Background
Pacific-AA Motor Ltd.
ထိုင်းနိုင်ငံတွင်ဆန်ကုန်သည် များနှင့် ဆန်စပါးစိုက်ပျိုးသူတောင်သူများအတွက် ဆန်အရောင်းအဝယ် ပြုလုပ်နိုင်မည့်ဗဟိုဈေးကြီး (Central Market) တစ်ခု ဖွင့်လှစ်ရန် ထိုင်း နိုင်ငံအစိုးရက စဉ်းစားနေကြောင်း သိရှိရ သည်။ ထိုင်းနိုင်ငံအနေဖြင့် ဆန်ထုတ် လုပ်မှုနှင့် ပြည်ပသို့ဆန်တင်ပို့မှုများ အများဆုံးပြုလုပ်နေသည့် နိုင်ငံတစ် နိုင်ငံ ဖြစ်သော်လည်း ဆန်အရောင်း အဝယ်အတွက် ထိုင်းနိုင်ငံတွင် ဗဟို ဈေးကြီးမရှိသေးကြောင်း၊ တရုတ် နိုင် ငံ၊ Guangdong ပြည်နယ်တွင် ကောက်ပဲသီးနှံနှင့် ဆီများ အရောင်း အဝယ်ပြုရာ လက်ကားဈေးကြီးဖြစ် သည့် Sanyanqiao Grain and Oil Wholesale Marketသည် စတုရန်း မီတာ ၁ သိန်းကျယ်ဝန်းပြီး တစ်နှစ် လ
မြန်မာနိုင်ငံမှာ အရင့်အရင် အစိုးရလက်ထက်တွေက ကားတင်သွင်းခွင့်တွေကို ပိတ်ပင်ထားခဲ့ရာကနေ တပ်မတော်အစိုးရလက်ထက်ကနေ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းယူခဲ့တဲ့ နိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြည်သူတိုင်းကားစီးနိုင်ရေးဆိုတဲ့ မူဝါဒကိုလက်ကိုင်ထားပြီး ကားတင်သွင်းခွင့်တွေကိုလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့ရာမှာ၂၀၁၁ ခုနှစ် စက်တင်ဘာလ၁၁ ရက်မှာ နှစ်ပေါင်း ၄၀ သက်တမ်းရှိတဲ့ ယာဉ် အိုယာဉ်ဟောင်းတွေကို ပြန်လည်အပ်နှံပြီး နိုင်ငံခြားကနေ ကားတင်သွင်းခွင့်တွေကိုလုပ်ဆောင်ပေးခဲ့ပါတယ်။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံတဲ့ စနစ်အရယာဉ်တင်သွင်းခွင့်ပြုရာမှာ ကားဟောင်းအပ်စလစ်နဲ့တင်သွင်း ခွင့် ပြုခဲ့တာ ပဲဖြစ်ပ
ထိုင်းနိုင်ငံ၏ လက်ဆောင်ပစ္စည်း၊ အရောင်းမြှင့်တင်ရေး သုံးပစ္စည်းနှင့် အလှဆင်ပစ္စည်းများ တင်ပို့မှုမှာ နှစ်နှစ်ကြာ ကျဆင်းလျက်ရှိနေရာမှ အာဆီယံဈေးကွက်သို့တင်ပို့မှု မြင့်တက်လာခြင်းနှင့် မူလက တရုတ်နိုင်ငံမှ လက်ေ ဆာင် ပစ္စည်းမှာယူသူများက ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့မှာယူလာမှု ကြောင့် ယခုနှစ်တွင် ဘတ် ၂၄ဒသမ ၅ ဘီလီယံ ဖိုး ပို့ကုန်တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်တွင် ပို့ကုန်တင်ပို့မှု ပြန်လည်မြင့်တက်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင် ငံ လက်ဆောင်ပစ္စည်း၊ အရောင်းမြှင့်တင်ရေးသုံးပစ္စည်းနှင့် အလှဆင်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချသူများ၏ ပြောကြားချက်အရ သိရှိ ရသည်။
ယခုတစ်ပတ်တောင်ကြီးဈေးကွက်ထဲသို့ ပတ်ဝန်းကျင် ဒေသများမှ ပြောင်းများအဝင်ပိုခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်ပိဿာကို ၁၀ကျပ်ကျပြီး ကျပ် ၂၉၀ (တစ်တန် ၁၇၇၅၉၃ ကျပ်) နဲ့ အရောင်းဈေးကွက်ဖွင့်ခဲ့ပါတ ယ်။ ဈေးကွက်ထဲမှ ပြောင်းများကို ရန်ကုန်၊ မန္တလေးအပြင် မော်လမြိုင်အထိပါ တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်ထက်ပိဿာချိန် ၆၀၀၀၀ ပိုပြီး ပိဿာ ၃၉၀၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁ရက်မှ ၃၀ ရက်အတွင်း ကန်ဒေါ်လာ ၇၂၅၁၃၁၀ တန်ဖိုးရှိ မြေသြဇာ တန်ချိန် ၂၇၇၆၉ ဒသမ ၄၈၂ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ဂျပန်နိုင်ငံ ၊ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ရုရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှ မြေသြဇာများတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ပိုတက်၊ ရွှေန ဂါး၊ နိုက်တြိုဂျင်၊ အမိုးနီးယမ်း ဆာလဖိတ်၊ ပိုတက်ဆီယက် ဖော့စဖိတ်၊ ဖလော်ရာ၊ ရွှေမြေသီး၊ ကွန်ပေါင်း၊ သြဂဲနစ် စတဲ့ မြေသြဇာတံဆိပ်များ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အေ
နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ၃ ရက် အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် ၁၅၀၄၀ တန် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၂၃၀ ကျော် နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၁၄၈၀၀ ကျော် အဝင်ပိုခဲ့ပါတယ်။ ဒီတစ်ပတ်နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၄၅၁၀ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၈၄၃၀ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၆၀၈၀ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပဲမျိုးစုံတန်ချိန် ၂၇ဒသမ ၄၈သိန်း အထိ တင်သွင်းခဲ့ရပါတယ်။ ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရအေဂျင်စီတွေ ဘက်က ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၂၇၄၈၄၇၃ အထိ တင်သွင်းခဲ့ရတာဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ကတော့ ပဲမျိုးစုံ တန်ချိန် ၅၇ဒသမ ၉၇ သိန်း အထိ တင်သွင်းခဲ့ရတယ်လို့ အစားအသောက်နှင့် စားသုံးသူ ရေးရာ ပြည်နယ် ဝန်ကြီး CR Chaudharyu က ထုတ်ပြန်တဲ့စာရင်း ဇယားများအရ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စပါးအဟောင်း ဈေးကွက်မှာ သြဂုတ်နှင့်စက်တင်ဘာတို့တွင် အရောင်းအဝယ် အေးလျက်ရှိရာမှ အောက်တိုဘာ တတိယပတ်မှစတင်၍ ဧည့်မထမိုးစပါးသစ်များ ဈေးကွက်သို့ဝင်ရာက် လာခဲ့ရာပုသိမ် ဈေးကွက်မှာ ၄၆ပေါင်တင်း ၁၀၀ ကို ကျပ် ၃၅၀၀၀၀ ဝန်းကျင် ဈေးနှင့် သီတင်းနှစ်ပတ်လောက်သာ အရောင်းအဝယ် ဖြစ်ခဲ့ ပါတယ်။မိုးလေဝသကင်းလွတ်၍ မြို့နယ်စုံ ရိတ်သိမ်းချိန်စပါး အထွက်လှိုင်လာသော နို ဝင်ဘာလဆန်းရောက်မှသာကောက် စောစပါးများ အရောင်းအဝယ် သွက်ခဲ့ပါတယ်။ စပါးသစ် ၄၆ ပေါင်တင်း ၁၀၀ကို ပုသိမ်ဈေးကွက်တွင် နိုဝင်ဘာက လေး သိန်းဝန်းကျင်ဈေးမှ ယခုလက်ရှိ ကျပ်၄၈၈၀၀၀ဈေး၊ ကျုံပျော် မြို့နယ် မှနိုဝင်ဘာလက ကျပ် ၃၈၀၀၀၀ မှ ယခု ကျပ်
ယခုတစ်ပတ်အတွင်း အစုရှယ်ယာဈေးနှုန်းများ ဆက်လက်ငြိမ်သက် လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကတည်းကငြိမ်သက်ခဲ့သည့် ပြည်တွင်း အစုရှယ်ယာေ ဈးများ သည် ယခုတစ်ပတ်တွင်လည်း အတက်အကျ မဆို သလောက်သာရှိခဲ့ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦးက ပြောကြားခဲ့သည်။