Main menu

Background

ပခုက္ကူမြို့တွင် ဒေသတွင်း တစ်နိုင်တစ်ပိုင် မြေပဲဆုံဆီလုပ်ငန်းများ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိ

Tue, 07/08/2025 - 10:17 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ပြည်တွင်းဆီစက်/ဆုံဆီ လုပ်ငန်း များ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိပြီး ဆုံဆီလုပ်ငန်းရှင်တစ်ဦးမှ မြေပဲဆုံဆီလုပ်ငန်းကို တည်ထောင်ခဲ့သည်မှာ (၆/၇)နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊  ယခင်ကထက် တိုးချဲ့၍ ဆုံခြောက်လုံးတွဲဖြင့် ကြိတ်ခွဲနေရကြောင်း၊ လျှပ်စစ်မီးလာသည့် အချိန်ပေါ်တွင် မူတည်၍ တစ်ရက်လျှင်၂၅ ပိဿာဝင် မြေပဲအိတ်(၈/၉)အိတ်ခန့် ကြိတ်ခွဲရကြောင်း၊ အိမ်တွင် ပဲခွဲစက်ရှိ၍ လုပ်သားများခေါ်ပြီး ပဲရွေး သန့်စင်ကြောင်း၊ လုပ်သား ငါးဦး ရှိပြီး လုပ်သားခမှာ တစ်ရက်လျှင် အမျိုးသားတစ်ဦး ကျပ် ၁၀ဝ၀ဝ၊ အမျိုးသမီး အလုပ်သမတစ်ဦးလျှင် ကျပ် ၈၀ဝ၀ ပေး ရကြောင်း၊ ဆုံဆီ၏ အရည်အသွေးကိုလည်း အာမခံကြောင်း၊ မြေပဲဆန်ကို နဝလီ အငှားမကြိတ်ဘဲ ကိုယ်ပိုင်အမှတ်တံဆိပ် ဖြင့်သာ (၁/၃/၅/၁၀)ပိဿာဝင်ဘူးများဖြင့် ရောင်းချကြောင်း သိရသည်။ ကုန်ကြမ်း မြေပဲဆန်ကို မြို့ပေါ်ရှိ မြေပဲပွဲရုံများနှင့် ပခုက္ကူနယ်ရှိ ကိုင်း၊ အင်ပင်၊ ချောက်ကန်ကျေးရွာ၊ ညောင်ဦးနယ်ရှိ ပျော့ကန်၊ ငါ့ သရောက် ကျေးရွာမှ တောင်သူများက အိမ်သို့ လာရောက်ရောင်းချကြောင်း၊ မြေပဲလုံးဆန်တစ်ပိဿာ ကျပ် ၉၅၀ဝ-၉၆၀ဝ ဖြင့် ဝယ်ယူရကြောင်း၊ မြေပဲဆုံဆီ  တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ၀ ဖြင့် ရောင်း ချ၍ ပဲဖတ်တစ်ပိဿာကို ကျပ် ၄၆၀ဝ/ ၄၇၀ဝ ဖြင့် ပွဲစားများ က အိမ်သို့ လာရောက်ဝယ်ယူကြောင်း၊ မြေပဲဆုံဆီလုပ်ငန်းအနေဖြင့် ယခုနှစ်သည် ပိုမို တွင်ကျယ်စွာ ကြိတ်ခွဲလုပ်ကိုင်ရကြောင်း၊ ဈေး ကွက်အနေဖြင့် ပခုက္ကူမြို့မဈေး၊ ကုန်စုံဆိုင်နှင့် စူပါမားကတ်များ၊ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်မြို့များသို့ အမှာရှိလျှင် တင်ပို့ရောင်းချကြောင်း သိရသည်။                            

 

 သူဇာကျော်(ပခုက္ကူ)