Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၃ ရက်မှ ၂၉ ရက် သီတင်းပတ်အတွင်း တစ်ဖက်တရုတ်နိုင်ငံသို့ ကန် ဒေါ်လာ၂၅ ဒသမ ၃၆၅ သန်းတန်ဖိုးရှိ သကြားဖြူ ၄၄၆၉၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ထက်ယခုသီတင်းပတ်မှာသကြားဖြူ ၃၄၈၇၅ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့သကြားလိုအပ်ချက်ကြောင့် သကြားဖြူများနေ့စဉ်တင်ပို့နေရတယ်လို့ မူဆယ်ကုန်သည်များထံမှသိရပါတယ်။ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ လက်လီတစ်ပိဿာ ပေါက်ဈေး ၁၂၀၀-၁၃၀၀ကျပ် ဈေးရှိတယ်လို့ သိရှိရပါတယ်။
မြင့်မြင့်မာ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ ၃၅၆၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၂၅၄ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှကန်ဒေါ်လာ ၂၉၅၈၀၂ တန်ဖိုးရှိ ကြက်သွန်နီ ၁၀၀၈ တန်ကျော်နဲ့တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂၉၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၇၈၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၃၀၀ တင်ပို့ခဲ့တာမို့ ယခုသီတင်းပတ်မှာ တော့ ကြက်သွန်နီ တန် ၉၅၀ ကျော် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇု
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများမှ ဧပြီ၂၃ ရက်မှ ၂၉ ရက်တာ ကာလအတွင်းကန်ဒေါ်လာ ၅ ဒသမ ၁၅၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၆၂၅၄ တန်ေ ကျာ်တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့နှိုင်းယှဉ်ပါက ၄၁၃၀ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှကန်ဒေါ်လာ သုည ဒသမ ၁၅၂ သန်းတန်ဖိုးရှိ ရေထွက်ကုန်များဖြစ်တဲ့ ငါးမျိုးစုံ ၈၂ တန်ကျော်၊ကဏန်းမျိုးစုံ ၂၂ တန်ကျော်၊ငါးရှဉ့် ၄ တန်ကျော် တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၃၅ တန်နီးပါးပိုမိုခဲ့ပါတယ်။ ကော့သောင်းကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၁၆၁ သန်းတန်ဖိုး
လားရှိုးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းသီးနှံကို တရုတ်ဘက်မှ ဝယ်လိုအားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အရောင်းများခဲ့ကြောင်းသိရပါတယ်။အရောင်းအဝယ်အနေဖြင့်တစ်ပိဿာ ၄၁၀ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်မှုများခဲ့ ကြောင်း သိရပါတယ်။
ဧပြီ ၁ ရက်မှ ၂၀ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၁၃၄၅၀ တန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၂၈၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ကာလတူ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀ ရက် အထိမှာတော့ ၃၉၅ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။၂၀၁၆ ခုနှစ်တွင် နနွင်းတက် တစ်တန်ကို (ငွေလဲနှုန်းအရ) လိုင်စင်ဈေး ၅၅၀ ဒေါ်လာသာရှိခဲ့ပြီး ယခု ၂၀၁၆ တွင် ၇၅၀ ဒေါ်လာအထိ ဈေးမြင့်တက်လာခဲ့ပါတယ်။
