Main menu

Background

Wednesday, 20 Oct 2010

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အသင်းခွဲဖွဲ့စည်းပြီး    မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အသင်းခွဲကို အောက်တိုဘာ ၈ ရက်နေ့တွင် တောင်ကြီးမြို့ ကုန်စည်ဒိုင် အစည်းအဝေးခန်းမ၌ ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ ဖွဲ့စည်းရေး အခမ်းအနားကို မြန်မာ နိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ အထွေထွေအတွင်းရေးမှူးနှင့် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များဦးစီးကာ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ဆန်စက်လုပ်ငန်းရှင်များအစုအဖွဲ့၊ ဆန်ကုန်သည်များအစုအဖွဲ့၊ စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီး၊ ရွှေညောင်၊ လင်းခေး၊ လွိုင်လင်၊ ညောင်ရွှေ၊ ရပ်စောက်၊ ဟိုပုံး၊ ဖယ်ခုံ၊ ဆီဆိုင်၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ကလော၊ နမ့်စန်၊ လဲချား၊ မိုင်းကိုင်၊ မိုးနဲ၊ မောက်မယ် မြို့နယ်များမှ ကိုယ်စားလှယ်များ အပါအဝင် အလုပ်အမှုဆောင် ၃၉ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း ရှမ်းပြည်နယ် တောင်ပိုင်း အသင်းခွဲအနေနဲ့ ဒေသတွင်း မျိုးရိုးဗီဇကျဆင်းနေတဲ့ စပါးမျိုးများကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းနှင့် ညှိနှိုင်းပြီး မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရေးကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။                                                                                                                           MAPT တောင်ကြီး 

Wednesday, 20 Oct 2010

 မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း မော်လမြိုင်မြို့နယ် အသင်းခွဲ ဖွဲ့စည်းပြီ      မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း၊ မော်လမြိုင်မြို့နယ်အသင်းခွဲ ဖွဲ့စည်း ခြင်း အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး ရွှေမြိုင်ခန်းမတွင် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၈ ရက်၊ နံနက် ၁ဝး၃ဝ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်း (ဗဟို) မှ ဒုတိယဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်နဲ့ ဗဟိုအမှုဆောင်များက ကြီးကြပ်ဆောင် ရွက်ခဲ့ပါတယ်။ အခမ်းအနားကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန် ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ အပါအဝင် စုစုပေါင်း ၇ဝဦး တက်ရောက်ခဲ့ပါတယ်။      အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း(ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်မှ အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး၊ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၊ မော်လမြိုင် မြို့နယ်အသင်းခွဲကို ကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါတယ်။        ဆက်လက်၍ ပြည်နယ်အဆင့် အလုပ်အမှုဆောင် ကိုယ်စားလှယ် ၈ ဦး ထပ်မံရွေးချယ်ပြီးနောက် ရွေးချယ်ခံ ဥက္ကဋ္ဌထံ အသင်းဝင်လျှောက်လွှာများနဲ့ အသင်းဖွဲ့မှတ်တမ်း/ စည်းမျဉ်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။                                                                                                                                       အောင်လွင်

