
သစ်သီးဝလံများ၊ ပန်းမန်များနှင့် ဟင်းသီးဟင်းရွက်များကို ပြည်ပတင်ပို့မှုသည် အထိုက်အလျှောက် တိုးတက်လာသည်ကို တွေ့နေရပါသည်။ ကျွန်တော်တို့ ၂၀၀၅ ခုနှစ်လောက်က မူဆယ်ကို ရောက်ရှိစဉ်က မူဆယ်တွင် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းကြီးကို စတင်အကောင်အထည်ဖော်ခါစ ဖြစ်ပါသည်။ ထိုစဉ်က ပြည်ပသို့ သစ်သီး ဝလံများ တင်ပို့မှုသည် ယခုလို မတွေ့နိုင်သေးပါ။ ထိုအချိန် က သစ်သီးဝလံ၊ တင်ပို့မှုများကို နယ်စပ်ကုန်သွယ်မှု တွင် အလွတ် သဘော ရောင်းဝယ်နေရာမှ ထိုအချိန်က ဝန်ကြီး ဦးတင်နိုင်သိန်းနှင့် ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းတို့၏ ကြိုးပမ်းမှုကြောင့်များစွာ ပြောင်းလဲ လာခဲ့ပါသည်။ များစွာတိုးတက်လာခဲ့ပါသည်။ ထိုအချိန်က လက်ရှိ ပြ ည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှာ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ဥက္ကဋ္ဌ အဖြစ်တက်ကြွစွာ တာဝန် ယူနေသည့်ကာလ ဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီး ဟင်း ရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများ အသင်းကြီး ပေါ်ပေါက်လာပြီး၊ ဥက္ကဋ္ဌမှာ လက်ရှိ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သော ဦးဝင်းအောင် ဖြစ်ပါ သည်။ ထိုစဉ်က ဝန်ကြီးနှင့် ဒု တိယဝန်ကြီး တို့သည် သစ်သီးဝလံ ပြည်ပတင်ပို့မှုကို များစွာအားပေးခဲ့ပြီး အစွမ်းကုန် တွန်းတင်ပေး ခဲ့ပါသည်။ မူဆယ်မှ သစ်သီးဝလံ ကုန်သည် များ၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းတောင် စသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ခြံပိုင်ရှင်များ၊ ကို များစွာ အားပေးပြီး၊ ပြည်ပတင်ပို့ရန် အားပေးခဲ့ပါသည်။ လိုအပ်သော အခက်အခဲများကိုလည်း ပြေလည် အောင် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။ ယခုအခါတွင် ယင်း အသင်းကြီး၏ သက်တမ်းပင် ၁၀ နှစ်သို့ တိုင်လာပြီး၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအားလုံး တိုးတက်ဖွံ့ဖြိုးရန် များစွာအကျိုးပြုနိုင်ခဲ့ပါသည်။ စိုက်ပျိုးထုတ်လုပ်သူများသာမက၊ တင်ပို့ရောင်းချသူများ၊ ပြည်ပ တင်ပို့သူ များပါ ပါဝင်စေချင်သဖြင့် ယင်းနာမည်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ တစ်နည်းပြောရလျှင် Fruits and Vegetables Industry or Supply Chain တစ်ခုလုံး Stakeholder အားလုံးပါဝင်လာစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါ သည်။
သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် အသင်းကြီး အနေဖြင့် ဆယ်နှစ်တာခရီးအတွင်းများစွာ ဖွံ့ဖြိုးတိုးတက်လာ သော်လည်း၊ လိုအပ်ချက်များလည်းများစွာရှိနေသေးကြောင်း တွေ့နေရပါသည်။ ယင်းအသင်းကြီးနှင့် ဆက်စပ်ပြီး၊ သစ်သီးဝလံ ပြည်ပ တင်ပို့မှုများကို လေ့လာကြည့်ရာတွင်- ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်သစ်သီးဝလံမျိုးစုံတန်ချိန် ၃၇၇၃၀၈ တန်၊ တန်ဖိုး၊ ဒေါ်လာ သန်းပေါင်း ၆၉ ဒသမ ၇၂၉၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် သစ် သီးဝလံမျိုးစုံ တန်ချိန် ၄၂၁၇၀၇ တန်၊ တန်ဖိုး၊ ဒေါ်လာ သန်းပေါင်း ၇၅ ဒသမ၂၆၇၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် သစ်သီးဝလံမျိုးစုံတန်ချိန် ၆၁၂၂၄၂ တန်၊ တန်ဖိုး၊ ဒေါ်လာ သန်းပေါင်း ၉၆ ဒသမ ၀၅၃၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှ စ်တွင် သစ်သီးဝလံမျိုးစုံတန်ချိန် ၆၉၈၇၅၂ တန်၊ တန်ဖိုး၊ ဒေါ်လာ သန်းပေါင်း ၁၀၇ ဒသမ ၁၄၁၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မတ်လ ၄ ရက် အထိ တန်ချိန် ၅၄၆၄၀၁ တန်၊ တန်ဖိုး၊ ဒေါ်လာ သန်းပေါင်း ၇၀ ဒသမ ၁၇၅ ဖြစ်ကြော င်း တွေ့ရပါ သည်။ သို့ဖြစ်၍ တစ်နှစ်ပြီး တစ်နှစ် တိုးတက်လာကြောင်းတွေ့နိုင်သော်လည်း ၊ ပြည်ပ တင်ပို့သည် ဆိုသော်လည်း အဓိက တင်ပို့နေ သည့် နည်းလမ်းမှာ တရုတ်နိုင်ငံသို့ မူဆယ်မှ တစ်ဆင့် နယ်စပ် ကုန်သွယ်မှု နည်းလမ်း ဖြင့်သာ အများဆုံး ဆောင်ရွက်ကြောင်း တွေ့နိုင်ပါသည်။ တစ်နည်းပြောရလျှင် ရေကြောင်းနှင့် လေကြောင်း မှ တင်ပို့နိုင်မှုမှာမရှိသလောက်နည်းပါးနေသည့် သဘောဖြစ်ပါ သည်။ ထို့အပြင် အပူအအေး ထိန်းညှိနို င်သည့် အအေးခန်းကွန်တိန် နာများ၊ အအေးခန်းသိုလှောင်ရုံများ၊ အအေးခန်းကားများဖြင့် နည်းပညာ သုံးပြီးတင်ပို့ခြင်း၊ သိုလှောင်ခြင်းများ ဆောင်ရွက်နိုင်မှု အားနည်းသေးခြင်းကြောင့် အခြားပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်ရန် လိုအပ်ချက်များရှိနေသေးကြောင်း တွေ့ရပါသည်။ တင်ပို့မှုမှာ သစ်သီးစိမ်းအတိုင်း တင်ပို့နေပြီး၊ အာမခံချက် စာရွက်စာတမ်းများ လည်း ထုတ်ပေးနိုင်ရန်၊ တောင်သူ၊ ခြံပိုင်ရှင်၊ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမို တိုးတက်လာမည် ဖြစ်ပါသည်။ ထို့အပြင်နိုင်ငံအတွင်း အခြေခံအဆောက်အဦ အားနည်းခြင်း ကြောင့်လည်း နည်းပညာပိုင်းတွင် တိုးတက်မှုအားနည်းခဲ့ပါသည်။ တစ်နည်းအားဖြင့် စက်မှုလုပ်ငန်းများလုပ်ဆောင်ရန်အတွက် လျှပ် စစ်မီးမှန်မှန်ရရန်၊ အားအပြည့်ရရှိရန် အာမခံချက်ရှိရန်လည်း လိုနေသေးခြင်းကြောင့် အအေးခန်းသိုလှောင်မှုစနစ်၊ အအေးခန်း သယ်ပို့မှု စနစ်များ အားနည်းနေသေးကြောင်း တွေ့ရပါသည်။ နည်းပညာပိုင်း နှင့် Certification အပိုင်းတွင် နည်းစနစ်တကျ ဆောင်ရွက်နိုင်မှသာ မိမိတို့အတွက် ဈေးကွက်ကျယ်ပြန့်အောင်၊ နိုင်ငံတကာ ဈေးကွက်သို့ တက်လှမ်းနိုင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
