Background
ရေတွက်ပုံ - ဒေါ်လာစဉ် နေ့စွဲ CIF (ရန်ကုန်) CIF(ရန်ကုန်) Cloud Point 10.C Max Cloud Point 8.C Max (၁) ၉-၁-၂၀၁၂ ၁၁၁၅ ၁၁၄၀ (၂) ၁၀-၁-၂၀၁၂ ၁၁၁၅ ၁၁၄၀(၃) ၁၁-၁-၂၀၁၂ ၁၁၁၀ ၁၁၃၅(၄) ၁၂-၁-၂၀၁၂ ၁၁၀၅ ၁၁၃၀(၅) ၁၃-၁-၂၀၁၂ ၁၁၀၅ ၁၁၃၀ Source: ဆီကုန်သည်များအသင်း
၁၃-၁-၂၀၁၂ US$/Ton ဇန်နဝါရီလပထမပတ် ဇန်နဝါရီလဒုတိယပတ် နှိုင်းယှဉ်ချက် RBD P.Oil ၁၀၅၂ .၀၀ ၁၀၄၈ .၀၀ RBD P.Olein ၁၀၇၃ .၅၀ ၁၀၇၄ .၀၀ RBD P.Strarin ၉၆၅ .၀၀ ၉၅၅ .၅၀
အမေရိကန်စိုက်ပျိုးရေးဌာန၊ USDA ရဲ့ သီးနှံအစီရင်ခံစာ မကြာခင်ထွက်ပေါ် တော့မှာဖြစ်ပြီး၊ ချီကာကို ပဲပုပ်ဆီဈေး ကျဆင်းမယ့် အလားအလာများကြောင့် မလေးရှား စားအုန်းဆီကြမ်းဈေးလည်း ဇန်နဝါရီလ ၁၁ ရက်မှာ အနည်းငယ်တိုး ခဲ့ရာမှ ဇန်နဝါရီလ ၁၂ ရက်မှာ ပြန်ဆင်းလာခဲ့ပါတယ်။ ဘာစာမလေးရှား ကုန်စည် ဒိုင်မှာမတ်လစာချုပ်အခြေခံဈေးဟာ တစ်တန်ရင်းဂစ် ၃၂၂၂ (ကန်ဒေါ်လာ ၁၀၂၉) ထိ မြင့်တက်ခဲ့ရာမှ ၁ ရာခိုင်နှုန်း ကျဆင်းပြီး၊ ရင်းဂစ် ၃၀၂၀(ကန်ဒေါ်လာ ၉၆၄) ဈေးဖြစ်ခဲ့ပါတယ်။
ယခုနှစ်မှစ၍ တရုတ်နိုင်ငံဘက်မှမြေပဲအနီလုံးဆံ(စပိန်နီဆံ) တစ်ရက်လျှင် အိတ် ၁၀၀၀၀န်းကျင်ဝယ်ယူမှု ရှိကြောင်း၊မန္တလေးမြို့ရှိကုန်သည်များထံမှသိရပါတယ်။ တရုတ် နိုင်ငံသို့ ကုန်တင်ပို့နေတဲ့ မန္တလေးမြို့မှ ကုန်သည်တစ်ဦးက "ဒီလထဲမှာ မြေပဲနီလုံးဆံကို တရုတ်က အဆွဲများနေလို့ ပစ္စည်းလက်ကျန်နည်းသလောက်ရှိနေတဲ့အတွက် ဈေးကွက် ထဲမှာ ပစ္စည်းအဝင်နည်းသွားပြီး၊ဟိုဘက်ကလုပ်ငန်းသုံးအတွက် ဝယ်ယူမှုရှိနေတာ။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၅၁၃ တန်ကျော် ဇန်နဝါရီလ ၄ ရက်မှ ၁၁ ရက်ထိကာလအတွင်း တင်ပို့မှုရှိခဲ့ပါတယ်။ယခုအပတ်မှာ နှမ်းနီ ၁၀ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာသုညဒသမ၀၂၀သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်က တန် ၂၀၀၀ နီးပါး တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီ ၂ ရက်မှ ၆ ရက်) အတွင်းမှာတော့ တန်ချိန် ၇၅၀ ခန့်သာတင်ပို့ခဲ့ကြောင်းသိရပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ ဂျပန်၊ ကိုရီး ယား၊ မလေးရှားနဲ့ စင်ကာပူတို့ကို ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီ ၁၀ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၉၅၆၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန် ဒေါ်လာ ၁၃၆ သန်းနီးပါးရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ နှမ်းစုစုပေါင်းတင်ပို့မှုတန်ချိန် ၆၈၀၀၀ ကျော်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၉၆ သန်း ကျော်ရရှိကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ နိုဝင်ဘာလမှစပြီး အပြောင်း အလဲမရှိ ငြိမ်နေကြောင်း သိရပါတယ်။ MIRT - MAPT
တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ ၂၀၁၀ ခုနှစ်မှာ တန်ချိန် ၅၄ ဒသမ ၈ သန်းရှိခဲ့ရာမှ ၂၀၁၁ မှာတော့ တန်ချိန် ၅၂ ဒသမ ၆၄ သန်းကို တန် ချိန် ၂ ဒသမ ၁၆ သန်း လျော့ကျခဲ့ တယ်လို့ အကောက်ခွန်ဌာန စာရင်း များအရ သိရပါတယ်။ ၂၀၁၁ ခုနှစ် အတွင်းပဲပုပ်ပြုပြင်ထုတ်လုပ်တဲ့ ကုမ္ပဏီ များအရှုံးပေါ်တာကြောင့် တင်သွင်းမှု ကျဆင်း ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ပဲပုပ်တင်သွင်းမှု တန်ချိန် ၅၆ သန်းအထိ ပြန်မြင့်တက် လာနိုင်တယ်လို့ လေ့လာဆန်းစစ်သူ များ က ကြိုတင်ခန့်မှန်းကြပါတယ်။
မြင်းခြံမြို့တွင် ဆီစက်လုပ်ငန်းလုပ်ကိုင်သူ ၇၀ ဝန်း ကျင် စက်လည်ပတ်လျက်ရှိကြောင်းသိရပါတယ်။ ဆီစက် များမှ မြေပဲဆီ၊ နှမ်းဆီနဲ့ ပဲပုပ်ဆီ၊ ဝါစေ့ဆီများ ထုတ်လုပ် လျက်ရှိပါတယ်။ ယခုအခါ စားအုန်းဆီအဝင်များခြင်း၊ ပြည်တွင်းဆီဈေးထက် ဈေးနှုန်းနိမ့်၍ စက်မှုဇုန်ရှိဆီစက်လုပ် ငန်းများ စက်လည်ပတ်နှုန်းထက်ဝက်နီးပါး လျော့ကျလာ ကြောင်း သိရပါတယ်။
ပြည်တွင်းဆီဈေးနှုန်း (၆-၁-၂၀၁၂) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3400 3400 2800 2800 1900 1900 ရန်ကုန် 3500 3500 2700 2700 1700 1700 မန္တလေး 3100 3100 2350 2350 1820 1830 ပဲခူး 3400 3300 2800 2800 1700 1800 မကွေး 3200 3200 2400 2400 1800 1830 မုံရွာ 3300 3300 2400 2450 1850 1870 တောင်ကြီး 3000 3000 2600 2600 1950 1950 စစ်တွေ 3400 3400 3100 3100 2000 1900
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းတန်ဖိုးရှိ တိရစ္ဆာန်နဲ့ တိရစ္ဆာန် ထွက်ပစ္စည်း ၈၅၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၇၅ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ အေးခဲအမဲသား တင်ပို့မှုမှာ တန် ၁၇၀ ခန့် ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။