Main menu

Background

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် အစားအစာဘေးကင်းလုံခြုံရေး

Thu, 06/04/2015 - 20:55 -- journal_editor

အတွဲ(၁၅)အမှတ်(၂၀)

အစားအစာ ဘေးကင်းလုံခြုံရေး အစီအမံ တွေနဲ့ စံနှုန်းသတ်မှတ်ချက်တွေကြောင့် ကုန်သွယ် မှုကို အဟန့်အတားဖြစ်စေနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေ က ဈေးကွက်အတွင်း ဝင်ရောက်ရာမှာအထူး သဖြင့် စက်မှုထွန်းကားပြီး ဈေးကွက်များသို့  ဝင် ရောက်ရာမှာ ကုန်သွယ်မှုစွမ်းဆောင်ရည်ကို ထူး ထူးကဲကဲ ကျဆင်းစေနိုင်ပါတယ်။ အစားအစာ ကြောင့်ဖြစ်ရတဲ့ ကျန်းမာရေး  ထိခိုက်မှုတွေကို ပိုမိုသိမြင်နားလည်လာတာနဲ့အမျှ ဒီအစီအမံတွေ ကို တစ်ကမ္ဘာလုံး အတိုင်းအတာအရ ချမှတ်ဆောင် ရွက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။နိုင်ငံတစ်နိုင်ငံကနေ တစ်နိုင်ငံကို တင်သွင်း လာတဲ့ စားသောက်ကုန်တွေဟာ အစားအစာဘေး ကင်းလုံးခြုံမှုစံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီ မှုမရှိတဲ့အတွက် လက်ခံမယ့်နိုင်ငံကငြင်းပယ် တာ ပိတ်ပင်တာကိုလည်း    ခံစားနေကြရပါတယ်။ အစားအစာနဲ့ပတ်သက်တဲ့ ပြဿနာတွေ ပြင်းပြင်း ထန်ထန် ပေါ်လာပြီဆိုရင်တော့ယာယီအစီအမံအဖြစ်ချက်ချင်းပိတ်ပင်မှုတွေပြုလုပ် လာတာကို တွေ့ရပါတယ်။   ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ အစားအစာ လုံခြုံရေးအတွက် သတ်မှတ်ချက်တွေ နဲ့ ကိုက်ညီအောင်  ဆောင်ရွက်လာတဲ့အခါကျပြန် တော့လည်း ဒီလိုကိုက်ညီအောင် ဆောင်ရွက်ရတဲ့ ကုန်ကျစရိတ် မြင့်တက်လာတာကြောင့် သတ်မှတ် ချက်နဲ့ကိုက်ညီအောင်မထုတ်လုပ်တဲ့ ပို့ကုန် လုပ်ငန်းရှင်တွေနဲ့ နှိုင်းယှဉ်ရင် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်က ကျဆင်းတတ်ပါတယ်။  အစားအစာ ဘေးကင်းလုံ ခြုံရေး စည်းမျဉ်းဥပဒေတွေကြောင့် ပို့ကုန်ကိုအား ပြုနေရတဲ့  နိုင်ငံတွေအဖို့  မေခရိုအဆင့်မှာရော  မိုက်ခရိုအဆင့်   နှစ်မျိုးစလုံးမှာ  ထိခိုက်မှုတွေ ရှိ တတ်ပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စည်းမျဉ်းစည်းကမ်း တွေနဲ့   ကိုက်ညီအောင်   ဆောင်ရွက်ရတဲ့အခါ ပုဂ္ဂလိကတစ်ဦးချင်းအနေနဲ့ လိုက်နာဆောင်ရွက် ရမယ့် အပိုင်းတွေရှိသလိုအစိုးရပိုင်းအနေနဲ့လည်း စားသုံးသူပြည်သူတွေ အတွက် ဆောင်ရွက်ပေးရ မယ့် အပိုင်းတွေလည်း ရှိတတ်ပါတယ်။   ဥပမာ အားဖြင့် အစိုးရက ထောက်ခံချက်လက်မှတ်တွေ ထုတ်ပေးဖို့လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းရ သလို ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် ပြုပြင်မှုတွေ ကို ပုဂ္ဂလိက ကဏ္ဍက ဆောင်ရွက်ပေးရမှာဖြစ်ပါ တယ်။  တိုင်းပြည်ဖွံ့ဖြိုးမှုနည်းလေလေ ဒီလိုစည်း မျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင်ဆောင်ရွက်ရတဲ့ ကုန်ကျစရိတ်များလေလေ  ဖြစ်တတ်ပါတယ်။ အကြောင်းရင်းကတော့အစားအစာဘေးကင်းလုံ ခြုံမှုစွမ်းဆောင်ရည်နဲ့ စည်းမျဉ်းစည်းကမ်းတွေရဲ့ စွမ်းအားနည်းတတ်လို့ ဖြစ်ပါ တယ်။ကုန်သွယ်မှုမှာ အစားအစာ ဘေးကင်းလုံခြုံ မှုလိုအပ်ချက်တွေ ပေါ်ပေါက်လာရတာက အစိုးရ က ကြပ်မတ်ကွပ်ကဲမှုတွေကြောင့် ဖြစ်ပါတယ်။ မိမိ  သဘောအလျောက်ဆောင်ရွက်ရတဲ့အစားအစာ ဘေးကင်းရေး စံနှုန်းသတ်မှတ်ချက်တွေကလည်း ကုန်သွယ်မှုမှာ အဟန့်အတားဖြစ်စေတယ်ဆိုတာ ကို လည်းအသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။ စားသုံးသူတွေက  စံနှုန်းသတ်မှတ်ချက်ကို လိုချင် ၍သော်လည်းကောင်း၊  အစားအစာဘေးကင်းရေး ကြပ်မတ်မှုများနဲ့   ညီညွတ်စေဖို့အတွက် လည်း ကောင်း ပို့ကုန်လုပ်ငန်းရှင်တွေဟာ   မိမိသဘောအလျောက် စံနှုန်းတွေသတ်မှတ်ဆောင်ရွက်တတ် ပါတယ်။ဒီလိုစံနှုန်းတွေကို  ကျယ်ကျယ်ပြန့်ပြန့်ကျင့် သုံးလာတဲ့အခါ ဈေးကွက်ထဲမှာ ကျင့်ထုံးတစ်ခုလို ဖြစ်လာပြီး ပို့ကုန်လုပ်ငန်းရှင်တွေမှာ လိုက်နာဖို့က လွဲလို့တခြားနည်းလမ်းတွေမရှိတော့တာကို တွေ့ ရပါတယ်။   သီးခြားလေ့လာစူးစမ်းမှု (Case Study)    များအရ   အစားအစာ  ဘေးကင်းလုံခြုံရေး လိုအပ်ချက်ကြောင့် ပို့ကုန်တွေကို ထိခိုက်လာတာ တွေ့ရပါတယ်။ထိခိုက်မှုရှိတဲ့   ပို့ကုန်အမယ်တွေထဲမှာ ငါး၊ မြေပဲ၊ အသား၊ သီးနှံနဲ့ လတ်ဆတ်တဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။ နိုင်ငံတချို့ရဲ့ တင်းကျပ်တဲ့   သွင်းကုန်တင်သွင်းမှု   စည်းကမ်း ပြဋ္ဌာန်းချက်တွေကြောင့်   ဈေးကွက်ထဲကို   ဝင် ရောက်ခွင့်မရသလို ပို့ကုန်စီးဆင်းမှုတွေကိုလည်း ခြိမ်းခြောက်ခံရတဲ့ အနေအထားတစ်ရပ်နဲ့    ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ပို့ကုန်ဈေးကွက်တွေမှာ အစားအစာဘေး ကင်းလုံခြုံမှုလိုအပ်ချက်တွေက   ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ ဆောင်ရွက်နေတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ အစားအစာထုတ်ကုန်တွေအတွက်ဖြန့်ဖြူးမှုပုံစံကို ဂယက်ရိုက်စေနိုင်ပါတယ်။ဥပမာအားဖြင့် ဥရောပ နိုင်ငံတွေကိုတင်ပို့နေတဲ့ ဟင်းသီးဟင်းရွက်တွေက ဥရောပဈေးကွက်မှာ ပိုးသတ်ဆေးထိန်းချုပ်မှုတွေ နဲ့ရင်ဆိုင်နေရပါတယ်။   အလားတူပဲ ဥရောပ သမဂ္ဂက ကျင့်သုံးနေတဲ့ တင်းကျပ်တဲ့ ကျန်းမာသန့် ရှင်းရေး ကန့်သတ်ချက်တွေကြောင့် အိန္ဒိယပုစွန် ထုတ်လုပ်မှုကဏ္ဍမှာယာယီလုပ်သားများကို မသုံး နိုင်တော့ဘဲအမြဲတမ်း လုပ်သားများခန့်အပ် လုပ် ဆောင်ရတဲ့ အခြေအနေကို ရောက်ရှိစေခဲ့ပါတယ်။

SPS  သဘောတူညီချက်
အစားအစာ  ဘေးကင်းလုံခြုံရေးနဲ့ပတ် သက်တဲ့စည်းမျဉ်းတွေကို  သတ်မှတ်ပြဋ္ဌာန်းပြီး အရေးယူဆောင်ရွက်ရာမှာ  ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) ရဲ့ သန့်ရှင်းရေးနဲ့   ပိုးမွှားကင်းစင်ရေး သဘောတူညီချက်   (Sanitary and Phyto- sanitary -SPS- Agreement) အရ စားသုံးသူ တွေရဲ့ အသက်နဲ့ ကျန်းမာရေးကို  ကာကွယ်ရန်အတွက် တရားဝင် လုပ်ကိုင်ဆောင်ရွက်ခွင့်တွေကို သက်ဆိုင်ရာနိုင်ငံတွေကို  လုပ်ကိုင်ခွင့်ပေးထား ပါတယ်။ ဒါပေမယ့် ဒီအစီအမံတွေက သိပ္ပံနည်း ကျပြီး တရားမျှတမှုရှိရမှာဖြစ်သလို  မလိုအပ်ဘဲ ကုန်သွယ်မှုကို ထိခိုက်မှုမဖြစ်စေရပါဘူး။ဒါပေမWTO    သဘောတူညီချက်အရ ဆောင်ရွက်မယ်ဆိုရင် စွန့်စားမှု အန္တရာယ်ကိုလက် သင့်ခံနိုင်တဲ့ အဆင့် ထိ  ထိန်းထားဖို့လိုပါတယ်။ နိုင်ငံတစ်နိုင်ငံက  ကာကွယ်မှုအဆင့်ကို လက်ခံနိုင်တဲ့ အဆင့်အထိပြဋ္ဌာန်းထားရင် WTO အဖွဲ့ ဝင်နိုင်ငံတွေက  တခြားနိုင်ငံတွေရဲ့ အစားအစာ လုံခြုံရေးအစီအ မံတွေ ကို လေးစား လိုက်နာ ရမှာ ဖြစ်ပါတယ်။ အစီအမံသစ်တွေကို   မပြဋ္ဌာန်းမီ  ကနေတစ်ဆင့် ပုံမှန်အကြောင်းကြားချက် ကိုပြုလုပ်ရမှာ  ဖြစ်ပါတယ်။ တခြားနိုင်ငံတွေက ဝေဖန်ချက်တွေပေးနိုင်ဖို့လည်း အချိန်ပေးရပါ မယ်။စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့   နှိုင်း ယှဉ်ရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အစားအစာ ဘေးကင်းလုံခြုံမှု စည်းမျဉ်းဥပဒေတွေကို  အကောင်အထည်ဖော် ရာမှာ တင်းကျပ်မှုနည်းတဲ့အတွက်ယေဘုယျအား ဖြငWTO  သဘောတူညီချက်က ပွင့်လင်းမြင်သာမှု ကို တိုးတက်ကောင်းမွန်အောင်  ဆောင်ရွက်ခြင်း၊ တစ်ပြေးညီဖြစ်မှုကို  မြှင့်တင်ခြင်းနဲ့ သိပ္ပံနည်းကျဖြစ်တဲ့မျှတမှုပေးစွမ်းနိုင်တဲ့ အစီအမံကို အကောင် အထည်ဖော်ခြင်းဖြင့် ကုန်သွယ်မှုကို လွယ်ကူချော မွေ့ မှုရှိ အောင်အထောက် အကူဖြစ်စေရပါ မယ်။ ဒါပေမယ့်ပြုပြင်ပြောင်းလဲထားတဲ့ နယ်ပယ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ထိထိရောက်ရောက်ဆောင် ရွက်နိုင်မှုအပေါ် မှာ  အများကြီးမူတည်နေပါတယ်။SPS အစီအမံတွေနဲ့  ကိုက်ညီအောင်အကောင် အထည်ဖော်ဆောင်ရွက်ရာမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုအသိအမှတ်ပြုပြီး လွယ်ကူချောမွေ့မှုရှိအောင်  ဆောင်ရွက်ပေးပါ တယ်။ထို့ပြင် သီးခြားဆောင်ရွက်ဖို့  လိုအပ်ရင် လည်း   ဆောင်ရွက်ခွင့်ေ တွ  ပေး ထား ပါတယ်။ အစားအစာ ဘေးကင်းလုံခြုံရေးနဲ့ SPSှ အစီအမံ တွေကိုချမှတ်တဲ့အခါ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေတဲ့နိုင်ငံတွေရဲ့ လို အပ်ချက်တွေကို  ထည့်သွင်းစဉ်းစားဖို့ အဖွဲ့ဝင် နိုင် ငံတွေ ကို ညွှန်ကြား ထားပါတယ်။ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်   အကောင်အထည်ဖော်ရေးပြဿနာတွေကWTO ရဲ့ ၂၀၀၁ ခုနှစ် ဒိုဟာအစည်းအဝေးမတိုင်ကတည်းက စေ့ စပ်ညှိနှိုင်းခဲ့ကြပါတယ်။ ဒီညှိနှိုင်းမှုတွေမှာ ပါဝင်သူတွေက (၁) နိုင်ငံ အသီးသီးမှာ တူညီတဲ့စည်းမျဉ်း ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့အတွက်  ကောင်းမွန်တဲ့ လမ်းညွှန်ချက်တွေ လိုအပ်တယ်ဆိုတဲ့ အချက်ကို လည်းကောင်း (၂)စံနှုန်းသတ်မှတ်ရာတွင် ပါဝင် ဆောင်ရွက်ရေးကိုအားပေးရန် ဖွံ့ဖြိုးဆဲနိုင်ငံတွေ က အဓိက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ ထံမှ အကူအညီရယူဖို့  လိုတယ်ဆိုတဲ့အချက်ကိုလည်းကောင်း (၃) အပြည်ပြည်ဆိုင်ရာစံနှုန်းသတ် မှတ်ရေးအဖွဲ့အစည်းများတွင် အလွယ်တကူပါဝင် နိုင်ရေး အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက  ငွေကြေးနဲ့ နည်းပညာ    အကူအညီရယူဖို့    လိုတယ်ဆိုတဲ့ အချက်ကိုလည်းကောင်း  သဘောတူညီခဲ့ကြပါ တယ်။ လိုက်နာဆောင်ရွက်ရာ မှာကြုံတွေ့ ရတဲ့ အဟန့်အတားများပို့ကုန်ဈေးကွက်တွေ မှာနဲ့ SPS သဘော တူညီချက်တွေမှာပါဝင်တဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့ ညီညွတ်ဖို့အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အစားအစာဘေးကင်းလုံခြုံရေးစွမ်း ရည်တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မယ် ဆိုရင် ရင်းနှီးမြှုပ်နှံမှု