စိုက်ပျိုးရေး နည်းစနစ်ပိုင်းတွင်လည်း ခေတ်မီနည်းများကို ပိုမို သုံးစွဲရန်လိုအပ်နေပြီး ယခု မြန်မာနိုင်ငံမှ အများဆုံးတင်ပို့နေတဲ့ ဖရဲသီးမှာ တရုတ်နည်းစနစ်ကိုသုံးစွဲ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရပြီး၊ အခြားဖရဲ စိုက်ပျိုး သည့် နိုင်ငံများထံမှ နည်းစနစ်များကို လည်း လေ့လာသုံးစွဲရန် လိုအပ်မည် ဖြစ်ပါသည်။ ယခုကဲ့သို့ တိုးတက်လာ သော သစ်သီးဝလံ ပြည်ပတင်ပို့မှုကို ကြည့်ပြီး အားရ ကျေနပ်စရာ ရှိသည်ဟု ယူဆမိသော်လည်း သစ်သီးဝလံ ကို ပြည်ပမှ တင်သွင်းနေမှု လည်း ရှိကြောင်းတွေ့နေရပါသည်။ ပြည်ပမှ တင်သွင်းမှုကို ငါးနှစ်စာ လေ့လာကြည့်ရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် သစ်သီးစုံ တန်ချိန်၊ ၅၂၀၇၉တန်၊ တန်ဖိုး၊ ဒေါ်လာ သန်းပေါင်း ၂၅ ဒသမ ၀၀၀။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် သစ်သီးစုံတန်ချိန်၊ ၈၄၃၁၁တန်၊ တန်ဖိုး၊ ဒေါ်လာ သန်းပေါင်း ၆၄ ဒသမ ၈၆၃ ဘဏ္ဍာနှစ်တွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် သစ်သီးစုံတန်ချိန်၊ ၇၉၄၀၇တန်၊ တန်ဖိုး၊ ဒေါ်လာ သန်းပေါင်း ၃၂ ဒသမ ၉၉၀။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် သစ်သီးစုံတန်ချိန်၊ ၇၈၆၀၈တန်၊ တန်ဖိုး၊ ဒေါ်လာ သန်းပေါင်း ၃၀ ဒသမ၂၃၂။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မတ်လ ၄ ရက်အထိ သစ်သီးစုံတန်ချိန်၊ ၁၀၉၅၄၆တန်၊ တန်ဖိုး၊ ဒေါ်လာ သန်းပေါင်း၃၉ ဒသမ၇၄၈ ရှိကြောင်း တွေ့ရှိရပါသည်။ ယင်းကိန်းဂဏန်းများကို ကြည့်ခြင်းဖြင့် ပြည်ပတင်ပို့မှု၏ တန်ဖိုးတစ်ဝက်မျှကို ပြည်ပမှ သစ်သီးများ ပြန်လည်တင်သွင်းပြီး ပြည်သူများစားသုံးနေသည်ကို တွေ့နိုင်ပါသည်။ ယင်းအချက်ကို လည်း သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအနေဖြင့် သတိမူရန်လိုအပ်ပါသည်။ ပြည်ပမှ ဝင်ရောက်လာသော သစ်သီး များမှာ အရည်အသွေးအားဖြင့် မျက်မြင်တွင် အလွန်တင့်တယ် ကြောင်းေ တွ့နေရပါသည်။ မိမိတို့ တင်ပို့တဲ့ သစ်သီးများ၏ အရည် အသွေးများကိုမူ မည်သူမျှ တိတိကျကျ မပြောနိုင်သည့် အခြေအနေ ဖြစ်ပါသည်။
