Background
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက် တရုတ်နိုင်ငံသို့ လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၂၉၂ဝ၇ ၅၇ဝဝ ၆၇၆၇၃၆ ၆၅ဝဝပြောင်းဖူးစေ့ တန် ၂၁၁၂၂၄ ၁၉ဝဝ ၂၁၄၅၉၉ ၁၉ဝဝနှမ်းဖြူ တန် ၈၆၈၃၁၄ ၈ဝဝဝ ၇၉၁၂၈၁ ၈၅ဝဝစိုးနိုင် မြန်မာ-အိန္ဒိယ နယ်စပ်ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ် ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ မီဇိုရမ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝမုန့်မျိုးစုံ ကီလို ၁၃ဝဝ ၂၉ ၁၃ဝဝ ၂၉ဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈ဆွေဆွေဝင်း
ထိုင်းပို့ကုန်လုပ်ငန်းရှင်များ ငွေကြေးမူဝါဒအပေါ် စိုးရိမ်လျက်ရှိ ဘတ်ငွေကြေးအားကောင်းလာမှုဟာ ပို့ကုန်လုပ်ငန်းရှင်များအတွက် အဆင်မပြေကြောင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ယှဉ် ပြိုင်နိုင်မှုစွမ်းရည်အတွက် ငွေကြေးလဲလှယ်မှုနှုန်းထား တည်ငြိမ်မှုကိုသာ လိုလားကြောင်း ပြောကြားလျက်ရှိကြပါ တယ်။ အဝတ်အထည်ထုတ်လုပ်သူများအသင်းဥက္ကဌ ဆူတစ်ကွန်ပီယာချန်းဆိုသူက ဘတ်ငွေတန်ဖိုး အားကောင်းမှု ဟာ ၎င်းတို့ရဲ့ ထုတ်လုပ်မှုကို ထိခိုက်စေကြောင်း၊ ဈေးကွက် ထိန်းချုပ်ရေး မူဝါဒကို အစိုးရအဖွဲ့သစ်က အကောင်အထည် ဖော်လိမ့်မည်ဟု ပုဂ္ဂလိကလုပ်ငန်းရှင်များ ယုံကြည်နေကြ ကြောင်း ပြောကြားပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့ အဆင်မပြေမှုများရှိနေကြောင်း၊ စင်္ကာပူ၊ တရုတ်နိုင်ငံများမှာ ငွေကြေး ထိန်းကျောင်း နိုင်သည် မဟာဗျူဟာများရှိကြောင်း၊ မကြာမီဝန်ကြီးချုပ်ဖြစ် လာမည့် ယင်လတ်က ဘတ်ငွေတန်ဖိုးမှာ ဈေးကွက်အခြေ အနေနှင့် လိုက်လျောညီထွေဖြစ်နေမှာဖြစ်ပြီး မည်သည့် ပြောင်းလဲမှုကိုမျှ မပြုလုပ်ဟု ကတိပြုခဲ့ကြောင်း မစ္စတာ ဆူတစ်က ပြောကြားပါတယ်။ လွန်ခဲ့သော နှစ်ပတ်အတွင်းဘတ်ငွေတန်ဖိုး ပြောင်းလဲမှု များ ပိုမိုဖြစ်ခဲ့ပေမဲ့ လတ်တလော ငွေလဲနှုန်း ၁ ဒေါ်လာ ၃ဝ ဒသမ ၅ ဘတ်မှာ လက်ခံနိုင်ဖွယ်ရှိကြောင်း၊ လက်ခံရရှိ ထားပြီး အမှာလွှာများအရ ၁ဝ ရာခိုင်နှုန်း ခန့်အနည်းဆုံး ပိုမိုတင်ပို့နိုင်မည်ဟု ယုံကြည်ကြောင်း၊ ထိုင်းဘတ်ငွေခိုင်မာမှုကြောင့် ပို့ကုန်လုပ်ငန်းရှင်များရဲ့ ယှဉ်ပြိုင်နှိုင်မှုကို ထိခိုက်စေ နိုင်သော်လည်း ကုန်ကြမ်းပစ္စည်းများနဲ့ စက်ကိရိယာများ တင်သွင်းမှုစရိတ်ကိုမူ သက်သာစေနိုင်မယ်လို့ မစ္စတာ ဆူကစ်က ဆက်လက်ပြောကြားပါတယ်။ ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ငွေကြေးအားကောင်းခြင်း၊ ငွေဈေးမြင့်တက်ခြင်းတို့ထက် တည်ငြိမ်မှု ကိုသာလိုလား ကြပါတယ်၊ ထိုင်းပို့ကုန်တစ်မယ်ချင်းအပေါ် အစိုးရအဖွဲ့ အသစ်ရဲ့ ဘတ်ငွေခိုင်မာရေး မူဝါဒရဲ့ရိုက်ခတ်မှုအခြေအနေ ကိုထည့်သွင်း စဉ်းစားသင့်တယ်လို့ သူကဘဲပြောပါတယ်။ ပို့ကုန်တိုးမြှင့်ရေးဌာနအနေနဲ့ SME လုပ်ငန်းများရဲ့ ယှဉ်ပြိုင်နိုင်စွမ်းရည် တိုးမြှင့်ရေး၊ ထွက်ကုန်အရည်အသွေး တိုးတက်ရေးနဲ့ နိုင်ငံတကာအရည်အသွေးမီရေးတို့အတွက် ကြိုးပမ်းသွားကြရန်နဲ့ တရုတ်၊ အာဆီယံ၊ အာဖရိက၊ အိန္ဒိယဈေးကွက်တို့အတွက် SME အထောက်အကူပြုရုံး၊ SME ပို့ကုန်လုပ်ငန်းဗဟိုဌာနတို့ဖွင့်လှစ်ပေးရေး ဆောင်ရွက် သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ Source: ဘန်ကောက်ပို့စ်သတင်းစာ၊သောင်းနိုင်
