ပြည်တွင်းတွင် ပိုးသတ်ဆေးအမျိုးပေါင်း ၁၇၉ မျိုးကို အတည်ပြုပေးနိုင်ရေးစိစစ်ဆွေးနွေးကြပြီး (၄၇) ကြိမ်မြောက် အစည်းအဝေးကျင်းပပြီးစီးသည့် အချိန်အထိ ပိုးသတ်ဆေးစုစုပေါင်း ၄၆၇၀ ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့မှ သိရသည်။
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ အနေဖြင့် ပိုးသတ်ဆေးဆိုင်ရာ စံသတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်း အပါအဝင် စိုက်ပျိုးရေးထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း းကင်းစင်ရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းစင်ရေး အတွက် ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းလုပ်ငန်းများ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် ၂၀၂၁ ခုနှစ်မှစတင်၍ (Myanmar Agricultural Import Registration System (MAIRS)) Online System စနစ်ဖြင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေဖြင့် ပိုးသတ်ဆေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းစင်ရေးနှင့် စားသုံးသူများ ဘေးအန္တရယ်ကင်းရှင်းရေးအတွက် ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုတိုး
