Main menu

Background

Friday, 9 Sep 2016

မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၂၀ ရက်မှ ၂၆ရက် သီတင်းပတ်တွင် အမေရိ ကန်ဒေါ်လာ ၃၄၃၈၀၀ တန်ဖိုးရှိ သကြား ၅၉၀ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၆တန်ခွဲသာ တင်ပို့ခဲ့လို့ ယခု တစ်ပတ် ချင်းရွှေဟော်မှ သကြား ၅၇၄တန် ပိုမို တင်ပို့ ခဲ့တာ တွေ့ရပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကတော့ အမေရိကန် ဒေါ်လာ ၈ဒသမ ၅၄၉သန်း တန်ဖိုးရှိ သကြား ၁၅၅၀၁ တန်ကျော် တင်ပို့ခဲ့ပါတယ်။ မူဆယ် ကုန်သွယ်ရေးဇုန်မှ ယခင်တစ်ပတ်က ၂၀၉၁၄ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ သကြားတင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခု သီတင်းပတ်တွင်လည်း ပြည်တွင်း ၌ သကြားဈေး တစ်တန်လျှင် ခုနစ်သိန်း လေးသောင်းကျ

Friday, 9 Sep 2016

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ သြဂုတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀၁ သန်းတန်ဖိုးရှိ ရော်ဘာ ၁၃၁၉ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ မူဆယ် (၁၀၅) မိုင်မRSS-3 ၈၇၉ တန်ကျော်၊MSR -50  ၃၉ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ MSR-20၃၃၂ တန်ကျော်နဲ့RSS-3 ၆၉ တန်တင်ပို့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်နဲ့ ချင်းရွှေဟော်မှ ရော်ဘာ ၉၁၈ တန်ကျော်သာ တင်ပို့ခဲ့ ပြီး ယခုတစ်ပတ်မှာ ၄၀၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာပေါက်ဈေးမှာRSS-3 တစ်တန်ကို ၁၅၀၄၄၈၈ ကျပ်ဖြစ်တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်တန်ကို ၁၃၄၉ ကျပ်ပိုမိ

Thursday, 8 Sep 2016

သြဂုတ် ၂၀ရက်မှ ၂၆ရက်တာ ရက်သတ္တပတ်တွင် မြန်မာ - တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၁၂၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၈၀၀ ၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှ အမေ ရိကန်ဒေါ်လာ ၈၇၁၂၁ တန်ဖိုးရှိ ကြက်သွန်နီ ၂၃၉ တန်နီးပါး၊ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂၆၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ နဲ့ အမေရိကန်ဒေါ်လာ ၂၆၀၇၀၀ တန်ဖိုးရှိ ကြက်သွန် ဖြူ ၁၆၅ တန် အသီး သီး တင်ပို့ခဲ့ကြပါ တယ်။ ယခင်ရက်သတ္တပတ်က မူဆယ်မှ ကြက်သွန်နီ ၁၅၅၀ တန်နဲ့ မြဝတီမှ ၂၂၂တန်ကျော်သာ တင်ပို့ခဲ့တဲ့ အတွက် ယခု တစ်ပတ် ကြက်သွန်နီ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မူဆယ်တွင် ကြက်သွန်နီ တင်ပို့မ

Thursday, 8 Sep 2016

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် လနောက်ဆုံးပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၁၂၀ သန်းတန်ဖိုး ရှိ သီဟိုဠ်စေ့တန် ၂၀ နီးပါးနဲ့ မြန်မာ- ထိုင်းနယ်စပ်ရှိ   မြဝတီကုန်သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၆၁ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ရှစ် တန်ခန့်ကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။သြဂုတ်လဆန်းမှစပြီး စတုတ္ထ ပတ်အထိ  မူဆယ်ကုန်သွယ်ရေးဇုန်မှ ၁၀၄ တန်ခွဲနဲ့ မြဝတီ ကုန်သွယ်ရေးဇုန်မှ ၁၆ တန် တင်ပို့ပြီးဖြစ်တယ်လို့ သတင်း ရရှိပါတယ်။                        

  ခင်မိုးသူ

Wednesday, 7 Sep 2016

ဒီနှစ်မှာ ရှမ်းကြက်သွန်ဖြူက ဈေးကောင်းရနေပါတယ်၊ လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကစပြီး  ဆက်တိုက်ဈေးကွက်ပျက်ခဲ့တာ၊ ဈေးပြန်ကောင်းလာတာ မနှစ်နဲ့  ဒီနှစ် နှစ်နှစ်ခန့်သာရှိပါတယ်။ ငါးနှစ်ခန့်ဈေးကွက်ပျက်တာကြောင့် စိုက် တဲ့ တောင်သူတွေက လည်း စိတ်ပျက်ပြီး မစိုက်ကြတော့ပါဘူး။ ကြက်သွန်ဖြူ နေရာ မှာ ပြောင်းကိုအစားထိုးစိုက် ပျိုးနေတာကြောင့် စိုက်ဧကလည်းလျော့သွားပါတယ်။ ဒီနှစ်မှာတော့ ဈေးကောင်းရပေမယ့် စိုက်တဲ့တောင်သူတွေ နည်းလာပါတယ်။   အရှုံးပေါ်ခဲ့တဲ့ အတွက် တောင်သူတွေကလည်း  မျိုးဖိုးတောင်  မတတ်နိုင် တော့လို့မစိုက်နိုင်ကြတော့ဘူးလို့သိရပါတယ်။

