Background
စားအုန်းဆီဈေးနှုန်းများ(၂၉-၁၀-၂၀၁၂ မှ ၂-၁၁-၂၀၁၂ နေ့ထိ)
ရေတွက်ပုံ - ဒေါ်လာ
စဉ်
နေ့စွဲ
CIF (ရန်ကုန်)
Cloud Point 10.C Max
(1)
၂၉-၁၀-၂၀၁၂
900
(2)
၃၀-၁၀-၂၀၁၂
880
(3)
၁-၁၁-၂၀၁၂
885
(4)
၂-၁၁-၂၀၁၂
885
Source: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း
26-10-2012 US$Ton
ဇွန်လစတုတ္ထပတ်
ဇူလိုင်လပထမပတ်
နှိုင်းယှဉ်ချက်
RBD P.Oil
795.50
812.00
RBD P.Olein
802.00
826.00
RBD P.Strarin
752.00
788.00
Source: econ.mpob
စားအုန်းဆီဈေးနှုန်းများ(၂၂-၁၀-၂၀၁၂ မှ ၂၆-၁၀-၂၀၁၂ နေ့ထိ)
ရေတွက်ပုံ - ဒေါ်လာ
စဉ်
နေ့စွဲ
CIF (ရန်ကုန်)
Cloud Point 10.C Max
(1)
၂၂-၁၀-၂၀၁၂
865
(2)
၂၃-၁၀-၂၀၁၂
880
(3)
၂၄-၁၀-၂၀၁၂
885
(4)
၂၅-၁၀-၂၀၁၂
890
Source: ဆီကုန်သည်များအသင်း
ပြည်တွင်းဆီဈေးနှုန်း ( ၂၆-၁၀-၂၀၁၂) ကျပ်/ပိဿာ
မြို့အမည်
ပဲဆီ
နှမ်းဆီ
စားအုန်းဆီ
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
နေပြည်တော် (ပျဉ်းမနား)
4500
4400
2800
2800
1600
1580
ရန်ကုန်
4300
4000
3300
3500
1380
1485
မန္တလေး
4300
3900
2900
2800
1510
1590
ပဲခူး
4300
4200
3400
3400
1450
1480
မကွေး
4000
4000
3150
3100
1500
1550
မုံရွာ
3600
3500
3150
3100
1550
1650
တောင်ကြီး
4000
4000
3500
3500
1800
1800
စစ်တွေ
4500
4500
3200
3200
2000
2000
ရေကြည်မြို့နယ်ရှိ တောင်သူများ ရင့်မှည့်ပြီး၊ ကောက်စောစပါးများ ရိတ်သိမ်း ခြွေလှေ့လျက်ရှိနေ သလို ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးဖို့ မျိုးစေ့များ ဝယ်ယူ စုဆောင်းနေကြပါတယ်။ နှစ်စဉ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲလွန်းဖြူအများဆုံး စိုက်ပျိုး ခဲ့ပေမယ့် ယခင်နှစ်က မတ်ပဲဈေးကွက်နဲ့ စားသုံးဆီ(အတု)များ ဝင်ရောက်လာမှု အပေါ် MAPT ဝန်ထမ်းများရဲ့အသိပညာပေးခြင်းများကြောင့် တောင်သူများ အသိအမြင်ရှိလာကြပြီး၊ ၂၀၁၂-၁၃ ခုနှစ်၊ ယခုနှစ်မှာတော့ မြေပဲစိုက်ဧက တိုးချဲ့ စိုက်ပျိုးဖို့ စိုက်နေကြတောင်သူများနဲ့ ယခင်စိုက်ပျိုးခြင်းမရှိတဲ့ တောင်သူများပါ မျိုးမြေပဲများ ကြိုတင်ဝယ်ယူစုဆောင်းလျက် ရှိကြောင်းသိရပါတယ်။
