Main menu

Background

ရွှေတြိဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေသည့် နယ်စပ်ကုန်သွယ်ရေး

Thu, 04/09/2026 - 11:03 -- journal_editor

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိတာချီလိတ် မြို့သည်  ကုန်သွယ်မှုကဏ္ဍ   ဖွံ့ဖြိုးတက်တက်သည့် ဒေသတစ်ခုဖြစ်သည်။ နယ်စပ်ကုန်သွယ်မှုကြောင့် နယ်မြေဒေသ  ဖွံ့ဖြိုးတိုးတက်သည်သာမက နိုင်ငံ့ စီးပွား တိုးတက် ကောင်းမွန်ရေးအတွက်လည်း များစွာ အထောက်အကူပြုလျက် ရှိနေသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မူဝါဒများနှင့် အညီ မျှော်မှန်းချက်၊  ရည်မှန်းချက်များ ချမှတ်ကာ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ  စီမံဆောင်ရွက်လျက်ရှိနေသည်ကို မြင် တွေ့ရမည်ဖြစ်သည်။ 
ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာတွင်  ကုန်သွယ် ရေးဦးစီးဌာန၏ မျှော်မှန်းချက်(Vision) ဖြစ်သည့် ကုန်သွယ်မှုဖြင့် အမျိုးသားအကျိုးစီးပွားကို တိုးတက် မြင့်မားစေရန်၊  ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်သွယ်မှုပတ်ဝန်းကျင် ကောင်းမွန်စေရေး၊ မှန်ကန် မျှတသော ကုန်သွယ်မှုစနစ်ဖြစ်စေရေး ထိန်းညှိဆောင် ရွက်ရန်၊ ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်စေမည့် လုပ်ငန်းစဉ် များကို ဖြေလျှော့၍ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရန်၊ ကုန်သွယ်မှုလုပ်ငန်းများ အဆင် ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ခေတ်မီနည်းပညာ များ အသုံးပြု၍ ပံ့ပိုးကူညီရန်၊ နိုင်ငံစုံနှင့် ဒေသတွင်း ကုန်သွယ်မှု စနစ်များတွင် တကြွ်ကစွာ ပူးပေါင်းဆောင် ရွက်ပြီး နှစ်နိုင်ငံကုန်သွယ်မှု  ဆက်ဆံရေးများ တိုးမြှင့် တည်ဆောက်ရန်၊ ကုန်သွယ်မှုကဏ္ဍကို   ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရာတွင်  အစိုးရနှင့် ပုဂ္ဂလိက ဟန် ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန်ဆိုသည့် ရည်မှန်း ချက်(Mission)များဖြင့်    အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်။
ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ တော်၏ စီးပွားရေးအတွက် မောင်းနှင်အားဖြစ်သလို  ပြည်သူများ၏  နေ့စဉ်လူမှုဘဝ တိုးတက်မြင့်မားရေး အတွက်လည်း   ထိရောက်စေမည်လည်းဖြစ်သည်။ ကုန်သွယ်မှုမှရရှိသော အကောက်ခွန်(Customs Duty) နှင့် ကုန်သွယ်လုပ်ငန်းခွန်များသည် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ  စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ရန်အတွက် အဓိကဘဏ္ဍာငွေ အရင်း အမြစ်များ ရရှိစေမည်ဖြစ်သည်။ ထို့ပြင် ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ွီဏ) မြင့်မားတိုးပွားစေခြင်း၊ ကုန်သွယ်မှုပမာဏ များပြား လာခြင်းကြောင့်  နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းကို    တိုက်ရိုက်အထောက်အကူ ပြုစေမည်လည်း ဖြစ်သည်။
