Main menu

Background

Monday, 26 Dec 2011

    ၁၄-၁၂-၂၀၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံဘဏ်ချုပ်ဥက္ကဌ နိုင်းပရဆန်တိုင်ရတ်ဝရကွန်က ယခုအချိန်တွင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုငွေကြေး ရွှေ့ပြောင်းခြင်းညီမျှမှုရှိလာပြီဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် ထိုင်းလုပ်ငန်း ရှင်များထံမှ ငွေထွက်ပေါ်လာခြင်းရှိနေကြောင်း၊ အကြောင်းမှာရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော် ကြေးငွေပေးရန် ပြည်ပအာမခံကုမ္ပဏီများမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် ထွက်ပေါ်လာလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ယခုအတောအတွင်း ထိုင်းဘတ် ငွေဈေးအတက်/အကျမရှိသော်လည်း ယခုနှစ်ကုန်ပိုင်းတွင် ထိုင်း ဘတ်ငွေဈေး မြင့်တက်လာလိမ့်မည်ဟု ခန့်မှန်းလျက်ရှိပါသည်။ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များသည် စွန့်စားမှုကို လျှော့ချရန်အတွက် ဈေးကွက်အသစ်၌ ရှယ်ယာများရောင်းချခြင်း (သို့မဟုတ်) ဥရောပနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံအား လျှော့ချပြီး အမေရိကန်ဒေါ်လာ ငွေဈေးကွက်တွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်လိမ့်မည်ဟု သိရသည်။Source: ထိုင်းရတ်သတင်းစာ၊ လွင်မျိုးဇော်

Monday, 26 Dec 2011

     ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀ ထိကာလအတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်စခန်းကနေ ဝက်အရှင် ၂၀၃၁၅ ကီလို တန်ဖိုးကျပ် ၂၇ ဒသမ ၈၃၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ကီလို တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ တာတွေ့ရပါတယ်။ ယခုနှစ် ဧပြီလမှ နိုဝင်ဘာလထိ ရိဒ်နယ်စပ်မှ ဝက်အရှင် ၁၉၅ တန်ကျော် တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။           MIRT(DOBT)

Monday, 26 Dec 2011

          မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တော ထွက်ပစ္စည်းများတင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁၀၅မိုင် ကုန် သွယ်ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                  ယခုအပတ်                                    ယခင်အပတ်ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                             (ကျပ်)                (ယွမ်)                    (ကျပ်)              (ယွမ်)ပဲတီစိမ်း               တန်         ၆၇၂၀၅၂              ၅၄၀၀                  ၆၆၈၉၉၀            ၅၅၀၀ပြောင်းဖူးစေ့       တန်        ၂၂၅၄၃၅                ၁၉၅၀                 ၂၃၉၅၃၇              ၁၉၂၀နှမ်းဖြူ                တန်           ၉၅၁၃၂၃             ၈၀၀၀                   ၈၃၀၄၉၅            ၈၄၀၀အေးအေးမြ    မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက် အိန္ဒိယနိုင်ငံသို့ မဝတ်တီရှပ်၊ဝက်အရှင်၊မုန့်မျိုးစုံတို့တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                        ယခုအပတ်                                  ယခင်အပတ်ပစ္စည်းအမည်    ရေတွက်ပုံ    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                             (ကျပ်)                (ရူပီး)                  (ကျပ်)             (ရူပီး)ကွမ်းသီး            တန်          ၈၉၂၅၀၀              ၅၈၀၀၀               ၈၉၂၅၀၀           ၅၈၀၀၀ ဝက်(အရှင်)      ကီလို          ၂၅၀၀                    ၁၈၀                 ၂၅၀၀                  ၁၈၀ မဝတ်တီရှပ်      ဒါဇင်            ၈၀၀၀                   ၉၃၀                 ၈၀၀၀                 ၉၃၀ဆွေဆွေဝင်းမြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်  မောင်တောနယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေငန်ပုစွန်၊ ငါးကုန်းညိုခြောက်၊ ငါးနီတူခြောက်တို့ တင်ပို့ လျက်ရှိရာ အဆိုပါ ပို့ကုန်အချို့ရဲ့ မောင်တော ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-                                                        ယခုအပတ်                               ယခင်အပတ်ပစ္စည်းအမည်         ရေတွက်ပုံ    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    မိမိဘက်ဈေး    တစ်ဖက်နိုင်ငံဈေး    ပြောင်းလဲမှု                                               (ကျပ်)                  (တာကာ)            (ကျပ်)              (တာကာ)ရေငန်ပုစွန်                တန်       ၄၁၇၅၉၄၀            ၃၈၈၄၆၀            ၄၁၇၅၉၄၀         ၃၈၈၄၆၀ငါးကုန်းညိုခြောက်      တန်      ၁၂၃၇၅၀၀              ၁၀၈၅၅၂            ၁၂၃၇၅၀၀        ၁၀၈၅၅၂ငါးနီတူခြောက်           တန်      ၁၀၇၉၀၀၀              ၁၁၀၀၀၀             ၉၇၅၀၀            ၉၃၇၅၀အေးအေးမြ

