Background
မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၁၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆၉၉ သန်းဖြစ်၍ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅၁၈ သန်း ဖြစ်သည်။
ယခင်နှစ်ဘဏ္ဍာနှစ် ကာလတူလုပ်ငန်းဆောင်ရွက်မှု နှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉၅၂ သန်း၊ သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၄၃ ဒသမ ၂၃၇ သန်း လျော့နည်းခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၁၈၉ သန်းလျော့နည်းခဲ့ကြောင်း သိရသည်။
ကော့သောင်းကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၀၈ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၇၇ သန်းဖြစ်၍ ကုန်သွယ်မှု ပမာဏမှာ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၂၃ ဒသမ ၅၈၅ သန်းဖြစ်သည်။ ကာလတူ လုပ်ငန်းဆောင်ရွက်မှုနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သုညဒသမ ဝ၉၇ သန်းပိုမိုပြီး သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ သုညဒသမ ၈၀၆ သန်း လျော့နည်းသဖြင့် ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ၇၀၉ သန်းလျော့နည်းကြောင်းသိရသည်။
မြဝတီကုန်သွယ်ရေးဇုန်၏ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၇၁ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၂၁၅ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂၉ ဒသမ ၉၈၆ သန်းဖြစ်ပြီး အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၈၇ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုးအမေရိကန် ဒေါ်လာ ၃ ဒသမ ၉၁၀ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၉၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ရော်ဘာ
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၄၈ သန်း တန်ဖိုးရှိ ရော်ဘာ တန်ချိန် ၁၄၀ဝ ကျော် တင်ပို့ခဲ့သည်။ ရော်ဘာ တင်ပို့မှုအနေဖြင့် တရုတ် နိုင်ငံသို့ ရော်ဘာ ၈၀၆ တန်နှင့် မလေးရှားနိုင်ငံသို့ ရော်ဘာ တန်ချိန် ၆၀ဝ တန် တင်ပို့ခဲ့ကြောင်း သိရသည်။
တာချီလိတ်ကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာ ၄ ရက်မှ ၁၀ရက်ထိ ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၉ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၄၈ သန်းဖြစ်၍ ကုန် သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀၇ သန်းဖြစ်ပြီး အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၈၅ သန်းနှင့် သွင်းကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုညဒသမ ၆၁၂ သန်း ပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၇ သန်း ပိုမိုခဲ့ကြောင်း သိရသည်။
ကံပိုင်တည် ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ကုန် သွယ်မှုလျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၃ သန်းနှင့် သွင်းကုန် ၁ ဒသမ ၅၀ဝ သန်းဖြင့် စုစုပေါင်း လျာ ထားချက်ဒေါ်လာ ၄ ဒသမ ၅၀ဝ သန်းဖြစ်သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ် (အရှေ့ ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ် ယန်းကျေးရွာ၊ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးဘေး တွင် တည်ရှိသည်။
တည်ငြိမ်အေးချမ်းမှု၊ လူနှင့်သဘာဝအရင်းအမြစ်များ၏ လိုက်ဖက်ပြွေါကယ်ဝမှု၊ ပထဝီအနေအထားအရ ထိစပ်မှုရှိသည့် အားသာချက်များကို ဆုပ်ကိုင်၍ မဲခေါင်မြစ်တစ်လျှောက်ရှိ နိုင်ငံ ခြောက်နိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ(ယူနန်ပြည်နယ်)၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အပြန်အလှန်အကျိုးဖြစ်ထွန်းစေရေးအတွက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် Greater Mekong Subregion Economic Cooperation) တစ်ရပ်ကို အာရှဖွံ့ဖြိုးရေးဘဏ်၏ ပံ့ပိုးမှုဖြင့် ၁၉၉၂ခုနှစ်တွင် စတင်ဆောင် ရွက်ခဲ့ကြသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်းကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော် မြို့နယ် ကံပိုင်တည်မြို့တွင် ၂၀ဝ၃ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀ဝ၆ ခုနှစ် ဇွန် ၁၄ ရက်တွင် အခြေအနေအရပ်ရပ်ကြောင့် ယာယီရုပ်သိမ်းခဲ့ရသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ပေးရန် တရုတ်နိုင်ငံ ဘက်မှ တောင်းဆိုလာသဖြင့် နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ၂၀ဝ၉ ခုနှစ် သြဂုတ် ၁ ရက်တွင် နိုင်ငံတော်အဆင့်စခန်းအဖြစ် တရားဝင်ပြန်လည်ဖွင့်လှစ်၍ တရုတ် နိုင်ငံနှင့် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အဓိကတင်ပို့သည့် ပို့ကုန်ပစ္စည်
တနင်္သာရီတိုင်းဒေသကြီးတွင် ဓာတ်သတ္တုဖြစ်ထွန်းမှုအနေဖြင့် ခဲမဖြူနှင့် အဖြိုက်နက်ကို ထားဝယ်၊ ပုလော၊ ပုလောက်၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းဒေသများ၊ ကျောက်မီးသွေးကို ထားဝယ်၊ မေတ္တာ၊ ဘန်း ချောင်းဒေသ၊ တနင်္သာရီ၊ ခေါမပြင်နှင့် သဘော့လိပ်ကြီး၊ မောတောင်ဒေသ၊ ဘုတ်ပြင်း၊ လေညာ၊ ကရသူရိ ဒေသ များ၊ ဂေါ်ဒန်ကို ထားဝယ် အယူးချောင်းဒေသ၊ စိန်ကို တနင်္သာရီ သိန္ဓောဒေသ၊ ဇာကွန်သဲနှင့် မှန်ချက်သဲကို ဘုတ်ပြင်း၊ ကမ်းရိုးတန်းဒေသများ၊ ထုံးကျောက်ကို တနင်္သာရီ သရဘွင်၊ သိန်းခွန်နှင့် မြိတ်ကျွန်းစုဒေသများ၊ မင်းဂနီးစ်ကို မြိတ်ကျွန်းစု၊ ပါဝယ်ကျွန်းဒေသ၊ ရွှေကို ကော့သောင်းမြို့နယ်၊ ရာဆယ်ကျွန်းဒေသ၊ သံ
