ကွမ်းစားခြင်းသည် မြန်မာ့ဓလေ့ထုံးစံတစ်ခုဖြစ်သည်။ ဘာသာရေးဆိုင်ရာပွဲတော်များ၊ ယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်း များ၊ အထူးသဖြင့် နယ်ကျေးလက်များတွင် အမြဲတွေ့ရပြီး မိတ်ဆွေများအနေဖြင့် ကွမ်းယာကို တစ်ဦးမှတစ်ဦး အပြန် အလှန်ပေးအပ်၍ စားသုံး ကြသည်။ မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ မလေးရှား၊ ထိုင်း နှင့် အိန္ဒိယနိုင်ငံများတွင်လည်း စားသုံးသည့်ဓလေ့ရှိကြသည်။
ကွမ်းသီးပင် Betel Nut) သည် Arecaceae မျိုးရင်းတွင် ပါပြီး အုန်းပင်၊ ထန်းပင်များနှင့် မျိုးရင်းတူ၍ သိပ္ပံအမည်မှာ Areca catechu ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင် စိုက်ပျိုးဖြစ်ထွန်းသော ဒေသများမှာ တောင်ငူ၊ ကျိုက္ခမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့ ဖြစ်ကြ သည်။ ကွမ်းသီးတွင် အမျိုးမျိုးသော ဗီတာမင်များ၊ သတ္တု ဓာတ်များနှင့် ကျန်းမာရေးအတွက် အရေးကြီးသော အာဟာရ ဓာတ်များ ပါဝင်သည်။ ကွမ်းသီးကို အလိုရှိသလို အသုံးပြုနိုင် သော်လည်း ပုံမှန် ကြာရှည်စွာ စားသုံးသူများတွင် ကျန်းမာရေး ဆိုးကျိုးများ ရရှိစေသည်။ ကွမ်းသီးသည် စားသုံးသူ၏ ကျန်းမာရေးအခြေအနေနှင့် ညီညွတ်မျှတစွာ စားသုံးမှသာ သဘာဝအာဟာရဓာတ်များ ရရှိစေသည်။ ကွမ်းသီးသည် ကျန်းမာရေးအတွက် ကောင်းကျိုးရှိသည် မှန်သော်လည်း ၎င်း၏ အာနိသင်၊ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး လေ့လာမှုများပြုလုပ်ရန် လိုအပ်ပါသေးသည်။ ကွမ်းသီးကို ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်းမရှိသောကြောင့် အချို့ တွင် ဘေးထွက်ဆိုးကျိုးများ ခံစားရစေနိုင်သည်။
ယနေ့အချိန်အခါတွင် ကွမ်းယာစားသုံးသူများသည် တစ်နေ့တခြား များပြားလာသည်။ ကွမ်းယာထဲတွင် ကင်ဆာ ဖြစ်စေနိုင်သော မှိုပါဝင်မှုအများဆုံးမှာလည်း ကွမ်းသီးအူတိုင် မှိုပင်ဖြစ်သည်။ ထို့ပြင်ကွမ်းသီးသည် မှိုပေါက်ဖွားမှု အများဆုံး ဖြစ်စေနိုင်သော အသီးဆန်တစ်မျိုးလည်းဖြစ်သည်။ မှိုတက် နေသော ကွမ်းသီးကို နည်းနည်းနှင့်မကြာခဏ စားမိလာရာမှ အာဖလာတော့ဆင် မှိုဆိပ်ကြောင့် တဖြည်းဖြည်း ကင်ဆာ ရောဂါဝေဒနာကို ခံစားလာရနိုင် သည်။ ထို့ကြောင့် ကွမ်းသီး တွင် အာဖလာတော့ဆင်မှိုဆိပ် ပါဝင်မှုရှိ /မရှိကိုသိရှိစေရန် စမ်းသပ်စစ်ဆေးရမည်ဖြစ်သည်။ ဈေးနှင့် ကွမ်းယာဆိုင်များမှ ကွမ်းသီးနမူနာအချို့ကို ဓာတ်ခွဲခန်းတွင် အာဖလာတော့ဆင် မှိုဆိပ်ပါဝင်မှု တိုင်းတာရာ၌ နမူနာများတွင် အာဖလာ တော့ဆင်B1ပါနေကြောင်း တွေ့ရှိရသည်။ အာဖလာတော့ ဆင်မှိုဆိပ်B1, B2, G1, G2 လေးမျိုးတွင် အပြင်းဆုံးဖြစ်သည့်B1 ပါဝင်နေပြီး သတ်မှတ်ထားသော အမြင့်ဆုံးပါဝင်မှုပမာဏ ထက် ပိုမိုပါဝင်နေကြောင်း တွေ့ရသည်ဟု သိရှိရသည်။
