Main menu

Background

Friday, 28 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၆၈၃ သန်းတန်ဖိုးရှိ ငါးရှဉ့် ၄၁၂ တန် ခန့်၊ အေးခဲငါး တန် ၂၅၀၀ ကျော်၊ ကဏန်း ၁၂၁ တန်ကျော်နဲ့ ငါးစည်ဖောင်း သုည ဒသမ ၃၂၆ တန်ကို စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၅၁ သန်းတန်ဖိုးရှိ ကဏန်း ၆၂ တန်ကျော်နဲ့ ငါးရှဉ့် ၁၇၄ တန် ခန့် အပို့ရှိခဲ့ပါတယ်။

Friday, 28 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာသုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ မျှစ်ခြောက် ၈ တန်ကို မူဆယ်မှ ၃ တန်နဲ့ ချင်း ရွှေဟော်မှ ၅ တန်အပို့ရှိခဲ့ပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ မျှစ်စို ၁၃ ဒသမ ၅ တန်ကိုတော့ မူဆယ်မှ အပို့ရှိခဲ့ပါတယ်။ မျှစ်စို၊ မျှစ်ခြောက်များကို သာမန် လူများက ဟင်းလျာချက်ပြုတ်စားသောက်ရာမှာသုံးသလို  စားသောက်ဆိုင်များကလည်း ဝယ်ယူအသုံးပြုမှု ရှိတယ်လို့ သိရပါတယ်။MIRT(DOBT)

Friday, 28 Sep 2012

မြိတ်နယ်စပ်မှ စက်တင်ဘာလ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၉၁ သန်း တန်ဖိုး ရှိ ဟင်းရွက်ဆီ ၁၇၅ တန် အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။ Fisherman  အမှတ်တံဆိပ်ဖြစ်ပြီး ၁၈ လီတာဆန့် ပလပ်စတစ်ဂျယ်ရီကင်န် (ပုံး) များနဲ့ တင်သွင်းတာဖြစ်ပါတယ်။ Cloud Point  ၈ ဒီဂရီစင်တီဂရိတ် အမြင့်ဆုံးရှိပြီး အနိမ့်ဆုံး  Iodine Value ၈ ရှိတယ်လို့ သိရပါတယ်။ MIRT(DOBT)

Friday, 28 Sep 2012

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ ၁-၉-၂၀၁၂ ရက် နေ့မှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန  FDA ရုံးစတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်ပေးမှုနဲ့ ပတ်သက်ပြီး ဌာနတာဝန်ခံ ဒေါက်တာ စပယ်ထက်ထက်ထူး အားမေးမြန်းခဲ့ရာ "သွင်းကုန်လိုင်စင်နဲ့တင်သွင်းမဲ့ စား သောက်ကုန်များအတွက် လိုအပ်တဲ့ ကျန်းမာရေးထောက်ခံ ချက် ထုတ်ပေးရန် ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ အရင်က စားသောက်ကုန်ပစ္စည်းနမူနာနဲ့တကွ ရန်ကုန် (သို့မဟုတ်) နေပြည်တော်ကိုသွားရောက်စစ်ဆေးမှုခံယူ ထောက်ခံချက်ရ ယူခြင်းအစား ယခု မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှာ နမူနာလက်ခံပြီးဌာနမှ တာဝန်ယူ၍ ရန်ကုန်၊ နေပြည်တော် သို့ ပို့ဆောင်စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ စစ်ဆေးချက် Result  ရရှိက မူဆယ်မှာပဲ တင်သွင်းခွင့် ထောက်ခံချက် လက် မှတ်ထုတ်ပေးမှာဖြစ်တယ်"  လို့ပြောပြပါ တယ်။ လုပ်ငန်းရှင် များအနေနဲ့ ရန်ကုန်သို့သွားရောက်ရန် မလိုတော့တဲ့အတွက် ခရီးစရိတ်ကုန်ကျမှု သက်သာသွားကာ Transaction cost  လျော့ကျသွားမှာဖြစ်ပါတယ်။ ထောက်ခံချက်ရဖို့အတွက် စစ်ဆေးချိန် ၇ ရက်မှ ၁၀ ရက်ခန့် စောင့်ဆိုင်းရန်တော့ လိုအပ်ပြီး မူဆယ်မှာတင် ထောက်ခံချက် အလွယ်တကူ ထုတ် ယူနိုင်ပြီဖြစ်ကြောင်း အသိပေးလိုက် ရပါတယ်။Source: မူဆယ်၊သောင်းနိုင်

