Background
မုံရွာကုန်စည်ဒိုင် သြဂုတ်လကုန်ပတ် ပဲဈေးကွက်မှာ ငုံနီနဲ့ကုလားပဲမျိုးစုံ ဈေးဟာ လဆန်းပိုင်းက အနိမ့်ဆုံးဈေးသို့ ကျဆင်းခဲ့ရာမှ လလယ်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာငုံနီဈေးအနေနဲ့ ၂၇၅၀၀ ကျပ်၊ ၂၈၅၀၀ ကျပ်၊ ၃၁၅၀၀ကျပ်နဲ့ ၃၂၅၀၀ ကျပ်အထိ အဆင့်ဆင့် မြင့်တက်လာခဲ့သလို ကုလားပဲ ဈေးကွက်မှာလည်း V၂ တစ်တင်း ၃၆၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်သို့လည်းကောင်း၊ ထိုင်ဝမ်တစ်တင်း ၃၅၀၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၃၄၃၀၀ ကျပ်မှ ၃၆၂၀၀ ကျပ်သို့ အသီးသီးဈေးမြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ပဲတီစိမ်းဈေးကွက်မှာ တရုတ်ဝယ်လက်ပါးသလို အဝင်လည်းကျဲနေကာ ယခု တစ်ပတ်အတွင်း စိမ်းကြီးတစ်တင်း (ရှယ်) ၂၅၀၀၀ ကျပ် - ၂၃၀၀၀ ကျပ် နဲ့ (ညံ့) ၂၁၅၀၀ကျပ
သြဂုတ်လအတွင်း ပုသိမ်ဆန် စပါးဈေးကွက်မှာ အရောင်းအဝယ် အေးလျက်ရှိပြီး ယခင်လထက် ဈေးကျ ဆင်းလျက်ရှိကြောင်း ယခင်နှစ်ရေကြီး ချိန်က နွေသီးထပ်ရင် ဆန်တစ်အိတ်ကိုကျပ်၂၀၀၀၊ ကျပ် ၃၀၀၀ ဈေးနှုန်းမြင့် တက်ခဲ့သော်လည်း ယခုနှစ် သြဂုတ်လ အတွင်း ကာလတူရေကြီးချိန်မှာ ဆန် စပါးဈေးနှုန်း မြင့်တက်မှုမရှိကြောင်း ဈေးကွက်မှ သိရပါတယ်။ယခင်လက ဧရာဝတီပေါ်ဆန်း စပါး ၁၀၅ ပေါင် (တင်း ၁၀၀)လျှင် ၁၀၅၀၀၀၀ ကျပ်၊ ယခု ၁၀၄၀၀၀၀ ကျပ်၊ ၁၀၃၅၀၀၀ ကျပ်၊ ပေါ်ဆန်းရင် စပါး ၁၀၅ ပေါင် (တင်း ၁၀၀)လျှင် ၉၅၀၀၀၀ ကျပ်ဈေးမရှိခဲ့သော်လည်း ယခုအခါတွင် ကျပ် ၉၄၀၀၀၀၊ ၉၃၅၀၀၀ ဈေးဖြစ်သွားပြီး၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ယခင်ကျပ် ၃၅၀၀၀ မှ ယခု ၃၄၅၀၀ ကျပ်၊ ၃၄၀၀
အိန္ဒိယအစိုးရသည်ကျေးရွာ အားလုံးလျှပ်စစ်မီးလင်းရေး အစီ အစဉ်အား ၂၀၁၇ ခုနှစ်၊ မေလတွင် အပြီးသတ်ဆောင်ရွက်ရန် ရည်မှန်း ထားခဲ့ရာ ယခုအခါ အဆိုပါ အစီအစဉ် အား သတ်မှတ်ကာလထက်အနည်းဆုံး ငါးလစော၍ အပြီးသတ်အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။သို့ဖြစ်၍ ၂၀၁၆ ခုနှစ်၊ ဒီဇင် ဘာလကုန်တွင် အိန္ဒိယနိုင်ငံအတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ အားလုံး လျှပ်စစ်မီးများ ရရှိ လာနိုင် တော့ မည်ဖြစ်ကြောင်း၊ ပြည်နယ်စွမ်း အင်ဝန်ကြီးများနှင့်နှစ်ရက်ကြာ တွေ့ ဆုံဆွေးနွေးပြီးနောက်၊ အိန္ဒိယစွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Piyush Goyal က ဇွန် ၂၀ ရက်တွင် အတည်ပြု ပြောကြားခဲ့ကြောင်း သိရ ပါသည်။
