မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်း ဆောင် ရွက်နေသည့် ကင်းမွန်မီးထွန်းလှေများမှာ အရွယ်အစားမျိုးစုံ ကို အသုံးပြု၍ ပွင့်လင်းရာသီတွင် လုပ်ငန်းလုပ်ကိုင်ကြခြင်း ဖြစ်ပြီး ရာသီအလိုက် လုပ်ကိုင်ရသည့် ငါးဖမ်းလုပ်ငန်း တစ်မျိုးဖြစ်ကြောင်း၊ မိုးလေကင်းစင်သည်အထိ လုပ်ကိုင်ကြ ကြောင်း သိရသည်။ ကင်းမွန်ရာသီကပုံမှန်အားဖြင့် အောက် တိုဘာလမှဧပြီလအထိ (မိုးဦးမကျခင်) ဖမ်းဆီးနိုင်ကြောင်း၊ဖမ်းဆီးရရှိချိန်ကို အလွယ်တကူမှတ်သားထား၍ရပြီး ကင်း မွန်လှေများသည် မြန်မာလပြည့်ကျော် (၂)ရက်နေ့မှစတင်၍ ကင်းမွန်ဖမ်းကြလေ့ရှိသည်။ ကင်းမွန်များကို လဆုတ်၊ လကွယ် ညများမှာသာ အများဆုံး ဖမ်းဆီးရရှိသည်။ လပြည့် ညများတွင်လ၏ အလင်းရောင်ကြောင့် ဖမ်းဆီး၍မရကြောင်း သိရသည်။
ကင်းမွန်မီးထွန်းလှေလုပ်ငန်းများကို မြို့ပြ၊ ကျွန်းရွာ များပါမကျန် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပြီး ဒေသတွင်း နီးစပ်ရာ အဝယ်ဒိုင်များသို့ မြိတ်ခရိုင် မြိတ်မြို့ တညက် ကျေးရွာ၊ ပသောင်းကျေးရွာ စသည့် ကျေးရွာများမှ မကျန် ထိုင်းနိုင်ငံ(ရနောင်းမြို့)များသို့ သွားရောက်ရောင်းချကြ ကြောင်း သိရှိရသည်။ ၎င်းကုမ္ပဏီများမှ ကုန်ချောထုတ်လုပ်၍ ရန်ကုန်မြို့မှတစ်ဆင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချလျက်ရှိ သည်။ အချို့မီးထွန်းလှေများမှာ ပင်လယ်ပြင်၌ လာရောက် ဝယ်ယူသော လိုင်းဖြူလှေများသို့ ပြန်လည်ရောင်းချကြသည်။
ကင်းမွန်လှေတစ်စင်း ပင်လယ်ပြင်အထွက် စရိတ်မှာ လှေအရွယ်အစားအလိုက် ကွာခြားသည်။ ယခုအချိန်တွင် လောင်စာဆီများ၊ ရေခဲများ၊ စရိတ်စကများ ကြီးမြင့်လာမှု ကြောင့် အခက်အခဲများစွာရှိနေကြောင်း သိရသည်။
ကင်းမွန်ဈေးနှုန်းများမှာရာသီအစတွင် အမျိုးအစား အလိုက်ဆိုဒ်ကြီး(၁၈ါု)တစ်ဗန်းလျှင် ကျပ် ၂၀ဝ၀ဝ၀ နှင့် ကျပ် ၂၅၀ဝ၀ဝ ခန့်၊ ဆိုဒ်လတ်တစ်ဗန်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ထိ၊ ဆိုဒ်ငယ်တစ်ဗန်းလျှင်ကျပ် ၅၀ဝ၀ဝ ခန့်ရရှိကြောင်း သိရ သည်။ ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်အရ ကင်းမွန်ဆိုဒ်ကြီး ဈေး နှုန်းမှာ ကျပ် ၃၀ဝ၀ဝ၀ ဈေးရှိနေကြောင်း ဈေးဝယ်ဒိုင်များ၏ မေးမြန်းချက်အရ သိရှိရပြီး ကင်းမွန်ရရှိမှုအပေါ် မူတည်၍ အကျိုးအမြတ်များ ရရှိနိုင်ကြောင်းကို လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
မမာ (မြိတ်)