Main menu

Background

Chat GPT နှင့် AI မြန်မာ

Mon, 06/03/2024 - 12:10 -- journal_editor

AI ဆိုသည်မှာ  ဉာဏ်ရည်တုနည်းပညာဖြစ်သည်။ လူကဲ့သို့ အသိပညာ ထည့်သွင်းထားသည့်  နည်းပညာဖြစ်သည်ဟုလည်း ယနေ့ခေတ်တွင် လူအများစုသိရှိကြပြီးဖြစ်မည် ထင်ပါသည်။ AI သည်  လူများ နေ့စဉ်ထိတွေ့ အသုံးပြုနေသည့် ဖုန်း၊ ကွန်ပျူတာ စသည့်အရာများတွင် မရှိမဖြစ်အရေးပါသည့် နည်းပညာတစ်ခုလည်း ဖြစ်ရာ ယခုအခါ AI  ကို အခြေခံပြီး ပေါ်ထွက်လာသည့် နည်းပညာမှာ  Chat GPT  ဟုခေါ်သည့်  ဉာဏ်ရည်တုနည်းပညာကို   အခြေခံပြီး လူသားများ၏ ဘာသာစကားများနှင့် စိတ်ခံစားချက်၊ အမူအကျင့်များ ကိုပါ ထည့်သွင်းအသုံးပြုထားပြီး လူသားများနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံနိုင်သည့်  နည်းပညာတစ်ခုဖြစ်သည်။ Chat GPT  သည်AI Language model  တစ်ခုလည်းဖြစ်ပြီး Chat GPTကို အသုံးပြုပြီး မေးခွန်းများ ဖြေဆိုခြင်း၊ စကားပုံများ ဖြေဆိုခြင်း၊ စကားအပြန် အလှန် ပြောဆိုနိ်ုင်ခြင်းနှင့် သိလိုသည်များကို ရှာဖွေနိုင်သည့် အကျိုး ကျေးဇူးများ  ရရှိနိုင်မည်ဖြစ်သည်။ မေးခွန်းတစ်ခုမေးလျှင် ၎င်း မေးခွန်းနှင့်သက်ဆိုင်သည့် Creative ဖြစ်တဲ့အဖြေများကို ပြန်လည်  ထုတ်ပေးနိုင်စွမ်းရှိကြောင်း တွေ့ရှိရသည်။ ယခင်Googleမှာ ရှာ သကဲ့သို့ Resource တွေအများကြီးကInformations များ လိုက်စု နေစရာမလိုတော့ဘဲ ChatGPTက  လိုတိုရှင်းပြီးထိရောက်သည့် အ‌ဖြေများ ပေးနိုင်ကြောင်း တွေ့ရှိရပြီး သိလိုသည်များနှင့် စပ်လျဉ်း ၍လည်း အနီးစပ်ဆုံး  အဖြေအထိ ထုတ်ပေးနိုင်သည့် နည်းပညာ တစ်ခုအနေနှင့်လည်း တွေ့ရှိရသည်။
 ယနေ့အချိန်တွင်   များစွာသော အချက်အလက်များကို အခြေခံပြီး Chat  GPTကို ကိုယ်ပိုင်ဘာသာစကားဖြင့် ပြောဆိုအသုံး ပြုနိုင်ကြပြီဖြစ်ရာ ဆောင်းပါးများရေးသားနိုင်ခြင်း၊ Academic Paper    များအတွက် အသုံးပြုနိုင်ခြင်းနှင့်Social Media များနှင့် Online Forumများတွင်  အသုံးပြုနိုင်ခြင်း စသည်တို့အပြင် စကားလုံး၊ စကားစုတို့ကိုလည်း အစီစဉ်တကျ ဖြစ်စေရန်   စီစဉ်ပေးနိုင်သည့် နည်းပညာလည်းပါရှိသည့်အတွက် ယခုအခါ စီးပွားရေးလုပ်ငန်း များတွင်လည်းကောင်း ၊ ပညာရေးလုပ်ငန်းများတွင် လည်းကောင်း၊‌ ကျန်းမာရေးဝန်ဆောင်မှု APPLICATION များတွင်လည်းကောင်း ထည့်သွင်းရေးဆွဲလာကြပြီး တစ်ဦးနှင့်တစ်ဦး ဆက်သွယ်အသုံးပြုရာ တွင် ပိုမိုလွယ်ကူလာပြီး  လူသားများကို အထောက်ကူပေးနိုင်သည့် နည်းပညာတစ်ခုဖြစ်လာနေသည်။