Sunday, 18 Dec 2011

    တရုတ်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံမှ ပီလောပီနံများကို ပိုမိုအလိုရှိတဲ့အတွက် ထိုင်းနိုင်ငံကို ပီလောပီနံ ဝယ်ယူဖို့ ဆက်သွယ် လာကြောင်း ထိုင်းခရေဒစ်ယူနီယမ်အသင်းဥက္ကဌ နိုင်းဖီရဖန်ဟေဖရစ်က ပြောကြားခဲ့ပါတယ်။ ၂၀၁၀ မှာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို ပီလောပီနံတန်ချိန် ၁ သိန်းတင်ပို့ခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက တရုတ်နိုင်ငံရှိ အီသနောစက်ရုံမှ ပီလောပီနံ အရေအတွက် အမြောက်အမြားလိုအပ်ခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက စွမ်းအင်ထုတ်လုပ်တဲ့ သီးနှံပင်များကို ရှာဖွေခဲ့ ရာမှာ နောက်ဆုံးမှာ ထိုင်းနိုင်ငံမှ ပီလောပီနံများကို အလိုရှိလာကြောင်း သိရပါတယ်။    တရုတ်နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍကျယ်ပြန့်လာခြင်းက ထိုင်းနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေပြီး လွန်ခဲ့တဲ့ အောက်တိုဘာ လအတွင်းမှာ တရုတ်နိုင်ငံက ပီလောပီနံများများအလိုရှိတဲ့အတွက် ထိုင်းခရေဒစ်အသင်းအဖွဲ့များက ရှာဖွေစုဆောင်းခဲ့တာ တန်ချိန် ၃ သိန်းအထိ ရရှိခဲ့ကြောင်း သိရပါတယ်။                                 လွင်မျိုးဇော်၊Source:daily news

Sunday, 18 Dec 2011

    မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၂၂ သန်းတန်ဖိုးရှိ ဖရဲသီး ၉၇၃၃ တန်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်အထိကာလအတွင်း အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၃၀၀၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ သီပေါဖရဲများလည်း ပေါ်နေပြီဖြစ်လို့ အောက်ပြည်အောက်ရွာထွက် ဖရဲများအပြင် အထက်ပိုင်းထွက်ဖရဲများပါ တင်ပို့ခဲ့တာကြောင့် ပိုမိုခဲ့တာဖြစ်ပါတယ်။ ဖရဲသီးအလုံးအကြီးအသေးပေါ် မူတည်ပြီး ၁ တန်ယွမ် ၂၈၀၀ မှ ၄၈၀၀ ဝန်းကျင်ထိ ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။                                                                                   MIRT(DOBT)

Sunday, 18 Dec 2011

    ဝက်အရှင်ဟာ မြန်မာ အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ရဲ့ ပို့ကုန်များထဲက အဓိကပို့ကုန်တစ်ခု ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၇ ရက်မှ ၁၃ထိကာလအတွင်း ရိဒ်နယ်စပ်မှ ကျပ် ၁၅ သန်း ကျော် တန်ဖိုးရှိ ဝက်အရှင်ကီလို ၁၁၂၈၀ အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ကီလို ၉၀၀ ပိုခဲ့တယ်လို့ သိရပါတယ်။        MIRT(DOBT)