ကျွန်တော်တို့သည် ယင်းအကြောင်းများကို အခြေခံပြီး၊ ပြည်ပသို့ သစ်သီးဝလံ၊ ပန်းမန်များတိုးတက် တင်ပို့နိုင်ရေးအတွကSupply Chain တစ်ခုလုံး တိုးတက်မှ အောင်မြင် ဖြစ်ထွန်းနိုင်မည် ဖြစ်ပါသဖြင့် စဉ်ဆက်မ ပြတ် တိုးတက်နေရန် ရည်ရွယ်ပြီး၊ ''သစ်သီး ဝလံနှင့် ပန်းမန် ပြည်ပပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ'' ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးရုံးခန်းမ၌ မတ် ၁၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်း အလုပ်ရုံေ ဆွးနွေးပွဲ တွင် မူလက အစိုးရ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ ၂၅ဦး၊ အသင်းမှ ၅၀ ဦး၊ ပေါင်း ၇၅ ဦးဖြင့် ဆွေးနွေးသွားရန် စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် အစိုးရဌာနများမှ ၃၅ ဦးနှင့် အသင်းမှ စီအီးစီများ ဦးဆောင်ပြီး၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အသင်းဝင်များ၊ ကိုယ်တိုင်စိုက်ပျိုးထုတ် လုပ်သကဲ့သို့ တင်ပို့ရောင်းချမှုပါ ပြုလုပ်နေသူများပါ တက်<ကစွာ တက်ရောက်ခဲ့သဖြင့် စုစုပေါင်း တက်ရောက်ေ ဆွးနွေးသူ အင်အား ၁၂၀ အထိ ရှိခဲ့ပါသည်။ ယင်း အလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် နှင့် ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ အမြဲတမ်းအတွင်းဝန် ဦး တိုးအောင်မြင့်၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ၏ ညွန်ကြားရေးမှူးချုပ် ဦးလှမော်ဦး၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ၏ ဥက္ကဋ္ဌ ဦးစိုး သန်းမင်းဒင် တို့တက်ရောက် အမှာစကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက်တွင် Supply Chain ၏ စိုက်ပျိုး ထုတ်လုပ်မှုအပိုင်း၊ သိုလှောင်မှုအပိုင်း၊ အခွန်အခ များအပိုင်းနှင့် မူဆယ်နယ်စပ်တွင် သစ်သီးဝလံ တင်ပို့ ရောင်းချ ရာ တွင် တွေ့ကြုံရသော အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း များနှင့် စိန်ခေါ်မှုများကို စာတမ်းများ အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ ကြပါသည်။ နေ့လယ်ပိုင်းတွင် အဆိုပါChain တစ်ခုလုံး၏ အားသာ ချက်၊ အားနည်းချက်၊ အခွင့်အလမ်းများနှင့် စိန်ခေါ်ချက်များကို စားပွဲဝိုင်း လေးဝိုင်းခွဲခြားကာ စိတ်ပါဝင်စားစွာ ဖြင့် အားတက်သရော ဆွေးနွေးခဲ့ကြပါသည်။ စားပွဲဝိုင်းသုံးတွင် ပါဝင်ဆွေးနွေးသူ ဦးသစ္စာ (ဘုတလင်)၏ ဆွေးနွေးချက်များသည် လက်ေ တွ့နယ်ပယ်မှအကြောင်း အရာများဖြစ်သဖြင့် အလွန်ပင်ကောင်းမွန်သည်ကို တွေ့ရပါသည်။ အားတက်စရာ၊ စိတ်ပျက်စရာ၊ မခံချင်စရာ အချက်အလက် မျိုးစုံဖြင့် ရော>ပမ်းနေသဖြင့် အရသာ အမျိုးမျိုးကို ပေးစွမ်းသည့် သရက် သီးကို စားနေရသကဲ့သို့ပင် ခံစားရပါသည်။ ထို့အပြင် သစ်သီးဝလံစိုက်ပျိုး ပြီး မူဆယ်နယ်စပ်သို့ ကိုယ်တိုင်သွားရောက် ရောင်းချသည့် စွန့်ဦး တီထွင် လုပ်ငန်းရှင်တစ်ဦး၏ ဘဝကိုလည်း