လူသားများ နေ့စဉ် အသုံးပြုနေကြရသည့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများမှာ အခြေအနေအမျိုးမျိုးကြောင့် ဈေး နှုန်းများမြင့်တက်လာခြင်း၊ ပစ္စည်းပြတ်လပ်ခြင်း၊ သယ်ယူပို့ဆောင် ရေး အတားအဆီးများ ဖြစ်ပေါ်လာခြင်းကြောင့် လူထုအသုံးပြုမှု ထိခိုက်လာနိုင်ခြင်း၊ လူထု၏ သက်သာချောင်ချိရေးအား ထိခိုက် လာစေခြင်းနှင့် စားသုံးသူ အခွင့်အရေးများအား ထိခိုက်လာစေ ခြင်း စသည့် အခြေအနေများ ဖြစ်ပေါ်လာခဲ့မည်ဆိုပါက ယင်း ကုန်စည်နှင့် ဝန်ဆောင်မှုများမှာ အရေးကြီး အခြေအနေသို့ ရောက်ရှိလာပြီဟု သတ်မှတ်နိုင်သည်။
ထိုကဲ့သို့ အခြေအနေမျိုးကို ကြုံတွေ့လာပြီဆိုလျှင် အစိုးရ က ယင်းကုန်စည်များကို ]အရေးကြီးကုန်စည် (သို့) အရေးကြီး ဝန်ဆောင်မှု}ဟု သတ်မှတ်ပြီး ထိန်းကျောင်းမှုများ ပြုလုပ်တတ် သည်။ အချိန်မီ ထိန်းကျောင်းဆောင်ရွက်မှုများ မပြုလုပ်ပါက နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် တိုးတက်မှုတို့အပေါ် များစွာ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည်။
ယင်းသို့ဆိုလျှင် မည်သည့်ကုန်စည်ကဖြင့် အရေးကြီးသည်၊ မည်သည့်ဝန်ဆောင်မှုကဖြင့် အရေးကြီးသည် ဆိုခြင်းကို ကြုံရာ လူက ကြုံသလို အလွယ်တကူ သတ်မှတ်၍ရခြင်း မဟုတ်ပေ။ ဥပဒေအရသာ သတ်မှတ်ပေးရမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃ ဖြင့် ပြဋ္ဌာန်းထားသည့် ]အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ(ွှ့န နျနညအငေူ ှကစစူငနျ ညေိ ှနမလငခနျ ူတေ)}အရ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ်ရခြင်းပင် ဖြစ်သည်။
အဆိုပါဥပဒေတွင် ပုဒ်မ ၁၂ ခုနှင့် အခန်း(၅)ခန်းသာ ပါ သော်လည်း ပြည်သူလူထုအတွက် များစွာ အကာအကွယ်ပေးထား သည့် ဥပဒေတစ်ခုပင်ဖြစ်သည်။ ဥပဒေ၏ ရည်ရွယ်ချက်မှာ နိုင်ငံ သားများ၏ အကျိုးစီးပွားကို အထောက်အကူပြုနေသည့် ကုန် စည်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ကာကွယ်နိုင်ရန်ဖြစ် သည်။ ထို့ပြင် ဘေးအန္တရာယ်၊ ကူးစက်ရောဂါနှင့် အခြားမလိုလား အပ်သောကိစ္စ တစ်စုံတစ်ရာ ပေါ်ပေါက်နိုင်သည့် ကုန်စည်နှင့် တိရစ္ဆာန်များအား ပြည်တွင်းသယ်ဆောင်မှု၊ ပြည်တွင်းသို့ တင် သွင်းမှုနှင့် ပြည်ပသို့ တင်ပို့မှုတို့ကို တားဆီးနိုင်ရန်လည်းဖြစ်သည်။
အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပြဋ္ဌာန်းချက် များအရဆိုလျှင် ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲရန် တာဝန် ပေးအပ်ခြင်းခံရသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန များမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများကို သတ်မှတ် ပြဋ္ဌာန်းနိုင်သည်။ လိုအပ်လာလျှင် ဝန်ကြီးဌာနတိုင်းက အရေး ကြီးကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြဋ္ဌာန်း ပိုင်ခွင့် ရှိသည်။ သို့သော် သတ်မှတ် ပြဋ္ဌာန်းလိုက်သည့် ကုန်စည် နှင့် ဝန်ဆောင်မှုတို့၏ အရေးကြီးသည့် အကြောင်းအချင်းအရာ များကမူ တူညီနိုင်မည် မဟုတ်ပေ။
ဥပမာအားဖြင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယြ်ခင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်းကောင်း၊ ကျွဲ/နွားများကို အရေးကြီးကုန်စည်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနမှ လည်းကောင်း၊ တိရစ္ဆာန်တစ်မျိုးမျိုးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြေညာခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လည်းကောင်း၊ ဆေးဝါး များ၊ စားသုံးကုန်ပစ္စည်းများ၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်း များကို အရေးကြီးကုန်စည်အဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနမှ လည်းကောင်း၊ အသီးသီး သတ်မှတ်ကြေညာ ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။
ယင်းအချက်များကို ကြည့်ခြင်းအားဖြင့် နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေအနေနှင့် လိုအပ်ချက် များအပေါ် မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက အရေးကြီး ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများအဖြစ် သတ်မှတ်ကြေညာ ပိုင်ခွင့်ရှိသည်ကို လေ့လာတွေ့ရှိရမည်ဖြစ်သည်။
