Background
ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၀ ဒသမ ၀၃၂ သန်း တန်ဖိုးရှိ ဝက်အရှင် ၁၈၉၄၀ ကီလိုဂရမ် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၅၉၃ ကီလိုဂရမ် လျော့နည်း တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ တစ်လလုံးမှ ဝက်အရှင် ၁၇၉၆၃၃ ကီလိုဂရမ် မြန်မာ - အိန္ဒိယနယ်စပ်မှ တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။MIRT (DOBT)
ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ ၉၀၀၀ တန်ဖိုးရှိ သစ်ခေါက် ၁၆ တန်ကို တာချီလိတ်နဲ့ ၉ တန်ကို စစ်တွေနယ်စပ်များမှလည်း ကောင်း၊ ကန်ဒေါ်လာ ၁၀၀၀ တန်ဖိုးရှိ ဝါးတူ ကုန်ကြမ်း ၁၀ တန်ကို တာချီလိတ်နယ်စပ်မှလည်းကောင်း တင်ပို့နိုင်ခဲ့ပါ တယ်။ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေမှ ကန်ဒေါ် လာ ၁၄၀၀ တန်ဖိုးရှိ ဝါးကြီးနဲ့ ဝါးသေးအလုံး ၁၀၀၀၀ စီ၊ မောင်တောမှ ကန်ဒေါ်လာ ၁၀၀၀၀ တန်ဖိုးရှိ ဝါးကြီးအလုံး ၇၀၀၀၀ နဲ့ ဝါးသေး ၉၉၃၃၃ လုံး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါ တယ်။ ယခင်အပတ်ကထက် ကန်ဒေါ်လာ ၁၀၀၀၀ ကျော် ဖိုး အပို့ပိုခဲ့ပါတယ်။ MIRT (DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၄ ဒသမ ၆၉၃ သန်းတန်ဖိုးရှိ ဧည့်မထ ၁၃၃၃၀ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၉၁ သန်းတန်ဖိုးရှိ ငစိန်ဆန်၇၄၄ တန်ခန့်ကို ဖေဖော်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် ကထက် တန် ၄၀၀၀ ကျော်ခန့် လျှော့နည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
အများဆုံးတင်ပို့နေတဲ့ ပဲတီစိမ်းနဲ့ ရော်ဘာကား ဝင်ရောက်မှုနည်းခြင်း၊ သွင်းကုန်ကားများ မန္တလေးသို့ ဆင်းတဲ့ အရေအတွက်များခြင်းတို့ကြောင့် မန္တလေး-မူဆယ်သယ်ယူ စရိတ် နှုန်းထားများ ၁ ပိဿာ ၅ ကျပ်စီ ကျဆင်း သွားခဲ့တယ် လို့ သိရပါတယ်။ ယခင်က ပြောင်း ၁ ပိဿာ ၁၃၀ ကျပ်၊ ပဲတီစိမ်း/ ရော်ဘာ ၁ ပိဿာ ၁၃၅ ကျပ် နဲ့ နှမ်း ၁ ပိဿာ ၁၄၀ ကျပ်နှုန်းနဲ့ အတန်ကြာဈေးငြိမ်နေရာမှ မတ်လ ၄ ရက်နေ့ကစပြီး ပြောင်း ၁ ပိဿာ ၁၂၅ ကျပ်၊ ပဲတီစိမ်း/ ရော်ဘာ ၁ ပိဿာ ၁၃၀ ကျပ်နဲ့ နှမ်း ၁ ပိဿာ ၁၃၅ ကျပ်ထိ ကျဆင်းသွားတာ ဖြစ်ပါတယ်။ သွင်းကုန်ကားခပိုင်းမှာ လည်း လူသုံးကုန်ပစ္စည်းတင်သွင်းမှု ကျဆင်းခဲ့တဲ့အတွက် မြေဆီသယ်ယူခ ၁ ပိဿာလျှင် ၂ ကျပ်နဲ့ ဖယောင်း ၁ ပိဿာ ၅ ကျပ်စီ ကျဆင်းသွားပါတယ်။ ယခင်က မြေဆီ (ဓာတ်မြေသြဇာ) ၁ ပိဿာ၄၀ - ၄၅ ကျပ်နဲ့ ဖယောင်း ၁ ပိဿာ ၅၅ ကျပ်နဲ့ ငြိမ်နေရာကနေ မတ် ၅ရက်မှာ မြေဆီ (ဓာတ်မြေသြဇာ) တစ်ပိဿာလျှင် ၃၈ မှ ၄၃ကျပ်၊ ဖယောင်း တစ်ပိဿာလျှင် ၅၀ ကျပ်ထိ ကျဆင်းသွားတယ်လို့ သတင်း ရရှိပါတယ်။ MIRT (DOBT)
ကောင့်သောင်းမှ မြိတ်သို့ထွက်၍ ငါးလုပ်ငန်းလုပ်ကိုင်သူများမှာ မြိတ် တွင် အခြေချပြီးဖြစ်တဲ့အတွက် ကော့ သောင်းသို့ ပြန်လာပြီး လုပ်ကိုင်မှာ မ ဟုတ်ပါဘူး။ FOB လုပ်လျှင် ကော့ သောင်းကမ်းနီးလုပ်ငန်းရှင်များကတော့ လုပ်ကိုင်နိုင်မယ်လို့ ကော့သောင်းကုန် သည်ကြီးများအသင်း တွဲဖက်အတွင်း ရေးမှူး ဦးမျိုးအောင်က ဖေဖော်ဝါရီလ အတွက်ပြုလုပ်တဲ့ နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးအစည်းအဝေးမှာ ဆွေးနွေး ခဲ့တာဖြစ်ပါတယ်။ ကော့သောင်းမှာ FOB လုပ်ခွင့်ပေးရန်သာလိုကြောင်း၊ ကော့သောင်းဒေသ ကမ်းနီးကင်းမွန် ဖမ်းလှေများကို ကမ်းဝေးလိုင်စင်ထုတ် ပေးထားပြီးဖြစ်ရာ ၎င်းလှများအား အင်ဂျင်ပါဝါ ပြောင်းလိုက်လျှင် FOB