Wednesday, 20 Oct 2010

ထိုင်းနိုင်ငံမှ ပို့ကုန်များ ဥရောပဈေးကွက်သို့ တင်ပို့ရေးတွင် ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် အခွင့်အလမ်းကောင်း များရရှိမည်ဟုဆို             အောက်တိုဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မင်္ဂလာခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည့် Asia Agro Marketing Forum တွင် ထိုင်းနိုင်ငံအခြေစိုက် Blue River Products Limited မှ ကူးသန်းရောင်းဝယ်ရေးနှင့် နည်း ပညာဆိုင်ရာ ဒါရိုက်တာ Mr.Soonthorn Sritawee  က Post-harvest Technology in Commercial Use for Fresh Produce  ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ၌ ထိုင်းနိုင်ငံမှ သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်များ နိုင်ငံ တကာဈေးကွက်များသို့ တင်ပို့ရောင်း ချလျက်ရှိရာတွင် ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာနှင့်ပတ်သက်၍ ကုန်ကျ စရိတ် ကြီးမားမှု၊ လိုအပ်ချိန်တွင် မရရှိ မှု၊ လုပ်ငန်း သဘောသဘာဝနှင့် မကိုက်ညီမှု စသည့် အခက်အခဲများ ရှိနေကြောင်း၊ သို့သော် အဆိုပါအခက်အခဲများကို မြန်မာနိုင်ငံတွင် တည်ဆောက်မည့် ထားဝက်ရေနက်ဆိပ်ကမ်း ပြီးစီးပါက အဆိုပါဆိပ်ကမ်းမှ တစ်ဆင့် ဥရောပဈေးကွက်နိုင်ငံများသို့ အချိန်တိုအတွင်း ထိရောက်လျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်၍ အခွင့်အလမ်း ကောင်းတစ်ခုဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့အပြင် အရှေ့အနောက် စီးပွားရေးစြင်္ကန် (East West Corridor) ၏ အရှေ့ဘက် ဆိပ်ကမ်းမြို့ဖြစ်သော ဗီယက်နမ်နိုင်ငံဒါနန်းကို အသုံး ပြု၍လည်း အရှေ့အာရှဈေးကွက်နိုင်ငံ များသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရောင်းချနိုင်မည့် အခွင့်အလမ်း ရှိမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။       Blue River  ကုမ္ပဏီသည် ထိုင်းနိုင်ငံမှ လတ်ဆတ်သစ်သီးဝလံနှင့် ဟင်း သီးဟင်းရွက်များအား ဥရောပနှင့်အာရှ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက် ရှိသော ကုမ္ပဏီဖြစ်သည်။ 

Tuesday, 19 Oct 2010

မြန်မာ့ဖရဲ တရုတ်တင်ပို့      မြန်မာဖရဲသီးတန်ချိန် ၉ဝ ကျော်ကို တရုတ်နယ်စပ်စခန်းတွေဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁ဝ ရက်အတွင်း ကျပ် ၉ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း၊စက်တင်ဘာ နောက်ဆုံးပတ်က ၈၂ တန်ကျော်သာ တင်ပို့နိုင်ခဲ့သဖြင့် ၈ တန်ကျော် ပိုမိုတင်ပို့လာ နိုင်ခဲ့ကြောင်း သိရပါတယ်။ ဖရဲသီးရာသီစတင်ချိန်ဖြစ်လို့ တရုတ်နယ်စပ်မှာ အဝယ်လိုက်နေတာကြောင့် တင်ပို့မှု ဆက်လက်အားကောင်းလာမှာပါ။     နယ်ဒေသအစုံတို့မှ တင်ပို့လျက်ရှိရာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ အများဆုံး တင်ပို့နိုင်ခဲ့တာဟာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းကြောင့်ဖြစ်ပြီး ယင်းဒေသထွက် ဖရဲသီးများကဈေးရကြောင်း၊ ဖရဲသီး ၁ တန်ကိုမိမိဘက် ပေါက်ဈေး တစ်တန်ကို ၁ဝဝဝဝဝ ကျပ်၊ တစ်ဘက်နိုင်ငံဈေး ၁ဝ၁ဝ ယွမ်ရှိတယ်လို့ နယ်စပ်ကုန်သည်အသင်းများမှသတင်းရရှိပါတယ်။ မော်မော်အောင် (MIRT)