Sunday, 9 Sep 2012

သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁ ရက်ထိကာလအတွင်း စင်္ကာပူ နိုင်ငံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၃ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၆ တန် တင်ပို့မှုရှိခဲ့ပါတယ်။ သြဂုတ်လ ၅ ရက်မှ စက် တင်ဘာလ ၁ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာသုည ဒသမ ၃၁၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၁၅၀ ကို ဗီယက်နမ်သို့လည်းကောင်း၊ စင်္ကာပူသို့ တန် ၉၀ ကိုလည်းကောင်း တင်ပို့နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ပြောင်း FOB ပေါက်ဈေးကတော့ တစ်တန်ကို ၃၈၀ ဒေါ်လာဖြစ်ပါတယ်။         CMK

Sunday, 9 Sep 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မှ ကန်ဒေါ်လာ သုညဒသမ ၃၀၅ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၂၃၀၅ စီးနဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၄၁သန်းတန်ဖိုးရှိ ဆိုင်ကယ် ၆၃ စီးကို သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်ထိကာလအတွင်းမှာအသွင်းရှိခဲ့ရာ ယခင် အပတ်ကထက် ၃၄၆ စီး ပိုသွင်းခဲ့တယ်လို့ သိရပါတယ်။ ၃ ဘီးဆိုင်ကယ် တင် သွင်းမှုကို ကြည့်မယ်ဆိုလျှင် ကန်ဒေါ်လာသုညဒသမ ၂၁၆ သန်းတန်ဖိုးရှိ ၃ဘီး ဆိုင်ကယ် ၁၅၄ စီးကို ယခုအပတ်မှာ မူဆယ်နယ်စပ်မှအသွင်းရှိတာ တွေ့ရပါတယ်။ ယခင်အပတ်က ၃ ဘီးဆိုင်ကယ် နယ်စပ်မှ အသွင်းမရှိခဲ့ပါဘူး။MIRT(DOBT)

Sunday, 9 Sep 2012

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ကုန်သွယ်မှုပြန်လည်စတင်ခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့မှ စပြီး လကုန်အထိ ၅ ရက်တာကာလအတွင်း ရေငန်ပုစွန် ၂၃၀၀၀ ကီလိုကျော် တင်ပို့နိုင်ခဲ့ပါတယ်။ အမျိုးအစားနေနဲ့ ခေါင်းဖြတ်ရေငန် ပုစွန်များဖြစ်ပြီး အရွယ်အစားအနေနဲ့ကတော့ ၁၃-၁၅ ကောင်/၁ ကီလို၊ ၁၆-၂၂ ကောင်/၁ ကီလို၊ ၂၃-၃၂ ကောင်/၁ ကီလို၊ ၃၃-၄၈ ကောင်/၁ ကီလိုနဲ့ ၄၉-၆၀ ကောင်/၁ ကီလို တို့ကို အများဆုံးတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တန်ဖိုး အားဖြင့်တော့ အမေရိကန် ဒေါ်လာ ၁ သိန်း ၄ သောင်းဖိုး နီးပါးလောက် ရှိပါ တယ်။ မောင်တောစခန်းရဲ့ အဓိက ပို့ကုန်ဟာ ရေထွက်ကုန်များ ဖြစ်ပြီး ပုစွန်နှင့် ငါးခြောက်ကတော့ ထိပ်ဆုံးမှာပါဝင်ပါတယ်။ ပုစွန်ပေါများချိန်ဖြစ်တဲ့ ဇွန်၊ ဇူလိုင်လ တွေမှာ နယ်မြေအခြေအနေအရ ကုန်သွယ်မှု ရပ်ဆိုင်းခဲ့ရတဲ့အတွက် တင်ပို့မှုမပြု နိုင်ခဲ့ဘဲ ပို့ကုန်ဝင်ငွေများစွာနစ်နာခဲ့ရတယ်လို့ သိရပါတယ်။ ကုန်သွယ်မှု ပြန်စတာနဲ့ ရေငန်ပုစွန်ကိုစတင်တင်ပို့နိုင်သလို ဆက်လက်၍ ပိုမိုတင်ပို့သွားနိုင်မယ်လို့ သိရပါ တယ်။SWM