Chat GPT    အသုံးပြုသည့်အခါ ဝက်ဘ်ဆိုဒ်လိပ်စာhttps:// chat.openai.com/  တွင် အကောင့်တစ်ခုဖွင့်ပြီး အလွယ်တကူ အသုံး ပြုနိုင်သည်။ အီးမေးလ်အကောင့်တစ်ခုသာ ရှိရန်လိုအပ်ပြီး Chat GPT ကို အသုံးပြုသည့်အခါ ဖုန်း သို့မဟုတ် ကွန်ပျူတာ၏ Browser တစ်ခုခုမှ ဝက်ဘ်ဆိုက်ဒ်ကို ဝင်ပြီးအသုံးပြုခြင်းသည်  အဆင်အပြေ ဆုံးဖြစ်သည်။  
Chat GPT အသုံးပြုနိုင်သည့် အကျိုးကျေးဇူးများ
    ၁။     အချိန်သက်သာခြင်း
        -    မေးခွန်းများကို မေးမြန်းရာတွင် လွယ်ကူလျင်မြန်စွာ ဖြေဆိုနိုင်ခြင်း
        -    တိကျသေချာသည့်နည်းပညာကိုအသုံးပြုသည့်အတွက် အချိန်ကုန်သက်သာခြင်းနှင့် ထိရောက်သော တိုးတက်မှု ရှိခြင်း
    ၂။     ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်မှုရှိခြင်း
        -    Chat GPT  အသုံးပြုပြီး ဝယ်ယူသူများမှ ၎င်းတို့သိရှိလို သည်များကို လွယ်ကူလျင်မြန်စွာမေးမြန်းနိုင်ပြီး မေးခွန်း များအပေါ် လျင်မြန်စွာ အဖြေထုတ်ပေးနိုင်သည့်အတွက် ဝယ်ယူသူများ စိတ်ကျေနပ်မှု ရရှိစေခြင်း၊
        -    ၂၄နာရီ ခုနစ်ရက်လုံး ပိတ်ရက်မရှိ အသုံးပြုနိုင်သည့် အတွက် သိလိုသည်များကို သိလိုသည့်အချိန်တွင် မေး မြန်းနိုင်သည့်   အကျိုးကျေးဇူးများရှိသည့်အပြင် မိမိ ဘာသာစကားကို ထည့်သွင်းအသုံးပြုနိုင်သည့်အတွက် ဘာသာစကား အခက်အခဲများကိုလည်း ကျော်လွှားနိုင် သည့် အကျိုးကျေးဇူးများ ရရှိနိုင်ခြင်း၊
    ၃။    ထုတ်လုပ်နိုင်စွမ်းအား တိုးတက်လာခြင်း
        -    Chat GPTကို အသုံးပြုပြီး များစွာသောလုပ်ငန်းဆောင် တာများကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သည့်အတွက် အချိန်တိုအတွင်း အလုပ်ပြီးမြောက်မှုရှိခြင်း၊
    ၄။    ကုန်ကျစရိတ်သက်သာခြင်း
        -    ဝယ်ယူသူသိရှိလိုသည်များကို အလိုအလျောက်ဖြေကြား ပေးနိုင်သည့်  စနစ်ဖြစ်သည့်အလျောက် ကျွမ်းကျင် အလုပ်သမား လိုအပ်ချက် နည်းပါးပြီး လုပ်ခလစာများ ချွေတာနိုင်ခြင်း၊
        -    Chat GPTကို တစ်ကြိမ် ရင်းနှီးမြှုပ်နှံရုံနှင့်  ထိန်းသိမ်း စရာမလိုဘဲ အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