Tuesday, 19 Oct 2010

တီးတိန်-ရိဒ် ကားလမ်းအား ရာသီမရွေးသွားလာနိုင်အောင် မကြာမီပြုပြင်တော့မည်            မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှာ လစဉ် ကျင်းပပြုလုပ်တဲ့ နယ်စပ်ကုန်သွယ် မှု မြှင့်တင်ရေး အစည်းအဝေးမှာ တာဝန်ရှိသူ တစ် ဦးက တီးတိန်-ရိဒ်ကားလမ်းအား ရာသီမရွေး သွားလာနိုင်အောင် မကြာမီ ပြုပြင်တော့မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။         ကုန်သွယ်မှုတိုးမြှင့်ရေးမှာ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်လွယ်ကူဖို့လည်း လိုအပ်ပါတယ်၊ တီးတိန်- ရိဒ် ကားလမ်းမှာ မိုး တွင်းကာလအတွင်း ဇူလိုင်လမှစပြီး စက်တင်ဘာလ နှောင်းပိုင်းထိ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မကြာခဏ မြေပြိုလမ်းပိတ်ဆို့မှုများ၊ အချို့မြေသား လမ်းပိုင်း များမှာ ရွံှ့နွံှ့များဖြစ်ပြီး ကားများခက်ခဲစွာ သွားလာနေရခြင်း ကြောင့် မြင်း၊ လားများနဲ့သယ်ယူမှုများကို ပြုလုပ်နေ ကြရတာဖြစ်ပါတယ်။ အဲလို ကြမ်းတမ်းခက်ထန်တဲ့လမ်းကြောင်းကို ဖြတ်သန်းမောင်းနှင်လာပြီး ဟိုင်မွှာလ်ရွာဟောင်းနဲ့ ရွာသစ် ကြားမှာ ဂျစ်ကားများ ၃-၄ ရက်မှ ၇ ရက်ခန့်ကြာအောင် ချို့ယွင်းမှု များနဲ့ရင်ဆိုင်နေရကြောင်း၊ အင်ဂျင်ကွဲခြင်း၊ ရှပ်ကျိုးခြင်း၊ ဂီယာအုံကွဲခြင်းများ ဖြစ်တဲ့အခါ ကလေးအထိ အပိုပစ္စည်း ပြန်မှာနေရ တာကြောင့် အချိန်ကြာမြင့်စွာ နှောင့်နှေးနေခဲ့ရကြောင်း၊ ဒါတွေကြောင့် ရာသီမရွေးသွား လာနိုင်လို့ရအောင် လမ်းပြင်ဆင် မွမ်းမံမှုများကို လုပ်ဆောင်ပေးရန် ရိဒ်နယ်စပ်ကုန်သည်များက ကုန်သွယ်မှုမြှင့်တင် ရေးအစည်းအဝေးမှာ တင်ပြခဲ့ကြရာ ရိဒ်ခေါဒါရ်မြို့နယ်ခွဲမှ တာဝန်ရှိသူက လမ်းပြင်ဆင်ခွင့် ရရှိထားပြီးဖြစ်လို့ မကြာမီ ပြင်ဆင်သွားတော့မှာ ဖြစ်ကြောင်း ကုန်သည်များကို ပြန်လည် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။        ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ ပဲမျိုးစုံ၊ အိန္ဒိယဈေးကွက်သို့တင်ပို့နိုင်ရေး၊ အမယ်သစ်ပို့ကုန် ပျားရည် တင်ပို့နိုင် ရေး၊ အေးခဲငါး၊ အမဲသားများတင်ပို့နိုင်ရေးနဲ့သွင်းကုန် ဆိတ်သားရေ၊ ချည်နဲ့ဆံပင်များ တင်သွင်းနိုင်ရေးတို့ကို ဆောင်ရွက် နိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ှ                                                                                                     Source: နကသ(ရိဒ်)၊MIRT (DOBT)

Tuesday, 19 Oct 2010

 အင်ဖာနဲ့အိန္ဒိယပြည်မကြီးဆက်သွယ်သော အဝေးပြေးလမ်းမပိုင်းအချို့မှာ မြေပြိုတောင်ပြိုမှုများ ဖြစ်ပွား     အိန္ဒိယနိုင်ငံ နာဂလင်းနဲ့ မဏိပူရပြည်နယ်ကိုဆက်သွယ်ထားတဲ့အမှတ် ၃၉ အမျိုးသားအဝေးပြေး ကားလမ်းမကြီးပေါ်ရှိ ဒီမားပူးနဲ့ အင်ဖာမြို့အကြားမိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တိုဘီယိုကျေးရွာ၊ ခေါင်နင် ကျေးရွာ၊ ကာရောင်းမြို့ဝန်းကျင်တို့မှာ မြေပြိုမှုနဲ့ တောင်ပြိုမှုများဖြစ်ခဲ့ပါတယ်။ အကြီးစားတစ်ခုနဲ့သာမန်ပြိုကျ မှုလေးခုထက်မနည်း ဖြစ်ပွားခဲ့တဲ့အတွက် လမ်းကြောင်းရှင်းလင်းပြုပြင်မှုများကို ဆောင်ရွက်ပေးနေသော်လည်း ကုန်တင်ယာဉ်နဲ့ခရီးသည်တင်ယာဉ် ပြေးဆွဲမှုများ ကို တစ်နေ့တာယာယီရပ်ဆိုင်းထားရတယ်လို့ သတင်းရရှိပါ တယ်။          တောင်ပြိုမှု၊ ကမ်းပါးရံအိကျမှုနဲ့ မြေတိုက်စားမှုများမဖြစ်ပွားမီမှာ မောင်ဂိတ်မြို့သို့ ရောက်ရှိထားပြီး ဖြစ်တဲ့ လောင်စာ ဆီတင်ယာဉ်၊Gas  အိုးတင်ယာဉ်နဲ့ အိန္ဒိယစားသောက်ကုန်ကော်ပိုရေးရှင်းပိုင်ဆန်တင်ယာဉ် အပါအဝင် ယာဉ် ၃ စီးက တော့ အင်ဖာသို့ ဆက်လက်ခရီးထွက်ခွာသွားနိုင်တယ်လို့ အင်တာနက်သတင်းမှာ ဖော်ပြထားပါတယ်။ှ                                                                                                        Source:  နကသ (တမူး)၊သန်းဝင်း

Tuesday, 19 Oct 2010

 မန်စီ၊ ရွှေလီ၊ ရင်ကျန်းစီးပွားရေးရာ ဖွံ့ ဖြိုးလာရန် စီမံဆောင်ရွက်မှု     နိုင်ငံတော်ဝန်ကြီးခုျပ်ရုံး၏ တရားဝင်ခွင့်ပြုချက်ဖြင့် ၂ဝ၁ဝ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့တွင် ယခင် လုဆီးခရိုင် အား သြဂုတ် ၂၃ ရက်မှစတင်၍မန်စီခရိုင်လို့ အမည်ပြောင်းလဲလိုက်ပါတယ်။ အနာဂတ်ကာလတွင် မန်စီခရိုင်သည် အရေးပါသော လမ်းပန်း ဆက်သွယ်ရေးဗဟိုအချက်အချာဖြစ်လာပြီး မန်စီတွင်လေဆိပ်တစ်ခုရှိပြီး နှစ်ကုန်ချိန်တွင် လုံလင်မှ ရွှေလီသို့ အမြန်လမ်းမနှင့် တာလီမှရွှေလီသို့ မီးရထားလမ်းတည်ဆောက်မည်ဖြစ် ကြောင်း သိရပါတယ်။ ပြည်နယ်အစိုးရ အဖွဲ့က ချမှတ်သည့်နည်းဗျူဟာ တွင် ရထားလမ်းကြောင်းအား တောင်အာရှနိုင်ငံသို့ ပေါက်ရောက်ခြင်းဖြင့် လမ်းပန်းဆက် သွယ်မှု ဖွံ့ဖြိုးတိုးတက်လာပြီး မြို့ရွာဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ပါတယ်။ မန်စီခရိုင်သည် နိုင်ငံတကာ၏ တံခါးပေါက်၊ နယ်မြေ၏ ဗဟိုစခန်း၊ သစ်သီးဝလံ မြို့တော်၊ ကော်ဖီမြို့ပြဟူသော စီမံချက်ဖြင့် သစ်သီးနှင့်ကော်ဖီတို့အဓိက စိုက်ပျိုး ထုတ်လုပ်မှု ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကော်ဖီမှုန့်တန်ချိန် ၃ဝဝဝ ထုတ်လုပ်နိုင်မည်ဖြစ်ပြီးထပ်မံ၍ တန်ချိန် တစ်သောင်းထုတ်လုပ်နိုင်ရန် စီမံလျက်ရှိသည့်အတွက် အာရှ ဒေသ၏ အကြီးမားဆုံးကော်ဖီထုတ်လုပ်မှု စခန်းဖြစ်လာမှာ ဖြစ်ပါတယ်။ မန်စီမှ ရွှေလီသို့ ၁ဝဝ ကီလိုမီတာရှိသော စီးပွားရေးရာစြင်္ကန်လမ်းကြောင်းရောက်ရှိရေးအတွက် ရွှေလီခရိုင် တွင် လေဆိပ်တည်ဆောက်နိုင်မှု အခြေ အနေမပေး၍ မန်စီမှရွှေလီသို့ အပေါ့စားရထားလမ်းဖောက်လုပ်၍ ၁ဝ မိနစ် အတွင်း ရောက်ရှိရေးဖော် ဆောင်မည်ဖြစ်ပါသည်။ မန်စီ၊ ရွှေလီနှင့်ရင်ကျန်းနယ်မြေတို့သည် စီးပွားရေးအရ တြိဂံနယ်မြေ တည်ရှိပြီး ထိန်ခုံျးနှင့်လည်း ပြင်ပစီးပွားရေးရာ တြိဂံနယ်မြေ အဖြစ်ဖော်ဆောင်ခြင်းဖြင့် ပြည်နယ် အစိုးရ အနေဖြင့် မန်စီ၊ ရွှေလီနှင့်ထိန်ခံျုးအား ခရီးသွားလုပ်ငန်းဆောင်ရွက်လျက်ရှိပါတယ်။ မန်စီခရိုင်အား စီးပွားရေးရာမြန်ဆန်စွာ ဖွံ့ဖြိုး တိုးတက်လာရေးအတွက် စီးပွားရေးပေါ်လစီတစ်ရပ်ချမှတ်ပြီးညှိနှိုင်း ဆွေးနွေးမှုဖြင့် စီးပွားရေးပညာရှင်များ ထံမှ အကြံဉာဏ် များရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။ှ                                                                                                                                         Sourceချွန်ချိန်ဝမ်ပေါင်သတင်း၊သောင်းနိုင်

