Main menu

Background

Thursday, 9 Dec 2010

 အိန္ဒိယအရှေ့မြောက်ဒေသ လမ်းပန်းဆက်သွယ်ရေး ဖွံ့ ဖြိုးအောင်ဆောင်ရွက်လျက်ရ          အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသရှိ အမျိုးသားအဝေးပြေးကားလမ်းမကြီးနဲ့ရထားလမ်းများဖွံ့ဖြိုးရေး၊ ပြင်ဆင်ရေး တို့နဲ့ စပ်လျဉ်းပြီး နိုဝင်ဘာလ ၂၆ ရက်နေ့က မဏိပူရ ပြည်နယ်၊ ဂူဝါလတီမြို့မှာ အရှေ့မြောက် ဒေသဆိုင်ရာ အဖွဲ့များက လည်းကောင်း၊ နိုဝင်ဘာလ ၂၇ ရက်မှာ ဗဟိုအစိုးရ ကက်ဘိနက်အတွင်းရေးဝန်နဲ့ အရှေ့မြောက် ဒေသဆိုင်ရာ အဖွဲ့တို့မှ လည်းကောင်း အစည်းအဝေးများကျင်းပခဲ့ကြပါတယ်။             အဆိုပါအစည်းအဝေးများကို ဂူဝါလတီမြို့တွင် ကျင်းပတာဖြစ်ပြီး မဏိပူရပြည်နယ်အစိုးရ ကိုယ်စား လှယ်အဖြစ်ပြည်သူ့ဆောက်လုပ်ရေးကော်မရှင် အရာရှိခုျပ် အက်စ်ဘီတင်ဘား၊ သယ်ယူပို့ဆောင်မှု ဒါရိုက်တာ၊ ပြည်နယ် အတွင်းရေးမှူးချုပ် ဒီအက်စ်ပူနီးနဲ့ လူထုစားကုန် ဖြန့်ဖြူးရေးဝန်ကြီး ပီဗိုင်းဖေတို့ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ သန်းဝင်း၊ှSource: The Sangai Express

Thursday, 9 Dec 2010

 မလေးရှားနိုင်ငံသို့ လွှတ်ကျောင်းမွေးမြူရေး နွားအကောင် ၆ဝဝဝ တင်ပို့ရန် စာချုပ်ထားပြီးဖြစ်                 ကမ္ဘာမင်း ကုမ္ပဏီမှ လွှတ်ကျောင်းမွေးမြူရေး နွားအကောင် ၆ဝဝဝ တင်ပို့ရန် မလေးရှား ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ထားပြီ ဖြစ်ကြောင်း သိရပါတယ်။ မလေးရှားနိုင်ငံသို့ တင်ပို့မဲ့လွှတ်ကျောင်း မွေးမြူရေး နွားအမျိုးအစားမှာ နွားပြာ စိမ်း အမျိုးအစား ဖြစ်ပြီး ပထမအကြိမ် နွားမ အကောင် ၅ဝဝ ကို ဒီဇင်ဘာလ ပထမ အပတ် မှာ တင်ပို့မှာဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာမင်း ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးသောင်းတန်က ''နွားပြာစိမ်း အမျိုးအစားက ပုဂံ၊ ညောင်ဦး၊ မိတ္ထီလာ အနီးတစ်ဝိုက်က ရတယ်။တောင်သူတွေအနေနဲ့ လွှတ်ကျောင်းနွားကို ဒီထက်ပိုပြီး မွေးမြူထားမယ်ဆို ဈေးကွက်တစ်ခု ဖြစ်လာနိုင်တယ်။ မလေးရှားက ဈေးကောင်းပေးဝယ်တဲ့ အတွက် ပိုလံျှ နွားတွေလည်းဖြစ်တော့ တောင်သူတွေအနေနဲ့ ဈေးကွက်တစ်ခု ရလာနိုင်တယ်။FATA ဖြစ်ရင် ဈေးကွက်က ဒီထက် ကျယ်ပြန်လာနိုင်တယ်။ မလေးရှားကို ဖေဖော်ဝါရီလအတွင်းမှာ နွားမအကောင် ၃ဝဝဝ တင်ပို့မယ်။ အထီး ၃ဝဝဝ ကို နောက်ပိုင်းဆက်ပြီး တင်ပို့မယ်'' လို့ ပြောပါတယ်။               ပြည်ပသို့ တင်ပို့မဲ့ နွားများကို မိတ္ထီလာခရိုင် မြင်းကန်အုပ်စု၊ ဆင်စလွယ် ကျေးရွာမှာ ရောဂါရှိမရှိ စစ်ဆေးပြီးမှ တင်ပို့ရကြောင်း သိရပါတယ်။ '' ပြည်ပ မပို့ခင်မှာ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စစ်ဆေးပြီး ရောဂါမရှိကြောင်း လက်မှတ်ကို တစ်ကောင်ချင်းစီထုတ်ပြီးမှ တင်ပို့ရတယ်။ မပို့ခင် ၁၅ ရက်လောက် ဒီမှာစစ်ဆေးခံတယ်။ ခွာနာ၊ လျှာနာရောဂါ၊ ဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ တီဘီရောဂါ ရှိမရှိ စစ်ဆေးတယ်။ မလေးရှားနိုင်ငံဘက်ကလည်း ရောဂါရှိမရှိ လာရောက် စစ်ဆေးပြီးမှ တင်ပို့မယ်''လို့ ပြောပါတယ်။ ဇူးဇူး

