Main menu

Background

စီကျူရီတိုက်ဇေးရှင်းနည်းစနစ်

Tue, 06/04/2024 - 11:05 -- journal_editor

စီကျူရီတိုက်ဇေးရှင်း Securitizationဟူသော ဝေါဟာရ သည် စာဖတ်သူများအဖို့ စိမ်းကောင်း စိမ်းနေမည်ဖြစ်သော်လည်း ခေတ်သစ်ဘဏ္ဍာရေး ဈေးကွက်တွင် အရေးပါသည့်နေရာမှ ရပ် တည်လျက်ရှိကြောင်း တွေ့ရှိရသည်။  စီကျူရီတိုက်ဇေးရှင်းကို အမေရိကန်နိုင်ငံ၌ ၁၉၆၀ ပြည့်လွန်ကာလများတွင် စတင်ကျင့် သုံးခဲ့သည်။ စတင်ကျင့်သုံးခဲ့စဉ်က ဘဏ်များ၏ အိမ်ရာချေးငွေ များအပေါ် ဘဏ္ဍာငွေပြန်လည်ဖြည့်တင်းရာတွင် ငွေသားစီးဆင်း မှု လွယ်ကူရေးအတွက် လက်နက်တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ပြီး နောက်တွင် ခရက်ဒစ်ကဒ်များ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများ တွင် ကြိုတင်ပေးငွေများအတွက် ရရန်ပိုင်ခွင့်များနှင့် မော်တော် ကား ချေးငွေများတွင်ပါ စီကျူရီတိုက်ဇေးရှင်းစနစ်ကို ကျယ်ကျယ် ပြန့်ပြန့်  သုံးစွဲခဲ့သည်။ ဤစနစ်သည် အာရှနိုင်ငံများသို့ပါ အလျင် အမြန် ကူးစက်ခဲ့ပြီး အထူးသဖြင့် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင် နှင့် စင်ကာပူနိုင်ငံများတွင် တွင်ကျယ်စွာ ကျင့်သုံးခဲ့သည်။
စီကျူရီတိုက်ဇေးရှင်းဆိုသည်မှာ ဘဏ်တစ်ခု၏ ချေးငွေ များနှင့် ရရန်ပိုင်ခွင့် (Assets) များကို ဈေးကွက်ဝင် ငွေချေးသက် သေခံလက်မှတ်များအဖြစ် ပြောင်းလဲပြီး ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခြင်းဖြစ်သည်။ နောက်လုပ်ငန်းတစ်ခုမှာ ြွေကးမြီ စာချုပ် စာတမ်းများ (Debt Instruments)များကို စုစည်းကာ ဆုံးရှုံးနိုင်ခြေ (Risk) များကို ဖြန့်ကြက်၍ ယင်းစုစည်းထားသည့် အစု (pool)ကို ငွေချေးသက်သေခံလက်မှတ် Securities) များ အဖြစ်ထုတ်ဝေ ကာ ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချခြင်းဖြစ်သည်။
ဤသို့ ထုတ်ဝေရောင်းချခြင်းဖြင့် ကုမ္ပဏီများအနေဖြင့် ဘဏ္ဍာငွေ    ဖြည့်တင်းရန် နည်းလမ်းသစ်တစ်ခု ရရှိသွားခြင်း၊ ဘဏ္ဍာငွေ ရှာဖွေရသည့် စရိတ်များလျော့ကျသွားခြင်းနှင့် သက် တမ်းကာလ (maturity)ကို တိုးချဲ့နိုင်ခြင်း စသည့် အကျိုးကျေးဇူး များကို ရရှိစေမည်ဖြစ်သည်။ ဤနည်းစနစ်သည် ချေးငှားသည့် ဌာနများအတွက် ဘဏ္ဍာရေးအရင်းအမြစ် အသစ်များကို ဖြစ် ပေါ်စေပြီး ချေးငှားသူနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ငွေသား စီးဆင်းမှု လွယ်ကူချောမွေ့ရေးကို စီမံဆောင်ရွက်ပေးသည်။
ဤနည်းစနစ်သည်  ပေါ်ထွန်းစဈေးကွက် (emerging market များအတွင်းရှိ ြွေကးမြီအဆင့်အတန်း (rating) နည်း သော ကုမ္ပဏီများအတွက် ကြီးမားသည့်အခွင့်အလမ်းဖြစ်သည်။ ဤစနစ်သည် ဒေသတွင်း အဖွဲ့ အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူ များ၊ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူများအတွက်  ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များကို ဖြစ်ပေါ်စေသည်။