စာနာနားလည်မိပါသည်။ မူဆယ် ပွဲရုံမှ ဂျုတီခဟု ဖော်ပြကာ ကား တစ်စီး လျှင် ၇၀၀၀၀ ကျပ် မှ ၁၀၀၀၀၀ ကျပ်ခန့်အထိဖြတ်တောက်ခံရမှု၊ မူဆယ် ပွဲရုံနှင့် ကုန်စည် ဒိုင်တွင် ဈေးတန်းတစ်ခုပြတ်ပြီးမှ ဝယ်သူ တစ်ဖက်နိုင်ငံကုန်သည်က ဈေးလျှော့ပြီး ပေးချေမှု၊ ပွဲစား ကလည်း လေလံပြတ်ဈေးကို ပွင့်လင်း မြင်သာစွာ မပြောဘဲ လက်သိပ်ထိုး ဆောင်ရွက်မှု၊ မူဆယ် (၁၀၅) မိုင်ရှိ ပွဲရုံနေရာတွင် ဈေးပြတ်ပါလျက် နယ်စပ် တစ်ဖက်ရှိ ကြယ်ခေါင် သိုလှောင်ရုံ အထိခေါက်တိုသယ်ခကို လာရောက်ေ ရာင်းချသူက ပေးချေရမှုစသည့် အချက်များကို ကြားသိရပါသည်။ မူဆယ်ပွဲရုံများ မှလည်း ခြံပိုင်ရှင်များအား လာရောက်ရောင်းချချိန်တွင် တည်းခို စရာနှင့် ကျွေးမွေးဧည့်ခံရမှု၊ သစ်သီးဝလံစိုက်ပျိုးရာတွင် တောင်သူ နှင့် ခြံပိုင်ရှင် များ အား ကြိုတင် ငွေထုတ်ပေးရမှု၊ တစ်ဖက်နိုင်ငံမှ ကုန်သည်မှ လိမ်လည်ခံရမှု၊ သစ်သီးဈေးကျဆင်းသည့်အခါ အခက် အခဲတွေ့ရမှု စသည့် အချက်များကိုလည်း ကြားသိခဲ့ရပါသည်။ ယင်း တို့နှစ်ဖက်ကြားတွင် အဓိက ပြဿနာတ စ်ခုမှာ ကြိုတင်ခွန် ၂ ရာခိုင် နှုန်းကို လာရောက် ရောင်းချ သူများထံမှ ပွဲစားများက ဖြတ်တောက် ရယူနေကြောင်းလည်းတွေ့မြင်နေရပါသည်။ အခြားသော ဆွေးနွေး မှုများတွင် သရက်စိုက်ပျိုးထုတ်လုပ်ပုံကို မန္တလေးတိုင်းဒေသြ ကီး၊ မြစ်သား မြို့နယ် မြနဒီ သရက်ခြံမှ ခြံမန်နေဂျာ ဦးစော ဇော်ဇော်ဂျိမ်းစ် ၏ ဖတ်ကြားဆွေးနွေးမှုတွင် သရက်ပင်တွင် ပန်းပွင့်များ များပြားစွာ ပွင့်သော်လည်း အသီးအနည်းငယ်သာ တင်သည်ဟု ပြောသည့် ကိစ္စနှင့် ပတ်သက် ပြီး၊ သရက်ပင်၏ သဘာဝမှာ ပင်ခြား ဝတ်မှုန် ကူးနိုင်သကဲ့သို့ ပင်တည်းဝတ်မှုန်ကူးနိုင်သော လိင်စုံအပင်ဖြစ်ကြောင်း၊ တစ်ပင်တည်းတွင် ပထမအကြိမ် အပွင့်ပွင်ရာတွင် အမဝတ်ဆံပန်း မှာရာခိုင်နှုန်းများပြီး၊ အဖိုဝတ်ဆံအပွင့်မှ ၂၀ ရာခိုင်နှုန်းခန့်သာ ပါဝင်တတ်ကြောင်း၊ နောက်ထပ် အပွင့်ပွင့်ရာ၌ အဆိုပါ ရာခိုင်နှုန်း ထက် အဖိုဝတ်ဆံပါဝင်မှုမှာ ပိုနည်းပါးတတ်ကြောင်းတို့ကို ဆွေးနွေး ပြီး ယင်းအချက်ကို သဘာပတိမှလည်း ပြန်လည်ဆွေးနွေးရာတွင်
အလေးအနက် သိသင့်သောအချက်အဖြစ် ထည့်သွင်းဆွေးနွေး သွားသည်ကို မှတ်သားရပါသည်။
ဒုတိယစာတမ်းရှင် ဦးဇော်ဝင်း၏ Cold Chain အကြောင်းနှင့် ပတ်သက်ပြီး၊ အတွေးဝင်မိသည်မှာ လက်ရှိတွင် ယင်း အအေးခန်း သိုလှောင်ရုံမျိုး မြန်မာနိုင်ငံတွင် မရှိသေးသော်လည်း မကြာမီတွင် ဖြစ်ထွန်းလာနိုင်သဖြင့် သစ်သီးဝလံ တင်ပို့ရောင်းချသူများ အနေနှင့် သိသင့်တဲ့ အကြောင်းအရာတစ်ခုဖြစ်ကြောင်း သတိထားမိပါသည်။ ထို့အပြင် လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ အကောင်အထည် ဖော်နေတဲ့ သစ်သီးဝလံ လက်ကားဈေးကြီး တွင် ယင်းအအေးခန်း သိုလှောင်ရုံများကိုပါ ထည့်သွင်းဆောက်လုပ်ရန်ရှိသဖြင့် ဆက်စပ် ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးရှိပြီးပြောင်းလဲမှု မြန် ဆန်လာမည်ဖြစ်ပါသည်။ အသင်းက မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နို င်ငံသို့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရာတွင် ကြုံတွေ့နေ ရသော အခက်အခဲများ၊ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ ရှင်းလင်း သွားနိုင်ခဲ့ပါသည်။ ဆက်လက်ပြီး ယင်းအခက်အခဲများကို ပူးပေါင်း အဖြေရှာ သွားရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲ များကို မကြာခဏ ဆောင်ရွက်နိုင်ပါက တိုးတက်မှု မြန်ဆန်မည်မှာ သေချာလှပါသည်။ နေ့တစ်ပိုင်းလုံး စိုက်ပျိုးရေးအပိုင်း၊ သိုလှောင် တင်ပို့ရေး အပိုင်း၊ အခွန်အခအပိုင်း၊ အခက်အခဲ များ၊ ဖြ ည့်ဆည်း ပေးရမည့် အချက်များကို တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြသည်ကို များစွာ အားရမိပါသည်။ ယင်းဆွေးနွေးပွဲမှ အချက် ၂၁ ချက်ကို ဖော် ထုတ်နိုင်ခဲ့ပြီး ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြပါ သည်-
(၁) သစ်သီးဝလံအသင်း၊ အစုအဖွဲ့များနှင့် ဇုန်များ စဉ်ဆက် မပြတ် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်သွားရန်၊
(၂) သစ်သီးဝလံ၊ ပန်းမန်ဈေးကွက် တိုးချဲ့ရာတွင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှသာမက ပင်လယ်ရေ ကြောင်းလမ်းမှ အခြားပြည်ပနိုင်ငံများသို့တိုးချဲ့တင်ပို့ ရေးအတွက်လည်း ဆောင် ရွက်သွားရန်၊
(၃) ပြည်ပသို့ သရက်သီးတင်ပို့ရာတွင် စိန်တလုံးတစ်မျိုး တည်းကိုသာ အားထား၍တင်ပို့နေခြင်းအစား ဒေသ အလိုက် အမည်ရပြီးအမျိုးအစားများဖြစ်သည့် (မြကျောက်၊ ဟင်္သာ၊ မချစ်စု) များကို လည်း ပြည်ပသို့ တင်ပို့နိုင် သည့် အရေအတွက်များများ ရရှိစေရန်အတွက် တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်တင်ပို့သွားနိုင်ရေး စီမံဆောင်ရွက်သွားရန်၊
(၄) သရက်ကို စဉ်ဆက်မပြတ် စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင် ရေးနှင့် အရည်အသွေးကောင်းသည့် သရက်မျိုးများကို တိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကွင်းဆင်း ပညာပေးမှုများ ဆောင်ရွက်သွားရန်၊
(၅) မြန်မာ့ဖရဲ၊ သခွားမွှေးစိုက်ပျိုးသည့် ဒေသများတွင် တိုင်း ရင်းသားအမည်ခံပြီး၊ ပြည်ပနိုင်ငံသားများက တရားမဝင် ရင်းနှီးမြှုပ်နှံ စိုက်ပျိုးထုတ်လုပ်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင်နှင့် ဌာနများမှ တားဆီး ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန်၊
