Main menu

Background

မိုးညှင်းပဲပုပ် စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ

Tue, 06/03/2025 - 11:13 -- journal_editor

ကချင်ပြည်နယ် မိုးညှင်းခရိုင်သည် မိုးစပါး ရိတ်သိမ်းပြီးနောက် သီးထပ်၊ သီးညှပ်အဖြစ် ပဲပုပ် ကို အဓိကထားစိုက်ပျိုးကြသည်။ ပဲပုပ်ကို ဆောင်း သီးနှံအဖြစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့ တွင် စိုက်ပျိုးကြပြီး ဧပြီလနှင့် မေလတို့တွင် ရိတ် သိမ်းကြသည်။ 
ယခုအချိန်တွင် ပဲပုပ်စေ့များလှိုင်လှိုင်ထွက်‌ ပေါ်လာပြီဖြစ်သည်။ ပဲပုပ်စိုက်ပျိုးရာတွင် သဘာဝ မြေသြဇာ၊ နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေသြဇာ များကို တွဲဖက်အသုံးပြုခြင်းဖြင့် ပဲပုပ်ပင်အကြီးမြန် စေခြင်း၊ ရေအစိုဓာတ်ကို  ပိုမိုထိန်းသိမ်းနိုင်စေ ခြင်း၊ မြေတွင်းရှိ အာဟာရဓာတ်များကို စုပ်ယူ လွယ်ခြင်း များကြောင့် ပဲပုပ်အထွက်ကောင်း ရရှိ စေသည်။   
ပဲပုပ်သီးနှံတွင်  ရောဂါကျရောက်မှု နည်း ပါးစေရန်နှင့် ပိုးမွှားရောဂါဒဏ်မှ ကာကွယ်နိုင်ရန် အတွက် သက်ဆိုင်ရာ ပိုးသတ်ဆေးများကိုလည်း ရွေးချယ် ပက်ဖျန်းပေးရန်လိုအပ်သည်။ မိုးညှင်း ဒေသနှင့် ကိုက်ညီသည့် ပဲပုပ်မျိုးများဖြစ်သည့် ရေဆင်း-၁၄၊ ရေဆင်း-၁၅ မျိုးများအား အဓိက စိုက်ပျိုးလျက်ရှိသည်။ ၂၀၂၄-၂၀၂၅ အောက်တို ဘာလနှင့် နိုဝင်ဘာလတို့တွင် စိုက်ဧက ၃၈၈၂ ဧက အပေါ် ရိတ်သိမ်းဧက ၃၈၆၇ ဖြစ်၍ ရိတ်သိမ်းခဲ့ပြီး တစ်ဧကအထွက်နှုန်း (၁၈ ဒသမ ၈၆)တင်းဖြစ် သည်။ ဧပြီနှင့်မေလ ရိတ်သိမ်းရာသီတွင် စုစုပေါင်း အထွက်တင်း  ၇၂၉၃၂ တင်း ထွက်ရှိခဲ့ကြောင်း  စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မိုးညှင်း   ပဲပုပ်ဈေးကွက်အနေဖြင့် ဒေသ‌‌ ပေါက်ဈေး ၁၈ ပိဿာပါ   တစ်တင်းလျှင် ကျပ် ၇၃၀ဝ၀ မှ ၇၅၀ဝ၀ ဖြင့် ဝယ်ယူလျက်ရှိကြောင်း၊ မန္တလေးဈေးကွက်သို့ တင်ပို့ရာတွင် ၁၈ ပိဿာပါ တစ်တင်းလျှင် ကျပ် ၉၈၀ဝ၀ မှ ၁၀၁၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ မန္တလေးဈေး ကွက်သို့  မော်တော်ယာဉ်များဖြင့် အဓိကတင်ပို့ လျက်ရှိပြီး ၁၈ ပိဿာပါ တစ်အိတ်လျှင် သယ်ယူခ ကျပ်  ၁၅၀ဝ၀ ကျသင့်ကြောင်း၊ မေလ စတုတ္ထပတ် ဒေသတွင်း အသုံးပြုမှု နည်းပါးလာခြင်းကြောင့် တင်ပို့မှုလျော့နည်းနေကြောင်းနှင့်  ယခုအချိန် အထိ တင်ပို့မှုမှာ တင်း ၃၇၀ဝ၀ ခန့်တင်ပို့ထား ကြောင်း ပဲပုပ်ကုန်သည်တစ်ဦးထံမှ သိရ သည်။
တင်ပို့မှုလျော့နည်းခြင်းကြောင့် ဆီကြိတ်ခွဲ ထုတ်လုပ် နိုင်ပါက ဒေသတွင်း စားသုံးဆီဖူလုံရေး နှင့်  တိရစ္ဆာန်အစားအစာအတွက် အထောက်  အကူဖြစ်နိုင်သကဲ့သို့   အလုပ်အကိုင်   အခွင့် အလမ်းများလည်း  ရရှိမည်ဖြစ်သည်။  ထို့အတူ ပဲပုပ်စိုက်ပျိုးသူများ၊    ဆီစက်လုပ်ငန်းရှင်များ ဝင်ငွေ အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်သော ကြောင့် ပဲပုပ်ဆီထုတ်လုပ်သည့် နည်းပညာများ၊ လူတိုင်းစားသုံးနိုင်ရန်အတွက် ဆီထုတ်လုပ်ရာတွင် သန့်စင်သည့် နည်းပညာများရရှိနိုင်ရန် သက် ဆိုင်ရာ ဌာနများအနေဖြင့် ပံ့ပိုးဖြည့်ဆည်း ‌ဆောင် ရွက်ပေးပါက အကျိုးအမြတ်များစွာ ရရှိမည်ဖြစ် ကြောင်း   ပဲပုပ်အသင်းမှ  ပြောကြားခဲ့ပြီး မိုးညှင်း ဒေသထွက် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက် အခြေအနေအား တင်ပြလိုက်ပါသည်။

 

ကျော်မိုးလွင် (မိုးညှင်း)