Thursday, 9 Dec 2010

 ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေး တမူးမှာ ကျင်းပ                 နယ်စပ်ကုန်သွယ်ရေး စခန်းများမှ လစဉ်ပုံမှန်ပြုလုပ်နေကျ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးကို တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။                အစည်းအဝေးမှာ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်း ရက်တိုသင်တန်း ဖွင့်လှစ်ပို့ချပြီးဖြစ်တဲ့အတွက် ကုန်သွယ်မှု လုပ်ငန်းများ စနစ်တကျဖြစ်စေရေး လုပ်ထုံးလုပ်နည်းများနဲ့အညီ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိရေး ပူးပေါင်း ဆောင်ရွက်ကြရန်၊ ကုန်သွယ်မှု ပမာဏ တိုးတက်ရေးအတွက် လစဉ် ကုန်သွယ်မှု ညှိနှိုင်းအစည်းအဝေးများ သို့ စိတ်ပါဝင်စားစွာ တက်ရောက် ညှိနှိုင်း ဆွေးနွေးရန်၊ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ အစည်းအဝေးသို့ တမူးနယ်စပ် ကုန်သွယ်ရေး ညွှန်ကြား ရေးမှူးရုံး တာဝန်ခံ၊ OSS  အဖွဲ့ဝင် ဌာန တာဝန်ခံများ၊ ခရိုင် အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့မှ ဥက္ကဋ္ဌများ၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ရေထွက်ပစ္စည်း ကုန်သည်များ၊ မော်တော်ယာဉ်လိုင်း တာဝန်ခံများ နဲ့ ကိုယ်စားလှယ်များ စုစု ပေါင်း (၄ဝ) ဦး တက်ရောက်ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။                                                                                    Source: နကသ (တမူး) MIRT (DOBT)