စီကျူရီတိုက်ဇေးရှင်း ပြုလုပ်နိုင်သည့်အဖွဲ့များမှာ ဘဏ် များ၊ မော်တော်ယဉ်ဝယ်ယူ ရန် ဘဏ္ဍာငွေပံ့ပိုးသည့် ကုမ္ပဏီများ (Vehicle Financing Cos)၊  လက်လီဖြန့်ဖြူးရောင်းချသည့် အဖွဲ့ များ Retailers)) နှင့် အခြားအဖွဲ့များ (Other Org)တို့ဖြစ်သည်။
စီကျူရီတိုက်ဇေးရှင်းပြုလုပ်သည့် နည်းလမ်းနှစ်မျိုးရှိသည်။ Asset-back Securities (ABS)   Mortgage-back Securities တို့ ဖြစ်သည်။
Asset-back Securities ဆိုသည်မှာ ငွေရေး ကြေးရေး အဖွဲ့ အစည်းတစ်ခုက ၎င်းထုတ်ချေးထားသည့် ချေးငွေအပေါ် ရရန် ပိုင်ခွင့်များကို စုစည်း၍  အခြားဘဏ်တစ်ခု၏ အာမခံစာ LC) သို့မဟုတ် အာမခံကော်ပိုရေးရှင်းတစ်ခု၏ အာမခံချက်ကို  ရယူ ကာ မိမိကုမ္ပဏီ၏ အဆင့်အတန်းကို မြှင့်တင်သည်။ အဆိုပါ စုစည်းထားသည့် ရရန်ပိုင်ခွင့်များကို အထူးပြုကုမ္ပဏီ Special Purpose Company, SPCတစ်ခုကိုလွှဲအပ်ပြီး ယင်းကုမ္ပဏီက ငွေချေးသက်သေခံလက်မှတ်များကို ပြည်သူလူထုသို့ ထုတ်ဝေ ရောင်းချခြင်းဖြင့် ဘဏ္ဍာငွေကို စုစည်း ခြင်းဖြစ်သည်။
ြွေကးမြီအဆင့်မြင့်မားမှု (Credit Enhancement)သည် အောက်ဖော်ပြပါ   အကြောင်းတစ်ခုခုကြောင့်   ဖြစ်ပေါ်စေ
သည်။ 
    (က)    ဘဏ်တစ်ခုခုမှ   အာမခံချက်ဖြစ်သည့်Letter of Credit များ ပေးအပ်နိုင်မှု၊
    (ခ)     အရန်ငွေကြေးများ လုံလောက်စွာရှိမှု၊
    (ဂ)     စီကျူရီတိုက်ဇေးရှင်းပြုလုပ်မည့် ငွေကြေးပမာဏ အတွက် ထားရှိသည့် အာမခံ Collateralကို လိုအပ် သည်ထက် ပိုမိုထားရှိမှု၊
    (ဃ)     ထုတ်ဝေသည့် ငွေချေးစာချုပ်များကိုSeniorနှင့်Subordinate structureများဟူ၍ အချိုးကျကျ ခွဲခြမ်း ထုတ်ဝေထားခြင်း စသည့်အချက်များဖြစ်သည်။
Mortgage-back Securities များမှာ ငွေရေးကြေးရေး အဖွဲ့ အစည်းတစ်ခုက အပေါင်ပစ္စည်းများ လက်ခံကာ ထုတ်ချေးသည့်  အိမ်ရာချေးငွေများ၊ ကူးသန်းရောင်းဝယ်ရေးချေးငွေများ အပေါ် အခြေခံကာ ထုတ်ဝေသော ငွေချေးသက်သေခံလက်မှတ်များ ဖြစ်သည်။ 
ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် US, UK, Japan, Australia  အစရှိသည်တို့တွင် ပြည်သူတို့သည် မော်တော်ကား၊ အိမ် အစရှိသည်တို့ကို ငွေသားဖြင့် လက်ငင်းဝယ်ယူရန်မလိုဘဲ အရစ်ကျပေးသွင်းစနစ်ဖြင့်သာ ဝယ်ယူလေ့ရှိကြသည်။ ဘဏ် (သို့မဟုတ်) ငွေရေးကြေးရေး  အဖွဲ့အစည်းတစ်ခုသည် ၎င်း၏ ဘဏ္ဍာငွေစီးဆင်းမှု လွယ်ကူစေရေးနှင့် အဆင့်Rating  မြှင့်တင် ရန်အလို့ငှာ ၎င်းတို့၏ အိမ်ရာချေးငွေများမှ အရစ်ကျ ပြန်လည် ရရှိမည့် ရရန်ပိုင်ခွင့်များကိုစုစည်းကာ ယင်းတို့ကိုSPC  တစ်ခုသို့ ရောင်းချလိုက်သည်။ 
