Background
ပြည်တွင်းဆီဈေးနှုန်း ( ၂၃-၁၁-၂၀၁၂) ကျပ်/ပိဿာ
မြို့အမည်
ပဲဆီ
နှမ်းဆီ
စားအုန်းဆီ
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
နေပြည်တော် (ပျဉ်းမနား)
4500
4500
2800
2800
1600
1600
ရန်ကုန်
4300
4300
3300
3300
1410
1380
မန္တလေး
3900
4000
2900
2900
1525
1520
ပဲခူး
4100
4100
3400
3400
1450
1450
မကွေး
4000
3700
3100
3075
1530
1530
မုံရွာ
3400
3400
3100
3050
1560
1540
တောင်ကြီး
4000
4000
3200
3200
1700
1700
ကမ္ဘာ့စီးပွားရေးတိုးတက်မှုက ဆက်ပြီးမှေးမှိန်နေတဲ့အတွက် စားဆီဝယ်လို အားနည်းပါးမှာကို ရင်းနှီးမြှုပ်နံှသူများမှ စိုးရိမ်းမှုဆက်ရှိနေသေးတဲ့အတွက် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေးက ၄ ရက်မြောက်အနေနဲ့ ဆက်တိုက် ကျဆင်းခဲ့ ပါတယ်။ ရင်းနှီးမြှုပ်နှံသူများဟာ ဂရိအတွက် အရေးပေါ်ကူညီပေးဖို့ သဘောတူ ညီရေး ဒုတိယအကြိမ် အနေနဲ့ နိုင်ငံတကာ ခေါင်းဆောင်များတွေ့ဆုံမယ့် လာမယ့် သီတင်းပတ် ဥရောပအစည်းအဝေးကို စောင့်ကြည့် လျက်ရှိနေပါတယ်။
ပြည်ဈေးကွက်တွင် နှမ်းနက်ကို ရန်ကုန်ကုမ္ပဏီများက အဝယ်ရှိလို့ နှမ်းနက် ဈေးမှာ ယခင်အပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ နှမ်းနက်ကို ပြလို့၊ ပေါင်း တည်နဲ့မြန်အောင်ဘက်မှတစ်နေ့ကို အိတ် ၅၀၀ ခန့် ဝင်ရောက်သော်လည်း ဆောင်း နှမ်းများ စိုက်ပျိုးချိန် နှမ်းအဝင်နည်းပြီး၊ ရန်ကုန်ဝယ်လက်များက အဝယ်ရှိတဲ့ အတွက်လှောင်နှမ်းများကိုပါထုတ်၍ ရောင်းချခဲ့ရတာကြောင့် နှမ်းနက်ဈေးမှာ မြင့် တက်လာခဲ့ပါတယ်။ ဆီကြိတ်နှမ်းနီမှာ ဆီစက် သမားများကအဝယ်ရှိလို့ ဈေးမှာ ယခင်အပတ်ထက် မြင့်လာတာတွေ့ရပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာ တစ် အိတ်ကို ၈၃၅၀၀ ကျပ်နဲ့ တစ်နေ့ကို နှမ်းအိတ် ၃၀၀ ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး၊ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၁၀၀၀၀၀ ကျပ်ဈေးနဲ့ တစ်နေ့ အိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။
ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းမှ ကိုရီးယား၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ ဗီယက်နမ်နဲ့ တရုတ်တို့ကို နှမ်းတန်ချိန် ၁၁၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ တန် ၈၀၀ ခန့်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ် နှမ်းပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ နှမ်းစုစုပေါင်း တင်ပို့မှု တန်ချိန် ၇၄၀၀၀ ကျော်ရှိပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၁၂၄ သန်းကျော်ဖြစ်လို့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု တန်ချိန်၇၁၀၀၀ ကျော်တင်ပို့ခြင်းမှ ရရှိတဲ့ ကန်ဒေါ်လာ သန်း ၁၀၀ ထက် ပမာဏ ရော ဝင်ငွေပါပိုမိုကြောင်း သိရပါတယ်။ MIRT - MAPT
