မန္တလေးတိုင်းဒေသကြီးအတွင်း ကော်ဖီ သီးနှံကို ပြင်ဦးလွင်နှင့် မိုးကုတ်မြို့နယ်များတွင် အဓိကစိုက်ပျိုးပြီး သာစည်မြို့နယ်၊ လှိုင်းထက် တွင်လည်း စိုက်ပျိုးသည်။ ကော်ဖီသီးနှံကို စိုက်ပျိုး ရန် ပျိုးထောင်ကာလ မေ၊ ဇွန်၊ ဇူလိုင်လများတွင် ပျိုးထောင်စိုက်ပျိုးပြီး ကော်ဖီသီး ခူးဆွတ်ချိန်အနေ နှင့် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် ခူး ဆွတ်ကြသည်။ ကော်ဖီပင်ကို မိုးရာသီတွင် စိုက်ပျိုး လေ့ရှိပြီး နွေရာသီတွင် ရေးသွင်း၍ စိုက်ပျိုးကြ သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုး သော ကော်ဖီ မျိုးများမှာ ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိသော စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ သုတေသနခြံများမှ ပျိုးပင်များကိုသာ စိုက်ပျိုးကြ သည်။ ပြင်ဦးလွင်မြို့နယ်၊ ကန်တော်ကြီးအနီးတစ် ဝိုက်ရှိ ကျေးရွာများဖြစ်သည့် ညောင်နီ၊ ဆင်ဂေါင်း လေး၊ သပြေရေ ကျေးရွာများနှင့် မိုးကုတ်မြို့တွင် လယ်ဦးရပ်၊ ပန်းမားထိပ်၊ ဆင်ခွာဒေသများတွင် စိုက်ပျိုးကြသည်။
ပြင်ဦးလွင်မြို့နယ်တွင် ကော်ဖီကို ပင်ကြား တန်းကြား(၄ ပေ)တစ်ဧကအပင်ရေ ၁၃၆၀ ပင် စိုက်ပျိုးနိုင်ပြီး မိုးကုတ်မြို့တွင် လှေကားထစ် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးကြသည်။ ကော်ဖီ သည် စိုက်ပျိုးပြီး သုံးနှစ်မှ ခုနစ်နှစ်အတွင်း အသီး ခူးဆွတ်နိုင်ပြီး နှစ်စဉ်ဒီဇင်ဘာမှ ဖေဖော်ဝါရီလ အထိ ကော်ဖီသီးချယ်ရီသီးအရောင် ဖြစ်ပေါ်ချိန် တွင် ခူးဆွတ်ကြသည်။ ပြင်ဦးလွင်မြို့တွင် လတ် ရတနာ၊ ဆွေသဟာ၊ မယ်သီတာ၊ လူငယ်ဂုဏ် ရောင်၊မြောက်ထွန်းလူမမ၊ မြန်မာ - ၁/၂၊၂ Golden Lion တို့ဖြစ်ပြီး မိုးကုတ်ဒေသတွင် ရတနာ နှင်းဆီ၊ ယမုံနာ၊ အောင်၊ Arrow Brotherများဖြစ်ပြီး ထွက်ရှိသော ကော်ဖီစေ့များကို Myanmar Association နှင့်ချိတ်ဆက်ပြီး ရောင်းဝယ်လျက်ရှိသည်။
ကော်ဖီသည် မြန်မာလူမျိုးများ ကြိုက်နှစ် သက်သည့်အရာဖြစ်သည်။ ကော်ဖီသောက်သုံး ခြင်းဖြင့် ဦးနှောက်စွမ်းဆောင်ရည် တကြွ်ကလန်း ဆန်းခြင်း၊ အာရုံစူးစိုက်မှု ကောင်းမွန်ခြင်း၊ သွေး ပေါင်ချိန် မြင့်တက်စေခြင်း၊ သွေးပေါင်ကျနေချိန် တွင် ကော်ဖီသောက်သုံးခြင်းဖြင့် သွေးပေါင်ကို မြှင့်တင်ပေးနိုင်ခြင်း၊ ဖျားနာပြီးစအချိန်တွင် သောက် သုံးပါက မြန်စွာကျန်းမာလန်းဆန်းစေခြင်း၊ သဘာဝကော်ဖီ စစ်စစ်ကို သောက်သုံးခြင်းသည် အသည်းကို ကောင်းကျိုးပေးပြီး အစာချေဖျက်မှု စနစ်ကိုလည်း ကောင်းမွန်စေသည်။ ကော်ဖီတွင် ပါဝင်သည့် ကဖိန်းဓာတ်သည် ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်းတို့ကို သက်သာစေခြင်း၊ မှတ်Óဏ်အားကောင်းစေခြင်းအပြင် စိတ်ပိုင်း ဆိုင်ရာကိုပါ လန်းဆန်းစေသည့် အာနိသင်များရှိ ကြောင်း သိရှိရသည်။
မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနအနေနှင့် ကော်ဖီအစုအဖွဲ့ကို ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံအသင်းနှင့် ဌာနတို့ပူးပေါင်း၍ဖွဲ့စည်း ခဲ့သည်။ နိုင်ငံတော်မှလည်း ကော်ဖီအား ပြည်ပ သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရန်နှင့် ပြည်ပ ပို့ကုန်ပမာဏ တိုးမြှင့်နိုင်စေရန်အတွက် တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီစိုက် တောင်သူ များအား ဈေးကွက်အခြေအနေ အသိပညာပေး ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။
ပြင်ဦးလွင်မြို့နယ်တွင် ကော်ဖီဈေးနှုန်းဈေး ကွက်အနေနှင့် ယခုနှစ်ရာသီကော်ဖီသီး အစို တစ် ပိဿာ ကျပ် ၇၅၀ဝ မှ ကျပ် ၈၀ဝ၀၊ ကော်ဖီစေ့ ဟောင်း ွမနအေ (လှော်စေ့) ၁ Kg ကျပ် ၆၀ဝ၀၊ ကော်ဖီမှုန့် ၁ Kgကျပ် ၆၀ဝ၀ဝ မှ ၆၅၀ဝ၀ ကျပ်၊ Great ကော်ဖီစေ့(လှော်စေ့) ၁Kg ကျပ် ၅၀ဝ၀ဝ မှ ကျပ် ၅၅၀ဝ၀၊ ကော်ဖီမှုန့် ၁ Kg ကျပ် ၅၅၀ဝ၀ ဈေးနှုန်းများနှင့် ရောင်းဝယ်မှုရှိပြီး ကော်ဖီထုတ် လုပ် ရောင်းဝယ်သူများအနေနှင့် ပစ္စည်းဟောင်း များ လက်ကျန်နည်းနေပြီး ရောင်းဝယ်မှုအား ပုံမှန် ရောင်းဝယ်လျက်ရှိပြီး မကြာမီကာလအတွင်း ကော်ဖီသီးအသစ်များ ထွက်ရှိမည်ဖြစ်သည်။
ကော်ဖီစေ့နှင့် ကော်ဖီမှုန့်ထုတ်လုပ်ရောင်း ချသူများအနေနှင့် အမြို့မြို့အနယ်နယ်မှ မှာယူ သူများကို အရောက်ပို့စနစ်များနှင့် ပေးပို့မှုရှိသကဲ့ သို့ ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ဧည့်သည် များမှ ဝယ်ယူခြင်းများကြောင့် ရောင်းဝယ်မှုအား ကောင်းကြောင်း လေ့လာ သိရှိရသည်။
ခင်ပပနိုင် (MDYDOCA)
