Main menu

Background

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Thu, 01/20/2022 - 14:53 -- journal_editor

ဇန်နဝါရီ ၇ရက် မွန်းလွဲ ၂ နာရီခွဲ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtualူ စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့  G to Gအစီအစဉ်ဖြင့်ဆန်တင်ပို့ရောင်းချ နိုင် ရေး အတွက် မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့်သီရိလင်္ကာနိုင်ငံကုန်သွယ်ရေးဝန် ကြီးဌာနတို့အကြား နှစ်နိုင်ငံသဘောတူ စာချုပ် (Bilateral Agreement)လက် မှတ်ရေးထိုးခြင်းအခမ်းအနားသို့ သီရိ လင်္ကာနိုင်ငံကုန်သွယ်ရေးဝန်ကြီး Dr. Bandula   Gunawardhana  နှင့်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့  တက်ရောက်ပြီး အမှာစကားများ အသီးသီး  ပြောကြား ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက  အမှာစကား ပြောကြားရာတွင် ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံနှင့်   သီရိလင်္ကာ ဆိုရှယ်လစ် ဒီမိုကရက်တစ်နိုင်ငံတို့ အကြား နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင် နိုင်ရေးအတွက အစိုးရများအကြား G to Gစနစ် ဖြင့် လယ်ယာထွက်ကုန်ကဏ္ဍမှ ဆန်အပါအဝင်အခြားကုန်စည်များတိုးမြှင့်ရောင်းချသွားနိုင်ရေး ကနဦးဆောင်ရွက်ချက်အဖြစ်ချုပ်ဆိုခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား အကျိုး အမြတ်ရှိနိုင်သည့်ခရီးသွားလုပ်ငန်းများ၊   ရင်းနှီးမြှုပ်နှံမှုလု ပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက်လည်း ဖိတ် ခေါ်ပါကြောင်း၊မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု  ပူးပေါင်းဆောင်ရွက်ရန်အတွက်အမြဲ ကြိုဆိုလျက်ရှိကြောင်းပြောကြားခဲ့ သည်။သီရိလင်္ကာနိုင်ငံ  ကုန်သွယ် ရေးဝန်ကြီးက  အမှာစကားပြောကြားရာ တွင် မြန်မာနှင့် သီရိလင်္ကာနိုင်ငံတို့သည် ၁၉၄၉ ခုနှစ်မှစတင်၍ သံတမန်ဆက်ဆံ မှုစတင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံစားနပ် ရိက္ခာဖူလုံရေးအတွက်  အဓိကအစား အစာဖြစ်သော ဆန်ကို ယခုလို  G to Gအစီအစဉ်ဖြင့် ရောင်းချပေးသည့်အတွက်အထူးပင်ကျေးဇူးတင်ရှိကြောင်း နှင့် ရှေ့ဆက်၍ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် နိုင်ရေးပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့ နောက်  မြန်မာ-သီရိလင်္ကာ ဆန်တင်ပို့ရောင်းချမှုဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ်အား မြန်မာနိုင်ငံ ဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် နှင့်  သီရိလ င်္ကာနိုင်ငံ  ကုန်သွယ်ရေး ဝန်ကြီးဌာန၊   တွဲဖက်အတွင်းဝန်တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး      အဆိုပါ သဘောတူစာချုပ်အရ  ဆန်ရောင်း ဝယ်မှုကို  မြန်မာနိုင်ငံဘက်မှ  မြန်မာ နိုင်ငံ  ဆန်စပါးအသင်းချုပ်နှင့် သီရိ လင်္ကာနိုင်ငံဘက်မှ Sri Lanka State Trading (General) Corporation တို့က အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကာ  မြန်မာနိုင်ငံဘက်မှ နှစ်စဉ်  ဆန်ဖြူတန်ချိန် တစ်သိန်းနှင့် ပေါင်းဆန်တန်ချိန်  ငါးသောင်းတို့ကို သီရိလင်္ကာနိုင်ငံသို့  ၂၀၂၂  ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း တင်ပို့သွားမည် ဖြစ်သည်။လက်မှတ်ရေးထိုးပွဲ    အခမ်း အနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  ဒုတိယဝန်ကြီး၊ သီရိလင်္ကာနိုင်ငံဆိုင်ရာ    မြန်မာသံ အမတ်ကြီး၊ အဆင့်မြင့် အရာထမ်းများ၊ မြန်မာနိုင်ငံ     ဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အပါအဝင် ၃၄ ဦးနှင့်  သီရိလင်္ကာနိုင်ငံဘက်မှ ကုန် သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆောင် သည့် ကိုယ်စားလှယ် ခုနစ်ဦး  တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOC (IR)