှ အချိုမှုန့် တစ် မယ်သာ အသွင်းရှိနေတာဖြစ်ပါတယ်။ မတ်လမှ မေ ၈ ရက်အထိ ကာလ အတွင်း မူဆယ်မှ ၂၆၇၈ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၇၇၅ တန်ကျော် အသီး သီး တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT)
ဒီတစ်ပတ် နို့စိမ်းတစ်မျိုးသာဝင်ခဲ့ဧပြီ ၂၉ရက်မှ မေ ၅ ရက်တာကာလ အတွင်း နို့စိမ်း ၃၂၄ ဒသမ ၀၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်း လေးသောင်းကျော်ဖိုးကို မှာယူ တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ နို့ိစိမ်းတစ်မျိုးသာတင်သွင်းခဲ့ပြီး နို့ဆီက အဝင်နားခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နို့စိမ်း က ဒွန်းနို့စိမ်း ၂၀၉ ဒသမ ၈၄ တန်နဲ့ အခြားတံဆိပ်နို့စိမ်းက တန်ချိန် ၁၁၄ ဒသမ ၉၂ တန်ဖြစ်ပါတယ်။
ပြင်သစ်နဲ့ ဂရိမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးပြီးနောက်ပိုင်း အီးယူဒေသကြွေးမြီအကျပ်အတည်းကို ထိန်း ချုပ်နိုင်မှာလား၊ မထိန်းချုပ်နိုင်တော့ဘူးလားဆိုတဲ့ သံသယတွေကြောင့် ယူရိုငွေတန်ဖိုးကျဆင်းကာ ကန်ဒေါ်လာ တန်ဖိုး မြင့်မားလာတယ်။ကန်ဒေါ်လာတန်ဖိုး မြင့်မားလာရာ ကန်ဒေါ်လာနဲ့ဝယ်ယူရတဲ့ ကုန်စည်တွေကို စိတ်ဝင်စားမှု လျော့နည်းသွား ရာ ရွှေဈေးနှုန်းတွေက အားနည်းလာတယ်။ မေ ၇ ရက် ဂရင်းနစ် စံတော်ချိန် ၀၃၂၈ နာရီမှာ လက်ငင်းအရောင်းရွှေ က တစ်အောင်စကို သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းကာ ၁၆၃၈ ဒသမ ၄၅ဒေါ်လာအထိကျဆင်းခဲ့တယ်။အာရှ ဈေးကွက်မှာလည်းရွှေဈေးကွက်ကအားနည်းနေတယ်လို့သိရပါတယ်။ Source:reuters.com ,bloomberg.com ပပ