အိန္ဒိယနိုင်ငံတစ်ဝန်းရှိ တောင်သူ လယ်သမားများသည် လက်လီ စားသောက်ကုန်လုပ်ငန်းများ၌ ရာနှုန်း ပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုလျက်ရှိသည်။ နိုင်ငံတကာအဆင့်မီကုမ္ပဏီများဝင်ရောက်လာပြီး အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ကာ၊ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေသည့် လူ့အသိုက်အဝန်း အား ကူညီမှသာလျှင် ၎င်းင်းတို့အနေဖြင့် ကိုယ်တိုင် ရပ်တည်လာနိုင်မည်ဖြစ် သည်။ နိုင်ငံတကာ ကုမ္ပဏီ များ ဝင် ရောက်လာမှသာလျှင် လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းနှင့်ထိန်းချုပ်မှု အလေ့ အထများဖြင့် အကျည်းတန်နေသည့် ဈေးကွက်တွင်ယှဉ်ပြိုင်မှုများပေါ်ပေါက် လာမည်ဖြစ်သည်ဟု လယ်သမားများက ယုံကြည် ထား သည်။ သ
သာယာဝတီခရိုင်နှင့် ပြည်ခရိုင် မြို့နယ်များတွင် အသားတိုးကြက် (Boiler) မွေးမြူ ထုတ်လုပ်မှုများ ၂၀၁၄ ခုနှစ်မှစ၍ များပြားလာကြောင်း သိရှိ ရပါသည်။ မွေးမြူထုတ်လုပ်မှု အရေအတွက် မှာ ပြည်ခရိုင်အတွင်း မြို့နယ် များဖြစ် သည့် ပေါင်းတည်၊ သဲကုန်း၊ ရွှေတောင်၊ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း မြို့ နယ်များတွင် တစ်မြို့နယ်ခြင်းအနေ ဖြင့် ကြက် ၄၅ ရက် တစ်သုတ်လျှင် အကောင်ရေ ၄၀၀၀၀ မှ ၅၀၀၀၀ ခန့် အထိ မွေးမြူလာကြောင်း သိရှိရပြီး၊ ဈေးကွက်အနေဖြင့် မြို့နယ်တွင်းနှင့် ပြည်- ရန်ကုန်တို့သို့ တင်ပို့ရောင်းချ ကြောင်း သိရှိရပါသည်။
မုံရွာကုန်စည်ဒိုင် သြဂုတ်လ လကုန်ပတ် ဆီထွက်သီးနှံဈေးကွက်မှာ တရုတ် ဝယ်လိုအားရှိတဲ့ နှမ်းနက်တစ်မျိုးသာ ဈေးမာခဲ့သလို အရောင်းအဝယ်လည်းသွက် ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း နှမ်းမျိုးစုံဈေးကွ က်မှာ နှမ်းဖြူ တစ် တင်း ကျပ် ၃၀၀၀၀ မှ ၃၁၀၀၀ အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက် အိတ် ၁၀၀ ခန့် နှမ်းညို (သစ်) ဟာ တစ်တင်း ၂၃၅၀၀ မှ ၂၄၃၀၀ ကျပ်အတွင်း ပေါက်ဈေးဖြစ်ခဲ့ပြီး တစ်ရက်အိတ် ၁၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပေမယ့် နှမ်းနက်ကတော့ တရုတ် ဝယ်လက်ရှိလို့ တစ်တင်းကျပ် ၅၀၀၀၀ ဝန်းကျင်မှာ ဈေးမာခဲ့သလို တစ်ရက်အိတ် ၂၀၀ မှ ၃၀၀ ကြား အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။
