Main menu

Background

Tuesday, 7 Mar 2017

ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ဈေးကွက်အတွင်းဝယ်လိုအားနှင့် ရောင်းလိုအားမျှ နေသော်လည်း ငွေလဲနှုန်းများမှာ ကျဆင်းနေသည်ဟုဆိုသည်။
''ပြီးခဲ့တဲ့တစ်ပတ်ကထက် ငွေလဲနှုန်းတွေ ကျဆင်းလာခဲ့ပါတယ်။ ဈေးကွက် ထဲမှာ ရောင်းလိုအားနဲ့ ဝယ်လိုအားမျှနေပေမယ့် ဈေးကကျလာတယ်။ ကမ္ဘာမှာ လည်း အမေရိကန်ဒေါ်လာနဲ့ တခြားငွေကြေးတွေရဲ့လဲလှယ်နှုန်းကလည်း ကျ ဆင်းလာတဲ့အတွက် အခုလိုပြည်တွင်းငွေလဲနှုန်းတွေပါ လိုက်ပါကျဆင်းလာတာပါ''ဟု ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသည့် ကိုစိုးတင့်က ပြောကြားခဲ့သည်။

Tuesday, 7 Mar 2017

 မုံရွာ(ပွဲရုံ)စားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ဖေဖော်ဝါရီလကုန်ပတ်မှာ ကြက်သွန်နီဈေးနှုန်း  ဆက် လက်ကျဆင်းလာတာ တွေ့ရပါတယ်။ ကြက်သွန်နီ အသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှုများပြား သဖြင့် ဈေးနှုန်း ကျဆင်းရခြင်းဖြစ်ကြောင်း မုံရွာကြက် သွန်နီပွဲရုံလုပ်ငန်းရှင်များထံမှသိရပါတယ်။ပွဲရုံသို့နေ့စဉ် ကြက်သွန်နီ ဝင်ရောက်မှုမှာ ပိဿာ ၂၀၀၀၀ ခန့်ရှိပြီး မုံရွာပွဲရုံများမှ ဒေသတွင်းဝယ်လက်များနှင့် အိတ်ဆွဲ သမားများအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ ရောင်းဝယ်မှုအပါအဝင် တစ်ရက်လျှင် ပိသာ၃၀ ဝင် အိတ် ၆၅၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်  ကြက်သွန်နီဈေးနှုန်းမှာ မုံရွာပွဲရုံများ၌ လက်ကား

Tuesday, 7 Mar 2017

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်   ကုန်သွယ် ရေးဇုန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းနဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ  ၁၈ ရက်မှ ၂၄ ရက် အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၈၂၇ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၄၈၆၇ကို  တင်ပို့ခဲ့ရာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၈၀၆ တန် ကျော်၊ ဧည့်မထဆန် ၁၂၂၀၀ တန်နီးပါး၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၈၃ တန်ခန့်နဲ့ ဧည့်မထဆန် ၄၂၃ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၁၃၅၅ တန်တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်တန်ချိန် ၂၄၆၉၉ တန်ကျော် တင်ပို့ခဲ့တဲ့အတွက်  ယခုတစ်ပတ်မှာ ၁၆၈ တန် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။

Tuesday, 7 Mar 2017

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်စုံမိုးစပါး ဈေးကွက်မှာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက စပါး၊ ဆန် ဈေးနှုန်းများကျဆင်းလျက်ရှိရာ ယခုလက်ရှိဈေးကွက်မှာ အများအားဖြင့် အရောင်းအဝယ်အေးလျက်ရှိကြောင်း ယခု ရက်ပိုင်းအတွင်း ပုသိမ်ခရိုင်အတွင်းရှိ အချို့မြို့နယ်များတွင် စပါးတင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀ ဝန်းကျင်မြင့်တက်လျက်ရှိ ကြောင်း ဆန်စပါးဈေးကွက်မှသိရပါတယ်။

