Main menu

Background

အမျိုးသားပို့ကုန်မဟာဗျူဟာနှင့် မြန်မာ့ဝါဂွမ်း

Thu, 07/23/2020 - 15:34 -- journal_editor

 

မြန်မာနိုင်ငံက စိုက်ပျိုးထုတ်လုပ်သော သီးနှံများကို မြန်မာကုန် သွယ်မှုအမြင်ဖြင့်ကြည့်လျှင် အုပ်စုခြောက်ခုခွဲခြား၍ လေ့လာရမည် ထင်ပါသည်။ ပထမအုပ်စုမှာ မရှိမဖြစ် ဆန်၊ စပါးသီးနှံဖြစ်ပြီး ဒုတိယ အုပ်စုမှာ ပဲမျိုးစုံနှင့်ပြောင်းအုပ်စုဖြစ်ပါသည်။ တတိယမှာ ဆီထွက် သီးနှံအုပ်စုဖြစ်ပါသည်။ စတုတ္ထမှာ သစ်သီးဝလံနှင့်ဟင်းသီးဟင်း ရွက်အုပ်စုဖြစ်ပါသည်။ ပဉ္စမမှာ စားဖိုဆောင်သီးနှံအုပ်စု ဖြစ်ပါသည်။ ဆဋ္ဌမမှာ စက်မှုကုန်ကြမ်းသီးနှံအုပ်စုဖြစ်ပါသည်။  သို့ဖြစ်၍ ပထမမှ ပဉ္စမအုပ်စုအထိမှာ စားသောက်ကုန်ထုတ်လုပ်နိုင်သော သီးနှံ အုပ်စု များဖြစ်ပြီး ဆဋ္ဌမအုပ်စုမှာ စက်မှုကုန်ကြမ်းသီးနှံ အုပ်စုဖြစ်သဖြင့် စားသောက်ကုန်မဟုတ်ဘဲ   အဝတ်အထည်ရရှိနိုင်သော  ဝါဂွမ်း၊ တာယာနှင့် အခြားအသုံးအဆောင်များရရှိနိုင်သော ကြက်ပေါင်စေး ခေါ် ရော်ဘာ၊ ချဉ်ပေါင်လျှော်၊ ကြက်ဆူစေ့ စသည်တို့ ပါဝင်ကြသည်။ လူတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးကိစ္စများ ကို မြေပေါက်ပင်များဖြစ်သော အပင်ကြီးငယ်များဖြင့် ဖြည့်ဆည်းခဲ့ ကြသည်ကို တွေ့နိုင်ပါသည်။
ချည်မျှင်ရှည်ဝါ
မြန်မာနိုင်ငံအနေဖြင့် လယ်ယာကဏ္ဍကို  အခြေခံပြီး စား သောက်ကုန်ရရှိနိုင်သည့်  သီးနှံများကို ဦးစားပေးစိုက်ပျိုးကြသော် လည်း စက်မှုသီးနှံများမှာမူ အခြားသီးနှံများနှင့်မတူညီပါ။ ထိုအထဲ တွင် အဝတ်အထည်အတွက် ရည်ရွယ်စိုက်ပျိုးသောသီးနှံမှာ ဝါဂွမ်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါဂွမ်းကိုစိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စိုက်ဧရိယာမှာ ၄၁၂၅၁၀ ဧက ရှိပြီး ရိတ်ဧရိယာမှာ ၄၁၂၃၉၂ ဧက ရှိသည်။ အထွက်နှုန်းမှာ ၄၈၉ ဒသမ ၂၅ ပိဿာ ထွက်ရှိသဖြင့်   စုစုပေါင်းအထွက်မှာ ၂၀၁၇၆၃၈၄၀ ပိဿာရှိသည်။ ၂၀၁၇-၂၀၁၈ တွင် စိုက်ဧရိယာမှာ ၄၅၄၇၆၄ ဧက၊ ရိတ်ဧရိယာမှာ ၄၅၄၄၃၇ဧက ရှိပြီး အထွက်နှုန်းမှာ ၅၀၅ ဒသမ ၈၉ ပိဿာရှိသဖြင့် အထွက်စုစုပေါင်းမှာ ၂၂၉၈၉၅၆၃၁ ပိဿာ ရှိသည်။ ၂၀၁၈-၂၀၁၉ တွင် ဝါအထွက် ကျဆင်းခဲ့သည်။ ၂၀၁၉-၂၀၂၀ တွင် လည်း မိုးလေဝသမမှန်သဖြင့် ဝါအထွက်ကျဆင်းနိုင်သည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧကမှာ ၇၅၂၁၄၅ ဧကရှိပြီး ရိတ်သိမ်း ဧကမှာ ၇၅၁၂၇၈ ဧက ရှိပြီး အထွက်နှုန်းမှာ ၄၃၄ ဒသမ ဝ၇ ပိဿာ နှင့် အထွက်စုစုပေါင်းမှာ  ၃၂၆၁၀၈၇၉၇ ပိဿာရှိပါသည်။ သို့ဖြစ်၍ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှ စတင်ပြီးကြည့်လျှင် လေးနှစ်အတွင်း ဝါစိုက်ဧကမှာ တဖြည်းဖြည်းကျဆင်းလာပြီး တစ်ဧက အထွက်နှုန်း မှာမူ တိုးတက်လာကြောင်း တွေ့ရသည်။  ဝါကို ဂွမ်းထုပ်အဖြစ် စက် များဖြင့်ဖိပြီး မူဆယ်နယ်စပ်မှတစ်ဆင့်  တင်ပို့ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ဖြစ်ကြောင်း  သိရှိရသည်။  မြန်မာ့ချည်မျှင်ရှည်ဝါ များမှာ မျိုးကောင်းမွန် တိုးတက်လာသဖြင့် အထွက်များ ကောင်းမွန် သည်ကို တွေ့နိုင်သည်။  သို့ရာတွင် ဈေးကွက်မတည်ငြိမ်သဖြင့် ဈေး ကောင်းမရရှိဟု သိရသည်။
ဝါဂွမ်းနှင့်  အထည်အလိပ်တင်ပို့မှု
မြန်မာနိုင်ငံမှ ဝါဂွမ်းတင်ပို့မှုမှာ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်တွင် ၁၅၉၈ တန်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၂ သန်း၊ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၅၆၄၇ တန်နှင့် တန်ဖိုး အားဖြင့် ၃၄ ဒသမ ၄၂သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၃၃၉ ဒသမ ၈၀ တန်နှင့် တန်ဖိုးအားဖြင့်  အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၄၈ သန်း၊ ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၄၁၃ ဒသမ ၄၄နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၄၅၂၇ တန်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၆၀သန်း၊ ၂၀၁၈(မီနီဘတ်ဂျက်-၆လ) တွင် တန်ချိန် ၆၅၁ နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၆သန်း  နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ဝါဂွမ်း တင်ပို့မှုမှာ ၉၁၇၂ ဒသမ ၂၀ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၅၆၂ သန်းဖြစ်သည်။   
အမျိုးသားပို့ကုန်မဟာဗျူဟာမှ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ
၂၀၁၅မှ ၂၀၁၉ တွင် အမျိုးသားပို့ကုန်မဟာဗျူဟာ ချမှတ်ပြီး ငါးနှစ်ကာလကို  အကောင်အထည်ဖော်ရာတွင် အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍကို    မျှော်မှန်းချက်များစွာထားပြီး  ရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြသည်။ ၂၀၂၀မှ ၂၀၂၅ အထိ ဒုတိယ အကြိမ် ငါးနှစ်တာ  အမျိုးသားပို့ကုန်မဟာဗျူဟာ  ရေးဆွဲရာတွင် လည်း မျှော်မှန်းချက်များ  ချမှတ်ပြီး ထပ်မံထည့်သွင်းထားသည်ကို တွေ့ရသည်။ အဆိုပါကဏ္ဍ၏မျှော်မှန်းချက်မှာ ]]အထည်အလိပ်နှင့် အဝတ်အထည်  အခန်းကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက် လျောညီထွေစွာ စဉ်ဆက်မပြတ်  ပို့ကုန်စနစ်ဖြစ်ထွန်းမှုမှတစ်ဆင့် အလုပ်အကိုင်ဖန်တီးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး}}ဟူ၍ ဖြစ်သည်။ အဆိုပါ မျှော်မှန်းချက်ကို  အကောင်အထည်ဖော်မည့် မဟာဗျူဟာများမှာ (က)  ထုတ်လုပ်မှုပုံစံ (ဏမသိကခအငသည ာသိန) (ခ) ပမာဏ(ဠသူကာန)၊ (ဂ) အရည်အသွေး(ျှကေူငအပ) ၊ (ဃ) သိုးမွေး ထိုး/ ဇာထိုးထုတ်ကုန်များ (ုညငအ စမသိကခအငသည) နှင့် (င) ဒီဇိုင်း (ီနျငါည) တို့ဖြစ်ကြောင်းတွေ့ရသည်။ ပထမမဟာဗျူဟာဖြစ်သည့်ထုတ် လုပ်မှု ပုံစံကို  ဖြတ်ညှပ်ကပ်ထုတ်လုပ်မှုပုံစံ (ဃကအ-ောုန-စခေု-ဃဏြ) မှ တန်ဖိုးမြှင့် ပို့ကုန် ထုတ်လုပ်မှုပုံစံ (င်္မနန သည သြမေိ-င်္ဥြ)သို့ပြောင်း လဲရန်ဆိုသောကိစ္စအား ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ပြောင်းလဲနိုင်ခြင်း မရှိသေးသည်ကို တွေ့မြင်ရသည်။ အထည်အလိပ် ကဏ္ဍသည် မြန်မာနိုင်ငံ၏အဖွံ့ဖြိုးအတိုးတက်ဆုံး စီးပွားရေးကဏ္ဍ တစ်ခုဖြစ်ပြီး အလုပ်အကိုင်ဖန်တီးနိုင်မှုတွင်လည်းများစွာ အားထား ရသော ကဏ္ဍတစ်ခုဖြစ်ပါသည်။
လုပ်သားအင်အား အများအပြားအသုံးပြုရသော စက်ရုံများ ပါဝင်သော စက်မှုလုပ်ငန်းများသည်  ၁၉ ရာစုနောက်ပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတွင်သာ ဆောင်ရွက်ခဲ့ကြပြီး လက်ရှိတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ၌  လူအင်အားသုံးစွဲပြီး ထုတ်လုပ်ရသော စက်မှုလုပ်ငန်း များသည်  ၂၁ ရာစုတွင်  ခေတ်နောက်ကျသော  စက်မှုကဏ္ဍဖြစ် သည်ဟု သတ်မှတ်လာကြပါသည်။ သို့ရာတွင် လုပ်သားခကုန်ကျ စရိတ်နည်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနိမ့်သော နိုင်ငံများ တွင်မူ ဆက်လက်အသုံးကျဆဲ ဆောင်ရွက်နေရဆဲဖြစ်ပါသည်။ ဖွံ့ ဖြိုးတိုးတက်ဆဲနိုင်ငံများအနက် တရုတ်နိုင်ငံသည် အထည်ချုပ်လုပ် ငန်းများတွင် ထိပ်ဆုံးမှရပ်တည်လျက်ရှိသည်။ လက်ရှိတွင် တရုတ် နိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများသည် လုပ်သားခ  ဈေးသက်သာ သော ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံများသို့ ရွှေ့ပြောင်းလျက် ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင်လည်း အထည်ချုပ်လုပ်ငန်း များကို ၂၀၁၀ ခန့်တွင် တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာကြပြီး အထည်ချုပ်ကဏ္ဍသည် အလားအလာရှိသော ကဏ္ဍတစ်ခုဟု ဖော် ထုတ်၍ ၂၀၁၅ မှ ၂၀၁၉ထိ  အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဦးစား ပေးကဏ္ဍတစ်ခုအဖြစ် ထည့်သွင်း အကောင်အထည်ဖော်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းများ  ရင်ဆိုင်ရမည့် အခက်အခဲ များ၊ စိန်ခေါ်မှုများကို  သုံးသပ်ခဲ့ကြရာတွင် အဓိကအပိုင်းများမှာ ငွေကြေးအရင်းအနှီးလိုအပ်ချက်၊ ကျွမ်းကျင်လုပ်သားလိုအပ်ချက်၊ ရင်းနှီးမြှုပ်နှံမှု  လိုအပ်ချက်၊ ပုဂ္ဂလိက အခန်းကဏ္ဍ ပိုမိုပါဝင်ရေး စသော အချက်များသည် အခြေခံကျကျ လိုအပ်ချက်များဖြစ်ကြသည် ဟုသိရသည်။ အထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုး တက်လာပြီး  ပို့ကုန်ပိုင်းတွင်လည်း များစွာတိုးတက်လာခဲ့သည်ကို တွေ့နိုင်သည်။ ဃဏြ လက်ခစားစံနစ်ဖြင့် တင်သွင်း၊ တင်ပို့ မှုများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်တို့မှတစ်ဆင့် ခွင့်ပြုပေးလျက်ရှိပြီး တင်ပို့မှုအနေဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၅၄ သန်း ရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၉၂ ဘီလီယံအထိ ရှစ်နှစ်အတွင်း ခုနစ်ဆမျှ တိုး တက်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ အထည်အလိပ် (ဃဏြ) အနေ နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၅၉ ဘီလီယံ ဖိုးတင်ပို့နိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၀ဝ ကျော်ကို တင်ပို့ ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ၁၀ နှစ်အတွင်း ၁၀ ဆတိုးတက် လာသည် ဟုဆိုနိုင်သည်။
သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပေါ်ချိန်တွင် အထည် ချုပ်လုပ်ငန်းများမှာ  ရပ်နားရခြင်း၊  ဈေးကွက်နိုင်ငံများ၏ အကန့် အသတ်များနှင့်   စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းများကြောင့် အထည်အမှာများ လျော့ကျခဲ့သည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ ပိတ်သိမ်းရခြင်းမျိုးလည်း ရှိနေသည်ဟု ဆိုပါသည်။
အိမ်နီးချင်း  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏  အတွေ့အကြုံ
    ကျွန်တော်တို့၏ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အထည် ချုပ်လုပ်ငန်းများကို လုပ်ကိုင်လာသည်မှာ ၂၀ဝ၀ ပြည့်နှစ်ခန့်ကတည်း ကဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်  လူဦးရေများပြားပြီး လုပ်သား အင်အား လူ့စွမ်းအားအရင်းအမြစ်  များပြားသောနိုင်ငံဖြစ်သဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့်  နှစ်ခြိုက်သော  နိုင်ငံဖြစ်ပါ သည်။ လူအင်အား၊ လုပ်သားအင်အား အသုံးပြုရသည့် စက်မှုလုပ် ငန်းဖြစ်သည့် အထည်ချုပ်လုပ်ငန်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် များစွာ ထွန်းကားခဲ့ပါသည်။ ထို့ပြင် ထိုအချိန်က ကိုတာစနစ်ဖြင့် အမေရိကန်မှ အထည်များကို နိုင်ငံအလိုက်ခွဲတမ်းချမှတ်ပေးပြီး