အိန္ဒိယနိုင်ငံဟာ ၂၀၁၁ နိုဝင် ဘာလမှ ၂၀၁၂ အောက်တိုဘာလ အထိ တစ်နှစ်တာ ကာလအတွင်း ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှု စံချိန်တင် မြင့်မားခဲ့တယ်။ စားသုံးမှုနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ အသုံးပြုမှု မြင့်မားလာတဲ့အတွက် တင်သွင်းမှု မြင့်မားတယ်လို့ သိရ တယ်။ ၂၀၁၁ - ၁၂ ခုနှစ်အတွင်း တင်သွင်းမှုပမာဏ တန်ချိန် ၁၀ ဒသမ ၁၉ သန်းရှိရာ ၂၀၁၀ - ၁၁ ခုနှစ်က တင်သွင်းမှုပမာဏဖြစ်တဲ့ တန်ချိန် ၈ ဒသမ ၆ သန်းနဲ့ ယှဉ်ရင် ၁၇ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားခဲ့ တယ်။
ယခုတစ်ပတ်မှာတော့ပြည် ပဲပုပ် ပိဿာ ၂၀ တစ်တင်း ၂၃၀၀၀ ကျပ် ဈေးပေးတယ်လို့ သိရပါတယ်။ ဈေး ကွက်မှာ လက်လီဝယ်ယူသူများနဲ့ ပုံမှန် အရောင်းအဝယ်ဖြစ်ပြီး၊ ပဲပုပ်လက်ကျန် နည်းနေတာကြောင့် အခြားဒေသ များ သို့ မတင်ပို့နိုင်ဘူးလို့ သိရပါတယ်။ လက်လီဝယ်ယူသူများကြောင့် အခု တစ်ပတ်မှာတော့ ၁၀ အိတ်ဝန်းကျင် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ ဆုမွန်ဆွေ-ပြည်
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း
16-11-2012 US$Ton
ဇွန်လစတုတ္ထပတ်
ဇူလိုင်လပထမပတ်
နှိုင်းယှဉ်ချက်
RBD P.Oil
813.00
774.50
RBD P.Olein
931.00
788.50
RBD P.Strarin
764.50
771.50
Source: econ.mpob
ပြည်တွင်းဆီဈေးနှုန်း ( ၁၆-၁၁-၂၀၁၂) ကျပ်/ပိဿာ
မြို့အမည်
ပဲဆီ
နှမ်းဆီ
စားအုန်းဆီ
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
နေပြည်တော် (ပျဉ်းမနား)
4500
4500
2800
2800
1600
1600
ရန်ကုန်
4000
4300
3500
3300
1410
1400
မန္တလေး
3900
3900
2900
2900
1540
1525
ပဲခူး
4100
4100
3400
3400
1500
1450
မကွေး
4000
4000
3050
3100
1550
1530
မုံရွာ
3450
3400
3050
3100
1540
1560
တောင်ကြီး
4000
4000
3200
3200
1800
1700
မလေးရှားနိုင်ငံရဲ့ စားအုန်းဆီသိုလှောင်မှုပမာဏ ဆက်လက်မြင့်တက်နေတဲ့ အပေါ် စိုးရိမ်မှုတွေကြောင့် စားအုန်းဆီကြမ်းဈေးက ဆက်ပြီးကျဆင်းဖွယ် ရှိနေ တယ်လို့ လေ့လာဆန်းစစ်သူများက ခန့်မှန်းကြပါတယ်။ MIDF သုတေသနအရ ယခုနှစ်နောက်လများမှာ စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၂၃၀၀ နဲ့ ၂၅၀၀ (ကန် ဒေါ်လာ ၇၄၉ နဲ့ ၈၁၅)အတွင်း တည်ငြိမ်လိမ့်မယ်လို့ ဆိုပါတယ်။ အောက်တို ဘာလအတွင်း ပြည်ပတင်ပို့မှုက တန်ချိန် ၁ ဒသမ ၇၆ သန်းနဲ့ ယခုနှစ်အတွင်း အများဆုံးဖြစ်သလို ပြည်ပတင်ပို့မှုမှာ အများဆုံးဖြစ်ခဲ့တဲ့ ၂၀၁၁ အောက်တို ဘာလ နောက်ပိုင်းကတည်းကအမြင့်ဆုံးတင်ပို့နိုင်ပေမယ့် သိုလှောင်မှုက အမြင့်မှာ ဆက်ပြီး ရှိနေသေးတယ်လို့ ဆိုပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ ၄ ဒသမ ၈၁၀ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၆၂၂ တန် ကျော်ကို နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်အတွင်း တင်ပို့ ခဲ့တာ တွေ့ရပါ တယ်။ နှမ်းရောင်စုံ တင်ပို့မှုတွေကတော့ နှမ်းနက် ၁၈၀၅ တန်ခန့်၊ နှမ်းဖြူ ၆၉၄ တန်ကျော်နဲ့ နှမ်းညို ၁၂၂ တန်ကျော်တင်ပို့နိုင် ခဲ့ပါတယ်။ ယခင် အပတ်ထက် နှမ်းရောင်စုံတင်ပို့မှု ၄၀၅ တန်ကျော်၊ (ကန်ဒေါ်လာသုညဒသမ ၇၃၁ သန်း) ပိုမိုတင်ပို့ခဲ့ပါတယ်။ နှစ်ဖက် မြေပြင်နှမ်းဈေးများကိုကြည့်လျှင် နှမ်းနက်ဈေး ယခင်အပတ်ကထက် ပိုမိုလျက်ရှိတာတွေ့ရမှာဖြစ်ပါတယ်။
