
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုတွင် ကုန်သွယ်မှုကဏ္ဍသည် အရေးပါသည့် အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ(၁၂)ရပ်အပေါ် ကုန်သွယ်ရေး ကဏ္ဍ၏ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ ၏ ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်နိုင်မှု သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက် လာပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကုန် သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၁ ဘီလီယံဖြင့် ကုန်သွယ်မှု သမိုင်းတစ်လျှောက် အမြင့်ဆုံးတန်ဖိုးသို့ ရောက်ရှိခဲ့ပါတယ်။
ယခုမြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုဟာ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် (ဧပြီလမှ ဇွန်လထိ ) ပထမသုံးလပတ်တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၃ ဒသမ၂ ဘီလီယံ၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၄ ဒသမ၆ ဘီလီယံရှိသဖြင့် ကုန်သွယ် မှုပမာဏ အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံ ရှိကြောင်း၊ ယခင်နှစ်ကာလတူထက် ပို့ကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၅ ဘီလီယံ၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုည ဒသမ ၈ ဘီလီယံ၊ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ တာကို တရားဝင်ထုတ်ပြန်သည့် အချက်အလက် စာရင်းများအရ သိရှိရပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်ကို လေ့လာရာမှာ နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၉ ဘီလီယံ ၊ ပုဂ္ဂလိက ကဏ္ဍမှအမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ တင်ပို့နိုင်တာကို ကြည့်ခြင်းအားဖြင့် ပုဂ္ဂလိက ကဏ္ဍ မှ ၇၂ ရာခိုင် နှုန်း တင်ပို့နိုင်ခဲ့ပါတယ်။
ပြည်ပမှ သွင်းကုန်တင်သွင်းမှုကို ကြည့် လျှင်လည်း နိုင်ငံပိုင်ကဏ္ဍမှ တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ နှစ်ဘီလီယံရှိပြီး ပုဂ္ဂလိက ကဏ္ဍမှ တင်သွင်းမှု တန်ဖိုးအမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ ရှိတဲ့အတွက် ပုဂ္ဂလိက ကဏ္ဍမှ ၉၆ ရာခိုင်နှုန်း တင်သွင်းခဲ့တာတွေ့ရပါတယ်။ဒါကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ(၁၂)ချက်အနက် စီးပွားရေးမူဝါဒ (၇) ချက်ဖြစ် တဲ့ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိ လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိစေရန်ဟူသော အချက်နှင့် ကိုက်ညီစွာ ဆောင်ရွက်နေတယ်ဆို တာကို တွေ့ရမှာဖြစ်ပါတယ်။
ပြည်ပပို့ကုန်တင်ပို့မှုမှာ လယ်ယာထွက် ကုန်ပစ္စည်းတင်ပို့မှုမှ ၂၇ ရာခိုင်နှုန်း၊ သဘာ၀ ဓာတ်ငွေ့တင်ပို့မှုမှ၂၃ ရာခိုင်နှုန်း၊ ဃဏြ စနစ် ဖြင့်ချုပ်ပြီး အထည်တင်ပို့မှုမှ ၁၆ ရာခိုင်နှုန်း၊ သတ္တုတွင်းထွက် တင်ပို့မှုမှ ၈ ရာခိုင်နှုန်း၊ ရေ ထွက်ပစ္စည်းတင်ပို့မှုမှ ၄ ရာခိုင်နှုန်းနှင့် သစ် တောထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် အခြားပစ္စည်းများ တင်ပို့မှုမှ ၂၂ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရှိရပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမသုံးလပတ် အတွင်း အဓိကတင်ပို့တဲ့ ပစ္စည်းများကတော့ သဘာဝဓာတ်ငွေ့ CMP ချုပ်ပြီး အထည်၊ လယ် ယာထွက်ကုန်ပစ္စည်းများ ဖြစ်တဲ့ မတ်ပဲ၊ ဆန်၊ ပဲတီစိမ်း၊ သတ္တုနှင့် သတ္တုရိုင်းများ၊ ငါးမျိုးစုံတို့ ဖြစ်ပါတယ်။