Wednesday, 7 Sep 2016

သြဂုတ် ၂၀ ရက်မှ ၂၆ ရက်အထိကာလအတွင်း ကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၁၈ သန်းတန်ဖိုးရှိ ဆန် ၈၂၃၈ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၁၇ တန်  လျော့နည်းခဲ့ပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၂၇၉၇ တန်၊ ဧည့်မထဆန်တန် ၉၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၈၆တန်ခန့်၊လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၃၅၅ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။

Thursday, 18 Aug 2016

       ပထမအကြိမ်တင်သွင်းတင်ပို့ပြီး ဒုတိယအကြိမ်တင်သွင်းရန် လျှောက်ထားပါက တင်ပို့ခဲ့တဲ့ ED/ID ကားစာရင်း၊ တစ်လအတွင်း ငွေ ပြန်လည်ဝင်ရောက်မယ်ဆိုတဲ့ ဝန်ခံကတိနဲ့အတူ ပင်လယ်ရေ ကြောင်းကနေ တင် သွင်း ပါက အများဆုံးတန် ၂၀၀၀၊ နယ်စပ်မှ တင် သွင်းပါက အများဆုံးတန် ၁၀၀၀ ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါပေမယ့် သကြားကို Re-export စနစ်နဲ့တင်သွင်းရာမှာ ခွင့်ပြုထားတဲ့တန်ချိန်ထက် ပိုမိုတင်သွင်း လိုတယ်ဆိုရင်တော့ ဝန်ကြီး ဌာန စီမံခန့်ခွဲရေးကော်မတီရဲ့ စိစစ်ခွင့်ပြုချက်နဲ့ ပင်လယ်ရေကြောင်းကနေ အများဆုံး တန်ချိန် ၅၀၀၀၊ နယ်စပ်မှ အများဆုံး တန်ချိန် ၂၀၀၀ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ အလားတူပဲ တတိယအကြိမ် တင်သွင်း၊ တင်ပို့ခြင်းပြုလုပ်ဖို့ ထ

Friday, 29 Jul 2016

ရွှေလီမြစ်ကြောင်းတစ်လျှောက်ရှိ  ကုန်ပစ္စည်း သယ်ယူရာ   ဇက်ဆိပ်များတွင် ရေကြီးခြင်းကြောင့်  မော်တော်ယာဉ်များ  သွားလာ၍မရသဖြင့် တင်ပို့မရခဲ့တာ ကြောင့် ပြောင်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။  ဇူလိုင်ဒုတိယပတ်တွင် တရုတ်နယ်စပ် စခန်းများမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၈၀၃၃ တန်တင်ပို့ခဲ့ရာ  မူဆယ်မှ ၄၉၉၈ တန်ခွဲ၊ လွယ်ဂျယ်မှ ၂၇၇၅ တန် ကျော်နဲ့ချင်းရွှေဟော်မှ  တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က  မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်နဲ့  ကန်ပိုက်တီးစခန်းစုံမှ ပြောင်းဖူးစေ့ ၁၃၇၂၁ တန်ခွဲတင်ပို့ခဲ့တဲ့အတွက်  ယခုတစ်ပတ်ပြောင်းတင်ပို့မှု ၅၆၈၇ တန်ကျော် လျော့ နည်းသွားခဲ့ ပါ

Friday, 29 Jul 2016

မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့  ကုန်သွယ်ရေးစခန်းများမှ  ဇူလိုင် ဒုတိယပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၉၃ သန်းတန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်းမျိုးစုံ ၂၀၁၅ တန်ခန့်ကိုတင်ပို့ခဲ့ပါတယ်။တစ်ဖက်နိုင်ငံ ရဲ့ဝယ်လိုအားရှိတဲ့  ရေထွက်ကုန်ပစ္စည်းများကို  မြဝတီကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၅၉ သန်း တန်ဖိုးရှိငါးမျိုးစုံ ၅၁ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၂၄သန်းတန်ဖိုးရှိ ကဏန်း ၁၃ တန်၊ အမေ ရိကန်ဒေါ်လာ သုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ  ပုစွန်နှစ်တန်ကိုလည်းကောင်း၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၇ သန်းတန်ဖိုးရှိငါးမျိုးစုံ ၁၂၁ တန်၊  အမေရိကန်ဒေါ်လာ  သုညဒသမ ၀၀၇ သန်း တန်ဖိုး ရှိ ပုစွ

Friday, 29 Jul 2016

မြန်မာ-တရုတ်  နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဇူလိုင်   ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၄၇၁၇၅၀ တန်ဖိုးရှိ  ကြက်သွန်နီတန်ချိန် ၁၈၅၀ နဲ့ မြန်မာ- ထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ် လာ ၆၆၃၈၇ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၂၀၀ ကျော် တင်ပို့ ခဲ့သလို  တာချီလိတ်   ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၁၄၈၀၀၀ တန်ဖိုးရှိ ကြက်သွန်ဖြူတန်ချိန် ၁၀၀ ကို တင်ပို့ခဲ့ပါတယ်။

Pages