Sunday, 9 Sep 2012

ထိုင်းနိုင်ငံလုပ်  ARROZA တံဆိပ်ဖွဲနုဆီများ မြန်မာစားသုံးသူများအတွက် ဈေးကွက်အတွင်းသို့ စတင် ဝင်ရောက်လာတာတွေ့ရပါတယ်။   ARROZA  တံဆိပ်ဖွဲနုဆီများ အသုတ်၊ အကြော်အလှော်နဲ့  အကင်များအတွက် အထူးသင့် လျော်တယ်လို့သိရပါတယ်။  ARROZA ဖွဲနုဆီဟာ ပြစ်ခဲခြင်းမရှိဘဲ သန့်ရှင်း၍ အရသာကောင်းမွန်ခြင်း၊ ဗီတာမင်အီးနဲ့ မပြည့်ဝဆီများဟာအစားအစာမှ ကိုလက်စထရော်လ်ကို ခန္ဓာကိုယ်မှ စုပ်ယူမှုကို တားဆီးနိုင်ခြင်း၊ High Smoke Point 230.C ရှိသဖြင့် ကြော်လှော်ခြင်း၊ ကင်ခြင်း၊ မုန့်ဖုတ်ခြင်းတို့ လုပ် ဆောင်ရာမှာ အိုးမကပ်စေခြင်း၊ Gama Oryzanol 5000 ppm ပါဝင်သဖြင့် ကျန်းမာရေး အတွက်သင့်လျော်တယ်လို့ဆိုပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနမှ ထောက်ခံချက်ရရှိပြီးဖြစ်၍ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့်တင်သွင်းတာလို့သိရပါ တယ်။ ဈေးကွက်အတွင်းမှာ ၁ လီတာနဲ့ ၁ ဒသမ ၉ လီတာ ပလပ်စတစ်ပုလင်း များ နဲ့ စတင်ဖြန့်ချိတာဖြစ်ပြီး ဖွဲ့စည်းပုံကတော့ တစ်ဖာမှာ ၁ လီတာပုလင်း ၁၂ ပုလင်းနဲ့ ၁ ဒသမ ၉ လီတာဆန့် ၆ ပုလင်းစီ ပါရှိတယ်လို့ သိရပါတယ်။ လက်ကားဖြန့်ဈေး ၁ လီတာကို ၂၀၀၀ ကျပ်ဝန်းကျင်ရှိပြီး ပဲပုတ်စေ့ဆီ ၁ လီတာ ကို ၂၁၅၀ ကျပ်နဲ့ ပြောင်းဖူးစေ့ဆီ ၁ လီတာကို ၁၉၀၀ ကျပ် ဝန်းကျင် ဈေးပေါက်နေတယ်လို့ စုံစမ်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ ဆန်စက်တွေ အများအပြားရှိပေမဲ့၊ ဖွဲနုဆီကို စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်းမရှိတာကြောင့်၊ ဈေး ကွက်မှာ ဖွဲနုဆီကို သီးခြားရောင်းတာ တွေ့ရခဲပါတယ်။                                       CMK

Sunday, 9 Sep 2012

မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေး စခန်းဟာ သြဂုတ်လအတွင်းမှာ ကုလားပဲလုံးဝါ၊ ငရုတ်သီး ခြောက်နဲ့မတ်ပဲများကို ပို့ကုန်အမယ်သစ်အဖြစ်တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းမှာလည်း အုန်းဆီ၊ စပျစ်သီးခြောက်နဲ့ ပရဆေး ကုန်ကြမ်း ကတ္တရသင်္ချေတို့ အမယ်သစ်သွင်းကုန်အဖြစ် တင် သွင်းမှုရှိလာတဲ့အတွက် ယခင်နှစ်ကာလတူထက်ရောအနီးစပ်ဆုံး ကာလထက်ပါ ကုန်သွယ်မှုများ ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ တမူးနယ်စပ် ကုန်သွယ်ရေးမှ တာဝန်ရှိသူထံက သိရှိရပါတယ်။

Sunday, 9 Sep 2012

တည်ဆောက်ရေးလုပ်ငန်းများမှာ မရှိမဖြစ်အသုံးပြုရတဲ့ ဘိလပ်မြေကိုမောင်တောနယ်စပ်မှ စက်တင်ဘာ လဆန်းမှာ တန်ချိန် ၄၈၀ ကျော် တင်သွင်းခဲ့ပြီး အမှတ်တံဆိပ်ကတော့ RUBY ဖြစ်ပါတယ်။ ဒေသမှာလက်လီဈေး အနေနဲ့ တစ်အိတ် ကို ၆၂၀၀ ကျပ်နဲ့ ရောင်းချပြီးတော့ လက်ကားဈေးမှာ တစ် အိတ်ကို ၆၀၀၀ ကျပ်ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုများ ရှိလာပြီဖြစ်လို့ တည်ဆောက်ရေးလုပ်ငန်းများ အတွက် ဒေသအတွင်းသုံးစွဲရန် ဘိလပ်မြေအဝယ်လိုက်လာတာကြောင့်  လတ်တလောအနေနဲ့ ကုမ္ပဏီ ၂ ခုမှ ဘိလပ်မြေ တန် ၁၀၀၀ နီးပါးလောက် တင်သွင်းဖို့ ရှိနေပြီး ရှေ့ဆက်၍လည်း ယခု ထက်ပိုမိုတင်သွင်းသွားမှာဖြစ်ကြောင်း သိရပါတယ်။SWM

Pages