Tuesday, 7 Mar 2017

ပြည်ကြက်သွန်ဖြူပွဲရုံများသို့ ရှမ်းစရော ကြူကုတ်စပါ အဝင်များနေပြီး၊ ဈေးလည်း ကျလာပါတယ်။ လက်လီအရောင်းအဝယ်သမားများက အိတ်ဆွဲများ လျက်ရှိနေတာကြောင့် အရောင်းအဝယ်လည်း  သွက်နေပါတယ်။ ယခုမတ်လ ပထမပတ်တွင် ကြက်သွန်ဖြူတစ်ပိဿာလျှင် (ပွဲရုံဈေး) ရှမ်းစ ကျပ် ၁၈၀၀ မှ ကျပ် ၄၅၀၀ အထိရှိပြီး ကြူကုတ်စက တစ်ပိဿာ ကျပ် ၄၅၀၀ ရှိပါတယ်။

Tuesday, 7 Mar 2017

အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံရက်သတ္တပတ် အစီရင် ခံစာကို အဂရီဝပ်ချ်က ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ယခုနှစ် အတွင်း ပဲမျိုးစုံထုတ်လုပ်မှု၊ ပြည်ပမှပဲမျိုးစုံ ကုန် သေတ္တာ တင်သွင်းမှုနှင့်ဈေးနှုန်း အခြေအနေတို့ကို ဖော်ပြထားသည်။
ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု

Wednesday, 1 Mar 2017

ထိုင်းနိုင်ငံတွင် စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုတွင် အကြီးဆုံးစီးပွားရေးလုပ်ငန်းစုကြီး ဖြစ် သောSaha  သည်  အိမ်နီးချင်းနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မည်ဖြစ်ရာ အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ဦးစား ပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။Saha သည် ကမ္ဘောဒီးယားနိုင်ငံ တွင် တိုးချဲ့ရင်းနှီးမြှုပ်နှံမှု အပါအဝင် စုစုပေါင်းဘတ်တစ်သန်းကို ရင်းနှီး မြှုပ်နှံထားပြီး လာအိုနိုင်ငံတွင် ဘတ် သန်း ၆၀၀ ကို ရင်းနှီးမြှုပ်နှံထားပါသည်။

Wednesday, 1 Mar 2017

ထိုင်းနိုင်ငံသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် အစိုးရ၏ဦးစားပေး လုပ်ငန်းကဏ္ဍများတွင် အခွန်ကင်းလွတ်ခွင့် ကာလကို ရှစ်နှစ်ပေးထားရာမှ ယခုအခါ ၁၃ နှစ်သို့တိုးမြှင့်ပေးရန် ထိုင်းနိုင်ငံရ င်းနှီးမြှု ပ်နှံမှုဘုတ်အဖွဲ့(BOI )က အတည် ပြုခဲ့ပါသည်။

Wednesday, 1 Mar 2017

ပိုးသတ်ဆေးများအား နည်းလမ်း မှန်ကန်စွာနှင့် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာနည်းပညာများအား    တရုတ် နိုင်ငံ    သီးနှံကာကွယ်ရေးဆိုင်ရာမှ ကျွမ်းကျင်ပညာရှင်များ၊ ပါရဂူများ၊ သင်တန်း သားများအား လေ့ကျင့်သင် တန်းပေးရန်အတွက် တရုတ်နိုင်ငံ ကောက်ပဲသီးနှံကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအသင်းနှင့် ဂျာမနီကုမ္ပဏီတို့မှ မဟာဗျူဟာဆိုင်ရာ သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေး ထိုးခဲ့ ကြောင်း တရုတ်နိုင်ငံဆိုင်ရာBayer Crop Science Division  ၏အကြီးအကဲ  Huang Weidong က ပြောကြားခဲ့သည်။

Tuesday, 28 Feb 2017

       ရန်ကုန်မြို့နှင့် ကီလိုမီတာ ၂၀ အကွာအဝေးတွင်တည်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန် အပိုင်း(ခ) စီမံကိန်းတည်ဆောက်မှု  စတင်ခြင်းအခမ်းအနား ကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီ တွင် ရန်ကုန် တောင်ပိုင်းခရိုင် သီလဝါအထူးစီးပွားရေးဇုန်၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ဖွင့်လှစ်ပေးသည်။ အခမ်းအနားသို့ မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအ ဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အော

Pages