Main menu

Background

ASEAN-INDIA SRART-UP FESTIVAL 2022 သို့ သွားရောက်ယှဉ်ပြိုင်ပြသမည့် မြန်မာ့စားသောက်ကုန်လုပ်ငန်း

Wed, 11/02/2022 - 16:14 -- journal_editor

အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့်ASEAN-INDIA SRART-UP FESTIVAL 2022 သို့ သွားရောက်ယှဉ်ပြိုင်ပြသရမည့် မြန်မာနိုင်ငံမှ စားသောက် ကုန်လုပ်ငန်းနှစ်ခုအကြောင်း ဖော်ပြပေး လိုက်ပါသည်။ပထမဦးစွာ Citrus Myanmar  မှ ထုတ်လုပ်သည့် Lemon Flakes  ရှောက်ပျား၊ ရှောက်ဆားနယ်တို့သည် ရွှေကျင်ဒေသထွက် ရှောက်သီးကုန်ကြမ်းနှင့် ပျားရည်၊ သကြားတို့ဖြင့်  ပြုလုပ်ထားပြီး ဆိုးဆေး၊ တာရှည်ခံ ဆေးများ မသုံးဘဲ သဘာဝအတိုင်း ပြုလုပ်ထား သဖြင့် အရသာ  ကောင်းမွန်သည့် ရှောက်သီးဆေးပြားများဖြစ်ပြီး ၁၀ဝ ရာနှုန်းပြည့် ပြည်တွင်းဖြစ်ပစ္စည်းများ ဖြစ်သဖြင့် အန္တရာယ် ကင်းစွာနှင့် စိတ်ချယုံကြည်စွာ စားသောက်နိုင် သောပစ္စည်းများ ဖြစ် ကြောင်း သိရှိရသည်။
ဒုတိယတစ်မျိုးမှာ   ရွှေဇီးကွက်  စားသောက်ကုန်လုပ်ငန်းမှ ထုတ်လုပ်သည့် သဘာဝ ရှားစောင်းလက်ပက်ဖျော်ရည်၊ ရှောက်ပျား ဖျော်ရည်၊ ချဉ်ပေါင်ဖူးဖျော်ရည်၊ ချဉ်စော်ကားသီးဖျော်ရည်၊ ပျားရည်၊ Black Tea  စသည့် ဖျော်ရည် များသည် အသင့်သောက်သုံးနိုင်သော ဖျော်ရည်များဖြစ်သည်။ ပါဝင်သည့် ပစ္စည်းများသည် ရာနှုန်းပြည့် ပြည်တွင်းဖြစ်များဖြစ်ပြီး တာရှည်ခံဆေး၊ ဆိုးဆေးများ သုံးစွဲခြင်း မပြုဘဲ အများအားဖြင့် ပျားရည်နှင့်သာပြုလုပ်ထားပြီး သကြား မသုံး သည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်ကုန်ဖြစ်ပြီး လူတန်းစားမရွေး သုံးစွဲနိုင်ကြောင်း သိရသည်။
ယခုပြပွဲသို့ သွားရောက်ပြသရမည့် စားသောက်ကုန်များသည် ပြည်တွင်းမှ ထွက်ရှိသော ကုန်ကြမ်းများအား Value Added တန်ဖိုး မြှင့်ထုတ်ကုန် ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် ဈေးနှုန်းအား ဖြင့် သင့်တော်ခြင်း၊ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ခြင်း၊ အရသာ ကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက်တွင်  နေရာရရှိပြီး ပစ္စည်းများဖြစ်သည်။
ယခု သွားရောက် ပြသရန် ရွေးချယ်ခြင်းသည် ပြည်တွင်း စား သောက်ကုန် စတင်ထုတ်လုပ်သည့်အချိန်မှ သက်တမ်း သုံးနှစ်ထက် မကျော်သော စားသောက်ကုန်လုပ်ငန်းများကို ရွေးချယ်စေလွှတ်ခြင်း ဖြစ်ကြောင်း  စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။ ထိုသို့  သွားရောက်ပြသခွင့်ရသည့်အတွက် ပြည်တွင်း ထုတ်ကုန်ပစ္စည်းများအား ပြည်တွင်းဈေးကွက်သာမက ပြည်ပနိုင်ငံ များနှင့်ပါ   မိတ်ဆက်ခွင့်ရသည့်အတွက်  အကျိုးကျေးဇူးများစွာ ရရှိကြောင်း သွားရောက်ပြသရမည့် လုပ်ငန်းရှင်များက ပြောကြားခဲ့ သည်။ သိပ္ပံနှင့်  နည်းပညာဝန်ကြီးဌာန သုတေသနနှင့် ဆန်းသစ် တီထွင်မှုဦးစီးဌာနက ရွေးချယ်စေလွှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

CJ