Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက် အတွင်း ကန်ဒေါ်လာ ၂၂၂၇၀ တန်ဖိုးရှိ ရာသီ စာ နာနတ်သီး ၂၀၃ တန်ကို တစ်ဖက် နိုင်ငံသို့တင်ပို့ခဲ့ပါတယ်။ ယခင်အပတ် က ၁၁၈ တန်ခွဲသာ တင်ပို့ခဲ့တာမို့ ယခုအပတ် ၈၄ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ နာနတ်သီး ရာသီဖြစ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီ၊ သီပေါက ထွက်တဲ့ နာနတ်တွေကို လား ရှိုးမှတစ်ဆင့် မူဆယ် သစ်သီးဝလံကုန် စည်ဒိုင်ကို နေ့စဉ်ပုံမှန်ကား ၃-၄ စီးနဲ့ အဝင် ရှိနေတယ်လို့ သိရပါတယ်။ နာနတ်သီးနဲ့အတူ သရက်သီး ၆၅ တန် ခွဲနဲ့ သခွားမွှေး ၁၃ တန်တို့ကိုလည်း ယခုအပတ်မှာ တင်ပို့ခဲ့ပါတယ်။မော်မော်အောင် MIRT (DCCA)
ကန်ပိုက်တီး ကူးသန်းရောင်းဝယ် ရေးစခန်းမှာ ဇူလိုင်လ ၁၇ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှှင့်တင်ရေး အစည်းအဝေးမှာ ကန်ပိုက်တီး ကုန် သည်အသင်း ဒုတိယဥက္ကဋ္ဌဦးဝင်းနိုင်မှ ယခုရက်ပိုင်းအတွင်း တရုတ်ငွေ ဈေး တက်မှုနဲ့ ရာသီဥတုအခြေအနေကြောင့် သွင်းကုန် တင်သွင်းမှုလျော့နည်း လျက် ရှိခြင်း၊ ငွေဈေးတက်၍ ကုန်ပစ္စည်း ရှား ပါးပြီး ဈေးနှုန်းတွက်ချေကိုက်မှုမရှိခြင်း၊ မိုးရွာပြီးတောင်ပြိုကာ ကားလမ်းပိတ် ဆို့မှုများကြောင့် လမ်းခရီး စရိတ်ကုန် ကျမှုများပြီး အချိန်ကြန့်ကြာမှုများ ရှိ နေတယ်၊ တရုတ်ငွေဈေးတည်ငြိမ်ပြီး ရာသီဥတု ကောင်းမွန်ကာ ဖားကန့် လမ်းပိုင်းလည်း ပြန်ဖွင့်တော့မယ်ဆိုလျှင် ကုန်သွယ်မှုတိုးတက်လာနိုင်မယ်လို့ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါ တယ်။ကသရ (ကန်ပိုက်တီး)
မေလ ၈ ရက်နေ့က စတင်ဖွင့် လှစ်ခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မော တောင် ကူးသန်းရောင်းဝယ်ရေးစခန်းမှ ဇူလိုင်လ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်းမှာ ITC(Individual Trading Card ) အသုံးပြုပြီးသင်္ဘော သီးမှည့် ၄၇၀၀၀ ကီလိုဂရမ် တန်ဖိုး အားဖြင့် ကျပ်သိန်း ၇၀ ဒသမ ၅၀၀ ဖိုးကို တင်ပို့မှုရှိတယ်လို့ မောတောင် စခန်းမှ သတင်းပေး လာပါတယ်။ သင်္ဘောသီး ၁တန်ကို ကျပ်တစ်သိန်းခွဲ ဈေး ဝန်းကျင်ရတယ်လို့သိရပါတယ်။
အိန္ဒိယနိုင်ငံမှ ထုတ်လုပ်တဲ့ အမျိုးသားစီး YAMAHA (153CC) ဆိုင်ကယ်များကို တမူးကူးသန်း ရောင်း ဝယ်ရေးစခန်းမှ တင်သွင်းလျက် ရှိပါ တယ်။ ဘဏ္ဍာနှစ်စမှ ဇူလိုင်လ ယခု အပတ်အထိ ၁၉၀ စီး၊ တန်ဖိုး သုည ဒသမ ၁၅၄ ဒေါ်လာသန်းဖိုး တင်သွင်း ပြီးဖြစ်ပါတယ်။ မန္တလေးမြို့ အခြေစိုက် ဆိုင်ကယ်တင် သွင်း ရောင်းချသူရဲ့ ပြော ပြချက်အရ အိန္ဒိယ ဆိုင်ကယ်များဟာ ပုံစံ ဒီဇိုင်းများ ယခင်ထက် ဆန်းသစ် လာခြင်း၊ အကြမ်းခံခြင်း၊ ရေရှည်စီးနင်း အသုံးပြုနိုင်ခြင်းတို့ကြောင့် ဈေးကွက်မှ လက်ခံလာကြကြောင်း၊ ယခုကျောင်း ဖွင့်ရာသီများမှာ အရောင်းအဝယ် ပို လိုက်လျက်ရှိကြောင်း သိရှိရပါတယ်။ကသရ (တမူး)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင် လ ၁၇ ရက်မှ ၂၃ ရက်ထိကာလမှာ ကန်ဒေါ်လာ ၁၂၅၁၅ တန်ဖိုးရှိ ပြောင်းကြိတ် ဖတ်တန်ချိန် ၁၂၃ တန်နီးပါးကိုတင်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လကလည်း ၆၈ တန်ခွဲ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ပြောင်းကြိတ်ဖတ်ကိုတရုတ်နိုင်ငံမှာ တိရစ္ဆာန် အစာ အတွက် အသုံးပြုကြတာဖြစ်ပါတယ်။မော်မော်အောင် MIRT (DCCA)