ဝယ် ယူသည့်အလေ့အထရှိသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံသူများအပြင် နိုင်ငံအစိုးရနှင့် ပြည်သူများပါ အလုပ်ရရှိ ကြသည်ကို တွေ့ရှိရသည်။ အကျိုးကျေးဇူးများစွာရှိခဲ့ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်လာသည်ကိုတွေ့နိုင်ပါသည်။ သို့ရာတွင် ၂၀ဝ၅ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ကိုတာစနစ်ဖြင့် ဝယ်ယူသည့်စနစ်ကို ပယ်ဖျက်ခဲ့ ပါသည်။ ထိုအခါတွင် စီးပွားရေးခန့်မှန်းသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ စီးပွားရေးသည် ကျဆင်းဖွယ်ရာရှိသည်ဟု ဆိုကြပါသည်။ သို့ရာ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လဲပြိုသွားခြင်းမရှိဘဲ အထည်ချုပ်လုပ် ငန်းများကို ပိုမိုအဆင်ပြေအောင် ဆောင်ရွက်သွားနိုင်သည်ကို တွေ့ ခဲ့ရသည်။ ထိုသို့  အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်းသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၏ မူဝါဒနှင့် အမြော်အမြင်ရှိ မှုကြောင့်ဟု  ဆိုနိုင်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အထည်ချုပ်စက်ရုံများကို နိုင်ငံခြားမှ လာ ရောက်ရင်းနှီးမြှုပ်နှံသည့်အခါ ဃဏြ လုပ်ငန်းများသာ လာရောက်ရင်း နှီးမြှုပ်နှံပြီး လက်ခစားစနစ်သာ နိုင်ငံက ပြန်ရခဲ့သော်လည်း အဆိုပါ စက်ရုံများတွင်လိုအပ်သည့်  ကုန်ကြမ်းများဖြစ်သော ချည်မျှင်စက်ရုံ များ ထူထောင်ခြင်း၊ ကြယ်သီး၊ ချိတ်နှင့် ထုပ်ပိုးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းစသည့် ွှှုနျွ – ၂ယ ွှှုနျွ-၃ စသည့် ဒုတိယအဆင့်နှင့် တတိယအဆင့် ကုန်ချောများ၊ တစ်ဝက်တစ်ပျက်  ကုန်ချောများကို ထုတ်လုပ်နိုင်သည့် စက်ရုံငယ်များ ကို ထူထောင်၍ အဆိုပါအထည် ချုပ်စက်ရုံများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင်  ဆောင်ရွက်ထားနိုင်သဖြင့် အမေရိကန်မှ ကိုတာ စနစ်ဖြင့် ဝယ်ယူခြင်းကို ဖယ်ရှားလိုက်သည့်အချိန်တွင် ပြိုလဲကျသွား ခြင်းမရှိခဲ့ခြင်း ဖြစ်သည်ဟု ပညာရှင်များက  သုံးသပ်ကြပါသည်။ ထို့ကြောင့် ပြည်ပမှ  လာရောက်ရင်းနှီးမြှုပ်နှံသော  စက်ရုံများအတွက် လိုအပ်မည့် တစ်ဝက်တစ်ပျက်ကုန်ချောများ၊ သေးငယ်သော ပေါင်း စပ်ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်းဖြင့် နိုင်ငံအတွက် စက်ရုံ၊ အလုပ် ရုံငယ်များကိုလည်း ထူထောင်နိုင်သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်၊ စိုက်ပျိုးရေးထုတ်ကုန်များ၊ ကုန်ကြမ်းများ၊ နည်းပညာများကိုလည်း ဖွံ့ဖြိုးတိုးတက်စေသည်ကို တွေ့ရှိနိုင်ပါသည်။
လက်ရက်ကန်းနှင့်  စက်ရက်ကန်းလုပ်ငန်းများ