အထိုက်အလျောက် လိုအပ် မှာဖြစ်ပါတယ်။ကမ္ဘာ့ကုန်သွယ်မှုမှာ အသုံးပြုတဲ့ စံနှုန်းတွေ ကို  စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေက  အများကြီး ချ မှတ်ထားတဲ့အတွက် ဒီသတ်မှတ်ချက်တွေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ်မှာ    ဝန်ထုပ်ဝန်ပိုးတွေ ကျရောက်လျက်ရှိပါတယ်။  ထိုမျှမ ကလောလော ဆယ်ကာလမှာ အစားအစာ ဘေးကင်းလုံခြုံရေး အစီအမံတွေကနေ  သူတို့ပို့ကုန်တွေကို အကာအကွယ်ပေးနိုင်ဖို့အတွက်သော် လည်းကောင်း သွင်းကုန် လုပ်ငန်းတွေမှာ   လိုအပ်တဲ့ သတ်မှတ် ချက်တွေကို ချမှတ်ဖို့အတွက်သော်  လည်းကောင်း၊ ှSPS  သဘောတူညီချက်ပါ   ပြဋ္ဌာန်းချက်တွေကို ထုတ်ယူသုံးစွဲဖို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အင် အားမရှိတာ ကို တွေ့ရပါ တယ် ။ထိရောက်တဲ့  အစားအစာဘေးကင်းလုံခြုံ ရေးထိန်းချုပ်မှုတွေကို အကောင်အထည်ဖော်နိုင် တဲ့စွမ်းရည်က ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လယ်ယာစိုက် ပျိုးရေးနဲ့ အစားအစာပို့ကုန်တွေအတွက်အလွန် အရေးပါပါတယ်။  ဥပမာအားဖြင့် တင်သွင်းတဲ့  နိုင်ငံတွေက အစားအစာထုတ်ကုန်တွေကိုထုတ် လုပ်ရာမှာ သန့်ရှင်းရေးနဲ့  ပတ်သက်တဲ့ စံနှုန်းနဲ့ ကိုက်ညီကြောင်းနဲ့ သစ်သီးနဲ့  ဟင်းသီးဟင်းရွက် တွေမှာ ပိုးသတ်ဆေးပြင်းတွေ လွန်လွန်ကဲကဲ မရှိကြောင်း အာမခံချက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ပို့ကုန်တင်ပို့တဲ့နိုင်ငံက သတ်မှတ်ချက်တွေ အတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ သတ်မှတ်ချက် တွေအတိုင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သက်သေ ပြနိုင်ဖို့လို အပ်ပါတယ်။အခြေခံကျတဲ့သိပ္ပံနဲ့ နည်း ပညာဆိုင်ရာ အခြေခံအဆောက်အအုံရှိဖို့ဆိုတာ အရေးကြီးသလို  အုပ်ချုပ်မှုအတွက် ဖွဲ့စည်းတည် ဆောက်ပုံ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနဲ့ လူသားအရင်းအမြစ်မတည်ရင်းနှီးမှုကလည်း အရေးပါတဲ့ အခြေ ခံအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။  တကယ်တော့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ စီမံခန့်ခွဲမှု သို့မဟုတ် ရေ ရှည်တည်တံ့နိုင်မယ့်အရင်းအမြစ်တွေက အစား အစာ ဘေးကင်းလုံခြုံရေးထိန်းချုပ်မှုတွေအတွက် အရေးတကြီးလိုအပ်တယ်ဆိုတာကို နိုင်ငံအများ အပြားရဲ့ အတွေ့အကြုံတွေ အရသိရပါတယ်။