ထို့ကြောင့် မှိုတက်နေသော ကွမ်းသီးကို သုံးထားသော ကွမ်းယာများသည်လည်း ရေရှည်တွင် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ၊ ပါးစောင်ကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်ကင်ဆာအထိ ဖြစ်စေနိုင်ပြီး စားသုံးသူများတွင် ဆဲလ်များ ပျက်စီးခြင်းနှင့် အသည်းကင်ဆာဖြစ်ခြင်းများ ခံစား ရနိုင်သည်။ ကွမ်းသီးကို မှိုကင်းစင်စေရန်နှင့် ကွမ်းသီးအူတိုင် မှိုကို သတ်ရန် ၁၂၁ ဒီဂရီစင်တီဂရိတ် အပူချိန်ရှိသော ပေါင်း အိုးထဲထည့်ပြုတ်ကာ ပြုတ်ပြီးသည့် ကွမ်းသီးကို အစိုဓာတ် ပမာဏ ၉ ရာခိုင်နှုန်းခန့် အခြောက်ခံရန် လိုအပ်သည်။
အချို့က ကွမ်းသီးကို အရောင်ချွတ်ဆေး Bleaching agent) ဖြင့်စိမ်၍ ရေဆေးကာ အသုံးပြုကြသည်။ ထို့ပြင် ဆေးရည်စိမ်ခြင်း၊ ပြုတ်ခြင်းများလည်း လုပ်ဆောင်ကြသည်။ ထိုအခါ ချွတ်ဆေးများသည် ကွမ်းသီး၏ အလယ်ဗဟိုရှိ စုပ် အားကောင်းမွန်သော အူတိုင်စက်ကွက်ထဲသို့ ရောက်သလို ကွမ်းသီး၏အပြင်ဘက်ကို ဖြူစေသည်။ မှိုကြောင့်ရောဂါဖြစ်မှု ကို ရှောင်ရှားနိုင်သော်လည်း ကွမ်းသီးအူတိုင်မှ စုပ်ယူထားမိ သော ချွတ်ဆေးများကို ပမာဏများများ စားသုံးမိစေနိုင်သည်။ ကွမ်းသီးတွင်မှိုပါနေလျှင် သို့မဟုတ် ဖြူလွန်းနေလျှင် စားသုံး ရန်မသင့်ပေ။ ထို့ပြင်အချို့သော ကွမ်းပေါင်းဖိုများတွင် ကွမ်း သီးမှိုမတက်စေရန် ကန့်(ဆာလ်ဖာ)ကို မီးရှို့၍ အငွေ့ရိုက်ခြင်း တို့ဖြင့် ပြုပြင်ထားကြောင်း သိရှိရသည်။
ကွမ်းသီးတွင် မှိုကင်းစင်ပြီး အာဖလာတော့ဆင်မှိုဆိပ် ကျရောက်မှု မဖြစ်စေရန် အေးမြခြောက်သွေ့သော နေရာ၌ သိုလှောင်ပြီး အပူချိန် အနေအထားကိုလည်း ထိန်းချုပ်ထားရ မည်။ လုံလောက်သော အပူချိန်နှင့် စိုထိုင်းဆတွင် အာဖလာ တော့ဆင် မှိုဆိပ်ပေါက်ဖွားမှုနှုန်း များနိုင်သောကြောင့် သိုလှောင်ရန် အသင့်တော်ဆုံးသော အပူချိန်နှင့်စိုထိုင်းဆ (Optimum storage temperature and relative humidity RH)) တွင် သီးခြားထားရှိရမည်။ ထိုသို့လုပ်ဆောင်ပါက အာဖလာတော့ဆင် မှိုဆိပ်ကျရောက်မှုကို လျှော့ချနိုင်ပြီး မှိုဆိပ်အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်။
ကွမ်းသီး မှိုတွင် ကင်ဆာဖြစ်စေသော (carcinogenic)) အာနိသင်များ ပါဝင်သောကြောင့် မှိုတက်ကွမ်းသီးကိုစားသုံး ခြင်းသည် အာဟာရလည်းမရရှိသလို အန္တရာယ်ကိုဖိတ်ခေါ် နေခြင်းဖြစ်ပြီး ကြောက်စရာကောင်းသော အာဖလာတော့ ဆင်မှိုဆိပ်ပါဝင်နေသောကြောင့် ပြည်သူများအနေဖြင့် ရှောင် ရှားသင့်သည်။ ကျန်းမာရေးကို ထိခိုက်စေသော မှိုတက်နေ သည့် ကွမ်းသီးများကို ကိုယ်တိုင်စားသုံးခြင်းနှင့် ဖြန့်ဖြူးရောင်း ချခြင်းများကို ရှောင်ရှားသင့်ကြောင်း ရေးသားလိုက်ပါသည်။
သဲစုနိုင်(CTQM)
ကိုးကားချက်များ
၁။ https://content.ondoctor.com.mm
၂။ ့https://www.goodhealthmyanmar.com
၃။ https://hellosayarwon.com
၄။ သမြားနီဆေးအပတ်စဉ်အလှူတော်Donation
with for your health