Main menu

Background

ပြည်တွင်းထုတ်ကုန်ကဏ္ဍ

Tue, 03/14/2023 - 12:17 -- journal_editor

ယခုတစ်ပတ် ပြည်တွင်းထုတ်ကုန်ကဏ္ဍတွင် Dagon Win Win Co.,Ltd. မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ထုတ်လုပ်ဖြန့်ဖြူးနေသည့် Royal Lotus ကိတ်ခြောက်၊ ပန်းကန်လုံး အမှတ်တံဆိပ် BIHO အဆင့် မြင့်ဆန်ကြာဆံနှင့် Blue Bird အချိုရည်အကြောင်း ဖော်ပြပေးလိုက်ပါ သည်။
Royal Lotus ကိတ်ခြောက်ကို ထောပတ်နှင့် စပျစ်အရသာ နှစ်မျိုး ဖြင့် ထုတ်လုပ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ရုံးခွဲ ၁၁ ခုမှ ဖြန့်ချိလျက် ရှိသည်။ သဘာဝအရသာပေါ်လွင်အောင် ဆိုးဆေးနှင့် တာရှည်ခံဆေး တို့ကိုအသုံးမပြုဘဲ ထုတ်လုပ်ထားသည့်အတွက် အရသာထူးကဲ ကောင်းမွန်ပါသည်။
ပြည်တွင်းတွင် ထွက်ရှိသည့်ဆန်ကွဲများကိုအသုံးပြုပြီး ပန်းကန်လုံး အမှတ်တံဆိပ် BIHO အဆင့်မြင့်ဆန်ကြာဆံကို ထုတ်လုပ်ကာ စတိုးဆိုင်၊ ဈေးဝယ်စင်တာများနှင့် လက်လီလက်ကား ဈေးကွက်များသို့ အထုပ်သေး တစ်ထုပ်လျှင် ၂၅ ကျပ်သား(လေးရာဂရမ်)ဖြင့် ထုတ်လုပ်ဖြန့်ချိလျက်ရှိ သည်။ ကြာဆံခြောက်များကို သမားရိုးကျ နည်းလမ်းဖြစ်သော နေပူ လှန်း၍ ထုတ်လုပ်ခြင်းမဟုတ်ဘဲ အဆင့်မြင့်စက်ကြီးများကို အသုံးပြု၍ အခြောက်ခံနည်းပညာဖြင့် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ထားပါသည်။ 
ထို့ပြင်  ကလေးများအတွက်  အဆာပြေ သောက်သုံးရန်နှင့် အပန်းဖြေခရီးသွားရာတွင်လည်း အမောပြေသောက်သုံးနိုင်ရန် ရည်ရွယ်၍  အေးမြလတ်ဆတ် Blue Bird အချိုရည်အား စပျစ်၊ လိမ္မော်၊ ရှားစောင်း၊ လိုင်ချီး စသည့် အရသာလေးမျိုးဖြင့် ထုတ်လုပ်ထားပါသည်။ ကာဗိုဟိုက်ဒရိတ်အချိုရည်များကို သောက်သုံးမည့်အစား အနံ့အရသာ နှင့် ပြည့်စုံသည့် Blue Bird အချိုရည်ကို လူတန်းစားမရွေး သောက်သုံးနိုင်ရန် ထုတ်လုပ်ဖြန့်ချိပေးလျက်ရှိသည်။                   MMS