မြန်မာနိုင်ငံသည် လက်ရက်ကန်းလုပ်ငန်းကို  မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ပါသည်။ ယခုအခါတွင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လက်ရက်ကန်း၊  စက်ရက်ကန်းဟုခေါ်သော မော်တာငယ်များသုံး သည့် စက်ကလေးများဖြင့် ပြည်တွင်းသုံးအထည်များကို ရက်လုပ်ကြ သည်ကိုတွေ့ရသည်။ ရွှေတောင်လုံချည်၊ ဝမ်းတွင်းလုံချည်၊ အမရပူရ ထည်များ၊ စစ်ကိုင်းရွှေဘိုဆိပ်ခွန်လုံချည်၊ မကွေး၊ ထီးလင်း၊ ဂန့်ဂေါ လုံချည်၊ ကချင်လုံချည်နှင့်  တိုင်းရင်းသားရိုးရာ အဝတ်အထည်များ အများအပြားရှိကြသည်။ အဆိုပါ ရက်ကန်းလုပ်ငန်းကို လုပ်ကိုင်နေ သည့်သူအများအပြားရှိနေပါသည်။ သို့ရာတွင် ရက်ကန်းဖြင့် လုံချည် မှအစ အထည်များ ရက်လုပ်ရာတွင် လိုအပ်သော ချည်မျှင်ကို မြန်မာ နိုင်ငံတွင် ထုတ်လုပ်နိုင်မှုနည်းပါးပြီး အိန္ဒိယနှင့် တရုတ်နိုင်ငံမှ တင် သွင်းသည့် ချည်မျှင်များကိုသာ အသုံးပြုနေရသည်ကို တွေ့မြင်နိုင်ပါ သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်ဆိုပါက အဆိုပါနိုင်ငံများမှ ချည်မျှင်များကဲ့သို့ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သက် သာသာဖြင့် ယှဉ်ပြိုင်ထုတ်လုပ်နိုင်စွမ်းမရှိသောကြောင့်ဖြစ်ပါသည်။ ပြည်တွင်းထုတ်လုပ်မှု  ကုန်ကျစရိတ်မြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းမရှိ ခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ အဆိုပါ ရက်ကန်းလုပ်ငန်းများ ရှင်သန် ရေးသည်  ပြည်ပချည်ခင်ပေါ်တွင် တည်မှီနေသကဲ့သို့ရှိပါသည်။ အလားတူပင် ပြည်တွင်းချည်မျှင်ထုတ်လုပ်သည့်  
စက်ရုံများအနေဖြင့်လည်း ရက်ကန်းလုပ်ငန်းပေါ်တွင် အဓိကတည်မှီနေသည် ကိုတွေ့နိုင်ပါသည်။  သို့ရာတွင် ဝါဂွမ်းစိုက်ပျိုး ထုတ်လုပ်မှုနှင့် တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် ဝါဂွမ်းထုပ်များ ရောင်းချသည့်အပေါ်တွင်လည်း တည်မှီနေပါသည်။ ပြည် တွင်း ဝါစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ဝါဂွမ်းထုတ်စက်ငယ်များ၊ ချည်မျှင်ထုတ်စက်ရုံများ၊ ပြည်တွင်းစက်နှင့် လက်ရက် ကန်းလုပ်ငန်းများသည် ပြည်ပတင်ပို့မှုတွင် တိုးတက်လျက်ရှိသော ဃဏြ အထည်ချုပ်လုပ်ငန်းများနှင့် သီးခြားဖြစ်နေသကဲ့သို့ တွေ့ရှိရသည်။ ပြည်တွင်းရှိ  အဆိုပါလုပ်ငန်းများကို ပြည်ပတင်ပို့သည့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသည့် အထည်ချုပ်စက်ရုံများနှင့် ချိတ်ဆက်မှုရှိရန် လိုအပ်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏   ဝါဂွမ်းမှ  ချည်မျှင်ထုတ်လုပ်မှုနှင့် ပြတ်နေသော ကွင်း ဆက်