Tuesday, 19 Oct 2010

ဘင်္ဂလားဒေ့ရှ်မှာ စားနပ်ရိက္ခာပြတ်လပ်မှာ ပူပန်စရာမလိုဟုဆို    ဘင်္ဂလားဒေ့ရှ်အစိုးရလက်ထဲမှာ ယခုဆန်တန်ချိန် ၆ သောင်းနဲ့ ဂံျု တန် ချိန် ၈ သောင်းရှိနေပြီး စစ်တကောင်းဆိပ်ကမ်းမှာ ဂံျုတန်ချိန် ၄၅ဝဝဝ တင်ဆောင်လာတဲ့ သင်္ဘောလည်းဆိုက်ရောက်နေပြီဖြစ်ကြောင်းနဲ့ ဆန်တန်ချိန် ၁ဝ သိန်းနဲ့ ဂံျုတန်ချိန် ၂ သိန်းတင်သွင်းရန် စီမံနေပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာ ပြတ်လပ်မှာ စိုးရိမ်ပူပန်စရာမရှိကြောင်း ဘင်္ဂလားဒေ့ရှ်နေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။      ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွန်ခဲ့တဲ့တစ်လအတွင်း ဆန်ဈေးမြင့်တက်လျက် ရှိပါတယ်။ လောလောဆယ်ဆယ် ရာကျော်ဆန်ဈေး ဟာ ဒက္ကားဈေးမှာ တစ်ကီလို ကို ၃၂ တာကာနဲ့ရောင်းတဲ့ဆန်ဟာ ယခင်က ၂၁ တာကာဈေး ရှိခဲ့ပြီး ဆန်လုံး သေးမျိုးဟာ ၃၈ တာကာဈေးရှိကာ ယခင်က ၂၄-၂၅ တာကာသာ ရှိခဲ့တယ်လို့ သိရပါတယ်။     ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရေး လုပ်ငန်းကော်ပိုရေးရှင်းသတင်းအရ အိန္ဒိယ နဲ့ မြန်မာနိုင်ငံတို့မှ ဆန်တင်သွင်းမယ်ဆိုလျှင် သယ်ယူပို့ဆောင်စရိတ် အပါအဝင် တစ်ကီလိုဂရမ်ကို ၂၇ တာကာလောက်သာကျပြီး ဒက္ကားမြို့ လက်ကားဈေးဆိုင် များမှာ အနိမ့်ဆုံးဆန်ဈေးဟာ ၃၂ တာကာနဲ့ ရောင်းချလျက် ရှိပါတယ်။ှ                                                                                                Source: ပရောထောင်းအာလော၊                                                                                                          သိန်းထွန်းဦး

