Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ တမူးနယ်စပ်များမှ ကန်ဒေါ်လာသုည ဒသမ ၀၆၂ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ တန် ၉၀ ကျော်ကို စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်းမှာ အပို့ ရှိခဲ့ ပါတယ်။ မူဆယ်မှတန် ၈၀ ခန့်နဲ့တမူးမှ ၁၀ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ မိမိဘက် ပဲပုပ်စေ့မြေပြင်ဈေး အနည်းငယ် လျော့ကျသော်လည်း တစ် ဖက်နိုင်ငံ ဈေးများ ပြောင်းလဲမှု မရှိတာ ကို နှစ်ဖက်မြေပြင်ပေါက်ဈေးနှုန်းများ အရ သိရပါတယ်-
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း
7-9-2012 US$Ton
ဇွန်လစတုတ္ထပတ်
ဇူလိုင်လပထမပတ်
နှိုင်းယှဉ်ချက်
RBD P.Oil
977.00
966.50
RBD P.Olein
993.00
974.00
RBD P.Strarin
935.50
892.50
Source: econ.mpob
ပြည်တွင်းဆီဈေးနှုန်း ( ၇-၉-၂၀၁၂) ကျပ်/ပိဿာ
မြို့အမည်
ပဲဆီ
နှမ်းဆီ
စားအုန်းဆီ
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
ယခင်
ယခု
နှိုင်းယှဉ်ချက်
နေပြည်တော် (ပျဉ်းမနား)
4400
4400
3000
3000
1900
1900
ရန်ကုန်
4700
4700
3600
3600
1695
1670
မန္တလေး
4200
4800
3300
3200
1820
1820
ပဲခူး
4800
4800
3500
3500
1770
1770
မကွေး
4800
4500
3250
3250
1840
1820
မုံရွာ
4500
4450
3250
3250
1860
1840
တောင်ကြီး
4500
4500
3500
3500
2000
2000
စစ်တွေ
4500
4500
3200
3200
2000
2000
စားအုန်းဆီဈေးနှုန်းများ(၃-၉-၂၀၁၂ မှ ၇-၉-၂၀၁၂ နေ့ထိ)
ရေတွက်ပုံ - ဒေါ်လာ
စဉ်
နေ့စွဲ
CIF (ရန်ကုန်)
Cloud Point 10.C Max
(1)
၃-၉-၂၀၁၂
1060
(2)
၄-၉-၂၀၁၂
1060
(3)
၅-၉-၂၀၁၂
1055
(4)
၆-၉-၂၀၁၂
1030
(5)
၇-၉-၂၀၁၂
1020
Source: ဆီကုန်သည်များအသင်း
ကမ္ဘာမှာ စားအုန်းဆီဒုတိယအများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံမှာ စား အုန်းဆီ သိုလှောင် လက်ကျန်ပမာဏ မြင့်တက်မယ်ဆိုတဲ့ခန့်မှန်းချက်တွေအရ မလေးရှား စားအုန်းဆီကြမ်းဈေးဟာ စက်တင်ဘာလ ၅ ရက်မှာ တစ်ပတ်အတွင်း အနိမ့်ဆုံးကိုကျဆင်းလာပါတယ်။ ပြည်ပတင်ပို့မှုများပေမဲ့ ထုတ်လုပ်မှုမြင့်တက်နေဆဲ ဖြစ်လို့ သိုလှောင်လက်ကျန် ပမာဏဟာ ၉ လအတွင်း အမြင့်ဆုံးကို မြင့်တက် နိုင်တယ်လို့ ကုန်သည်များ ခန့်မှန်းထားတာကြောင့် ယခင်ရက်က အမေရိကန် ပဲပုပ်ဈေးကွက် စံချိန်တင်မြင့်တက်တဲ့တိုင် စားအုန်းဆီဈေး က လျော့ကျ ရောင်းဝယ် နေခြင်းဖြစ်ပါတယ်။