ရှမ်းပြည်နယ်တောင်ပိုင်း (အောင် ပန်း) ဒေသထွက် ချင်းအသစ်များ တမူးကူးသန်းရောင်းဝယ်ရေး စခန်း သို့ ပြန်လည်ဝင်ရောက်လျက်ရှိပါတယ်။ ယခင်နှစ်များက တမူးကူးသန်း ရောင်း ဝယ်ရေး စခန်းမှ ချင်းခြောက်ကိုသာ တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ် ကစတင် ပြီး ချင်းအစိုကိုတင်ပို့နိုင်ခဲ့တာ ဖြစ်ပါ တယ်။
၂၀၁၃ ခုနှစ် ဇူလိုင်လ တတိယ ပတ် အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ် ရေးဇုန်မှကန်ဒေါ်လာသုညဒသမ ၂၄၉ သန်းတန်ဖိုးရှိ ပန်းသီး၊ သစ်တော်သီးနဲ့ လိမ္မော်သီး တန်ချိန်ပေါင်း ၄၉၂ တန် ကျော်ကို တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်က ၃၇၅ တန်တင်သွင်းခဲ့တာမို့ ယခုအပတ် ၁၁၇ တန်တင်ပို့မှုပိုမိုခဲ့ပါ တယ်။ လိမ္မော်သီးနဲ့သစ်တော်သီးကို မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင် သွင်းလျက်ရှိပြီး ပန်းသီးကိုတော့ ကန် ပိုက်တီးစခန်းမှလည်း ယခုအပတ်မှာ ၉ တန်တင်သွင်းခဲ့တာတွေ့ရပါတယ်။ မော်မော်အောင် MIRT (DCCA)
ပခုက္ကူဒေသထွက် ကြက်သွန်နီ များကို တမူးနယ်စပ်မှစတင် စမ်းသပ် တင်ပို့လျက်ရှိပါတယ်။ ယခုအပတ် အတွင်း ကြက်သွန်နီ ၃၂ တန်၊ တန်ဖိုး သုည ဒသမ ၀၁၂ ဒေါ်လာသန်းတင်ပို့ နိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရှိ ကြက်သွန်နီ စိုက်ဧကအချို့ ရေကြီးပျက်စီးမှုများ ကြောင့်မိမိတို့ ကြက်သွန်ကိုဝယ်လိုအား ကောင်းမွန်လာနိုင်ကြောင်း ကုန်သည် များက မျှော်မှန်းနေကြပါတယ်။ကသရ (တမူး)
မြဝတီ ကူးသန်းရောင်းဝယ်ရေး ဇုန်မှ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ ၂၃ရက်တာကာလအတွင်းကန်ဒေါ်လာ သုည ဒသမ ၀၁၂ သန်းတန်ဖိုးရှိ ကြက် သွန်နီ တန် ၃၀ တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကတင်ပို့နိုင်ခြင်းမရှိခဲ့၍ ယခု အပတ်တွင်တန် ၃၀ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ တစ်ဖက်နိုင်ငံရဲ့ ဈေးကွက် အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ကြက်သွန်နီအလုံးသေးများကို ပိုမို ကြိုက်နှစ်သက်ကြောင်း၊ စားသောက် ဆိုင်များနှင့် ဟိုတယ်အစားအစာများ တွင် အသုံးပြုကြောင်းသိရှိရပါတယ်။ခင်မြနွယ် (MIRT)
ဖျာပုံမြို့နယ် ရေထွက်ပစ္စည်းဖြစ်တဲ့ ငါးရှဉ့်နဲ့ ငါးလင်ဗန်းတို့ကို ဇွန်၊ ဇူလိုင်လထဲမှာ အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ အများဆုံးထွက်ရှိတဲ့ဒေသများကတော့ ကျုံကဒွန်း၊ ဒေါ်ညိမ်း၊ ဆိပ်မ၊ သောကြာ၊ နေရောင်ကာစတဲ့ ကျေးရွာများ အပြင် ဖျာပုံနယ်နိမိတ်နဲ့ ထိစပ်နေတဲ့ ဘိုကလေးမြို့နယ်နဲ့ ဒေးဒရဲမြို့နယ်ဘက်တွေကလည်း ယခုနှစ်မှာ ဖျာပုံ အဝယ်ဒိုင်ကို လာရောက်သွင်းကြပါတယ်။