ဝက်အရှင် တင်ပို့မှု ပုံမှန် ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ရိဒ်နယ်စပ်မှ ကျပ် ၃ ဒသမ ၉၅၄ သန်းတန်ဖိုးရှိ ဝက်အရှင် ၂ ဒသမ ၈၉ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဝ ဒသမ ၁၉ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ၂ဝ၁၁ -၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန် ၃ လတာကာလမှာ ရိဒ်နယ်စပ်မှ ဝက်အရှင် တင်ပို့မှုဟာ တန် ၆ဝ နီးပါးရှိပြီဖြစ်ပါတယ်။ လအလိုက် တင်ပို့နိုင်မှုတွေကတော့ ဧပြီလမှာ တန် ၂ဝ၊ မေလမှာ ၂၄ တန်ကျော်နဲ့ ဇွန်လမှာ ၁၄ တန်ကျော်အသီးသီးဖြစ်ပါတယ်။ ဇွန်လလယ်မှာ ရူပီးဈေးကျနေတဲ့အတွက် ဝက်တင်ပို့သူများက ချိန်ဆတင်ပို့ခဲ့တာမို့ လျော့နည်းခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၁၂ ရက်ထိကာလအတွင်း ရိဒ်နယ်စပ်မှ ဝက်အရှင် ၅ တန်ခွဲကျော်တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)
နယ်စပ်မှ ပရဆေး ပိုမိုတင်ပို့ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၄၈၅ သန်းတန်ဖိုးရှိ ကွမ်းစားဂမုန်း ၄၂ တန်ခန့်၊ စကားပန်း ပွင့်ခြောက် ၁၃ တန်ကျော်၊ တောဂျူးမြစ် ၃ တန်ကျော်၊ နနွင်းခေါင်း ၃၄ တန်ခန့်၊ နနွင်းတက်ရှမ်းစ တန် ၁ဝဝ ကျော်၊ မိကျောင်းကွမ်းဖတ်စေ့ တန် ၃ဝ၊ ကျောက်ဂျင်း ၉ တန်ကျော်၊ တောဂျင်း ၇ တန်ကျော်၊ ရွေးရွက် ၁၇ တန်ခန့်၊ ရှားစေး ၃၈ တန်ခန့်၊ မာလာဥ ၁၁ တန်ကျော်၊ မုတ်ခါး ၉ တန်ခန့်၊ မာလာဥခေါင်း ၄ တန်ကျော်၊ အုံတုံခေါက် ၁၇ တန်၊ ဒရင်ကောက်မြစ် ၁ဝ တန်ကျော်နဲ့ တောင်လုံးကျော် ၆ တန်ခွဲ စုစုပေါင်း ပရဆေးကုန်ကြမ်း ၃၅၇ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၆၈ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ တမူးနယ်စပ်မှ ပရဆေးကုန်ကြမ်းတင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ ၂ဝဝဝ တန်ဖိုးရှိ တောင်လုံးကျော် ၃တန်ခွဲနဲ့ ချဉ်ပေါင်ဖာလာ ဝ ဒသမ ၃ တန် တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT (DOBT)
ချင်းရွှေဟော်မှလည်း အေးခဲအမဲသား ပထမဆုံးအကြိမ် အပို့ရှိ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း မြန်မာတရုတ်တယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ကန်ဒေါ်လာ ၉၉ဝဝဝ တန်ဖိုးရှိအေးခဲအမဲသား တန် ၃ဝ ပထမဆုံးအကြိမ် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ အရိုးထုတ်အမဲသားနဲ့ ကွဲျသား ၁ဝ၂ ဒသမ ၄ တန်နဲ့ အေးခဲအမဲသား ၇၄ ဒသမ ၂ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၁၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် အေးခဲအမဲသား ၄ တန်ကျော်နဲ့ အရိုးထုတ်ပြီး အမဲသား/ကွဲျသား ၁ဝ၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလမှ ဇွန်လကုန်ထိ နယ်စပ်မှ အေးခဲအမဲသား တန် ၅၈၈ဝ ကျော်နဲ့ ကွဲျသား ၄၇၃ တန်ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ MIRT(DOBT)
