Main menu

Background

ပြည်ပဈေးကွက်ဝင် ကဏန်း

Mon, 09/02/2024 - 12:01 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာမြို့ နယ်သည် ပင်လယ်ကမ်းခြေ ဒီရေတောများနှင့် နီးစပ်မှု ရှိသည့်အတွက် ကဏန်းမွေးမြူရာတွင် အောင်မြင်ဖြစ် ထွန်းမှုရှိသည်။  
ကဏန်းများ ကြိုက်နှစ်သက်သော ရေချို၊ ရေငံ စပ် ကမ်းခြေနှင့်နီးစပ်မှုရှိသော ကျောက်ဖြူကျေးရွာ၊ သင်္ဃန်းကြီးကျေးရွာ၊ မိချောင်းအိုင်ကျေးရွာနှင့် ငပု တောမြို့နယ်အတွင်းရှိ အချို့ကျေးရွာများတွင် ကဏန်း များကို စနစ်တကျ မွေးမြူ၍ တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရသည်၊ ကဏန်းများကို တစ်ဧကမှလေးဧကအထိ ကျယ် ဝန်းသော မွေးမြူရေးကန်များတွင် မြစ်ချောင်းများမှ သဘာဝ ရေငံများ ထည့်သွင်းရန် ရေသွယ်မြောင်းများ ထားရှိပြီး  ရေစတင်ဝင်သောနေရာ၌  ရေလှောင်ကန်၊ ‌ရေစစ်ကန်ထားရှိသည် မွေးမြူရေးကန်၏ ရေအနက် လေးပေ ငါးလက်မ ခန့် သဘာဝရေငံထည့်သွင်း၍  မွေးကန်အတွင်း ‌ရေ သန့်ရှင်းမှု ရှိ၊မရှိစစ်ဆေးရသည်။ ရေသန့်မှသာ ကဏန်း ပျော့မွေးမြူနိုင်သည်။  ရေသယံဇာတများ ထိန်းသိမ်း နိုင်ရ န်နှင့် ဂဏန်းများ စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ် နိုင်‌ရန်အတွက် ကဏန်းပျော့ မွေးမြူရေးကန်များနှင့် ကဏန်းအဝယ်ဒိုင်များ ပူးပေါင်း ပြီး တစ်လလျှင်တစ် ကြိမ် ကဏန်းမျိုး  စိုက်ထည့်ခြင်းကို  လစဉ် ဆောင်ရွက် သည်။ အရွယ်အစားစုံ ကဏန်းမများကို ကပ္ပလီပင် လယ်ဝ၊ ရွေးမြစ်ဝများတွင် မျိုးပွားရန်အတွက် ပြန်လည် လွှတ်ပေးခဲ့ရာ ပိုမိုအောင်မြင်မှုရှိကြောင်း သိရသည်၊ 
ကဏန်းမွေးမြူရေးကန်မှ ရရှိသော ကဏန်းပျော့ များကို အအေးခန်းစက်ရုံသို့ မပို့မီ ဇလုံထဲတွင် ရေချိုစိမ် ထားရပြီး ပလတ်စတစ်ဗန်းများတွင်   ထည့်၍ ရေစို အဝတ်ဖုံးကာစနစ်တကျစီထပ်ပြီး မွေးကန်မှ စက်ရုံသို့ တင်ပို့ရသည်။ 
ပြည်ပနိုင်ငံများသို့တင်ပို့ရန်  ၁ ါု မှ ၁.၅ ါု အထိ ရှိသည့် အရွယ်ညီ ကဏန်းပျော့များအားမှ မှာယူတင် သွင်းရရှိထားသော အဖုံးပါစက္ကူဘူးများဖြင့် ထုတ်ပိုးရ ပြီး စက်ရုံမှတစ်ဆင့်  ရန်ကုန်သို့  အအေးခန်း ကားဖြင့် တင်ပို့သည်။ ရန်ကုန်မှတစ်ဆင့် အအေးခန်းပါသော သေတ္တာများနှင့်  ရေကြောင်း၊ လေကြောင်းမှ တင်ပို့ လျက်ရှိသည်။ လပွတ္တာမြို့နယ်မှ ၂၀၂၄ ခုနှစ် ဇွန်လ တွင်  ကဏန်းပျော့ ၁၀၈ တန် တင်ပို့ခဲ့ပြီး ဇူလိုင် လတွင် ၄၅ ဒသမ ၇၃ တန်ကို ပြည်ပနိုင်ငံများဖြစ်သော ယူနိုက် တင်းကင်းဒမ်း၊   ဗီယက်နမ်၊  ထိုင်း၊  ဂျပန်၊ စင်ကာပူနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချခဲ့ကြောင်း လပွတ္တာမြို့ နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်၊ 
လပွတ္တာမြို့နယ်တွင် ကဏန်းပျော့ထုတ်လုပ်ခြင်း ကို တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း မွေးမြူရေး ကန်များဖြင့် စီးပွားဖြစ်အနေဖြင့် လည်းကောင်း ထုတ် လုပ်နိုင်သည်။ ပြည်တွင်းစားသုံးမှုသာမာ ပြည်ပနိုင်ငံ များသို့တင်ပို့နိုင်သဖြင့် ဝင်ငွေကောင်းမွန်သော လုပ်ငန်း ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။  

 

မင်းမင်းဦး(ပသ)