မလေးရှား စားအုန်းဆီသိုလှောင်မှု စံချိန်တင်မြင့်တက်ခြင်းကြောင့် ဈေးနှုန်း ကျဆင်းမှာ စိုးရိမ်နေကြပေမယ့်လည်း ပွဲတော်အတွက် ဝယ်လိုအားတိုးတက်လာ တာကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး မြင့်တက်လာကြောင်း သိရပါတယ်။ အဓိက စားဆီတင်သွင်းတဲ့ အိန္ဒိယနိုင်ငံမှာ ဒီပါဝလီပွဲတော်အတွက် ဝယ်လက်များက စားအုန်းဆီကို တိုးတက်ဝယ်ယူခြင်းက ကမ္ဘာ့နံပါတ် -၂ စားအုန်းဆီထုတ်လုပ်တဲ့ မလေးရှားနိုင်ငံရဲ့သိုလှောင်မှုလက်ကျန် ကိုလျော့ကျစေပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်း စစ်ဆေးသူများရဲ့ စာရင်းအရ အောက်တိုဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း စားအုန်းဆီတင်ပို့မှုဟာ ပြီးခဲ့တဲ့လထက် ၁၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။
ဘာစာမလေးရှား ကုန်စည်ဒိုင်မှာ ဇန်နဝါရီလ စာချုပ်ဈေးဟာ ၁ ရာခိုင်နှုန်း ပိုမိုပြီး၊ တစ်တန် ရင်းဂစ် ၂၆၀၃ (ကန်ဒေါ်လာ ၈၅၆)ဈေးဖြစ်လို့ စက်တင်ဘာလ ၂၈ ရက်နောက်ပိုင်းအမြင့်ဆုံးပမာဏကို ရောက်ရှိကြောင်း သိရပါတယ်။ မလေးရှား နိုင်ငံအတွင်း အဓိက ဆီအုန်းစိုက်ပျိုးရာ ဒေသများမှာ မိုးရွာသွန်းနေတဲ့အတွက် ဆီအုန်းခူးဆွတ်မှု အဟန့်အတားဖြစ်နေပြီး၊ ပြည်ပတင်ပို့မှု ခိုင်မာနေတဲ့အတွက် လာမယ့် သီတင်းပတ်မှာ လည်း ဈေးမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိဈေးကွက်မှာ နိုဝင်ဘာလအတွက် သန့်စင်ပြီး စားအုန်းဆီဈေးက တစ်တန် ကန်ဒေါ်လာ ၈၅၂ ဒသမ ၅၀ ဈေးနဲ့ ကမ်းလှမ်းပြီး ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ရင်းဂစ် ၂၄၆၀(ကန်ဒေါ်လာ ၈၀၉)ရှိကြောင်း သိရပါတယ်။ ယုဇန၊Source: palmoil hq.com
မန္တလေးဈေးကွက်တွင် မြေပဲ ဆန်ဈေး ကျဆင်းပြီး၊ ဆီဈေးနှုန်းပါ ကျဆင်းလာကြောင်း သိရပါတယ်။ မန္တလေး ဈေးကွက်ကို နွားထိုးကြီး၊ ရွှေ ဘို၊ ကျောက်ပန်းတောင်း၊ ရှမ်းပဲဆန် များ ထွက်ရှိနေပြီး၊ ရှမ်းပဲဆန်ပါ ပေါ် လာပြီဖြစ်လို့ နယ်စုံမှ ပဲဆန်ဝင်နေချိန်၊ တရုတ်ဝယ်လက်များအဝယ်ရပ်နေခြင်း ကြောင့်၊ ပဲဆန်ဈေးမှာ တစ်ပတ်၊ ၁၀ ရက်အတွင်း ကျဆင်းလာပါတယ်။ ပဲ ဆန် အဖြူဈေးမှာ နွားထိုးကြီး ပဲ ၂၀၅၀ ကျပ်ရှိရာမှ ၁၉၀၀ ကျပ်ကို လည်းကောင်း၊ နှမ်းဈေးမှာ (အညို) ၃ တင်းတစ်အိတ်ကိုရန်ကုန်မှ အဝယ် လိုက်ပြီး ၇၃၀၀၀ ကျပ်မှ ၇၈၀၀၀ -၇၉၀၀၀ကျပ်သို့ပြန်တက်လာကြောင်း သိရပါတယ်။