မော်မော်အောင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၁ ရက်မှ ၂၀ ရက်အတွင်း ကန်ဒေါ်လာ ၉၈၈၀၀၀ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၃၈၀၀၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၆၈၈၁၈ တန်ဖိုးရှိ ကြက်သွန်နီ ၅၈၂ တန်၊ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၅၂၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀၀ အသီးသီးတင်ပို့ခဲ့ပါတယ်။သြင်္ကန်ကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံအထက်ပိုင်းဒေသများမှ ထွက်ရှိတဲ့ ကြက်သွန်နီများ နယ်ဈေးကွက်အသီးသီးသို့ နေ့စဉ်ဝင်ရောက်လျက်ရှိသဖြင့်ကြက်သွန်နီဈေးများဆက်လက်ကျဆင်းလျက်ရှိကြောင်း၊ မုံရွာ၊ ပခုက္ကူ၊ မန္တလေး၊ ရှမ်းပြည်နယ်ဒေသများမှ ထွက်ရှိတဲ့ကြက်သွန်န
ဟိုပုံးဈေးကွက်ကိုဝင်တဲ့ ချင်းစိုက အရောင်းအဝယ်သိပ်မဖြစ်လို့ တောင်သူ တွေ အခြောက်အဖြစ်သာ ပြုလုပ်လာကြပါတယ်။ ချင်း (စို) က ဝယ်လက်ကို စောင့်ရင်းနဲ့ အရောင်းအဝယ်မဖြစ်တော့တာ ကြောင့်ချင်း(ညံ့)၊ ချင်း (ကောင်း) တွေကိုပါတစ်ခါတည်းပြုတ်ခြောက် လုပ်လိုက်ရ တယ်လို့ဈေးကွက်ကသိရပါတယ်။ အစိုဈေးကအညံ့စဆိုရင် တစ်ပိဿာ ၃၀၀ ကျပ်၊ ထိပ်စ ဆိုရင် ၃၅၀ ကျပ်-၄၀၀ ကျပ်ခန့်သာရှိပြီး၊ဝယ်လက်လည်းမရှိလို့ အခြောက်ပြုလုပ်ကြပါတယ်။ ဟိုပုံးချင်းခြောက်တွေ ကိုတော့မူဆယ်ဝယ်လက်တွေက ဝယ်ယူနေ ပြီး တစ်ပိဿာ ၂၀၀၀ ကျပ် ဈေးပေါက် နေပါတယ်။ ချင်းခြောက်ကလည်း ဈေးကွက်မှာ အဝင်ပုံမှန်ရှိသလို အရောင်းက လည်း ပုံမှန်ရှိနေပါတယ်။မူဆယ်ဝယ်လက်တွေ
ကသာခရိုင်၊ အင်းတော်မြို့နယ် ထွက်ကုန် ကွမ်းသီးကို အိမ်ဝင်း၊ ရုံးဝင်း များ၊ ခြံစည်းရိုးပတ်လည်မှာ စိုက်ပျိုး ထားကြပါတယ်။ကွမ်းသီးရင့်မှည့်ချိန် ဖြစ်တဲ့ မတ်လမှာ စစ်ကိုင်း၊ မန္တလေးမှ ကွမ်းသီးကုန်သည်များ နယ်လှည့် ဝယ် နေကြပါတယ်။ ယခင်နှစ်က တစ်လုံး သုံးကျပ်ဈေးရှိပြီး ဒီနှစ်မှာတော့ အကြီးအသေးရောရာကို ငါးကျပ်နဲ့ ရောင်းရလို့ကွမ်းသီးစိုက် မိသားစုများဝင်ငွေပိုမို ရတယ်လို့သိရပါတယ်။အင်းတော်မြို့ပေါ် မော်လူး၊ မဲဇာ ကျေးရွာ များရှိ ကွမ်းသီးပင် ငါးရာကျော်ခူးဆွတ်ခဲ့ပြီး အလုံး ခုနစ်သောင်းကျော်ရထားပါပြီ။ မန္တလေးပွဲရုံကို ကွမ်းသီး ခြောက် တစ်ပိဿာ ၄၀၀၀ ကျပ်ဈေးနဲ့ သွင်းပါတယ်။ အိန္ဒိယနယ်စပ် တမူးက
အိန္ဒိယအစိုးရက အမေရိကန်သို့ ခွဲတမ်းစနစ်နဲ့စက်မှုကုန်ကြမ်းသကြားကြမ်းတန်ချိန် ၇၂၃ တန်တင်ပို့ဖို့ ခွင့်ပြုမိန့်ကိုချပေးလိုက်တယ်လို့ မတ် ၂၃ ရက်က moneycontrol.