ပြည်ဈေးကွက် ပဲပုပ်ဈေးမှာ စက် တင်ဘာလပထမပတ်အတွင်းပိဿာ၂၀ တစ်တင်းကို ၂၀၀၀၀ ကျပ်နဲ့ ၂၀၀၀၀ အထက်ဈေးကောင်းရနေပါတယ်။ ဈေး ကွက်အတွင်းကို ပဲပုပ်အဝင်လည်း မရှိ သလို ပစ္စည်းလက်ကျန် ပြတ်နေတာ ကြောင့်လည်း ဈေးကောင်းနေတာ ဖြစ် ပါတယ်။ ယခု တစ်ပတ်မှာတော့ ဈေး ကွက်အတွင်း ပဲပုပ်အရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။ဆုမွန်ဆွေ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာသုညဒသမ ၀၇၇ သန်း တန်ဖိုးရှိ ပဲပုပ်စေ့ ၁၁၂ တန် ကျော်ကို သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင် ခဲ့ပါတယ်။ယခင်အပတ် တင်ပို့မှုထက် ၁၀၂ တန်ခန့် တင်ပို့မှု လျော့နည်းခဲ့ ပါတယ်။ ပဲပုပ် ဈေးများ ကျဆင်းနေတဲ့ အတွက် အပို့လျော့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ယခင်အပတ် ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါ တယ် - မိမိဘက် (ကျပ်/ တန်) ယခု ယခင် ပြောင်းလဲမှု %၅၂၂၄၀၉ ၅၄၈၉၅၈ ၂၆၅၄၉ ၅ တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်)ယခု ယခင် ပြောင်းလဲမှု %၆၁၂ ၆၄၂ ၃၀ ၅MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ နှမ်းရောင်စုံ တင်ပို့မှုရှိသလို မြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီနယ်စပ်မှ နှမ်းနီအပို့ရှိနေပါတယ်။ သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိ ကာလအတွင်းမှာ မူဆယ်မှကန်ဒေါ်လာ ၃ ဒသမ ၃၁၉ သန်းတန်ဖိုးရှိ နှမ်းနက် ၁၁၁၉ တန်ကျော်၊ နှမ်းဖြူ ၁၂၉၀ တန်ခန့်နဲ့ နှမ်းညိုတန် ၄၀ ကျော် စုစုပေါင်းနှမ်းရောင်စုံ ၂၄၄၉ တန်ကျော်နဲ့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၉၃ သန်းတန်ဖိုးရှိ နှမ်းနီ ၇၆ တန်အပို့ရှိခဲ့ပါတယ်။
ဒီတစ်ပတ်မှာ နှမ်းပြည်ပတင်ပို့မှုက သိသိသာသာတိုးတက်လာတာ တွေ့ရပါတယ်။ အရင်တစ်ပတ်က တန်ချိန် ၄၅၀ သာရှိခဲ့ရာမှယခုတစ်ပတ်စက်တင်ဘာလ ၁ ရက်နေ့အထိမှာတော့ တန်ချိန် ၁၂၅၀ ခန့်အထိ တိုးတက်လာခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ထိုင်းနဲ့ တရုတ်တို့ ဖြစ်ပါတယ်။ ပြည်တွင်းရှိ အချို့ဒေသတွေမှာ မိုးနှမ်း တွေထွက်ရှိလာတာကြောင့် နှမ်းတင်ပို့မှု တက်လာခြင်းဖြစ်ပါတယ်။ သြဂုတ်လတစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၂၄၀၀ ကျော်ရှိခဲ့ပြီး ဇူလိုင်လအတွင်းမှာ တန်ချိန် ၁၈၀၀ ကျော်သာ ရှိခဲ့တာတွေ့ရပါတယ်။MIRT - MAPT
မိုးနည်းပါးတာကြောင့် လက်ရှိမိုးရာသီ သီးနှံများ စိုက်ဧရိယာလျော့ကျတာ ကြောင့် အိန္ဒိယအစိုးရဟာ ယခုနှစ် ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံ ပမာဏ ပိုမိုတင်သွင်းရ မယ်လို့ အစိုးရက သြဂုတ်လ ၂၇ ရက်မှ ပြောကြားပါတယ်။ မုတ်သုံမိုးနည်းပါးတဲ့ အတွက် မိုးရာသီလက်ရှိအချိန်ထိ ပဲမျိုးစုံစိုက်ပျိုးမှုကဟက်တာ ၈ ဒသမ ၈၃ သန်း ရှိလို့ ယခင်နှစ်ကာလတူ စိုက်ဟက်တာ ၉ ဒသမ ၉၇ သန်းထက် လျော့ကျခဲ့ပါ တယ်။ ဆီထွက်သီးနှံ စိုက်ပျိုးမှုက ဟက်တာ ၁၆ ဒသမ ၄၂ သန်းရှိလို့ ယခင်နှစ် ကာလတူ စိုက်ဟက်တာ ၁၆ ဒသမ ၉၉ သန်းထက် လျော့တယ်လို့ ဆိုပါတယ်။