ဆန်နှင့်ဆန်ကွဲ တင်ပို့မှုမှာ တန်ချိန်ခုနစ် သိန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၃ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန်ချိန် လေးသိန်းကျော်၊ တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၁၁၀ ကျော် ပိုမိုတင်ပို့နိုင်တာကို တွေ့ရှိရပါ တယ်။ မြန်မာ့ဆန်ကို ယခင်နှစ်က ၁၉ နိုင်ငံသာ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်မှာ နိုင်ငံ ၄၀ အထိ တင်ပို့ နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် အီးယူရဲ့GSP အခွင့်အရေး ရရှိလာပြီ ဖြစ်တဲ့အတွက် အီးယူ ဈေးကွက်သို့လည်း ပိုမိုတင်ပို့လာနိုင်မှာဖြစ်သလို အာဖရိကဈေးကွက်သို့လည်း ပိုမိုတင်ပို့နိုင်တော့ မှာ ဖြစ်ပါတယ်။
ပြောင်းတင်ပို့မှုအနေဖြင့်လည်း ယခုနှစ် မှာ တန်ချိန် ၃ သိန်းကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၅၆ သန်း တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန်ချိန် နှစ်သိန်း၊ တန်ဖိုးအမေ ရိကန်ဒေါ်လာ ၂၇ သန်း ပိုမိုတင်ပို့နိုင်တာကို တွေ့ရှိရပါတယ်။ တရုတ်နိုင်ငံသို့ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပြောင်းတန်ချိန် ၂ ဒသမ ၇ သိန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခုနှစ်တွင် ပင်လယ်ရေ ကြောင်းမှလည်း ပြောင်းတန်ချိန် ၃၅၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပြီး ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့သို့ တင်ပို့ခဲ့ပါတယ်။
ဒါပေမဲ့ ပြောင်း တင်ပို့ရာမှာ နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်နိုင်အောင် ကြိုးပမ်းကြဖို့ လိုနေပါသေးတယ်။ တရုတ်နိုင်ငံသို့ တင်ပို့ရာ မှာလည်း အခက်အခဲအမျိုးမျိုးကြားမှ တင်ပို့နေ ရတာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ် လမ်းကြောင်း နှစ်ခုစလုံးမှ ခွဲတမ်းအရ ပြောင်း တန်ချိန် နှစ်သိန်းတင်ပို့ရန် သတ်မှတ်ထားပေ မယ့် ယခင်နှစ်က တန်ချိန် ၁ ဒသမ ၃သန်းသာ တင်ပို့နိုင်ခဲ့ပါတယ်။
ဃဏြ ချုပ်ပြီး အထည်တင်ပို့မှုနှင့် ပတ် သက်ပြီး ယခုနှစ်တွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၄၉၄ သန်း တင်ပို့နိုင်ပြီး ယခင်နှစ်ကာလ တူထက် တန်ဖိုးအမေရိကန်ဒေါ်လာ ၂၀၅ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ CMP စနစ်ဖြင့် အထည် ချုပ်လုပ်ငန်းများအပြင် ဖိနပ်မျိုးစုံ ၊ အိတ်မျိုးစုံ တို့ကိုလည်း တင်ပို့လာနိုင်ပြီဖြစ်ပါတယ်။