Chat GPTအားနည်းချက်များ
    ၁။   Chat GPT မှာ အဓိကအားနည်းချက်အနေဖြင့်  တစ်ခုက ဘာသာစကား အားနည်းချက်ဖြစ်သည်။  မေးခွန်းများ ဖြေ ကြားရာတွင် Chat GPT ကိုအသုံးပြုခြင်း၏ အဓိကအားနည်း ချက်များထဲမှ တစ်ခုမှာ Chat GPTများကို အင်တာနက်ပေါ်မှ ိအေေ အချက်အလက်များနှင့် အယ်ဂိုရစ်သမ်များကို အဓိက အခြေခံပြီး ပြုစုထားခြင်းဖြစ်သောကြောင့် chatbot အတွက် မတိကျသော အဖြေ များကို ရံဖန်ရံခါ ထုတ်ပေးနိုင်ခြင်းဖြစ် သည်။  ရလဒ်အနေဖြင့် အချို့သော Chatbot စကားဝိုင်းများ သည် အကူအညီရယူရန် ကြိုးပမ်းနေသူများအတွက် စိတ် ပျက်အားငယ်မှုနှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်သည်။
    ၂။    Customer Service  ဖြေကြားရာတွင်  ရှုပ်ထွေးသော မေးခွန်းတောင်းဆိုမှုများကို ဖြေကြားနိုင်ခြင်းမရှိသေးဘဲ Customer များ အမေးများသည့် မေးခွန်းများပေါ်တွင် သာ အခြေခံ ပြုစုထားခြင်းဖြစ်သည့်အတွက် ဖြေကြားနိုင် စွမ်း အကန့်အသတ်ရှိကြောင်း တွေ့ရှိရသည်။
အထက်ပါ အားနည်းချက်များမှလွဲ၍ Chat GPT သည် ကျန် ရှာဖွေရေးအင်ဂျင်များထက် လုပ်ဆောင်နိုင်စွမ်း ပိုမို မြင့်မားသည်ဟု ဆိုနိုင်သည်ဖြစ်ရာ ယခုအချိန်တွင် မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ  ၎င်း၏ ရှာဖွေရေးအင်ဂျင် Bing တွင် Chat GPTကို ပေါင်းထည့်ပြီး ပိုကောင်း အောင် လုပ်ဆောင်ဖန်တီးမှုများရှိနေပြီဖြစ်သည်။
Chat GPT အကောင့်ဖွင့်ပြီးလျှင် စတင်အသုံးပြုနိုင်သည့် ဝက်ဘ်စာမျက်နှာသို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်းစာမျက်နှာတွင် Chat GPTကိုသုံးသည့် နမူနာပုံစံ၊ Chat GPT  ၏ လုပ်ဆောင်နိုင်စွမ်းနှင့်  မလုပ်ဆောင်သော အကန့်အသတ်များကို ဖော်ပြထားသည်ကို တွေ့ ရှိရမည်ဖြစ်သည်။ လုပ်ဆောင်နိုင်စွမ်းအနေဖြင့် စကား အဆက် အစပ်ကို နားလည်ခြင်း၊  AI  ၏အဖြေတွင် အမှားရှိပါက အသုံးပြုသူကို ပြင်ဆင်ခွင့်ပေးခြင်းနှင့်  အသုံးပြုသူမှ  မသင့်လျော်သော မေးခွန်းများ မေးမြန်းသည့်အခါ ပြန်လည်ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း၊ ငြင်း ဆန်နိုင်ခြင်း  စသည့်အချက်များကို  ဖော်ပြထားကြောင်း တွေ့ရှိရ သည်။ အကန့်အသတ်အနေဖြင့်  ရံဖန်ရံခါတွင် အဖြေမှန်မဟုတ် သည့်အဖြေများကို ထုတ်ပေးနိုင်ကြောင်း၊ တစ်ခါတစ်ရံတွင် ဘက် လိုက်သည့်  သတင်းအချက်အလက်များ ထုတ်ပေးနိုင်ကြောင်း၊ AI  တွင် ၂၀၂၁ စက်တင်ဘာအထိသာ အချက်အလက်များ ထည့်သွင်း ထားသည့်အတွက် ၂၀၂၁ နောက်ပိုင်း အချက်အလက်များနှင့် ပတ် သက်ပါက ဖြေကြားနိုင်ရန်  အားနည်းကြောင်း Open AI  မှ ဖော်ပြ ထားသည်ကို တွေ့ရှိရသည်။
ယခုအခါ မြန်မာဘာသာစကားဖြင့်လည်းChat GPT ကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း တွေ့ရှိရပြီး မြန်မာဘာသာဖြင့်  မေးမြန်း သည့်အခါ  ပြန်လည်ဖြေကြားရန်  အချိန်သည် သာမန်ထက် ပိုကြာ  ကြောင်း တွေ့ရှိရကာ  ပြန်လည်ဖြေဆိုသည့် အဖြေများမှာလည်း အခြေခံမေးခွန်းများကိုသာ ဖြေဆိုနိုင်ပြီး စိတ်ခံစားချက် (emotion)၊ များအား မှန်ကန်စွာ ဖြေဆိုနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရသည်။
သို့ဖြစ်ရာ ဗှု ကိုအခြေခံပြီး ဖွံ့ဖြိုးလာသည့် နည်းပညာ အရင်း အမြစ်တစ်ခု၏ ကောင်းကျိုးရလဒ်အနေဖြင့် လူသားစွမ်းအင် အသုံး ပြုမှုကို  လျှော့ချနိုင်သလို  ပညာရပ်၊  နယ်ပယ်ပေါင်းစုံအပေါ် အထောက်အပံ့ပြုနိုင်သော အလားအလာကောင်းသည့် ဃ့အေ  ွဏွှ နည်းပညာအကြောင်းကို  သိရှိသမျှ လေ့လာရေးသား ဝေမျှလိုက်ရ ပါသည်။
SOURCE-https://www.techtarget.com/ whatis/ definition/ ChatGPT

အေးငြိမ်းစံ