အဆိုပါSPC  သည် စုစည်းထားသည့် အိမ်ရာချေးငွေ ရရန်  ပိုင်ခွင့်များကို ကျောထောက်နောက်ခံပြုကာ ယင်းတို့ကို ငွေချေး စာချုပ်များအဖြစ် အများပြည်သူသို့ ထုတ်ဝေရောင်းချလိုက်သည်။ ယင်းသို့ပြု လုပ်လိုက်ခြင်းဖြင့် ဘဏ်အနေနှင့် ငွေသားစီးဆင်းမှု လွယ်ကူသွားစေပြီး နောက်ထပ်ဘဏ္ဍာငွေ ဖြည့်တင်းရန် အခွင့် အလမ်းတစ်ခု ရရှိသွားစေသည်။ 
စီကျူရီတိုက်ဇေးရှင်းစနစ်မှာမူ ရှေးရိုးဘဏ္ဍာရေးစနစ်နှင့် မတူဘဲ ကွဲပြားခြားနားပါသည်။၎င်း၏စနစ်များမှာ -
    (က)     ဘဏ်တစ်ခုသည်ချေးငွေကို စတင်သည်။
    (ခ)     ယင်းဘဏ်သည် အဆိုပါချေးငွေနှင့် သက်ဆိုင် သည့်   ရရန်ပိုင်ခွင့်များကို ရင်းနှီးမြှုပ်နှံမှုဘဏ် (Investment Bank) တစ်ခုသို့  ရောင်းချလိုက် သည်။ (Investment Bank  ဆိုသည်မှာ ရင်းနှီးမြှုပ်နှံ သူနှင့် ကုမ္ပဏီကြားတွင် ကာလရှည်ရင်းနှီးမြှုပ်နှံမှု များ ဆောင်ရွက်နိုင်ရန် အထူးပြုတည်ထောင်ထား သည့် ဘဏ်များဖြစ်သည်။)
    (ဂ)     အဆိုပါရင်းနှီးမြှုပ်နှံမှုဘဏ်သည် ြွေကးမြီအဆင့် အတန်း မြင့်မားမှု ((Investment Bank) ကို ဖြစ် စေသည်။
    (ဃ)    အဆိုပါ ရင်းနှီးမြှုပ်နှံမှုဘဏ်သည် ချေးငွေကောက် ခံရန်အတွက် အထူးပြုကုမ္ပဏီ SPC)တစ်ခုသို့ လုပ်ငန်းများ အပ်နှံသည်။
    (င)     ရင်းနှီးမြှုပ်နှံမှုဘဏ်မှ ငွေချေးသက်သေခံလက်မှတ် (စတော့များ၊ ငွေချေးစာချုပ်များ) ကို အများပြည်သူ သို့ ရောင်းချသည်။
စီကျူရီတိုက်ဇေးရှင်း  လုပ်ခြင်းဖြင့် အောက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိစေပသည်။
Issuer  များ၏ အကျိုးကျေးဇူးများ
    ၁။    ရင်းနှီးငွေကို ထိရောက်စွာ အသုံးချနိုင်သည်။
    ၂။   Portfolio ကို လျင်မြန်သောနှုန်းဖြင့်   မြင့်တက်စေ သည်။ ချေးငွေများ ပိုမိုချေးငှားနိုင်သည်။
    ၃။     ပေးရန်တာဝန်နှင့်   ရရန်ပိုင်ခွင့် စီမံခန့်ခွဲမှုကို ပိုမို ကောင်းမွန်စေသည်။ ငွေဖြစ်လွယ်မှု ပိုမို လွယ်ကူစေ သည်။
    ၄။     ဘဏ္ဍာရေးစွမ်းဆောင်မှု ပိုမိုမြင့်တက်စေသည်။
    ၅။     ငွေကြေးအရင်းအမြစ်ကို ခွဲခြမ်းစိတ်ဖြာနိုင်သည်။ 
    ၆။     ရင်းနှီးငွေကို စရိတ်စက သက်သာစွာရရှိစေသည်။
  Investor များ၏အကျိုးကျေးဇူးများ
    ၁။    ချေးငွေအမျိုးစုံကို  ကျောထောက်နောက်ခံပြုထား၍ လည်းကောင်း၊ ြွေကးမြီအဆင့်အတန်းမြင့်မားမှု (Credit Enhance ment)ရရှိ၍ လည်းကောင်း ဆုံးရှုံး နိုင်မှုအန္တရာယ် လျော့နည်းသွားစေသည်။
    ၂။     စီကျူရီတိုက်ဇေးရှင်းသည်  ငွေဖြစ်မလွယ်သော ချေးငွေ Illiquid Loan)) များကို ငွေဖြစ်လွယ်သည့် ငွေချေးသက်သေခံလက်မှတ်များအဖြစ်သို့ ပြောင်း လဲလိုက်သဖြင့် ဆုံးရှုံးနိုင်မှုအန္တရာယ် လျော့နည်း သွားစေသည်။ သို့ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများအဖို့ အခွင့်အလမ်းများ ကျယ်ပြန့်စွာ ရရှိစေသည်။ 
Reference Investment Guide Book

ထွန်းသက်ထွန်း