Main menu

Background

Friday, 20 May 2011

်နေပြည်တော်တပ်ကုန်း မြို့နယ် ရေသွင်းမြေပဲများ စတင်ထွက်ရှိ                      နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရေသွင်းမြေပဲများ မြို့ပေါ်ပွဲရုံများကို စတင် ဝင်ရောက်နေပြီဖြစ်ပါတယ်။ တပ်ကုန်းမြို့နယ်တွင်ရေသွင်းမြေပဲ စိုက်ဧက ၅ဝဝ ခန့်ရှိပြီး၊ သစ်ဆိမ့်ပင်၊ အုန်းပင်၊ ကံကြီး၊ ထုံးဘို၊ သပြေကုန်းကျေးရွာအုပ်စုများတွင် အဓိက အများဆုံးစိုက်ပျိုးကြပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စတင်စိုက် ပျိုးခဲ့ပြီး ပင်သက် ၃ လတွင် ခူးဆွတ်ရပါတယ်။ စိုက်စရိတ် တစ်ဧက ၁၂ဝဝဝဝ ကျပ် ဝန်းကျင်ရှိပြီး၊ တစ်ဧကကို တင်း ၄ဝ နဲ့ ၅ဝ ကြားထွက်ရှိပါတယ်။ ယခု ဒေသပေါက်ဈေး တစ်တင်းကို ၇ဝဝဝ ကျပ်ရတဲ့အတွက် တစ်ဧကကို ၁၅ဝဝဝဝ ကျပ်ဝန်းကျင် အကျိူးအမြတ် ရရှိနေကြောင်း သိရပါတယ်။ ခင်မောင်ဆွေ

Friday, 20 May 2011

ပြည်ဈေးကွက်တွင် နှမ်းဈေးငြိမ် ဆီဈေးတက်                   ပြည်ဈေးကွက်တွင် နှမ်းနီဈေးမှာ တည်ငြိမ်လျက်ရှိပါတယ်။ အဝင်မရှိသဖြင့် လှောင်နှမ်းနီများကို ဆီစက်သမားများက ဝယ်ယူကြိတ်ခွဲနေသဖြင့် နှမ်းဈေးမှာ ငြိမ်နေပြီး ဆီဈေးမှာမြင့်တက်လာခဲ့ပါတယ်။ နှမ်းနီ ၄၅ ပိဿာ တစ်အိတ်ကို ၈၃ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် အိတ် ၇ဝဝ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။ နှမ်းဆီဈေးမှာ တစ်ပိဿာ ၃၆ဝဝ ကျပ်ဈေးဖြင့် တစ်နေ့ကို ၇ ပေပါခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။                   ဝေဝေမင်း

Friday, 20 May 2011

နယ်စပ်မှ နှမ်းတန်ချိန် ၃ဝဝ ကျော်ယခုအပတ်အပို့ရှိ                   မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၄၈၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံတန် ၃၂၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ် နယ်စပ်ပေါက်တစ်ခုတည်းမှ တန် ၂၁ဝ နီးပါးတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ နှမ်းတန်ချိန် ၁၁၈ တန်ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ယခုအပတ် နှမ်းရောင်စုံ တင်ပို့နိုင်မှုများကတော့ မူဆယ်မှ နှမ်းနက် တန် ၂၅ဝ၊ နှမ်းဖြူအခွံချွတ် ၂၈ တန်နဲ့ ချင်းရွှေဟော်မှ နှမ်းဖြူ တန် ၅ဝ အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ တင်ပို့တဲ့ နှမ်းတွေက စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးထွက်များဖြစ်ပြီး ချင်းရွှေဟော်နယ်စပ်မှ တင်ပို့တဲ့ နှမ်းတွေက မကွေးနဲ့မန္တလေးတိုင်းဒေသကြီးထွက်များဖြစ်ပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ နှမ်းဈေးများမှာ နှမ်းဖြူ မိမိဘက် ဈေးအနည်းငယ်ကျသော်လည်း တစ်ဖက်နိုင်ငံ ဈေးများ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဖက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                   မိမိဘက်(ကျပ်/တန်)                            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                     ယခု             ယခင်     ပြောင်းလဲမှု   %          ယခု        ယခင်   ပြောင်းလဲမှု         %နှမ်းဖြူ           ၁၁၈၅၈၂ဝ    ၁၁၉၁၂၈ဝ     ၅၄၆ဝ     ဝ .၅        ၁၃၇ဝ      ၁၃၆၉       ၁               ဝ .ဝ၇နှမ်းနက်         ၁၃၆၇၅၆ဝ     ၁၃၆၇၅၆ဝ       -                      ၁၈၄၈     ၁၅၃၉       ၃ဝ၉              ၁၇MIRT (DOBT)