အချုပ်ပြောရလျှင် မြန်မာနိုင်ငံတွင် အထည်အလိပ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် ဖွံ့ဖြိုးလိုလျှင် မိမိနိုင်ငံတွင်စိုက် ပျိုးထုတ်လုပ်သည့် ဝါဂွမ်းမှ ချည်မျှင်ထုတ်လုပ်ရေး၊ ချည်မျှင်မှ အထည်အလိပ်ရရှိရေးအတွက်  စက်မှုကဏ္ဍကိုပါ မဖြစ်မနေ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်နေပါကြောင်း ပြောလိုပါသည်။ အခြေခံအဆောက်အအုံ  လိုအပ်ချက်သည် အဓိက အကျဆုံးဖြစ်ပြီး ယှဉ်ပြိုင်လျက် လိုအပ်နေသောကဏ္ဍများမှာ ကျွမ်းကျင်လုပ်သား အရေအတွက် များများပေါ်ပေါက်ရေး၊ နည်း ပညာတိုးတက်ရေးနှင့် နည်းပညာတတ်ကျွမ်းသူများ ပေါများရေးတို့သည် ယှဉ်တွဲလျက်ရှိသော လိုအပ်ချက်များ ဖြစ်ကြပါသည်။  မြန်မာနိုင်ငံတွင် ဝါဂွမ်းလည်းစိုက်ပျိုးပြီး  ဝါဂွမ်းထုပ်များတင်ပို့ခြင်း (ကုန်ကြမ်းတင်ပို့ခြင်း)၊ ပြည်တွင်း အသေးစား၊ အလတ်စား စက်ရုံများဖြစ်သော ရက်ကန်းလုပ်ငန်းများလည်းရှိခြင်း၊ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံသော အထည်ချုပ်စက်ရုံကြီးများ လည်း အများအပြားရှိခြင်း စသည့် ှကစစူပ ဃ့ငေည ညေိ ဠေူကန ဃ့ငေည အတွင်း ပါဝင်ရမည့် အဆင့်များ၊ ကောင်းစွာရှိနေသော် လည်း ချည်မျှင်ထုတ်လုပ်သည့်စက်ရုံများမှာ အလွန်အမင်းနည်းပါး နေသည်ကို တွေ့ရှိနိုင်ပါသည်။ ပြည်တွင်းချည်မျှင်ထုတ်လုပ် မှုအားနည်းသဖြင့် ရက်ကန်းလုပ်ငန်းများအနေဖြင့် ပြည်ပမှဝင်ရောက်လာသော ချည်မျှင်များကိုသာ အားထားနေရသည်ကို တွေ့နိုင်ပါသည်။ အပြန်အလှန်အားဖြင့် ပြည်ပမှဝင်ရောက်လာသော ချည်မျှင်များမှာ ပြည်တွင်းထုတ်ချည်မျှင်များထက် ဈေး သက်သာသည်ကများသဖြင့် ပြည်တွင်းချည်စက်များအနေဖြင့် များစွာရုန်းကန်နေရသည့်အခြေအနေမျိုး ကြုံတွေ့နေရပါသည်။
ထို့ကြောင့်  မြန်မာနိုင်ငံတွင် အဆိုပါ အထည်အလိပ်ကဏ္ဍသည် ပြည်တွင်းချည်မျှင်ထုတ်လုပ်ရေးဆိုသောနေရာတွင် ကွင်းဆက်လွတ်နေသည်ဟု ဆိုနိုင်ပါသည်။  ထိုသို့ ပြည်တွင်းချည်မျှင် စက်ရုံများဖွံ့ဖြိုးတိုးတက်လာမှသာလျှင် ပြည်တွင်းရက် ကန်းလုပ်ငန်းလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ ထို့ပြင်  နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် အထည်ချုပ် စက်ရုံများအနေဖြင့် ပြည်တွင်းမှ  ထုတ်လုပ်သည့် ချည်အပါအဝင် ပြည်တွင်းမှ ကုန်ပစ္စည်းငယ်များကို  သုံးစွဲပေးမှသာလျှင် ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး  မြန်မာပြည်ဖြစ်အထည်များကို ပြည်ပနိုင်ငံများသို့ ယခုထက် ပိုမိုရောင်းချ ထုတ်လုပ်လာနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

မျိုးသူ(ကုန်သွယ်မြင့်)