မြန်မာနိုင်ငံတစ်ဝန်း ထင်ပေါ် ကျော်ကြားသော လက်မှုလုပ်ငန်းများ တွင် မန္တလေးမြို့မှ ရွှေချည်ထိုး၊ ငွေချည် ထိုးလုပ်ငန်း၊ ပုဂံမြို့မှ ယွန်းထည်လုပ် ငန်းအပြင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ထုတ်လုပ်လျက်ရှိသော မြန်မာ့ ရိုးရာလက်မှုအနုပညာ ပုသိမ် ထီးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်း သာမက ကမ္ဘာမှာပင် နာမည်ကျော် ကြား၍ ပြည်တွင်း ပြည်ပဈေးကွက် တွင် လူကြိုက် များလျက်ရှိကြောင်း ထီးလုပ်ငန်းရှင်များထံမှသိရသည်၊
ပုသိမ်ထီးကို အစပထမတွင် ဆီစိမ်စက္ကူဖြင့် ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဖျင်စကို တည်ရေများ သုတ်လိမ်းပြီး ဆီစိမ်ကာ ရေစိုခံအောင် ပြုလုပ်သုံးစွဲခဲ့ပြီး ပြည်တွင်းမှ ထွက်ရှိ သော ပိတ်ရောင်စုံ၊ တက်ထရွန် ရောင်စုံ ဖြင့်ထုတ်လုပ်၍ နိုင်ငံခြားငွေဖြင့် ဝယ် ယူရသော ကုန်ကြမ်းပစ္စည်းများမပါဘဲ ဒေသထွက် ကုန်ကြမ်းများဖြစ်သော မအူသစ်၊ ထီးရိုးဝါး၊ သရကူဝါး ၊ မြန်မာ ပိတ်စများ၊ ဒေသတွင်း ထွက်ရှိသည့် သုတ်ဆေး၊ ဆိုးဆေးများဖြင့် အသုံး ပြုကာ ထီးရွက်ပေါ်တွင် ကနုတ်ပန်းချီ ရေးဆွဲခြင်း၊ ရှုခင်းပုံများ ရေးဆွဲခြင်း၊ ရှေးခေတ်ပန်းချီ လက်ရာများ ရေးဆွဲ ခြင်းများ၊ ဆေးဆိုးခြင်းများ ပြုလုပ်၍ ထီးရွက်ကို အလှဆင်ထားသည့်အတွက် မြန်မာ့လက်မှုအနုပညာကို ဖော်ထုတ် နိုင်သည့် ရိုးရာလုပ်ငန်းတစ်ခုအဖြစ် ထင်ရှားကျော်ကြားလျက်ရှိသည်၊
ပုသိမ်ထီးကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း ၊ မွန်ပြည်နယ် နှင့် မြန်မာနိုင်ငံအနှံ့အပြားမှ ဝယ်ယူလျက် ရှိပြီး ၁၀ လက်မခွဲဆိုဒ် အလှဆောင်း ထီး တစ်လက်လျှင် ကျပ် ၁၂၀ဝ၀၊ ၁၄ လက်မထီး ကျပ် ၁၄၀ဝ၀၊ ၁၅ လက်မ ထီး ကျပ် ၁၆၀ဝ၀ ဈေးနှင့် ပြည်တွင်း ဈေးကွက်ဝယ်ယူသူများမှ အမှာစာဖြင့် လည်းကောင်း လူကိုယ်တိုင် လာရောက် ဝယ်ယူမှုရှိကြသည်။ ဟိုတယ်အလှဆင် ရန်နှင့် ကမ်းခြေသုံးထီး ၃ပေ၊ ၄ ပေ ထီး တစ်လက်လျှင် ကျပ် ၁၆၀ဝ၀ဝ-၂၀ဝ၀ဝ၀ ဖြင့် ရောင်းချလျက်ရှိပြီး ပြည်တွင်းသုံးစွဲရန်နှင့် ပြည်ပတင်ပို့ရန် ကုမ္ပဏီများမှ လာရောက်ချိတ်ဆက်မှု များရှိကြောင်း ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်မှုရှိသည့်အတွက် ယခုနှစ် ပုသိမ်ထီးတစ်လက်လျှင် ကျပ် ၂၀ဝ၀-၃၀ဝ၀ ဈေးနှုန်း မြင့်တက်လျက်ရှိ ကြောင်း ဈေးကွက်မှ သိရသည်၊
ဧရာမြေ (ပုသိမ်)