Friday, 20 May 2011

 ဝယ်လိုအားတက်မဲ့ အလားအလာကြောင့် မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး အမြင့်နဲ့ပိတ်                         စားအုန်းဆီဝယ်လိုအားတက်မယ့် အလားအလာနဲ့ ပဲပုပ်ဆီကြိုပွိုင့်ဈေး မြင့်တက်မှုတို့ကြောင့် မေလ ၁ဝ ရက်နေ့ မလေးရှားစားအုန်းဆီကြိုပွိုင့်ဈေးမြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇူလိုင်အခြေခံစာချုပ်ဈေး ဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၂၅၈ (ကန်ဒေါ်လာ ၁ဝ၈၅) နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ဇူလိုင်ပဲပုပ်ဆီဈေးကလည်း ဝ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ပေါင်ကို ၅၆ ဒသမ ၆၁ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၄၈) ဈေးနဲ့ ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိစားအုန်းဆီဈေးနှုန်း အခြေအနေကောင်းမွန်နေပြီး လာမယ့် သီတင်း ပတ်များမှာ အရှေ့အလယ်ပိုင်း ဒေသက ဝယ်လိုအားမြင့်တက်ဖွယ်ရှိတယ်လို့ အီဂျစ် အခြေစိုက် ဟင်းသီးဟင်းရွက်ထုတ်လုပ်တဲ့ ကုမ္ပဏီမှ ကုန်သွယ်ရေးအမှု ဆောင်တစ်ဦးက ဆိုပါတယ်။ မလေးရှား စားအုန်းဆီဘုတ်မှ ပြောကြားချက်အရ ဧပြီလ စားအုန်းဆီထုတ်လုပ်မှုဟာ တန်ချိန် ၁ ဒသမ ၅၃ သန်းကို ယခင်လထက် ၈ ရာခိုင်နှုန်း မြင့်တက်ပြီး တင်ပို့မှုမှာလည်း ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၁ ဒသမ ၃၃ သန်းရောက်ရှိခဲ့တယ်လို့ သိရပါတယ်။                     ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek Agri Services ရဲ့ ခန့်မှန်းချက်အရ မေလ ၁ ရက်မှ ၁ဝ ရက်အတွင်း တန်ချိန် ၃၂၃၆၅၅ တန်တင်ပို့နိုင်မှာဖြစ်လို့ ယခင်လ ပထမ ၁ဝ ရက်ကထက် ၁၇ ရာခိုင်နှုန်း တိုးတက်မယ်လို့ ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ မေလအတွင်း စားအုန်းဆီခဲဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၂ဝ၇ ဒသမ ၅ဝ နဲ့ ဇွန်လစာချုပ်ဈေးက ကန်ဒေါ်လာ ၁၁၉၅ ဖြစ်တယ်လို့ သိရပါတယ်။                   ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ သင်္ဘောတင်ရမယ့် မလေးရှား FOB  ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၁၄ဝ ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန်ကို ရင်းဂစ် ၃၃၈ဝ (ကန်ဒေါ်လာ ၁၁၂၆) နဲ့ ရောင်းခဲ့တယ်လို့ သိရပါတယ်။ ယုဇန Source: palmoilhq.com