အလားတူ  အာဆီယံ၊  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO)တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ တကာအလယ်တွင် မြန်မာ့စီးပွားရေးအခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ခြင်းလည်းဖြစ်သည်။ ပို့ကုန်လုပ်ငန်း များဖွံ့ဖြိုးလာခြင်းကြောင့် ပြည်သူများအတွက် အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်သည်။ မရှိမဖြစ်လိုအပ်သည့်  စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေး ဝါးများကို   မူဝါဒဖြင့် စနစ်တကျ တင်သွင်းခွင့်ပြုထား သည်။ ထို့ပြင် နယ်စပ်သွင်းကုန်များ၏ အရည်အသွေး များကို စနစ်တကျ စစ်ဆေးကြပ်မတ်ပေးခြင်းကြောင့် ပြည်သူများအနေဖြင့်     ဘေးအန္တရာယ်ကင်းသည့် အစားအသောက်နှင့် အရည်အသွေးမီ လူသုံးကုန် ပစ္စည်းများကို သုံးစွဲနိုင်မည်ဖြစ်သည်။
အဓိကအားဖြင့်   ပို့ကုန်များမှ  ရငွေများဖြင့် နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်စေရန် အထောက်အကူ ပြုခြင်း၊  သွင်းကုန်အစားထိုးခြင်းကြောင့်   ပြည်တွင်းMSME လုပ်ငန်းများ တိုးတက်အောင်မြင်လာနိုင်ခြင်း၊ Tradenet 2.0 စနစ် ဆောင်ရွက်ပေးမှုမှ လုပ်ငန်းရှင်များ အတွက် အချိန်နှင့် ကုန်ကျစရိတ် သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။ 
ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နနွင်းတက်၊ မန် ကျည်းသီး(အစေ့မပါ)၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ ပြောင်း၊ ဝဥ(အစို၊အခြောက်)၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ကော်ဖီစေ့၊ ဆီးသီးခြောက်၊ ဆီးဆန်၊ ကွမ်းသီး၊ ကွမ်းစားဂမုန်း၊ လက်ဖက်ခြောက်၊ လိမ္မော်သီး၊ ထော ပတ်သီး၊ ငရုတ်သီး(စိမ်း၊ခြောက်)၊ ဆေးရွက်ကြီးဖြတ်စ၊ ဆီးဖြူသီးခြောက်၊ ရွှေဖရုံသီး၊ ဖာလာစေ့၊ ရှောက်ကော စေ့နှင့် ရော်ဘာစေး၊ ဝါး(သေး)၊ သစ်ခေါက်၊ တံမြက် စည်း၊ အထည်ချုပ်လုပ်ငန်း၊ ပလတ်စတစ်ဖြတ်စများ၊ စက္ကူဖြတ်စများ၊ ရေထွက်ပစ္စည်းများဖြစ်သည့် ငါး ခြောက်၊ ပုစွန်ခြောက်၊ တိရစ္ဆာန်ထွက်ပစ္စည်း (ဆိတ် အရှင်)၊    သဘာဝသယံဇာတပစ္စည်းများဖြစ်သည့် သဘာဝဓာတ်ငွေ့၊  သတ္တုနှင့် သတ္တုရိုင်းများ စသည့် ကုန်ပစ္စည်းများသည် နိုင်ငံအတွက် အဓိကဝင်ငွေရှာ ပေးနေသော ပို့ကုန်များဖြစ်သည်။
ပြည်သူများအတွက်  မရှိမဖြစ် လိုအပ်သော သွင်းကုန်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ စက်ရုံသုံး စက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံး မော် တော်ယာဉ်များ၊ စက်သုံးဆီDiesel/Petrol)၊ ဓာတ် မြေသြဇာ၊ ပလတ်စတစ်ကုန်ကြမ်းများ၊ အထည်ချုပ် လုပ်ငန်းသုံး အထည်အလိပ်များဖြစ်သည်။ 