ဘောဂဆီစက်ပိုင် ဦးဌေးက "ဒီ အချိန်ပဲဆန်ပေါ်ချိန်မှာ တရုတ်ဘက် ကလည်း ပဲရချိန်၊ မုန့်စားပွဲလည်းပြီး သွားချိန်ဆိုတော့ ရာသီချိန်မဟုတ်လို့ အရောင်းအဝယ်က ပုံမှန်ပဲရှိပြီး ဈေး ကျလာတယ်။ ပဲဆန်ဈေးကျလို့ ပဲဆီ ဈေးလိုက်ကျပေမယ့် ပဲဆီအရောင်း အဝယ်အေးပါတယ်။ စားအုန်းဆီဈေး လည်း ကျနေတော့ စားအုန်းဆီဘက် အဝယ် လိုက်တယ်။ နှမ်းဆီကတော့ ဈေးမကျဘူး။ ပဲဆီဈေးကထပ်ပြီး ကျ မယ်လို့မှန်းထားပါတယ်"လို့ပြောပါတယ်။ မန္တလေးဈေးကွက်ရှိ ပဲဆီဈေး နှုန်းမှာ တစ်ပိဿာကို ကျပ် ၄၇၀၀ မှ ၃၈၀၀ ကျပ်ကို လည်းကောင်း၊ ၅၅၀၀ ကျပ်မှ ၅၀၀၀ကျပ်ကိုလည်း ကောင်း၊ စားအုန်းဆီဈေးမှာ ၁၈၅၀ ကျပ်မှ ၁၅၂၀ ကျပ်ကို လည်းကောင်း၊ ကျဆင်းပြီး၊ နှမ်းဆီ ဈေးမှာ ကျပ် ၃၅၀၀ ဈေးနဲ့ ဈေးတန့်နေကြောင်း သိရပါတယ်။ ဇူးဇူး - မန္တလေး
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဒေါ်လာ သုည ဒသမ ၆၆၂ သန်းတန်ဖိုးရှိ နှမ်းဖြူအခွံချွတ် ၃၃၉ တန်ကို အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် တန် ၁၁၀ ခန့် အပို့ ပိုခဲ့ပါတယ်။ နှမ်းရောင်စုံတင်ပို့မှုကိုကြည့်လျှင် ယခုအပတ် မှာ နှမ်းညိုအပို့မရှိခဲ့ဘဲ နှမ်းဖြူနဲ့နှမ်းနက် သာအပို့ရှိခဲ့ပြီး ယခင်အပတ်ထက် နှမ်းဖြူ ၁၉၄ တန်ကျော်နဲ့ နှမ်းနက် ၈၃ တန်အပို့လျော့ခဲ့ပါတယ်။ ယခင်အပတ် မြေပြင်နှမ်းပေါက် ဈေးများနဲ့ ယခုအပတ်ဈေးနှိုင်းယှဉ်ရာမှာ မိမိဘက်မြေပြင် ဈေးလျော့နည်းလျက်ရှိပြီး တစ်ဖက်နိုင်ငံ ဈေးအနည်းငယ် မြင့်တက်လျက်ရှိပါတယ် -
မိုးနှမ်းအသစ်များ ဈေးကွက်ထဲ လှိုင်လှိုင်ဝင်လာခြင်းနဲ့အတူ ပင်လယ်ရေကြောင်းကလည်း မှန်မှန်တင်ပို့ လာတာ တွေ့ရပါ တယ်။ အောက်တိုဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ တစ်ပတ်အတွင်းမှာ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ တရုတ်ကိုတန်ချိန် ၁၃၀၀ ခန့်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တို ဘာလ ၁၉ ရက်နေ့အထိ ပြည်ပ ကို နှမ်းရောင်စုံတင်ပို့မှုမှာ တန်ချိန် ၆ သောင်းကျော်ပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၉၈ သန်းကျော်ရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၅၅၀၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၇၆ သန်းကျော်ရရှိကြောင်း သိရပါတယ်။MIRT - MAPT
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း
19-10-2012 US$Ton
ဇွန်လစတုတ္ထပတ်
ဇူလိုင်လပထမပတ်
နှိုင်းယှဉ်ချက်
RBD P.Oil
773.00
795.50
RBD P.Olein
774.50
802.00
RBD P.Strarin
747.50
752.00
Source: econ.mpob
