Main menu

Background

အညာဒေသမှ ထွက်ရှိသော ထန်းလျှော်ကုလားထိုင်

Thu, 08/31/2023 - 10:56 -- journal_editor

အညာဒေသတွင် ထန်းပင်များမှာ များစွာရှိပြီး ထန်းပင်မှရရှိသော  ပစ္စည်းများမှာလည်း  များစွာ ရရှိသည်။ ယင်းအနက်မှ     ထန်းလျှော်ကုလားထိုင်မှာ လူသားတို့အတွက်  အပန်းဖြေစရာတစ်ခုလည်း ဖြစ်သည်။   ထန်းလျှော်ကုလားထိုင်ကို  ပခုက္ကူ မြို့နယ် ချောက်ကန်အုပ်စု အနောက်ချောက်ကန် ရွာ၊ လက်ပန်ကန်ကျေးတို့မှ    အများဆုံးပြုလုပ် ရောင်းချနေကြောင်း ချောက်ရွာသူ၊ ရွာသားများ ထံမှ သိရှိရသည်။ ထန်းပင်များမှ ယာခင်းများ၏ ဘေးပတ်ပတ်လည်တွင် စိုက်ပျိုးထားသည်။ 
ထန်းလက်များတွင် ထန်းလက်ကြီးနှင့် ထန်း ရိုင်လက်ဟူ၍ နှစ်မျိုးရှိသည့်အနက် ထန်းလက်ကြီး သည် ဗြက်ပိုကြီးသောကြောင့်   ထန်းပက်လက် ကုလားထိုင် ပြုလုပ်ရာတွင်   ထန်းလက်ကြီးများကို အသုံးပြုရကြောင်း၊ ထန်းလျှော်ကုလားထိုင် ပြုလုပ် ရန်အတွက် ထန်းလျှော်များ လိုအပ်သည်။ ထန်း လျှော်များကို ဝယ်ယူရန်အတွက် ထန်းတက်သမား များဆီမှ ထန်းလျှော်ချောင်းများမှ တစ်ချောင်းလျှင် ၁၀ဝ ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ ထန်းတက် လုပ် သားခမှာ တစ်ပင်လျှင် ကျပ် ၃၀ဝ၀၊ တစ်ရက်လျှင် ခုနစ်ပင်ပြီးမြောက်ကြောင်း၊ ပထမဦးစွာ ထန်းလျှော် များကို တိုင်းထွာ၍   စာရေးသပ်ပြီး နေပူခံကာ အခြောက်လှန်းထားရကြောင်း ယင်းသို့ နေပူခံကာ အခြောက်လှန်းထားသော   ထန်းလက်များဖြင့် ပြုလုပ်ထားသော ပက်လက်ကုလားထိုင်များသည် ရေရှည်ခိုင်ခန့်မှုရှိပြီး ထန်းလျှော်ကုလားထိုင် တစ် လုံးတွင် စုစုပေါင်း ထန်းလက် ၂၀ ခန့်   ပြုလုပ်ရ ကြောင်း ထန်းလျှော်ကုလားထိုင် ပြုလုပ်သူများထံ မှ သိရှိရသည်။  
ထန်းလျှော်ကုလားထိုင်များကို   ထန်းသား များဖြင့် သီးသန့်ပြုလုပ်ကာ ရောင်းချသူများရှိသလို ထန်းသားနှင့် ဝါးရော၍   ပြုလုပ်ရောင်းချသူများ လည်းရှိသည်။   ထန်းသားသီးသန့်ဖြင့် ပြုလုပ် ထားသော ပက်လက်ကုလားထိုင်များသည် ဝါးနှင့် ရော၍ ပြုလုပ်သော   ကုလားထိုင်များထက် ပိုမို ခိုင်ခန့်ပြီး ဈေးပိုရကြောင်း၊ယခင်နှစ်က ထန်းလျှော် ကုလားထိုင်တစ်လုံးလျှင်    ကျပ် ၄၀ဝ၀- ၅၀ဝ၀ ရောင်းချသည်။ ထန်းလျှော်ကုလားထိုင်  တစ်လုံး ပြုလုပ်ရန်အတွက်    ဝါးနှစ်လုံး လိုအပ်ကြောင်း၊ ထန်းလျှော်မှပက်လက်ကုလားထိုင်အပြင် အိပ်စင်၊   ပုဂံစင်များလည်း   ပြုလုပ်ရောင်းချနေကြောင်း၊ ကုလားထိုင်တစ်လုံး လုပ်သားခမှာ တစ်လုံးလျှင် ကျပ်၃၀ဝ၀-၅၀ဝ၀  ပေးရပြီး  ကုလားထိုင် တစ်လုံး လျှင် ကျပ် ၁၀ဝ၀ဝ၊    အိပ်စင်တစ်လုံးအတွက် ထန်းလျှော် ၁၅ ချောင်းဖြင့် ပြုလုပ်ရကြောင်း၊ အိပ် စင်တစ်လုံးလျှင်ကျပ်၁၂၀ဝ၀၊ ပုဂံ စင်တစ်လုံးလျှင် ကျပ်   ၁၂၀ဝ၀ဖြင့် ရောင်းချရ ကြောင်း ချောက်ကန် ရွာသားများထံမှ သိရှိရသည်။

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)