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်၊ သွင်း ကုန်များ ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ၏ စားရေ ရိက္ခာ  ဖူလုံစေရေး၊ လူမှုစီးပွား  ဖွံ့ဖြိုးရေးအတွက် အရည်အသွေးမမီသည့် ဆေးဝါးများ၊ အစားအသောက် များ ဝင်မလာစေရန် FDAနှင့် ပူးပေါင်း စစ်ဆေးခြင်း၊ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး ဈေးနှုန်းမှန်ကန်စေ ရေး တင်သွင်းမှု လိုင်စင်များအား စနစ်တကျ ခွင့်ပြု ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ နယ်စပ်ကုန်သွယ်ရေး လိုင်စင်များကိုTradenet 2.0 စနစ်ဖြင့် Onlineမှ  လျှောက်ထားနိုင်မည် ဖြစ်သည်။ တရုတ်-မြန်မာ နယ်စပ်တွင် ယွမ်/ကျပ် တိုက်ရိုက်ပေးချေမှုနှင့်    ထိုင်း-မြန်မာနယ်စပ်တွင် ဘတ်/ကျပ် တိုက်ရိုက်ပေးချေမှုစနစ်များကို ခွင့်ပြုပေး ထားသဖြင့် လုပ်ငန်းရှင်များ များစွာအဆင်ပြေ အကျိုး ရှိနေသည်ကို တွေ့ရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ    တာချီလိတ် နယ်စပ်ဂိတ်သည် မြန်မာ-ထိုင်း ကုန်သွယ်ရေးအတွက် အလွန်အရေးပါသည့်   ဗျူဟာမြောက် ဂိတ်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့်   ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တို့ကို ချစ်ကြည်ရေးတံတား အမှတ်(၂)မှ တစ်ဆင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာ သကဲ့သို့ တာချီလိတ် ဝမ်ပုံဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့်လည်း   ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေဖြစ်သည်။ ကုန်သည်များအနေဖြင့် ဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ  ဘဏ်များမှ တစ်ဆင့် ဘတ်နှင့် ကျပ်ကို တိုက်ရိုက်လဲလှယ်အသုံးပြု နိုင်သဖြင့် အဆင်ပြေလျက်ရှိသည်။
တာချီလိတ် ကုန်သွယ်ရေးစခန်းတွင် Online Licensing ကို Tradenet 2.0  စနစ်ဖြင့် သွင်းကုန်/ပို့ကုန် လိုင်စင်များ လျှောက်ထားနိုင်ခြင်း၊ ထိုင်းနိုင်ငံ မြောက် ပိုင်းနှင့် လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ တောင်ပိုင်းတို့သို့ ဆက်သွယ်နိုင်ခြင်း၊ အခြေခံစားသောက်ကုန်နှင့် လူ သုံးကုန်ပစ္စည်းများ လွယ်ကူစွာရရှိခြင်း၊ ရော်ဘာနှင့် အခြား စိုက်ပျိုးရေးထွက်ကုန်များအား နယ်စပ်မှတစ် ဆင့် အချိန်တိုအတွင်း  ရောင်းချနိုင်သဖြင့် အလေ အလွင့်ဆုံးရှုံးမှု နည်းစေခြင်း၊ ငွေကြေးလဲလှယ်မှု လွယ်ကူခြင်း စသည့် ပြည်သူများအတွက် အထိရောက် ဆုံး လက်တွေ့အကျိုးကျေးဇူးများပင်ဖြစ်သည်။ 
အထူးသဖြင့် ကုန်သည်များအတွက် လွန်စွာ အကျိုးဖြစ်ထွန်းသည့် ပင်ရင်းနိုင်ငံ သက်သေခံလက် မှတ်အား   တာချီလိတ်  ကုန်သွယ်ရေးစခန်းတွင် လျှောက်ထားဆောင်ရွက်နိုင်သဖြင့်   လုပ်ငန်းများ လွယ်ကူလျင်မြန်၍ အဆင်ပြေလျက်ရှိသည်ကို တွေ့ရ မည်ဖြစ်သည်။ 
ကုန်သွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ပင်ရင်း နိုင်ငံ သက်သေခံလက်မှတ်Certificate of Origin)(CO) ရှိခြင်းဖြင့် ကုန်သွယ်မှု အာမခံနိုင်မည်ဖြစ်သည်။ ကုန်စည်တစ်ခုအား  မည်သည့်နိုင်ငံတွင် ထုတ်လုပ် ထားသည်ကို  တရားဝင်အာမခံပေးသည့်  စာရွက် စာတမ်းဖြစ်သည်။ တာချီလိတ်ကဲ့သို့ နယ်စပ်ဂိတ်များ တွင် ပြုလုပ်ဆောင်ရွက်ထားလျှင်  လက်တွေ့ အကျိုး ကျေးဇူးများဖြစ်သော  အကောက်ခွန်သက်သာခွင့် သို့မဟုတ် ကင်းလွတ်ခွင့် ရရှိနိုင်မည်ဖြစ်သည်။