(၆) သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်ရန်အတွက် အရည်အသွေး မှန်၊ မျိုးစေ့များနှင့် စနစ်တကျ မှတ်ပုံတင်ထားသော မျိုးစေ့များကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် အသင်းအဖွဲ့များ ချိတ်ဆက် ဆောင်ရွက်ရန်၊
(၇) သွင်းအားစုများဖြစ်သည့် မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ပတ်သက်ပြီး သုံးစွဲသူတောင်သူများ အရည်အသွေးမီပြီး အာမခံချက်ရှိသော ပစ္စည်းများ ဝယ်ယူသုံးစွဲခွင့်ရှိရေးကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများက ထိထိေ ရာက်ရောက် ကြီးကြပ်ကွပ်ကဲနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ရန်၊
(၈) သရက်တွင် ပန်းပွင့်ပြီး အသီးမတင်သည့်ကိစ္စကို စိုက်ပျိုး သူ တောင်သူများသိရှိစေရန်အတွက် သစ်သီးဝလံ စိုက် ပျိုးထုတ်လုပ်သည့် နည်းပညာများကို သစ်သီးဝလံ အသင်းနှင့် စိုက်ပျိုးရေးဌာနတို့ပူးပေါင်း၍ ခေတ်မီန ည်း စနစ်များ ဖြန့်ဝေသွားရန်၊
(၉) မန္တလေးတိုင်းဒေသကြီးအတွင်း၌ သရက်သီးများတွင် စေ့ထိုးပိုး တွေ့ရှိလာကြောင်း စာတမ်းရှင်၏ တင်ပြချက် ကို အလေးအနက်ထားပြီး သစ်သီးဝလံအသင်းမှ ပူး ပေါင်းဆောင်ရွက် သွားရန်၊
(၁၀) လက်ရှိအချိန်တွင် သစ်သီးဝလံပန်းမန်များ ပြည်ပတိုး မြှင့်တင်ပို့နိုင်ဖို့ITC Individual Trading Card တစ်ခု လျှင် ကုန်သွယ်ခွင့်တန်ဖိုးကို တစ်ပတ်လျင် သိန်းတစ်ရာ ကန့်သတ်ထားခြင်း၊ ကတ်ပြုလုပ်ခွင့်ကို ဒေသကန့် သတ် ထားခြင်းများနှင့် ပတ်သက်၍ သစ်သီးဝလံ စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချနေသည့် တောင်သူများအကျိုးအတွက် အဆိုပါ ကန့်သတ်ချက်များအပေါ် ခြွင်းချက်ဖြင့် ဖြေ လျှော့ပေးနိုင်ရေး တင်ပြဆောင်ရွက်သွားရန်၊
(၁၁) လယ်ယာသုံးပစ္စည်းများအား ပြည်ပမှ တင်သွင်းရာတွင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားသကဲ့သို့ သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ် ပြည်ပတင်ပို့ရာတွင် အသုံးပြုသော သစ်သီးစွပ်အိတ်များ၊ ဂျပ်ဖာများနှင့် ထုပ် ပိုးပစ္စည်းများ တင်သွင်းရာတွင်လည်း ကုန်သွယ်လုပ် ငန်းခွန် ကင်းလွတ်ခွင့်ပြုပေးနိုင်ရေး တင်ပြသွားရန်၊
(၁၂) သစ်သီးဝလံများ တင်ပို့ရောင်းချရာတွင် မူဆယ်မြို့ရှိ ကုမ္ပဏီများက ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက် ခံနေခြင်းကို သက်ဆိုင်ရာဌာနများအနေဖြင့် ပြန်လည် သုံးသပ်နိုင်ရေးအတွက် တင်ပြဆောင်ရွက်သွားရန်၊
(၁၃) သစ်သီးဝလံ အရောင်းအဝယ်ပြုလုပ်နေသည့် ကုမ္ပဏီ များ၊ ပွဲရုံများအနေဖြင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် သည့် တောင်သူများနားလည်သည့် အသုံးအနှုန်းကို ပွင့်လင်းမြင်သာစွာ ကုန်စည်ဒိုင်တွင် ဖော်ပြပေးရန်၊
(၁၄) သစ်သီးဝလံအသင်းအနေဖြင့် ရန်ကုန်တိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်နေသော လက်ကား ဈေးကြီးများရှိ အအေးခန်းသိုလှောင်ရုံလုပ် ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန်၊
(၁၅) အအေးခန်းကွန်တိန်နာများဖြင့် သိုလှောင်သယ်ယူသည့် စနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဌာနဆိုင်ရာများ နှင့် သစ်သီးဝလံအသင်းတို့မှ နည်းပညာပေးရေးကို စဉ် ဆက်မပြတ် ဆောင်ရွက်သွားရန်၊
(၁၆) တိုင်းဒေသကြီး^ပြည်နယ်များရှိ လမ်းတံတားကြေး ကောက်ခံရေးဂိတ်များတွင် အသုံးပြုနေသည့် ကတ္တား များဖြင့် အလေးချိန်တွယ်ရာတွင် တစ်ခုနှင့်တစ်ခု ကွာ ခြားမှုမရှိစေရေး၊ မြန်ဆန်မှုရှိစေရေးနှင့် တစ်ပြေးညီြ ဖစ်စေရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်သွားရန်၊
(၁၇) အရည်အသွေးစစ်ဆေးနိုင်သည့် ခေတ်မီဓာတ်ခွဲခန်းများ ပေါ်ပေါက်ရေးအတွက် အသင်းမှ ကြိုးပမ်းဆောင်ရွက် သွားရန်၊
(၁၈) သစ်သီးဝလံနှင့် ပတ်သက်သော စံချိန်စံညွှန်းပေါ်ပေါက် ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် သစ်သီးဝလံ အသင်းတို့ ပူူးပေါင်းဆောင်ရွက်သွားရန်၊
(၁၉) သစ်သီးဝလံများကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် Brand Name ခေါ် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ရောင်းချ နိုင်ရေး ပညာပေးစည်းရုံးသွားရန်၊
(၂၀) ရောင်းချသူတောင်သူများနှင့် ဝယ်ယူသူ ပွဲရုံများအကြား သတင်းအချက်အလက်ရရှိမှု နှင့် ပွင့်လင်းမြင်သာမှုရှိရေး အတွက် မူဆယ်ကုန်စည်ဒိုင်နှင့် သစ်သီးဝလံအသင်းတို့မှ ပူးပေါင်းဆောင်ရွက်သွားရန် နှင့်
(၂၁) မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်တွင် သစ်သီးဝလံများ ကို လေလံတင် ထုခွဲရောင်းချရာ၌ ကုန်ပစ္စည်းတစ်ခုချင်း အလိုက် ဈေးနှုန်းများကို တောင်သူများ ပွင့်လင်းမြင်သာ စွာသိရှိစေရေးနှင့် စနစ် တကျ ခေတ်မီနည်း စနစ်များဖြင့် လေလံတင် ထုခွဲရောင်းချနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရန်တို့ဖြစ်ပါသည်။
အဆိုပါဖော်ထုတ်ချက်များကို မိမိတို့ သစ်သီးဝလံအသင်း အနေဖြင့် ရှေ့လုပ်ငန်းစဉ်များအဖြစ် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက မြန်မာနိုင်ငံ၏သစ်သီးဝလံ ပြည်ပ တင်ပို့မှုများသည် ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။
မျိုးသူ၊ ကုန်သွယ်မြှင့်