သရက်အထွက် နာနတ်အတက် ယခုအခါ သရက်သီး ရာသီချိန် ကုန်နေပြီဖြစ်တဲ့အတွက် မူဆယ် (၁ဝ၅) မိုင် သစ်သီးဝလံကုန်စည်ဒိုင် သို့ သရက်သီးအဝင် ဆုတ်လာပြီဖြစ်သော်လည်း နာနတ်သီးများ တစ်နေ့ပျမ်းမျှ တန် ၁ဝဝ ဝန်းကျင်ဝင်နေပြီ လို့သိရ ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၅ သန်းတန်ဖိုးရှိ နာနတ် သီး ၅၄၃ တန်ခန့်ကို ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း အပို့ ရှိခဲ့ပါတယ်။ သရက်သီး တင်ပို့မှုမှာ ဟင်္သာအဝင်နည်းနေပြီး ရင်ကွဲသရက် သီးများ အဝင်များနေပါတယ်။ ယခု အပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၁၉၃ သန်းတန်ဖိုးရှိ သရက်သီးမှည့် ၈၃၄ တန် အပို့ရှိခဲ့ပြီး ကန်ဒေါ်လာ ဝ ဒသမ ဝ၈၂ သန်းတန်ဖိုးရှိ သရက်ပြားခြောက် တန် ၂ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါသေး တယ်။ ပြီးခဲ့တဲ့ အပတ်ကထက် သရက်သီး ၇၆၂ တန်လျော့နည်း တင်ပို့ခဲ့သော်လည်း သရက်ပြားခြောက် ၇၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးမှာ တစ်သျှူး ငှက်ပျောတင်ပို့မှု မရှိခဲ့ပါဘူး။ MIRT(DOBT)
ဧရာဝဏ် ဆန်စပါးအထူးပြုကုမ္ပဏီမှ တောင်သူများနဲ့ လယ်ယာကုန်ထုတ်အသင်းများရဲ့ ဒါရိုက်တာများသို့ မိုးစပါး စိုက်ပျိုးစရိတ်နဲ့ သွင်းအားစုများ ပေးအပ်ပြီ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ဧရာဝဏ် ဆန်စပါးအထူးပြုကုမ္ပဏီမှ မိုးစပါးအတွက် စိုက်ပျိုးစရိတ်နဲ့ သွင်း အားစုများကို လယ်ယာကုန်ထုတ်အသင်းများရှိ ဒါရိုက်တာများနဲ့ တောင်သူ များသို့ ဇူလိုင် ၁၃ရက်က ပေးအပ်ခဲ့ရာ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ စိုက်ဧက ၁၆ဝဝ ဧက၊ တောင်သူ ၉၄ ဦးအတွက် စိုက်ပျိုးစရိတ်ငွေ ကျပ်သိန်း ၁၆ဝဝ နဲ့ ယူရီးယာမြေသြဇာအိတ် ၂၈ဝဝ ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှခိုင်၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဝင်းနိုင်၊ ခရိုင်မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဧရာဝဏ်ဆန်စပါးအထူးပြုကုမ္ပဏီမှ နယ်မြေခံဒါရိုက်တာ ဦးမြတ်စိုး၊ ဒေါ်ဝေဝေစိုးနဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ လယ်ယာကုန်ထုတ်အသင်းများမှ ဒါရိုက်တာနှင့် တောသူများတက်ရောက်ကြကြောင်း သိရပါတယ်။ဇော်လင်းအောင်
ယခုတစ်ပတ် မောင်တောမှ ငါးစုံလေးခြောက် တင်ပို့မှုပိုမို ဇူလိုင် ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း မောင်တောနယ်စပ်မှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်များ တင်ပို့ရာတွင် ကန်ဒေါ်လာ ဝ ဒသမ ၁၁ဝ သန်းတန်ဖိုးရှိ ရေငန်ပုစွန် ၂ဝ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၆ သန်း တန်ဖိုးရှိ ငါးစုံလေးခြောက် ၃၅ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ဝဝ၄ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၃ တန်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရေထွက် ၃၅ တန် ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ဒီတစ်ပတ်မှာတော့ ၅၈ တန် တင်ပို့ခဲ့တဲ့အတွက် ၂၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ငါးစုံလေးခြောက် ၂၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ မြင့်မြင့်မာ (MIRT)
မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု တရုတ်နယ်စပ် မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက် တရုတ်နိုင်ငံသို့ လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဘက်နိုင်ငံရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ပဲဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ယွမ်) (ကျပ်) (ယွမ်)ပဲတီစိမ်း တန် ၆၇၆၇၃၆ ၆၅ဝဝ ၇၄၂၆၈၇ ၇၂ဝဝပြောင်းဖူးစေ့ တန် ၂၁၄၅၉၉ ၁၉ဝဝ ၂၁၇၁၄၇ ၁၉ဝဝနှမ်းဖြူ တန် ၇၉၁၂၈၁ ၈၅ဝဝ ၈၇၅ဝ၃၄ ၈၈ဝဝစိုးနိုင် မြန်မာ-အိန္ဒိယ နယ်စပ်ရိဒ်နယ်စပ်စခန်းမှ တစ်ဘက် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ မုန့်မျိုးစုံ၊ ဝက်အရှင်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဘက်နိုင်ငံ မီဇိုရမ် ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ် - ယခုအပတ် ယခင်အပတ်ပစ္စည်းအမည် ရေတွက်ပုံ မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး မိမိဘက်ဈေး တစ်ဖက်နိုင်ငံဈေး ပြောင်းလဲမှု (ကျပ်) (ရူပီး) (ကျပ်) (ရူပီး)ကွမ်းသီး တန် ၈၉၂၅ဝဝ ၅၄ဝ၄ဝ ၈၉၂၅ဝဝ ၅၄ဝ၄ဝမုန့်မျိုးစုံ ကီလို ၁၃ဝဝ ၂၉ ၁၃ဝဝ ၂၉ဝက်(အရှင်) ကီလို ၂ဝဝဝ ၉၈ ၂ဝဝဝ ၉၈မြတ်မြတ်ထွန်း
နယ်စပ်မှာ ရော်ဘာ အပို့ကျလျက်ရှိ မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ရော်ဘာအဆင့်စုံ ၂၃၂ တန်ကို ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၅ ရက်အထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ရော်ဘာအဆင့်စုံ တန် ၉ဝဝ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၆၆၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ရော်ဘာအဆင့်လိုက် တင်ပို့နိုင်မှုကတော့ ကန်ဒေါ်လာ ဝ ဒသမ ၈ သန်းတန်ဖိုးရှိ RSS-3 ၁၇၄ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၂၆ သန်းတန်ဖိုးရှိ RSS-5 ၂၈ တန်နဲ့ ကန်ဒေါ်လာဝ ဒသမ ၁၃၆ သန်းတန်ဖိုးရှိ MSR-50 တန် ၃၁ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ရော်ဘာဈေးများ ကျလျက်ရှိတာကလည်း တင်ပို့မှုကိုလျော့နည်းစေလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ ရော်ဘာမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် ်မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၄၈၆၂၃၂ ၃၆ဝ၉၂၁ဝ ၁၂၂၉၇၈ ၃ .၅ ၄၄၈ဝ ၄၄၈၇ ၇ ဝ .၂RSS-5 ၃၃ဝ၁၃ဝ၆ ၃၄၂၁၈၆၁ ၁၂ဝ၅၅၅ ၃ .၇ ၄၄ဝ၃ ၄၄၁ဝ ၇ ဝ .၂ MIRT (DOBT)