လုပ်နိုင်မယ်၊ လှေအသစ်တည်ဆောက် ရန်မလိုဘဲ ရှိပြီးသားလှေများကို မွမ်းမံ ရုံသာ လိုအပ်တယ်၊ ကမ်းနီး ကုမ္ပဏီ တစ်ခုကို လှေ ငါးစီးနှုန်းနဲ့ ၂၄ ကုမ္ပဏီ အနေနဲ့ လှေအစီး ၁၂၀ ခန့်နဲ့ လုပ်ကိုင် နိုင်မည်ဖြစ်၍ ကော့သောင်း FOBလုပ် ခွင့်ပြုစေလိုတာလို့ သိရပါတယ်။ချမ်းမြေ့မောင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၄၄၀ သန်းတန်ဖိုးရှိ ပဲကြီး ၄၄၅ တန်ကျော်နဲ့ စစ်တွေနယ်စပ်မှ ၃ တန်ကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလမှာ အပို့ရှိခဲ့ရာ ယခင် အပတ်ကထက် ၁၇၃ တန် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလတစ်လလုံး နယ်စပ်မှ ပဲကြီး ၇၄၅ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောနယ်စပ်များမှ ကန် ဒေါ်လာ သုည ဒသမ ၂၂၀ သန်းတန်ဖိုးရှိ ငါးစုံလေးခြောက်၊ ငါးနီတူခြောက်နဲ့ ငါးကုန်းညိုခြောက် ၂၄၅ တန်ကျော်ဖိုး ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၅၆ တန်ခန့် တင်ပို့မှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ MIRT(DOBT)
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နဲ့ ကော့သောင်းနယ်စပ် ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ကင်းမွန်အစို ၁ ဒသမ ၈ တန်၊ အေးခဲကင်းမွန် ၄၁ တန်ခန့်၊ကင်းမွန်ကောင်လုံးသန့် ၅ တန် ကျော်၊ ကင်းမွန်အသားလွှာ ၁၅ တန် ကျော်၊ ကင်းမွန်ပြုတ်ခြောက် ၁၇ တန် ကျော်နဲ့ ကင်းမွန်ခေါင်း ၈ တန်ကျော် ကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက် ကာလအတွင်း တင်ပို့ခဲ့တာဖြစ်ပါ တယ်။ ကော့သောင်းနဲ့ မြိတ်စခန်းများ ကယခင်အပတ်က ကန်ဒေါ်လာ သုည ဒသမ ၀၈ သန်းတန်ဖိုးရှိ ကင်းမွန်အစို ၁၉ တန်ခန့်နဲ့ အေးခဲကင်းမွန် ၃၁ တန် ကျော်သာ အပို့ရှိခဲ့တာမို့ ယခုအပတ် မှာ ကင်းမွန်အစိုအပို့လျော့သော်လည်း အေးခဲကင်းမွန် ၁၀ တန် တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ သုည ဒသမ ၁၀၂ သန်းဖိုး တင်ပို့မှု ပိုမိုခဲ့ပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၃၂၁၂၅ တန်ဖိုးရှိ ဆိတ်အရှင် ၇၂၀ ကောင် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကန်ဒေါ်လာ ၁ ဒသမ ၁၈၀ သန်းတန်ဖိုးရှိ အေးခဲအမဲသား ၃၁၁ တန်ခန့်၊ ကန်ဒေါ်လာသုညဒသမ၁၁၈ သန်း တန်ဖိုးရှိ နွားအကြော ၁၆၄ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၉၈ သန်းတန်ဖိုး ရှိ နွားသားရေ ၁၅၁ တန်ခန့်ကိုလည်း တင်ပို့မှုရှိခဲ့ပါတယ်။ ချင်းရွှေဟော် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၃၆၂ သန်းတန်ဖိုးရှိ အေးခဲအမဲသား၉၃ တန်နဲ့ နွားဘေး ထွက်ပစ္စည်း ၁၁ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် အေးခဲအမဲသား ၄၅ တန်နဲ့ နွားဘေးထွက် တန် ၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခု အပတ်မှာတော့ ချင်းရွှေဟော်မှ အမဲပြုတ်သား တင်ပို့မှုတော့ မရှိခဲ့ပါဘူး။MIRT(DOBT)
မြန်မာ-အိန္ဒိယနယ်စပ်မှ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလမှာ ကျပ် ၂၈ သန်းကျော်တန်ဖိုးရှိ ဝက်အရှင် ၂၀၅၃၃ ကီလိုဂရမ်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၄၂၂ ကီလိုဂရမ်အပို့ပိုခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၈ ရက်ထိကာလမှာ မြန်မာ-အိန္ဒိယနယ်စပ်မှ ဝက်အရှင်တင်ပို့မှုမှာ ကျပ် ၁၁၈ သန်းကျော်တန်ဖိုးရှိ ဝက်အရှင် ၁၇၉၆၃၃ ကီလိုဂရမ် တင်ပို့ထားပြီးဖြစ်ပါတယ်။MIRT(DOBT)