Thursday, 9 Dec 2010

 မြန်မာ့မျှစ်ကို အရောင်ဆိုးကြသူများ              ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာ မျှစ်(အစို/အခြောက်)များကို တရုတ်နိုင်ငံသို့ ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လမှ စပြီး တင်ပို့ခဲ့ရာ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ မူဆယ်နယ်စပ်ခန်းမှတစ်ဆင့် ကုမ္ပဏီ(၇)ခုက မျှစ်စို ၇ဝဝ တန်၊ တန်ဖိုးကျပ်သန်း (၉ဝ)ကျော်၊ မျှစ်ခြောက် (၁၉၅)တန် တန်ဖိုးကျပ် (၆၇)သန်းကျော်ကို တင်ပို့ခဲ့တာ တွေ့ရှိရပါတယ်။ မျှစ်စိုတစ်တန်ကို လိုင်စင် ဈေး (၁၃ဝဝဝဝ)ကျပ်၊ မျှစ်ခြောက်တစ်တန်ကို (၃၅ဝဝဝဝ)ကျပ်နှုန်းနဲ့ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။            တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရဲ့ ၁၆-၁၁-၁ဝ ရက်နေ့ ယူနန်ချွမ်ချိန်ဝမ်ပေါင်သတင်းစာမှာ ''မြန်မာနိုင်ငံမှ တင် သွင်းသည့် မျှစ်များတွင် ဓာတုဆေးဝါး ရောစပ်ပါဝင်မှု စိစစ်တွေ့ရှိ''ခေါင်းစဉ်နဲ့ မသမာသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင် အချို့ဟာ မြန်မာနိုင်ငံရှိ တောင်ပေါ်ကျေးရွာတွေမှာထွက်ရှိနေတဲ့ မျှစ်စိမ်း (အစို)၊ မျှစ်ခြောက်များဝယ်ယူပြီး မျှစ်အချောကိုင် ဆောင်ရွက်ရာမှာ ဓာတု ဆေးဝါးများရောစပ်ပါဝင်လာတာကိုတွေ့ ရကြောင်း၊ အဆိုပါဆေးဝါးများများစားသုံးသူအား ကိုယ်ခန္ဓာ ချို့ယွင်းမှုနှင့် ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့လို့ ရွှေလီနယ်စပ် စားသောက်ကုန်စိစစ်ရေးအဖွဲ့မှ ဓာတ်ခွဲစိစစ်တဲ့အခါ ကာဗွန်ဒိုင်ဆာလဖိတ်စွမ်းရည် (၂၉၃ ဒသမ ၃ mg/kg)ရှိလို့ စားသောက် ကုန် ပစ္စည်းသတ်မှတ်နှုန်းထက် (၄ ဒသမ ၉) ဆကျော်လွန်သွား၍ စံနှုန်းမမှန်တဲ့ စားသောက်ကုန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မှ တင်သွင်းတဲ့မျှစ်များကို အဆင့်ဆင့်စစ်ဆေးပြီး စံနှုန်းမမှီပါကတင်သွင်းခွင့်မပြုရေး သို့မဟုတ် မီးရှို့ဖျက်ဆီးရေးများ ဆောင် ရွက်လျက် ရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။              အဆိုပါသတင်းဖော်ပြချက် မှန်ကန်မှုရှိမရှိကို ကုန်သည်များ၊ ဝန်ထမ်း များနဲ့တွေ့ဆုံစိစစ်ဆွေးနွေးမှုများ ပြုလုပ်တဲ့အခါမှာ မျှစ်စို၊ မျှစ်ခြောက်တင်ပို့တဲ့ မိမိဘက်မှကုမ္ပဏီတွေက ဓာတုဆေးဝါးများ အသုံးပြုခြင်းမရှိကြောင်းနဲ့ တရုတ်နိုင်ငံဘက်မှ မျှစ် ဝယ်ယူသူများက ၎င်းတို့ဝယ်ယူတဲ့မျှစ်တွေကို တရုတ်နိုင်ငံ ဂျယ်ဂေါင်ဒေသမှာ ၎င်းတို့အစီအစဉ်နဲ့ ဓာတုဆေးဝါးတွေကို အသုံးပြုပြီး ပြန်လည်ရောင်းချကြတယ်လို့ သိရှိခဲ့ရပါတယ်။               မူရင်းကောင်းမှ မိတ္တူကောင်းမယ်လို့ ပြောလေ့ရှိကြပါတယ်။ မူရင်းကောင်းပါလျက် မိတ္တူမကောင်းတာက တော့ စက် ဒါမှမဟုတ် အသုံးပြုသူရဲ့ ချို့ယွင်းမှုကြောင့်ပဲဖြစ်ပါလိမ့်မယ်။ မြန်မာ့ထွက်ကုန် မျှစ်အရည်အသွေး ကောင်းမွန်ပါရဲ့ နာမည် ပျက်ရတာဟာ မိမိနိုင်ငံသားလုပ်ငန်းရှင်များရဲ့ မရိုးသားမှုကြောင့်မဟုတ်ဘဲ တစ်ဖက်နိုင်ငံမှ ဝိသမာလောဘသား တရုတ် စီးပွားရေး လုပ်ငန်းရှင်အချို့ရဲ့ ဖန်တီးမှုကြောင့်သာဖြစ်ပါကြောင်း ရှင်းလင်း တင်ပြလိုက်ပါတယ်။နကသ   (ပို့ကုန်)