Tuesday, 19 Oct 2010

အအေးပိုမဲ့ဒီနှစ်ဆောင်းရာသီမှာ လောင်စာဆီဈေးမြင့်တက်ဖွယ်ရှိ         ဒီနှစ်ဆောင်းရာသီမှာ အအေးပိုမယ်လို့ ခန့်မှန်းချက်များအရ လောင် စာဆီဈေးနှုန်းမှာ တစ်ပေပါကို ၈၃ ဒေါ်လာအထိ မြင့်တက်လာဖွယ် ရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းမှုအရ အချိန်ကာလတစ်ခုထိသာ လောင်စာဆီဈေး မြင့်တက်လာ ဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံ၊ ထိုင်းအာဆီယံ သတင်းကွန်ရက်ဌာနက ထုတ်ပြန်ထား ပါတယ်။ ဥရောပခြောက်နိုင်ငံရဲ့ ငွေကြေးဂယက် ရိုက်ခတ်မှုကြောင့် အခုချိန်မှာ လောင်စာဆီဈေးနှုန်းမြင့်တက် ရခြင်းဖြစ်ပြီး ကမ္ဘာ့လောင်စာဆီဈေးနှုန်း တစ်ပေပါကို ဒေါ်လာ ၇ဝ မှ ၈ဝ ကြားရှိနေပြီး ထိုင်းနိုင်ငံအတွင်းမှာ တစ်လီတာကို ဘတ် ၄ဝ မှ ၄၂ ထိသာရှိနိုင်မှာဖြစ်ကြောင်း၊ ဒါဟာ ထိုင်းဘတ်ငွေ ခိုင်မာမှု ရှိနေတဲ့အတွက် လောင်စာဆီဈေးကို ထိန်းထားနိုင်ခြင်းဖြစ်တယ်လို့ ီDepartment of Alternative Energy Devolopment and Effciency  ရဲ့ ဒုတိယအထွေထွေ ဒါရိုက်တာ Thawarut Sutabut  က ပြောကြားပါတယ်။ PTT ကုမ္ပဏီကြီး က Sarut Rang Kaisirt  ကတော့ ဒီနှစ်ကုန်မှာ ထိုင်းနိုင်ငံအတွင်း လောင်စာဆီဈေးနှုန်းဟာ တစ်လီတာကို ၁ ဒသမ ၅ ဘတ်ခန့်သာ မြင့်တက်နိုင်ပြီး ကမ္ဘာ့လောင်စာဈေးအနေနဲ့တော့ တစ်ပေပါကို အမေရိကန် ၃ဒေါ်လာ မှ ၅ ဒေါ်လာ အထိ မြင့်တက်လာနိုင်တယ်လို့ သတင်းမှ ဖော်ပြထားပါတယ်။                                                                        ကျော်စိုးဝင်း၊Source:THIA- ASEAN NEWS NETWORK 

Tuesday, 19 Oct 2010

မြန်မာ့ပို့ကုန်ပစ္စည်းများ နယ်စပ်မှတင်ပို့မှု မြန်မာ-တရုတ်နယ်စပ် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ လယ်ယာထွက်ပစ္စည်းများ၊ ရေထွက် ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ မူဆယ်၁ဝ၅မိုင် ကုန်သွယ် ရေးဇုန်နဲ့ တစ်ဖက်နိုင်ငံ ရွှေလီပေါက်ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -ပစ္စည်းအမည်         ရေတွက်ပုံ    မိမိဘက်ဈေး (ကျပ်)       တစ်ဖက်နိုင်ငံဈေး (ယွမ်)ပဲပုပ်စေ့                  တန်               ၄၉၉၆၃၇                  ၃၇၁ဝပဲယင်း                   တန်               ၆၂၅၃၇ဝ                  ၃၇၉ဝပဲလွန်းဖြူ                တန်               ၈၆၄၅၉၄                  ၅ဝ၁ဝ                                                                                                                      ကေသွယ်မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စစ်တွေ နယ်စပ်စခန်းမှ တစ်ဖက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ချင်း၊ မန်ကျည်းသီး (အစေ့ပါ) နဲ့ နနွင်းတက်တို့ တင်ပို့လျက်ရှိရာ အဆိုပါပို့ကုန်အချို့ရဲ့ စစ်တွေပေါက်ဈေးနဲ့ တစ်ဖက်နိုင်ငံ တက္ကနာဗ်ပေါက်ဈေး တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်ပစ္စည်းအမည်          ရေတွက်ပုံ     မိမိဘက်ဈေး (ကျပ်)        တစ်ဖက်နိုင်ငံဈေး (တာကာ)ချင်း                        တန်             ၆၇ဝ၁၄ဝ                     ၇၅၃ဝဝမန်ကျည်းသီး (အစေ့ပါ) တန်             ၃၇၉၄၄ဝ                      ၃၁၇၅ဝနနွင်းတက်                တန်            ၁၅၂၆၉၄ဝ                     ၁၃ဝ၅ဝဝ                                                                                                                        မြတ်မြတ်ထွန်း  

Pages