Main menu

Background

ရာသီစာ သဘာဝ ဝါးပလုတ် (ခ) ဝါးဂျယ်လီ

Mon, 08/14/2023 - 10:32 -- journal_editor

၀ါးပလုတ် (ခ)  ဝါးဂျယ်လီသည် တနင်္သာရီတိုင်းဒေသကြီး၏ ထား ဝယ် မြို့၊  မြိတ်မြို့နှင့်    ပုလောမြို့တို့တွင် အဓိကထွက်ရှိသော   သဘာဝအစား အစာ ဂျယ်လီအမျိုးအစားတစ်ခုဖြစ်  သည်။ ဝါးပလုတ် (ခ) ဝါးဂျယ်လီကို နှစ်တစ်နှစ်၏   မိုးဦးကာလများတွင် သာရရှိပြီး   သဘာဝ ဝါးပင်မှရသော အဆီအနှစ်ဖြစ်သောကြောင့် ဘေးဥပဒ် အန္တရာယ်ကင်းရှင်း၍   ဆေးဖက်ဝင် သော အစားအစာတစ်ခုလည်း ဖြစ် သည်။
မိုးဦးကျရာသီဖြစ်သော ဝါးပင် များမှ မျှစ်လှိုင်လှိုင် ထွက်ရှိသည့်အချိန် မျှစ်စို့မျှစ်ပေါက်လေးများသည် အရွယ် မရောက်သေးသော  မျှစ်များ ဥပမာ-မျှစ်အဖြစ်လည်း အသုံးပြု၍မရနိုင်၊ ဝါး အဖြစ်လည်း  အသုံးပြု၍  မရနိုင်သည့် လသားအရွယ် ဝါးပင်များ (အတိုင်း အတာအားဖြင့်  လူတစ်ရပ်ခန့်ရှိသော ဝါးပင်)ကို အသုံးပြုရသည်။ ဝါးပလုတ် ပြုလုပ်ရန် အကောင်းဆုံးဝါးမှာ တပင် တိုင်ဝါးတစ်မျိုးကိုသာ    အသုံးပြုနိုင် သည်။
တပင်တိုင်ဝါးကို အပင်အရင်းမှ နေ၍ ပထမအဆစ်၏  အောက်နားမှ ဓားဖြင့် အပေါက်များကို ဖောက်ပေးရ သည်။ မိုးရွာသည့်အချိန်တွင် မိုးရေ များသည် ထိုအပေါက်များမှ ဝါးအတွင်း ထဲသို့   မိုးရေစိမ့်ဝင်ပြီး ၁၀ ရက်မှ ၁၅ ရက်ခန့်အတွင်း သွားရောက်ကြည့်ပါက သဘာဝ၀ါးပလုတ်ကို ရရှိနိုင်မည်ဖြစ် သည်။ ထိုသို့  ဝါးပလုတ်ရရှိလျှင် ဝါးကို ထက်ခြမ်းခွဲ၍ဖြစ်စေ၊  အဆစ်ထိပ်မှ ဖြစ်စေ ခွဲ၍ ဝါးပလုတ်ကို ထုတ်ယူနိုင်ပါ သည်။  ဝါးပလုတ်၏    အနံ့မှာ ဝါးစိမ်း အနံ့သင်းသင်းလေးရရှိပြီး အရသာမှာ ငှက်သိုက်၊ ဆေးကုလားမတို့၏အရသာ နှင့်တူညီသည်။   ရရှိလာသော ဝါး ပလုတ်ကို ပျားရည်၊ နို့ဆီ၊  နို့စိမ်း၊ သံပရာ၊ သကြားတို့နှင့် တွဲဖက်၍လည်း ကောင်း၊ ဖျော်ရည်များနှင့် ရောစပ်၍ လည်းကောင်း   သောက်သုံးနိုင်သည်။ ပေါ်ဦး ပေါ်ဖျား ဝါးပလုတ်ဈေးနှုန်းများ မှာ တစ်လီတာဘူး တစ်ဘူးလျှင် ကျပ် ၂၅၀ဝ – ၄၀ဝ၀ အထိ ဈေးဖြင့် အသီး သီးရောင်းချနေကြောင်း သိရှိရသည်။

မယ်သီ ( မြိတ် )