Sunday, 18 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ ကန်ဒေါ်လာ ၂ သန်းကျော်ဖိုးရှိ ပရဆေးကုန်ကြမ်း ၅၁၈ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခုအပတ် မူဆယ်မှ တင်ပို့တဲ့ ပရဆေးကုန်ကြမ်း တွေကတော့ ချဉ်ပေါင်ဖာလာ (အခွံပါ^အခွံမပါ )၊ စကားပန်းပွင့််ခြောက်၊ စမုံနက်၊ ဇီးဆံ၊ တောဂျူးမြစ်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ သီဟိုဠ် စေ့ (အခွံမပါ)၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ တောချင်း၊ နနွင်းတက် (ရှမ်းစ)၊ ဒရင်ကောက်မြစ်၊ ရှားစေး၊ တောင်လုံး ကျော်နဲ့ ဆေးမြင်းခွာတို့ ဖြစ်ပါတယ်။ ယခင်အပတ်ကထက် ချဉ်ပေါင်ဖာလာ၊ ဇီးဆံ၊ တောဂျူးမြစ်၊ မိကျောင်းကွမ်းဖတ်စေ့၊ ကြောင်လျှာစေ့နဲ့ တောချင်းတို့ အပို့ပိုခဲ့ပါတယ်။ ယခင်အပတ် က အပို့မရှိခဲ့တဲ့ စကားပန်းပွင့််ခြောက်၊ စမုံနက်၊ ကွမ်းစား ဂမုန်း၊ ကြောင်ပန်းစေ့၊ နနွင်းတက် (ရှမ်းစ)၊ ရှားစေး၊ တောင် လုံးကျော်နဲ့ ဆေးမြင်းခွာတို့ ယခုအပတ်မှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။             MIRT(DOBT)

Sunday, 18 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေ ဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၉၆၉ သန်း တန်ဖိုးရှိ ငါးရှဉ့် တန် ၁၄၀ ကျော်နဲ့ ရေငန် ငါးမျိုးစုံ တန် ၁၃၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။

Sunday, 18 Dec 2011

    ကန့်သတ်ထားတဲ့ သွင်းကုန်ပစ္စည်းတွေအနက်က အချိုရည်၊ ဟင်းချိုမှုန့်၊ ဘီစကစ်မျိုးစုံ၊ ခေါက်ဆွဲခြောက်အမျိုးမျိုးနဲ့ စည်သွပ်ဘူးများကို နိုင်ငံတကာမှာ ကျင့်သုံးတဲ့အတိုင်း  FDA က စနစ်တကျစစ်ဆေးပြီး အကန့်အသတ်နဲ့ တင်သွင်းခွင့်ပြု တော့ မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာ လမ်းရှိ RUMFCCI  မှာ ကျင်းပြုလုပ်တဲ့ ကုန်သည်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲအခမ်းအနားမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။ ယခင်တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်နေတဲ့အတွက် စားသုံးသူများအနေနဲ့ အရည်အသွေးလုံခြုံစိတ်ချမှု မရှိသလို ရသင့်တဲ့အခွန်အကောက်များပါ နစ်နာနေကြောင်းနဲ့ ယခုကဲ့သို့ တင်သွင်းခွင့်ပြုပေး ခြင်းဖြင့် အဆိုပါ အခက်အခဲများကို ဖြေရှင်းနိုင်တဲ့အပြင် ကုန်သွယ်မှုတန်ဖိုးများပါ မြင့်တက်လာမှာဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးကပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။                                             ကောက်ရိုးနွယ်

Sunday, 18 Dec 2011

    မူဆယ်နယ်စပ်မှ အမဲသား ၂၃၂ တန်နဲ့ အေးခဲအမဲသား ၁၂၉ တန်ကျော် အပို့ရှိခဲ့ပြီး ယခင်အပတ်က ထက် ၇၁ တန် လျော့ခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှ အေးခဲအမဲသား ၁၁၀ တန်၊ အမဲပြုတ်သား ၅ တန်၊ အေးခဲအရွတ် ၂ တန်၊ နွားသိုချောင်း ၁ တန်၊ အေးခဲဝမ်းတွင်းသား ၅ တန်ခွဲ၊ အေးခဲအမြီး ၁ တန်နဲ့ ဆိတ်သားရေခြောက် ၃ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၈ တန် အပို့ပိုခဲ့ပါတယ်။

Pages