Wednesday, 4 May 2011

လက်လီဝယ်ယူသူများသာရှိတဲ့ ပြည်ပဲပုပ်             ပြည်ပဲပုပ်မှာ ယခုတစ်ပတ်တွင် ပိဿာ ၂၀ တစ်တင်းကို ၁၆၀၀၀ ကျပ် ၁၆၅၀၀ ကျပ်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပြည်ပဲပုပ်ကို ယခုလအတွင်း အခြားတိုင်းမှ ဝယ်လက်များ မရှိသော်လည်း တိုင်းအတွင်းရှိ လက်လီဝယ်ယူသူများသာ ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း  လက်လီသမားများဖြင့် အိတ် အနည်းငယ်သာ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။.        ဆုမွန်ဆွေ

Wednesday, 4 May 2011

အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့ခွန်ကို ထပ်မံလျော့ချ                စားအုန်းဆီကြမ်းဈေးနှုန်း ကျဆင်းနေတာကြောင့် အင်ဒိုနီးရှားအစိုးရဟာ မေလ သင်္ဘောတင်အတွက် စားအုန်းဆီ တင်ပို့ခွန်ကို ၅ ရာခိုင်နှုန်းထပ်မံလျော့ချခဲ့တယ်လို့သိရပါတယ်။ အင်ဒိုနီးရှားအစိုးရရဲ့ မူဝါဒအရ နိုင်ငံတာ ကုန်စည်ဈေးနှုန်းပြောင်းလဲမှုအပေါ်အခြေခံပြီး စားအုန်းဆီကြမ်းခွန်ကို အပြောင်းအလဲ ဆောင်ရွက်လျက်ရှိရာ မေလအတွက် အခွန်ကို ၂၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၇ ဒသမ ၅ ရာခိုင်နှုန်းကို လျော့ချခဲ့တယ်လို့ သိရပါတယ်။        ယခုလို လျော့ချလိုက်တဲ့အတွက် စားအုန်းဆီကြမ်းခွန်ဟာ နှစ်လကျော်အတွင်း ၃၀ ရာခိုင်နှုန်း လျော့ချကျခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားစားအုန်းဆီထုတ်လုပ်သူများနဲ့ ပြည်ပတင်ပို့သူများဟာ အစိုးရရဲ့ ကြမ်းခင်းဈေးနဲ့ပြည်ပ တင်ပို့ခွန်ကို အပေါ် ပြောင်းလဲသတ်မှတ်တဲ့ စည်းမျဉ်းအရ အပြောင်းအလဲပြုလုပ်နေတဲ့ အခွန်စနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။             ယုဇန၊Source: C P O

Wednesday, 4 May 2011

ဈေးပြန်ငြိမ်နေသော ပြည်မြေပဲဆံ                ပြည်ဈေးကွက်တွင် မြေပဲဆံဈေးမှာ ဈေးငြိမ်လာတာတွေ့ရပါတယ်။ မင်းတုန်း၊ကံမနဲ့ အောင်လံဘက်မှ နေ့စဉ်တစ်နေ့ကို အိတ် ၂၀၀၀ ခန့် ဝင်ရောက်လာသော်လည်း ဆီစက်သမားများနဲ့ ရန်ကုန်ဝယ်လက်များက အဝယ်ရှိသဖြင့် ဝင်လာ သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာကို ၁၇၀၀ ကျပ် နဲ့ လုံးဆံတစ်ပိဿာကို ၁၉၀၀ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ မြေပဲဆီဈေးမှာလည်း သြင်္ကန်မတိုင်မီသကဲ့သို့ တစ်ပိဿာကို ၄၀၀၀ ကျပ်ဈေးဖြင့် ခုချိန်ထိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။            ဝေေ၀မင်း

Pages