Main menu

Background

ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား အက်ပလီကေးရှင်းဖြင့် စစ်ဆေးခွင့်ပြုနိုင်ရေး မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ

Tue, 02/21/2023 - 11:31 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်ရေးနှင့် QR Code  ပါဝင်သည့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား Tracking Mobile အက်ပလီကေးရှင်းဖြင့် စစ်ဆေးခွင့်ပြုနိုင်ရေး Vehicle Monitoring System မိတ်ဆက်ပွဲအခမ်း အနားကို ဖေဖော်ဝါရီ  ၅ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပခဲ့သည်။

အဆိုပါ  အခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက အဖွင့်အမှာစကား ပြောကြားပြီး နည်းပညာကုမ္ပဏီဖြစ်သည့် Shwe Digit  ကုမ္ပဏီလီမိတက်မှVehicle Monitoring System  နှင့်စပ်လျဉ်း၍  ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက်   အွန်လိုင်းဖြင့် ကုန်ပစ္စည်း သယ်ဆောင်ခွင့်လက်မှတ်(မျှော)   လျှောက်ထား/ထုတ်ယူခြင်းနှင့်  ပတ်သက်ပြီးVehicle Monitoring System လက်တွေ့ လျှောက်ထားမှုအဆင့်ဆင့်အား လုပ်ငန်းရှင်များဘက်က ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပို့ကုန်လိုင်စင်ရရှိပြီးသည့် ကုန်ပစ္စည်းများအား သယ်ဆောင်သော ပို့ကုန် ယာဉ်များအနေဖြင့် ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (မျှော)အား ကြိုတင်ရယူ ပြီးမှသာ သယ်ဆောင်ခွင့်ပြုလျက်ရှိပြီး ယင်းသို့ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ ပိုမိုလွယ်ကူမြန်ဆန်စွာ  ဆောင်ရွက်နိုင်ရေး   ကုန်ပစ္စည်းသယ်ဆောင်ခွင့်အား အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုထုတ်ပေးမည်ဖြစ်သည်။

ကုန်ပစ္စည်းသယ်ယူခွင့်  လျှောက်ထားရာတွင် တင်ပို့မည့် ကုန်ပစ္စည်းများ အတွက် နယ်စပ်ပို့ကုန်လိုင်စင်အား Myanmar Trade 2.0 စနစ်တွင် ဦးစွာလျှောက် ထားရမည်ဖြစ်ပြီး နယ်စပ်ပို့ကုန်လိုင်စင် ရရှိပြီးသည့်အခါ ပို့ကုန်တင်ပို့မည့် ယာဉ် များ၏ အချက်အလက်အား https//vehicle. myanmartradenet. com (Vehicle Monitoring System) တွင် ဖြည့်သွင်းလျှောက်ထားရန်ဖြစ်သည်။

လျှောက်ထားမှုအပေါ် လိုအပ်သည့် အချက်အလက်များအား တာဝန်ရှိ ဝန်ထမ်းများက စိစစ်ပြီးသည့်အခါတွင် QR Code  ပါဝင်သည့် ကုန်ပစ္စည်း သယ်ဆောင်ခွင့်အား ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန် ပစ္စည်းများအတွက် ကုန်ပစ္စည်း သယ်ဆောင်ခွင့်အား တိုက်ရိုက်လျှောက်ထားနိုင် မည်ဖြစ်သည်။

ပို့ကုန်ပစ္စည်း သယ်ဆောင်သည့် ယာဉ်များအနေဖြင့် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက် ကုန်စည်စစ်ဆေးရေးဂိတ်များရှိ တာဝန်ကျဝန်ထမ်းများထံသို့ အဆိုပါQR Code အား ပြသ၍ စစ်ဆေးမှုခံယူရမည်ဖြစ်သည်။

သို့ဖြစ်ရာ  လုပ်ငန်းရှင်များအနေဖြင့် QR Code ပါဝင်သည့် ကုန်ပစ္စည်းသယ် ဆောင်ခွင့်အား အွန်လိုင်းမှ ကြိုတင်လျှောက်ထား ရယူရမည်ဖြစ်ပြီး အဆိုပါစနစ်ဖြင့် ကုန်ပစ္စည်း သယ်ဆောင်ခွင့်ပြုခြင်းအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်ထိ စမ်းသပ်ကာလအဖြစ် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော် ကုန်သွယ်မှုလမ်းကြောင်း များတွင် စတင်အသုံးပြုသွားမည်ဖြစ်သည်။

ကုန်ပစ္စည်း သယ်ဆောင်ခွင့်အား QR Code ရရှိပြီးမှသာ ကုန်ပစ္စည်းတင်ပို့ ခွင့်ပြုသည့် စနစ်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ  အပြည့်အဝ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊   ကုန်သွယ်ရေးဦးစီးဌာနမှ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ ကြောင်း သိရသည်။                                                                                    

တိဗ္ဗ