သို့သော် သတ်မှတ်ထားသည့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများစာရင်းကို အတိအကျ ရနိုင်မည်လားဟု မေးမည် ဆိုပါက မရနိုင်ဟုပင် ဖြေရမည်ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း အမိန့်ကြော်ငြာစာ အမှတ်(၂၁။၂၀၂၀)ဖြင့် ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်း မာရေး အထောက်အကူပြုပစ္စည်းများကို အရေးကြီး ကုန်စည် များအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားသည်။ အမိန့်ကြေညာချက်အရ ဆိုပါက အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့် စားသုံး ကုန်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်း စာရင်းများကို အတိအကျ ဖော်ပြထားခြင်းမရှိဘဲ ခြုံငုံ၍သာ သတ်မှတ်ထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။
အဆိုပါ သတ်မှတ်ထားသည့် ကုန်ပစ္စည်းများအားလုံးသည် အချိန်တိုင်း အရေးကြီးကုန်စည်ဖြစ်နေခြင်းမျိုး မဟုတ်ပေ။ ပြည်သူ၏ လိုအပ်ချက်၊ ပစ္စည်းပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီး မြင့်လာမှု၊ ထိန်းချုပ်ရန် လိုအပ်လာမှု စသည့် အချက်များ ဖြစ်ပေါ် လာသည့် ကုန်ပစ္စည်းကိုသာ အရေးကြီးကုန်စည်အဖြစ် သတ်မှတ် ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ရခြင်းဖြစ်သည်။
ကုန်စည်တစ်မျိုးမျိုး သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို အရေးကြီးကုန်စည်(သို့မဟုတ်) အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ပြီဆိုသည်နှင့် အဆိုပါ ကုန်ပစ္စည်းများကို တင် သွင်းမှု၊ တင်ပို့မှု၊ ရောင်းဝယ်မှု၊ လက်ဝယ်ထားမှု၊ သိုလှောင်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးမှု၊ အသုံးပြုမှု၊ စားသုံးမှုနှင့် လုပ်ငန်း လုပ်ကိုင်မှုများကို ဆောင်ရွက်ရန်အတွက် လိုအပ်သည့်အပိုင်းကို လိုအပ်သလို အမိန့်ကြော်ငြာစာထုတ်ပြီး ကန့်သတ်လိုက်ခြင်း ဖြစ် သည်။
သတ်မှတ်ကြေညာချက်များကို မလိုက်နာပါက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ကို လည်း ချမှတ်ခြင်း ခံရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် အရေး ကြီးကုန်စည်(သို့)ဝန်ဆောင်မှုဟု ကြေညာထားပြီးသား ကုန်စည် နှင့် ဝန်ဆောင်မှုများကို ကြေညာထားသည့် ဝန်ကြီးဌာနက ပယ် ဖျက်ကြောင်း ပြန်လည်ကြေညာနိုင်သည်။ ယင်းကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် ထိန်းချုပ်ဆောင်ရွက်ရန် မလိုအပ် တော့သည့် အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့လျှင် ပယ်ဖျက် ကြောင်း ကြေညာနိုင်သည်။
ပယ်ဖျက်ကြောင်း ကြေညာလိုက်ပြီဆိုသည်နှင့် အရေးကြီး ကုန်စည်(သို့) ဝန်ဆောင်မှုအခြေအနေက ပယ်ဖျက်သွားပြီဟု ဆိုနိုင်သည်။ ]အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ}သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး တည်ငြိမ်မှုနှင့် လူထုအကျိုးစီးပွားကို အထူးကာကွယ်ပေးသည့် ဥပဒေတစ်ရပ်ဖြစ်သည်။ ပြည်သူများ၏ အကျိုးစီးပွားကို မထိခိုက်စေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင် မှုများကို ယင်းဥပဒေနှင့်အညီ အချိန်မီ ထိန်းကျောင်း ဆောင်ရွက် နိုင်ရန်အတွက် အစိုးရဌာနများအနေဖြင့်လည်း အရေးကြီးကုန် စည်နှင့် အရေးကြီး ဝန်ဆောင်မှုများအကြောင်းကို သိရှိထားရန် လိုအပ်သလို လုပ်ငန်းရှင်များအနေဖြင့်လည်း ဥပဒေအရ သတ် မှတ်ထားသည့် အရေးကြီးကုန်စည်နှင့် အရေးကြီးဝန်ဆောင်မှု လုပ်ငန်းများအကြောင်းကို သိရှိထားရန် လိုအပ်မည်လည်း ဖြစ် သည်။
သို့မှသာ ဥပဒေနှင့်ညီသော တရားဝင် ရောင်းဝယ်ဖောက် ကားမှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ပြင် စားသုံးသူများ ဘက်ကလည်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများအကြောင်း ကို သိရှိနေမှသာ ဈေးကွက်အခြေအနေကို နားလည်ကာ စားသုံး သူအခွင့်အရေးကို အပြည့်အဝ တောင်းဆိုနိုင်မည်လည်း ဖြစ် သည်။ ထိုသို့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများအကြောင်းကို အစိုးရဌာနများ၊ လုပ်ငန်းရှင်နှင့် စားသုံးသူများ စသည့် သုံးဦး သုံးဖက်လုံး သိမြင်နားလည်မှုရှိမှသာ လူထုအတွက် လိုအပ်သော ကုန်စည်များ ပြတ်လပ်မှုမရှိခြင်းနှင့် ဈေးကွက်တည်ငြိမ်မှုများ ရရှိလာမည်ဖြစ်သည်။
ဒေါက်တာသရဖီထွန်း (ဧရာဝတီ)