ဒီလို CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာခြင်းအားဖြင့် ပြည်သူများအား အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သလို ဆင်းရဲနွမ်းပါးမှုကိုပါ လျှော့ချပေးနိုင်မှာ ဖြစ်ပါ တယ်။ အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် ဃဏြ စနစ်ဖြင့် တင်ပို့နေသည့် စနစ်မှ FOB စနစ်သို့ ပြောင်းလဲတင်ပို့နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။
ပြည်ပသွင်းကုန် တင်သွင်းမှုအနေဖြင့် ယခုနှစ်တွင် ရေနံထွက်ပစ္စည်း၊ လေယာဉ်နှင့် လေယာဉ်အပိုပစ္စည်းများ၊ ဓာတုဗေဒ ချည်ခင် များ၊ စက်နှင့် စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်း များ၊ စားအုန်းဆီများ၊ ဓာတ်မြေသြဇာများကို ယခင်နှစ်ထက် ပိုမိုတင်သွင်းခဲ့ပါတယ်။ အဓိက အားဖြင့် ရေနံထွက်ပစ္စည်းများဖြစ်တဲ့ ဒီဇယ်၊ ဓာတ်ဆီ တင်သွင်းမှုဟာ မိမိတိုင်းပြည်ရဲ့ မော် တော်ယာဉ်တင်သွင်းမှု အနေအထားနဲ့ အခြား စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေး လုပ်ငန်း များရဲ့ သုံးစွဲမှုအပေါ်မှာ မူတည်နေပါတယ်။ ဓာတုဗေဒချည်ခင်အမျိုးမျိုး တင်သွင်းမှုဟာ အထည်အလိပ်လုပ်ငန်းများ ဖြစ်တဲ့ SME လုပ် ငန်းများ ပြန်လည်ဦးမော့လာပြီဆိုတဲ့ အခြေ အနေကို ပြသနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဆေးဝါးပစ္စည်းများ တင်သွင်းမှု ဟာ နိုင်ငံသူ/နိုင်ငံသားများရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အလေးထား ဆောင်ရွက် လျက်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မိမိနိုင်ငံ ဟာ စိုက်ပျိုးရေးကို အဓိက အားထားရတဲ့နိုင်ငံ ဖြစ်တာနဲ့အညီ စိုက်ပျိုးရေးအတွက် အဓိက သွင်းအားစု ဖြစ်တဲ့ ဓာတ်မြေသြဇာကို ပိုမိုတင် သွင်းခြင်း အားဖြင့် သီးနှံစိုက်ပျိုးထွက်ရှိမှုကိုများ စွာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန် တင်ပို့မှုတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုကလွဲရင် လယ်ယာ ထွက်ကုန်ပစ္စည်း များကို အများဆုံး တင်ပို့နိုင်ခဲ့ ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပို့ကုန်ရော သွင်းကုန် ပိုင်းမှာပါ ပိုမိုတိုးတက်တင်ပို့^ တင်သွင်းနိုင် ခဲ့ပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ စိန် ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲပဲ ဖြစ်ပါတယ်။ အဲဒီ စိန်ခေါ်မှုတွေကတော့ သဘာဝဘေးအန္တရာယ် များ ကျရောက်ခြင်း၊ ဆိပ်ကမ်းများ ကျပ်တောက် လျက်ရှိခြင်းကြောင့် ကုန်စည်သယ်ယူပို့ဆောင် စရိတ်များ မြင့်တက်လျက်ရှိခြင်း၊ သွင်းအားစု များ၏ ကုန်ကျစရိတ်များ မြင့်မားခြင်း၊ စိုက်ပျိုး သည့် သီးနှံများအတွက် မျိုးကောင်းမျိုးသန့် ရရှိရန် ခက်ခဲခြင်း၊ အရည်အသွေးမြင့် ထုတ်ကုန် များ မထုတ်လုပ်နိုင်ခြင်း၊ နိုင်ငံတကာ ဈေးကွက် နှင့်ဝယ်လိုအားအပေါ် တည်မှီနေရခြင်း၊ ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်များ၊ ရိတ်သိမ်းမှုစနစ်များ၊ ထုတ်လုပ်မှုစနစ်များ လိုအပ်နေခြင်း စတဲ့ အချက်များဟာ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ် မှု အခက်အခဲများပဲဖြစ်ပါတယ်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဓိက စိန်ခေါ်မှုတစ်ရပ် ကတော့ တောင်သူလယ်သမားများ အပါအဝင် ကုန်သည်လုပ်ငန်းရှင် များ၏ ငွေရေးကြေးရေး (Financing ) ရရှိရေး အခက်အခဲပင် ဖြစ်ပါတယ်။ လယ်ယာထွက်ကုန်များ အရည်အသွေး ကောင်း၊ အထွက်နှုန်းကောင်းများ ရရှိ ရေးအတွက် ကောင်းမွန်သော သွင်း အားစုများထည့်သွင်းရန် လိုသလို သွင်း အားစုများ ထည့်နိုင်ရန်အတွက် ဘဏ္ဍာ ငွေ တောင့်တင်းမှုလိုအပ်ကြောင်း တွေ့ ရှိရပါတယ်။ Financing ရရှိရေးအတွက် ထည့်သွင်း စဉ်းစားရန် လိုအပ်လျက်ရှိပါ တယ်။
ယေဘုယျအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဟာ ဆန်ထွက်ရှိမှု ပမာဏနဲ့ ချိန်ထိုးပြီး ပြည်ပသို့ ဆန်တင်ပို့မှု၊ ပြည် တွင်းစားသုံးမှု ဖူလုံစေရေးအတွက် ဆန်သိုလှောင်မှု၊ လိုအပ်ချက်ရှိပါက ပြည်ပမှ ဆန်တင်သွင်းမှု စသဖြင့် ခန့် မှန်း သုံးသပ်ပြီး စီမံချက်ရေးဆွဲကာ မူဝါဒများ ချမှတ်ကြရတာ ဖြစ်ပါတယ်။ အဲဒီလို မှန်ကန်တဲ့မူဝါဒများ ချမှတ်နိုင် ရေးအတွက် သတင်းအချက်အလက် များ မှန်ကန်မှုရှိရေးသည် လွန်စွာအရေး ကြီးလှပါတယ်။
အဆိုပါ စိန်ခေါ်မှု အခက်အခဲ များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ (၁၂)ရပ်ကို ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းပြီး ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်း အားပေး ဆောင်ရွက်ခဲ့ပါတယ်။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး မူဘောင်မှာပါရှိတဲ့ မဏ္ဍိုင် (၅)ရပ်မှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အား ပေးမြှင့်တင်ရေး လုပ်ငန်းကော်မတီ(Promoting Trade and Investment) ၏ လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရေးအတွက် ကုန်သွယ်ရေး ဦးစီး ဌာနအနေဖြင့် စဉ်ဆက်မပြတ် လိုက်ပါ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ခိုင်မာ သော ဈေးကွက်ရှာဖွေ နိုင်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အမြဲ တမ်း ကိုယ်စားလှယ်တစ်ဦးနှင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံနိုင်ငံတို့မှ စီးပွားရေး သံမှူးများ စေလွှတ်၍ စီးပွားရေး သံမှူး များအား သက်ဆိုင်ရာ နိုင်ငံအလိုက် ဈေးကွက် အခြေအနေများအား စုံစမ်း ထောက်လှမ်းခြင်းနှင့် ဈေးကွက်ရရှိရေး တို့ကို ညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။ စီးပွားရေးသံမှူးများက ပေးပို့တဲ့ ဈေး ကွက်အခြေအနေနဲ့ အစီရင်ခံစာများ အား ပြည်တွင်းလုပ်ငန်းရှင်များ သိရှိပြီး ဈေးကွက် သေချာသည့် သီးနှံများ စိုက် ပျိုးထုတ်လုပ်နိုင်စေရန်အတွက် စီးပွား ရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန website ဖြစ်တဲ့www.commerce.gov.mm နှင့် အပတ်စဉ် ထုတ်ဝေလျက် ရှိသည့် Commerce Journal တို့မှာ ဖော်ပြလျက်ရှိပါတယ်။
တစ်ဆက်တည်းမှာ မိမိနိုင်ငံ အနေနဲ့ ပို့ကုန်ပစ္စည်းတွေရဲ့ ထုတ် လုပ်မှုကွင်းဆက်ရဲ့ Supply Chain တစ် လျှောက်လုံးမှာ ဒေသတွင်းနိုင်ငံများ ကမ္ဘာ့နိုင်ငံများနဲ့ မယှဉ်နိုင်တဲ့ အဓိက အခက်အခဲကတော့ သယ်ယူပို့ဆောင် ရေး ကုန်ကျစရိတ်f Logistics မြင့်မား နေခြင်းပဲ ဖြစ်ပါတယ်။ ပြည်ပသို့ ဆန် နှင့် ဆန်ကွဲတင်ပို့ရာမှာ ပင်လယ်ရေ ကြောင်းမှ တင်ပို့ရာမှာ ဆိပ်ကမ်းများ ၌ အခက်အခဲများ ရှိနေကြောင်း သိရှိ ရပါတယ်။