တာချီလိတ်မှ ထိုင်းနိုင်ငံသို့  ကုန်ပစ္စည်းပို့လျှင် (Form D) ဟု ခေါ်သည့် (CO) လက်မှတ်ပါရှိသွားပါက ထိုင်းနိုင်ငံဘက်၌ ပေးရမည့် သွင်းကုန်ခွန်(Import Duty)ကို လျှော့ပေါ့ခွင့် (သို့မဟုတ်)သုည% အထိ ကင်းလွတ်ခွင့် ရရှိနိုင်မည်ဖြစ်သည်။
CO လက်မှတ်ရှိခြင်းဖြင့်   မိမိကုန်စည်မှာ  ပိတ်ပင်ထား သည့် နိုင်ငံမှလာသည့် ပစ္စည်းမဟုတ်ဘဲ   မြန်မာနိုင်ငံမှ လာ သည့် ကုန်ပစ္စည်းဖြစ်ကြောင်း သက်သေပြနိုင်သည့်အတွက် အဝင်အထွက် ချောမွေ့စေမည်ဖြစ်သည်။ ဘဏ်အသီးသီးမှ CO လက်မှတ်ကို အဓိက အထောက်အထား စာရွက်စာတမ်း တစ်ခုအဖြစ် တောင်းဆိုလေ့ရှိပြီး အဆိုပါလက်မှတ်ရှိပါက ငွေထုတ်ယူခြင်း၊ သို့မဟုတ် ငွေလွှဲခြင်းများ ပို၍ တရားဝင် တိကျစေသည်။ 
လက်ရှိတွင်  တာချီလိတ် ကုန်သွယ်ရေးစခန်း၌ ပင်ရင်း နိုင်ငံ သက်သေခံလက်မှတ်(FORM–D)များကို ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံများသို့ ပို့ကုန်ဆောင်ရွက်နေ သည့် လုပ်ငန်းရှင်များအား ထုတ်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ တာချီလိတ် ကုန်သွယ်ရေးစခန်းတွင် ယခုအခါ ဃဥ လက်မှတ် များကို ဥညူငညန Online (Tradenet 2.0)မှတစ်ဆင့် လျှောက်ထားနိုင်ရေး  စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ 
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်    နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး  ရှေးရှုလျက်     ချမှတ်ထားသည့်မူဝါဒများ၊  လုပ်ငန်းမျှော်မှန်းချက်များ၊    ရည် မှန်းချက်များနှင့်အညီ ဝန်ထမ်းများကလည်း နိုင်ငံတော်၏ မှန်ကန်သော ဦးဆောင်မှုအောက်တွင် မိမိကိုယ်ကို ကောင်း အောင် ကြိုးစားသော၊ မိမိဌာနကို ကောင်းအောင် ကြိုးစား သော၊ မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားသော၊ စိတ်ဓာတ်၊ စည်းကမ်း၊ အရည်အချင်းပြည့်ဝသည့်  ဝန်ထမ်း ကောင်းဖြစ်အောင် ကြိုးစားဆောင်ရွက်မည်ဟူသော ခံယူ ချက်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ   တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)၊ တာချီ လိတ်-ဝမ်ပုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း၊ တာချီလတ်- ကျိုင်းလပ် ကုန်သွယ်ရေးစခန်းတို့တွင် နယ်စပ်ကုန်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို  စနစ်တကျ စီမံကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိနေသည်။
သို့အတွက်ကြောင့် ရွှေတြိဂံဒေသ နယ်စပ်ကုန်သွယ် ရေးသည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူ ပြုလျက် ရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

သန္တာ (မောရှမ်းမြေ)