အမျိုးသားပို့ကုန်မဟာဗျူဟာရှိ ဝန်ဆောင်မှုကဏ္ဍတစ်ရပ်ဖြစ်သည့် ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ ဖြိုးတိုးတက် လာစေရေးအတွက် နယ်သာလန်နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင် ရေး ဗဟိုဌာနမှ Netherlands Trust Fund NTF III ၏ ရန်ပုံငွေ အထောက် အပံ့နှင့် နိုင်ငံတကာ ကုန်သွယ်မှု ဗဟို ဌာန ( Inclusive Tourism Focusing on Kayah State )၏ နည်းပညာအကူအညီဖြင့် ကယားပြည်နယ်တွငf Inclusive Tourism Focusing on Kayah State စီမံကိန်းကို ၂၀၁၄ ခုနှစ်မှ စတင်၍ အကောင်အထည် ဖော်လျက်ရှိပါသည်။
အမျိုးသားပို့ကုန် မဟာဗျူဟာရှိ ဦးစားပေး ကဏ္ဍများတွင် ပါဝင်သော ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံကဏ္ဍ အရည်အသွေး စီမံခန့်ခွဲခြင်း ကဏ္ဍတို့နှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဝင်ငွေ တိုး မြင့် လာစေရေးအတွက် အစားအစာ လုံခြုံစိတ်ချရမှု တိုးတက်ရေးနှင့် အပင် ပိုးမွှား ရောဂါကင်းရှင်းရေး အစီအမံ များဆိုင်ရာ စီမံကိန်းကို ကမ္ဘာ့ကုန်သွယ် ရေး အဖွဲ့အစည်း၊ စံချိန်စံညွှန်းနှင့် ကုန် သွယ်မှု ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ နည်းပညာ အကူအညီပေး အကောင် အထည်ဖော်လျက် ရှိပါသည်။
ယခုတစ်ပတ်တွင် မြန်မာနိုင်ငံသား များဘဏ်သည် ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းဝင်သည့်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပြီး စတင်စာရင်းဝင်သည့်နေ့မှာပင် အရောင်းအဝယ်များဖြစ်ခဲ့ကာ ကျပ်တစ်ထောင် ဈေးမြင့်တက် ခဲ့ကြောင်း အစုရှယ်ယာဈေးကွက်မှ သိရသည်။ မြန်မာနိုင်ငံသားများဘဏ်၏ အစုရှယ်ယာ ဈေးနှုန်း သည် အခြေခံစံထား ဈေးနှုန်းမှာ ကျပ် ၆၈၀၀ ဖြစ်ရာ သြဂုတ် ၂၆ ရက် စတင် ရောင်းဝယ်သည့်နေ့မှာပင် ကျပ် ၇၈၀၀ ဖြင့် အေ ရာင်းအဝယ်ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဆက်တိုက်မြင့်တက်ခဲ့သည့် ပြည်တွင်း ရွှေဈေးနှုန်းများသည်ယခုတစ်ပတ်တွင် အနည်းငယ်ကျဆင်းခဲ့ကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ဈေးကွက်အတွင်း ၌ ရွှေဈေးများ မြင့်တ က်နေမှုကြောင့် အရောင်းရော အဝယ်ပါ လုံးဝမရှိခဲ့ကြောင်း၊ ယခင်က ငွေလဲနှုန်းမြင့်တက်လျှင် ပြည်တွင်း၌ ရွှေ ဈေးများကျဆင်းလေ့ရှိသော်လည်း ယခုအခါတွင် ငွေလဲနှုန်းများမြင့်တက် မှုကြောင့် ရွှေဈေးများလည်း လိုက်ပါမြင့် တက်နေကြောင်း၊ ထို့ပြင် ယခင်က ပြည်တွင်း ရွှေ ဈေးများသည် ကမ္ဘာ့ရွှေဈေးနှင့်ယှဉ်ပါက အမြဲလိုလို ကွာဟနေကြောင်း၊ ယခုအခါ တွင်မူ ပြည်တွင်း ရွှေဈေးများနှင့်ကမ္ဘာ့ရွှေဈေးများသည် တူညီလုနီးပါး ရှိနေ သည်ကို တွေ့ရှိ