အထူးသဖြင့် ဆန်ကုန်သည် အသင်းများ၏ ပြောပြချက်အရ ရန်ကုန်မြို့တွင်းတွင် Container ကား များကို နေ့ခင်းဘက်မသွားရဘဲ ည ၇ နာရီမှစတင်၍ သွားလာရတဲ့အတွက် ကုန် တင်ကုန်ချ အလုပ်သမားများမှာ ညပိုင်းမှသာ အလုပ်လုပ်ရပါတယ်။ ဒါကြောင့် နေ့ခင်း အလုပ်လုပ်သကဲ့သို့ တွင်ကျယ်စွာ အလုပ်မလုပ်နိုင်တဲ့ အတွက် အလုပ်သမားများအနေဖြင့် လည်း ညပိုင်း အလုပ်လုပ်ချင်သည့် ဆန္ဒမရှိခြင်း၊ သက်ဆိုင်ရာ ဂိုဒေါင်မှ ဆိပ်ကမ်းသို့လည်း ည ၁၂ နာရီ မတိုင် ခင် ရရှိရန်လိုအပ်ခြင်း၊ ဆိပ်ကမ်းရောက် လျှင်လည်းContainer အားလုံး ရောက် ရှိသော်လည်းMACCSှ စနစ်ဖြင့် ၤFile Run ၍မရသဖြင့် နောက်နေ့နံနက် ရောက်မှသာFile Run ရခြင်း စသည် တို့ကြောင့် အချိန်အားဖြင့် ၁ ရက်မှ ၃ ရက်အတွင်း ကြာခြင်း၊ သယ်ယူခအနေ ဖြင့်လည်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၀ မှ ၁၅ ကြား ပိုမိုကုန်ကျ ခြင်း၊ ဒါ့ပြင် တစ်ဖက်နိုင်ငံသို့ သင်္ဘော လိုင်းများကို ခုနစ်ရက် ကြိုတင်ပြီး ချိတ် ဆက်ရတဲ့အတွကContainer တစ်စီး လျှင် နှစ်ရာခိုင်နှုန်း ပိုမိုကုန်ကျခြင်း၊ အချိန်နှင့် လုပ်အားခပိုမိုကုန်ကျသဖြင့် တခြားနိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင် ရာတွင် မယှဉ်နိုင်သဖြင့် ရောင်းအား ကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိပါ တယ်။ အဲဒီလို နှောင့်နှေးကြန့်ကြာခြင်း များဟာ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကုန် သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး နှစ်လတ် စီမံကိန်းကို ချမှတ်ဆောင်ရွက်ခဲ့ပါ တယ်။ အဲဒီ စီမံကိန်းမှာ အဓိကမဏ္ဍိုင် ကြီး (၅)ရပ်ပါရှိပြီး လုပ်ငန်းအုပ်စု(၂၃)ခု၊ လုပ်ငန်း (၁၈၁)ခုခွဲ၍ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လျာ ထားရေးဆွဲခဲ့ပါတယ်။ နှစ်လတ်စီမံ ကိန်း (Mideum Term Plan) အား အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အဓိကပို့ကုန် များဖြစ်တဲ့ ဆန်၊ စပါး၊ ပဲအမျိုးမျိုး၊ နှမ်း နှင့် ဆီထွက်သီးနှံများ၊ စိုက်ပျိုးရေး အခြေခံထွက်ကုန်များအပြင် အသေး စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေပြီး ထုတ်ကုန် အသီးသီးအတွက် ခိုင်မာတဲ့ ဈေးကွက် ရရှိရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါ တယ်။
ပို့ကုန်သွင်းကုန် လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေးအတွက် ငွေ ပေးချေမှုလုပ်ငန်းများကိုOnline Payment စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ကုန်သွယ်မှုနှင့်သက်ဆိုင်တဲ့ ငွေပေးချေ မှုများမှာ Myanmar Payment Union – MPUကတ်ဖြင့် ပေးချေနိုင်ရေးကို လည်း ဆောင်ရွက်ခဲ့ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူ များ တွေ့ဆုံရာမှာ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် လေးသိန်းတင်ပို့နိုင်ရေး တောင်းဆိုခဲ့သလို တရုတ်နိုင်ငံသို့ ဆန်နှင့် ပြောင်းတင်ပို့မှုကို ခွဲတမ်းကင်း လွတ်ခွင့်ရရှိရေးအတွက် ညှိနှိုင်းခဲ့ပါ တယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ ဇွန်လ ခရီးစဉ်တွင် ကုန်သွယ်မှု မြှင့်တင်ရေးနှင့် ကုန်သွယ်မှု ဆိုင်ရာ အခက်အခဲများ ဖြေရှင်းပေးနိုင်ရေး ညှိနှိုင်းခဲ့ပါတယ်။ ဥပမာအားဖြင့် မြန်မာလုပ်ငန်းရှင်များ ဘဏ်စာရင်းပိတ်သည့် ဖြစ်စဉ်မှာ တရုတ်နိုင်ငံသံရုံး၊ တရုတ်အစိုးရတို့နဲ့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ တဲ့အတွက် အချိန်တိုအတွင်း ဘဏ် စာရင်းများ ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့ သာဓကဟာ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ခြင်းရဲ့ ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဇွန် ၂၇ ရက်က ကျင်းပခဲ့တဲ့ မြန်မာ-အိန္ဒိယ ကုန်သွယ် ရေးပူးတွဲကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ ဆွေးနွေးညှိနှိုင်း မှုများအရ ယခင် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှုတွင် အိန္ဒိယဘက်မှ ကုန်ပစ္စည်း အမျိုးအစား ၆၂ မျိုးသာ ခွင့်ပြုရာမှ ကုန်ပစ္စည်းအားလုံး ကုန် သွယ်ခွင့်ရခြင်း၊ အလားတူ မြန်မာ့ အဓိကပို့ကုန်များ အကောက်ခွန် သက် သာခွင့် ဆိုင်ရာ အထူးအခွင့်အရေးပေး သည့် Duty Free Tariff Preference (DFTP) Scheme အရ အကောက်ခွန် လိုင်း ၉၆ ရာခိုင်နှုန်းကို အခွန် သုည ရာခိုင်နှုန်းသို့ လျှော့ချပေးခြင်း၊ ထို့ အပြင် အိန္ဒိယနိုင်ငံဘက်မှ နယ်စပ် ကုန်သွယ်ရေးစခန်းများ လုပ်ငန်း ယာယီရပ်ဆိုင်းမည်ဆိုပါက မြန်မာ ဘက်သို့ ကြိုတင်ညှိနှိုင်း အသိပေးရန် စသည့် သဘောတူညီမှုများကို ရရှိခဲ့ ပါတယ်။
ဆန်ဈေးကွက်ပိုမိုရရှိရေးအတွက် ဖိလစ်ပိုင်နိုင်ငံ ဖိလစ်ပိုင်အမျိုးသား စားနပ်ရိက္ခာအာဏာပိုင်အဖ( National Food Authority) မှ ဆန်တန်ချိန် ၂၅၀၀၀၀ အတွက် မြန်မာနိုင်ငံအား ဈေးနှုန်း တင်ဒါဖိတ်ခေါ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အကြောင်းကြားလာတဲ့အတွက် ဆန် ပိုမိုတင်ပို့နိုင်မယ့် အခွင့်အရေးကောင်း တစ်ခုကို ရရှိခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် သီရိလင်္ကာနိုင်ငံက လည်း ၎င်းင်းတို့နိုင်ငံတွင် မေလအတွင်း က မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားရာ ဒေသများအတွက် ဆန်ဝယ် လိုကြောင်း အကြောင်းကြားချက်များ ကိုလည်း သိရှိခဲ့ရပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေနဲ့ စိန်ခေါ်မှုများ၊ အခက်အခဲများကို ရင်ဆိုင်ကျော်လွှား နိုင်ရန် မူဝါဒများ ပြင်ဆင်သတ်မှတ် ခြင်း၊ ဖြေလျော့ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့သလို အာဆီယံဒေသ တွင်းနိုင်ငံများနှင့်သာမက အိမ်နီးချင်း နိုင်ငံများရှိ အစိုးရများနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုများကြောင့် ကုန်သွယ်မှု များ မြင့်မားတိုးတက်လာရတာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ သဘာ၀ ဘေးအန္တရာယ်တွေ၊ ဒေသတွင်း သောင်းကျန်းသူများကြောင့် တည်ငြိမ် မှုမရှိတဲ့ အခြေအနေတွေသာ မရှိခဲ့ရင် ကုန်သွယ်မှုဟာ ယခုထက် ပိုမိုတိုးတက် လာနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါတယ်။