Wednesday, 8 Dec 2010

 မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု             မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည်              ရေတွက်ပုံ                       မိမိဘက်ဈေး (ကျပ်)              တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲပုပ်စေ့                       တန်                                  ၅၉၄ဝဝဝ                                  ၄၃၁ဝပဲလွန်းဖြူ                     တန်                                  ၉၈၁၄၂၆                                  ၇၇၁ဝပြောင်းဖူးစေ့                တန်                                  ၂၄၂၅၅၁                                  ၁၈၈ဝ            မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်စခန်းမှ တစ်ဖက်အိန္ဒိယနိုင်ငံသို့ ကွမ်းသီး၊ ဝက်အရှင်၊ ပလပ်စတစ်အိတ်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ ရိဒ်ပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပေါက်ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ပစ္စည်းအမည်           ရေတွက်ပုံ                        မိမိဘက်ဈေး (ကျပ်)                     တစ်ဖက်နိုင်ငံဈေး (ရူပီး)ကွမ်းသီး                      တန်                                 ၁၅၂၅ဝဝဝ                                  ၇၈၁ဝဝဝက်အရှင်                ကီလိုဂရမ်                                 ၂ဝဝဝ                                       ၉၈ပလတ်စတစ်အိတ်        အိတ်                                   ၁၅ဝဝဝ                                      ၇၃ဝ                                                                                                                                        ကေသွယ်            မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပဲတီစိမ်း၊ မန်ကျည်းသီး (အစေ့ပါ) နဲ့ နနွင်းတက်တို့ တင်ပို့လျက် ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ် ပေါက်ဈေးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် ပစ္စည်းအမည်                ရေတွက်ပုံ                        မိမိဘက်ဈေး (ကျပ်)                 တစ်ဖက်နိုင်ငံဈေး (တာကာ)ပဲတီစိမ်း                           တန်                               ၆၃ဝဝဝဝ                                  ၇၈၅ဝဝမန်ကျည်းသီး(အစေ့ပါ)       တန်                               ၃၇၉၄၄ဝ                                  ၃၅ဝဝဝနနွင်းတက်                       တန်                            ၁၅၂၆၉၄ဝ                                  ၁၄ဝဝဝဝ                                                                                                                                      မြတ်မြတ်ထွန်း

Tuesday, 30 Nov 2010

 ပွင့်လင်းရာသီရောက်ရှိပြီဖြစ်လို့ တီးတိန်-ရိဒ်ကားလမ်းပိုင်း အသင့်အတင့်ကောင်းမွန်လာ            ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် မိုးတွင်းကာလ အတွင်း က ပျက်စီးလျက်ရှိသော တီးတိန်- ရိဒ် ကားလမ်းပိုင်းအား တီးတိန်မြို့နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း (လမ်းတံတား) အဖွဲ့က မြေတူး မြေ ကော်စက်နဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က စတင်ဆောင်ရွက်နေ ပြီ ဖြစ်ပါတယ်။ စတင်ဆောင်ရွက်ပြီး ၃ ရက်မြောက်နေ့ မှာတော့ တီးတိန်မြို့ နယ် အပိုင်ဟိုင်မွာ ရွာအနီး အချို့နေရာများမှာ ရေစိမ့် ထွက်မှုကြောင့် ချိုင့်များ ရှိတာကလွဲပြီး အသင့်အတင့် ကောင်းမွန်လာပြီလို့ သိရပါတယ်။ လမ်းကောင်းမွန်လာ တာကြောင့် ယာဉ်သွားလာမှုများ အဆင်ပြေချောမွေ့လာစေပြီး ကလေးမှ ရိဒ်သို့ ဟိုင်မွာဂျစ်ယာဉ်ငယ်များ သာမက သွင်းကုန် ဓါတ်မြေသြဇာများကို ခြောက်ဘီးယာဉ်ကြီး အချို့နဲ့ နေ့ချင်း ပေါက် သယ်ယူ ပို့ ဆောင်နိုင်မှုရှိလာပြီ လို့သိရပါတယ်။ ၂ဝ၁ဝ ဒီဇင်ဘာလ ခရစ်စမတ်ပွဲတော် နီးကပ်လာပြီဖြစ်တဲ့ အတွက် တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်မှ မဝတ်တီရှပ်၊ ကျား၊ မ စီးကင်း ဘတ်ရှူး၊ ကလေးစီးဖိနပ် စသည်များ အဝယ်လိုက်လာပြီး ကုန်စည်စီးဆင်းမှု များ ပိုမိုလာပြီလို့ ရိဒ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ သတင်းရရှိပါတယ်။ Sources: နကသ (ရိဒ်)၊၊ သိန်းဝင်း

Tuesday, 30 Nov 2010

 စက်သုံးလောင်စာဆီမပြတ်လပ်ရေးနဲ့ မသမာမှုမရှိရေးစိစစ်လျက်ရ           ယူနန်ပြည်နယ် တယ်ဟုန်တိုင်းမံစီခရိုင်မှာ လောင်စာဆီဈေးနှုန်းမြင့်တက်လျက်ရှိတဲ့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့ က နိုဝင်ဘာလ တတိယပတ်အတွင်းမှာတရုတ်နိုင်ငံ ရေနံသဘာဝဓာတ်ငွေ့၊ ရေနံကုမ္ပဏီနဲ့ အရောင်းဆိုင်များနဲ့ တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါတယ်။          စက်သုံးလောင်စာဆီမပြတ်လပ်စေရေးအတွက် တယ်ဟုန်ကုမ္ပဏီခွဲက ယခင်ကတစ်နေ့ကို ဒီဇယ်ဆီ တန် ၇ဝ မှ ၉ဝ ( ၁၈၃၇၅ ဂါလံမှ ၂၃၆၂၅ ဂါလံ ထိ) ဖြန့်ဖြူးခဲ့ရာမှ ယခုအခါ တန် ၁၃ဝ (၃၄၁၂၅ ဂါလံ) ထိ တိုးမြှင့်ဖြန့်ဖြူး နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပြီး လောင်စာဆီလိုအပ်ချက်အားအစွမ်းကုန် ဖြည့်ဆည်းပေးနိုင်ရန် စက်သုံးဆီအရောင်းဆိုင်များ တိုးခဲျ့ဖြန့်ဖြူးသွားမယ်လို့လည်း ခရိုင်စီးပွားရေးဌာနကဆိုပါတယ်။ လောင်စာဆီ အရောင်းဆိုင်နဲ့ ကုမ္ပဏီများအား စိစစ်မှုများ လုပ်ဆောင်ရာမှာ ဒီဇယ်ဆီအညံ့စားတင်သွင်းဖြန့်ဖြူးမှုကို ခရိုင် စီးပွားရေးနဲ့ ကုန်သွယ်ရေးဌာနမှ စိစစ်ရာမှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်ထိန်းရဲအဖွဲ့နဲ့ မီးသတ်အဖွဲ့တို့ ပူးပေါင်းကာ လောင်စာဆီများတရားမဝင်ရောင်းဝယ်မှုနဲ့မသမာမှုများကို နှိမ်နင်းဟန့်တားသွားမယ်လို့ နေ့စဉ်ထုတ် သတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။  Source:ယူနန်မန်စီသတင်းစာ၊သောင်းနိုင်

Tuesday, 30 Nov 2010

မျှစ်များတွင် ဓာတုဆေးဝါး ရောစပ်ပါဝင်မှုများ စိစစ်တွေ့ရှိရလျက်ရှိ         မြန်မာနိုင်ငံ တောင်ပေါ် ကျေးရွာ တစ်လျှောက်ထွက်ရှိတဲ့ မျှစ်စို (အစိမ်း) နဲ့ မျှစ်ခြောက်များကို နယ်စပ် ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် နယ်စပ် ကုန်သွယ်ရေး နည်းလမ်းနဲ့ တင်ပို့လျက် ရှိပါတယ်။ ယခုအခါ မသမာတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့ဟာ ဝယ်ယူပြီးမျှစ်စို၊ မျှစ်ခြောက်များကို ကုန်ချောပြုလုပ်ဆောင်ရွက်ရာမှာ ဓာတု ဆေးဝါးများ ရောစပ်ပါဝင်နေတာကို စစ်ဆေးတွေ့ရှိရကြောင်းနဲ့ အဆိုပါ ဆေးဝါးများမှာ စားသုံးသူများအား ခန္ဓာကိုယ်ချို့ယွင်းမှုနဲ့ ကင်ဆာ ရောဂါ ဖြစ်စေနိုင်တယ်လို့ ယူနန်ပြည်နယ် ကျန်းမားရေးဌာနက စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။ စားသောက်ကုန် စိစစ်ရေးအဖွဲ့မှ ဓာတ်ခွဲ စမ်းသပ်သောအခါ ကာဗွန်ဒိုင် ဆာလဖိတ်ပါဝင်မှု ၂၉၃ mg/kgm  ရှိတာ တွေ့ရပြီး ခွင့်ပြုချက်ထက် ၅ ဆနီးပါး ကျော် လွန်တဲ့အတွက် စံနှုန်းမမှန်တဲ့စားသောက်ကုန်အဖြစ် သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက တင်သွင်းတဲ့မျှစ်များအား အဆင့်ဆင့်စစ် ဆေးပြီးစံချိန်မမီပါက တင်သွင်းခွင့် ပြုမည်မဟုတ်ကြောင်း သတင်းရရှိတဲ့ အတွက် မျှစ်တင်ပို့သူများအနေနဲ့ သတိထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပေးလိုက်ရပါတယ်။                                                                                                          Source:ယူနန်မန်စီ၊သောင်းနိုင်

Tuesday, 30 Nov 2010

 ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးဆွေးနွေး       မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်၏ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေး ကို ကုန်သွယ်ရေးဇုန်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ၂၄-၁၁-၂ဝ၁ဝ နေ့ ၁၃းဝဝ ချိန်တွင်ကျင်းပရာ OSS အဖွဲ့ခေါင်းဆောင်ညွှန်ကြားရေးမှူး ဦးဝင်းတင့်မှကုန်သွယ်မှုပမာဏတိုးတက်မှု၊ လာမည့်ကာလ၌ပိုမို ဆောင်ရွက်နိုင်မည့် အခြေအနေ၊ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများအပေါ် ကုန်သည်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သင့်သည် များကိုဆွေးနွေးခဲ့ပြီးOSSအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်အပါအဝင် စုစုပေါင်းအင်အား (၅၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။                                                                            စမ်းစမ်းအေး

Tuesday, 30 Nov 2010

ဓာတုဆေးဝါးရောစပ်ပါဝင်တဲ့ ခေါက်ဆွဲထုပ်အား ဈေးကွက်များမှ ပြန်လည်သိမ်းယူ           အင်ဒိုနီးရှားနိုင်ငံထုတ် ရင်တော်တံဆိပ်အသင့်စား ခေါက်ဆွဲထုပ်များအား တရုတ်နိုင်ငံ ကျန်းမာရေး ဌာနစားသောက်ကုန် ပစ္စည်းလုံခြုံမှု စစ်ဆေးရေးအဖွဲ့ရဲ့ ဓာတ်ခွဲစိစစ်ရာ ဓာတုဆေးဝါးများသတ်မှတ်ချက်ထက် ပိုမိုပါရှိနေတာကို စိစစ်တွေ့ရှိခဲ့ပါတယ်။ ဟောင်ကောင်၊ ထိုင်ဝမ်(တရုတ်တိုင်ပေ)၊ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတို့မှာ ဖြန့်ဖြူးရောင်းချနေမှုများကို နိုဝင်ဘာလဆန်း ကစပြီး ရပ်ဆိုင်း ကာပြန်လည်သိမ်းယူမှုများလုပ်ဆောင်လျက် ရှိပါတယ်။ ၈၅ ဂရမ်ရှိ အထုပ်သေး တစ်ထုပ်ကို တရုတ်နိုင်ငံမှာ ၂ ဒသမ ၅ ယွမ်နှုန်းနဲ့ ရောင်းချဖြန့်ဖြူးနေ တာဖြစ်ပါ တယ်။ ယခုအခါ ကူမင်းရှိ စူပါမားကတ်များမှာလည်းရောင်းချခွင့် မပြုတော့ဘဲ သိမ်းယူလျက်ရှိနေတယ်လို့ တရုတ်နေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။                                                                                                    Sources: ယူနန်ချွမ်းချိမ်ဝမ်ပေါင်၊၊ သောင်းနိုင် 

Pages